







.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
(Unicode version)
လက်ထောက်ပြီး ဇိမ်နဲ့နေနိုင်တဲ့ ပုပ်သင်ညို
ပုံမှာ မြင်တွေ့ရတဲ့ ပုပ်သင်ညို နှစ်ကောင်ဟာ အင်မတန် လူယဉ်ပါးပြီးတော့ လူတွေကဲ့သို့ အတုခိုး နေနိုင်ပါတယ်။ ပုံမှာ မြင်တွေ့ရသလိုပဲ သူတို့ဟာ လူတွေလို ခုံရှည်ပေါ်မှာ လှဲလျောင်းပြီးတော့ ဇိမ်နဲ့ နေနေပါတယ်။
ပုပ်သင်ညိုကို အင်မတန် ချစ်မြတ်နိုးတဲ့ အမေရိကန်နိုင်ငံမှ Henry ဟာ သူ့ရဲ့ အမည်မှာ Lizard ဆိုတာကိုတောင်မှ တရားဝင် ထည့်လိုက်ပါသေးတယ်။ သူဟာ သူ့ရဲ့ အိမ်ထဲမှာ ပုပ်သင်ညိုပေါင်း အကောင် ၅၀ ကို မွေးထားပါတယ်။ နှစ်ပေါင်း ၂၀ မက မွေးထားပြီး သူဟာ ပုပ်သင်ညိုတွေကို လှောင်အိမ်ထဲ မွေးတာ မဟုတ်ပါဘူး။ အိမ်ထဲမှာ လွပ်လွပ်လပ်လပ်ထားပြီး ကောင်းကောင်းမွန်မွန် ကျွေးမွေး စောင့်ရှောက် ပါတယ်။ ဒါကြောင့်မို့ ပုပ်သင်ညိုများဟာ တဖြည်းဖြည်းနဲ့ သခင့်အပေါ် ခင်တွယ်ပြီး နေထိုင်မှုဟာလည်း အိမ်မွေးတိရစ္ဆာန် ခွေးတွေလိုပဲ သခင့် စိတ်ကြိုက် ဖြစ်အောင်၊ သခင်ပျော်အောင် နေထိုင်လာကြပါတယ်။ သူ့သခင် ထိုင်သလို လိုက်ထိုင်ပြတာမျိုးတို့၊ လှဲလျောင်းပြတာမျိုးတို့ လုပ်ပါတယ်။
ဒါကို အံ့သြစွာ တွေ့မြင်ခဲ့ပြီး သူတို့ရဲ့ ချစ်စဖွယ် နေထိုင်မှု အမှုအကျင့်ကို အမေရိကန် ဟောလိဝုဒ်ထဲမှာ သွားရောက် ပြသခဲ့ ပါတယ်။ ကြည့်ရှုတဲ့ လူတိုင်းအတွက် ရယ်စရာ၊ ကြည်နူးစရာဖြစ်ခဲ့ပြီး ယခုလို ဓာတ်ပုံများ ရိုက်ယူခဲ့ကြ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment