ပန္းကန္ပားပ်ံ ရြက္ေလွ





ျဗိတိန္ႏို္င္ငံမွ ဗိသုကပညာရွင္နဲ႔ အင္ဂ်င္နီယာမ်ားဟာ ပံုမွာ ျမင္ေတြ႔ေနရတဲ့ ရြက္ေလွကို တီထြင္ေတာ့မွာ ျဖစ္ပါတယ္။ သူကို စူပါ ရြက္ေလွ သုိ႔မဟုတ္ ပန္းကန္ျပားပ်ံ ရြက္ေလွလို႔ေတာင္ အမည္ေပးထား ပါတယ္။
တည္ေဆာက္ထားတဲ့ ပံုစံကေတာ့ အီဂ်စ္က ပိရမစ္ေတြလိုပဲ ျဖစ္ပါတယ္။ အထဲမွာ စုစုေပါင္း လူ ၁၀ ဦး ဆံ့ပါတယ္။ ၆ ဦးက ခရီးသြား passenger မ်ား ျဖစ္ႏိုင္ျပီး ေလးဦးကေတာ့ ေမာင္းႏွင္ ထိန္းသိမ္းေပးမယ့္ Crew ျဖစ္ပါတယ္။ ရြက္ေလွဆုိေပမယ့္ သူဟာ ေလယာဥ္ပ်ံတစ္ခုလို အလုပ္လုပ္မွာ ျဖစ္ပါတယ္။ ေရေပၚ ေျပး ေလယာဥ္ပ်ံ အမ်ိဳးအစားတစ္ခု ျဖစ္ပါတယ္။ ေရေပၚမွာ တစ္နာရီ ၁၃ မိုင္ႏွုန္း Speed နဲ႔ သြားျပီး အျမင့္ အနည္းငယ္တင္ထားရင္ တစ္နာရီ ၁၇ မုိင္ႏွုန္းအထိ speed တင္ႏိုင္ ပါတယ္။ အကယ္၍ ေရေပၚကေန ျအင့မ္ဆံုး ပ်ံရင္ေတာ့ တစ္နာရီ ၄၄ မိုင္နီးပါးအထိ Speed ရရွိမွာ ျဖစ္ပါတယ္။ ေပ ၇၀ ေက်ာ္ ရွည္ျပီး အက်ယ္ကေတာ့ ၈၂ ေပ ရွိပါတယ္။
ကာဘြန္ဖိုက္ဘာကို အသံုးျပဳျပီး တည္ေဆာက္ထားမွာ ျဖစ္တာေၾကာင့္ အေလးခ်ိန္လည္း ေလ်ာ့ခ်ထားပါတယ္။ ၇၂ တန္ အထိေတာ့ အေလးခ်ိန္ ရွိပါတယ္။ တန္ဖိုးအားျဖင့္ အေမရိန္ေဒၚလာ သန္းေပါင္းမ်ားစြာ ကုန္က်မယ့္ ဇိမ္ခံ ရြက္ေလွ ျဖစ္ပါတယ္။
.
Ref: dailymail
ေအာင္ခမ္း (ရိုးရာေလး)
‪#‎aungkham_yyl‬
‪#‎tech_yyl‬
www.yoyarlay.com
(Unicode version)
ပန်းကန်ပားပျံ ရွက်လှေ
ဗြိတိန်န်ိုင်ငံမှ ဗိသုကပညာရှင်နဲ့ အင်ဂျင်နီယာများဟာ ပုံမှာ မြင်တွေ့နေရတဲ့ ရွက်လှေကို တီထွင်တော့မှာ ဖြစ်ပါတယ်။ သူကို စူပါ ရွက်လှေ သို့မဟုတ် ပန်းကန်ပြားပျံ ရွက်လှေလို့တောင် အမည်ပေးထား ပါတယ်။
တည်ဆောက်ထားတဲ့ ပုံစံကတော့ အီဂျစ်က ပိရမစ်တွေလိုပဲ ဖြစ်ပါတယ်။ အထဲမှာ စုစုပေါင်း လူ ၁၀ ဦး ဆံ့ပါတယ်။ ၆ ဦးက ခရီးသွား passenger များ ဖြစ်နိုင်ပြီး လေးဦးကတော့ မောင်းနှင် ထိန်းသိမ်းပေးမယ့် Crew ဖြစ်ပါတယ်။ ရွက်လှေဆိုပေမယ့် သူဟာ လေယာဉ်ပျံတစ်ခုလို အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ရေပေါ် ပြေး လေယာဉ်ပျံ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ရေပေါ်မှာ တစ်နာရီ ၁၃ မိုင်နှုန်း Speed နဲ့ သွားပြီး အမြင့် အနည်းငယ်တင်ထားရင် တစ်နာရီ ၁၇ မိုင်နှုန်းအထိ speed တင်နိုင် ပါတယ်။ အကယ်၍ ရေပေါ်ကနေ အြင့မ်ဆုံး ပျံရင်တော့ တစ်နာရီ ၄၄ မိုင်နီးပါးအထိ Speed ရရှိမှာ ဖြစ်ပါတယ်။ ပေ ၇၀ ကျော် ရှည်ပြီး အကျယ်ကတော့ ၈၂ ပေ ရှိပါတယ်။
ကာဘွန်ဖိုက်ဘာကို အသုံးပြုပြီး တည်ဆောက်ထားမှာ ဖြစ်တာကြောင့် အလေးချိန်လည်း လျော့ချထားပါတယ်။ ၇၂ တန် အထိတော့ အလေးချိန် ရှိပါတယ်။ တန်ဖိုးအားဖြင့် အမေရိန်ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျမယ့် ဇိမ်ခံ ရွက်လှေ ဖြစ်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment