ဆန်ဖရန်စစ္စကိုမှာ အင်္ဂလိပ်စကားပြော၊ မြန်မာစကားပြော၊ နိုင်ငံသားစာမေးပွဲသင်တန်းများ ဖွင့်မည်
မြန်မာနိုင်ငံမှ ပြောင်းရွှေ့နေထိုင်သူ များပြားသော ဆန်ဖရန်စစ္စကို ဗေးဧရိယာရှိ မြန်မာကွန်မြူနတီစင်တာသည် မြန်မာများအတွက် လက်တွေ့အသုံးဝင်မည့် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရန် စီစဉ်နေကြောင်း သတင်းရရှိပါသည်။
အမေရိကန်နိုင်ငံသား စာမေးပွဲဖြေဆိုမည့်သူများ အတွက်သင်တန်းကို ဖေဖော်ဝါရီ ၁၃ ရက် စနေနေ့တွင်လည်းကောင်း၊ အမေရိကန်နိုင်ငံမှာ သွားလာနေထိုင်ရာတွင် လွယ်ကူအဆင်ပြေစေရန် နေ့စဉ်သုံး အခြေခံ အင်္ဂလိပ်စကားပြောသင်တန်းကို ဖေဖော်ဝါရီ ၁၄ ရက်၊ တနင်္ဂနွေနေ့တွင်လည်းကောင်း၊ ကလေးများအတွက် မြန်မာစကားပြောသင်တန်းကို ဖေဖော်ဝါရီ ၂၁ ရက်၊ တနင်္ဂနွေနေ့တွင်လည်းကောင်း အသီးသီး ဖွင့်လှစ်မည် ဖြစ်သည်။ သင်တန်းအားလုံး အခမဲ့ စေတနာ့ဝန်ထမ်း သင်ကြားပေးမည် ဖြစ်ကြောင်း သိရပါသည်။
အမေရိကန်နိုင်ငံသား လျှောက်ထားသူများဖြေဆိုရသည့် အမေရိကန်သမိုင်းနှင့် နိုင်ငံဥပဒေများဆိုင်ရာ မေးခွန်း ၁၀၀ ကို သင်ကြားလေ့ကျင့်ပေးမည့် သင်တန်းကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ စ၍ စနေနေ့တိုင်း နံနက် ၁၀ နာရီတွင် သင်ကြားမည် ဖြစ်၏။ သင်တန်း လက်ကမ်းကြော်ငြာရယူရန် ကလစ်ခ်လုပ်ပါ။
အမေရိကန်နိုင်ငံတွင် မရှိမဖြစ် လိုအပ်သော နေ့စဉ်သုံး အင်္ဂလိပ်စကားပြောကို ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ကာ တနင်္ဂနွေနေ့တိုင်း နံနက် ၁၀ နာရီတွင် သင်ကြားပါမည်။ ဈေးဝယ်ခြင်း၊ လမ်းသွားခြင်း၊ ခရီးသွားခြင်း၊ လူမျိုးခြားအိမ်နီးချင်းများ အသိမိတ်ဆွေများနှင့် စကားစမြည် ပြောဆိုခြင်း၊ ရုံးကိစ္စနှင့် ရဲဆိုင်ရာကိစ္စများ ပြောဆိုတိုင်ကြားခြင်းတို့ကို တစ်ပတ်လျှင် အကြောင်းအရာ ခေါင်းစဉ်တစ်ခုဖြင့် သင်ကြားလေ့ကျင့်ပေးရန် စီစဉ်ထားကြောင်း သင်တန်းဆရာ ဦးကျော်ကျော်စိုးက ကမ္ဘာသစ်မီဒီယာကို ရှင်းပြပါသည်။
အမေရိကန်ကျောင်းများတွင် ပညာသင်နေကြသော မြန်မာကျောင်းသူကျောင်းသားများလည်း သင်တန်းတွင် စေတနာ့ဝန်ထမ်း ကူညီပေးကြမည်ဟု ၎င်းက ပြောကြားသည်။ သင်တန်း လက်ကမ်းကြော်ငြာရယူရန်
ကလစ်ခ် လုပ်ပါ။
မြန်မာမိသားစုများတွင် ကလေးသူငယ်များ မြန်မာစကားဖြင့် ပြောဆိုဆက်ဆံနိုင်စေရန် မြန်မာစကားပြောသင်တန်းကိုလည်း ဖေဖော်ဝါရီ ၂၁ ရက်မှ စတင်၍ တနင်္ဂနွေနေ့တိုင်း နေ့လယ် ၁ နာရီမှ ၃ နာရီအထိ သင်ကြားပေးမည် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုရောက် မြန်မာကလေးသူငယ်များသည် မိဘဆွေမျိုးများ ပြောဆိုသော မြန်မာစကားကို နားရည်ဝကာ သဘောပေါက်သော်လည်း ပြန်မပြောတတ်သည့်အတွက် မိဘများ၏ ဆန္ဒအရ ယခုသင်တန်းကို စီစဉ်ပေးခြင်း ဖြစ်ကြောင်း မြန်မာကွန်မြူနတီနှင့် ယဉ်ကျေးမှုစင်တာ၏ ဥက္ကဋ္ဌဖြစ်သူ ဦးချိုဦးက ကမ္ဘာသစ်မီဒီယာသို့ ပြောကြားသည်။
မြန်မာကလေးငယ်များကို သင်ကြားပေးမည့် ဆရာမှာ ကက်နက် ဝေါင်း ခေါ် ဦးအောင်နိုင်ဦး ဖြစ်သည်။ မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာအဓိက သင်ယူခဲ့ပြီး ယခုအခါ ကယ်လီဖိုးနီးယားတက္ကသိုလ် ဘာကလေတွင် အခြေခံမြန်မာစာ သင်ကြားပေးနေသော ဆရာတစ်ဦး ဖြစ်ပါသည်။
"တစ်ပတ်စီ သင်တန်းတွေမှာ အကြောင်းအရာတစ်ခုကို သတ်မှတ်ပြီး အသုံးပြုရမယ့် ဝေါဟာရ စာလုံး၊ အသုံးအနှုန်းနဲ့ ဝါကျတွေကို speaking workshop သဘောမျိုး တစ်နေ့ကို ၂ နာရီ လေ့ကျင့် သင်ကြားပေးသွားပါမယ်" ဟု ကက်နက် ဝေါင်းက ရှင်းပြသည်။
မြန်မာကွန်မြူနတီနှင့် ယဉ်ကျေးမှုစင်တာတွင် ဖွင့်လှစ်မည့် သင်တန်းများကို တက်လိုလျှင် အောက်ပါ လိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ်စာရင်းပေးနိုင်ကြောင်း သတင်းရရှိပါသည်။
Myanmar Community and Cultural Center
1320 Decoto Rd, Suite 160, Union City CA 94587
Telephone: 510-936-0939 / 510-735-5662
Email: onemyanmarcommunity@gmail.com
http://kabarthit.com/index.php?option=com_content&view=article&id=832:2016-02-12-00-38-05&catid=8:2013-10-13-17-09-02&Itemid=214
.....................................................
ဆႏၹရႏၥစၥကိုမြာ အဂလႋပၥကားေ်ပာ၊ ်မႏၼာစကားေ်ပာ၊ နိုင်ငံသားစာမေးပြဲသင္တန်းမ်ား ဖြင့်မည်
ျမန္မာနိုင်ငံမွျေပာင်းရွှေ့နေထိုင်သူ မ်ာျးပားသော ဆန္ဖရန္စစ္စကို ဗေးဧရိယာရျွိမန္မာကြန်ျမူနတီစင္တာသည်ျမန္မာမ်ားအတြက် လက်တြေ့အသုံးဝင္မည့် သင္တန်းမ်ားကို ဖြင့်လွစ်သင်ကြားပေးရန် စီစဉ်နေကြာင်း သတင်းရရွိပါသည်။
အေမရိကန်နိုင်ငံသား စာမေးပြျဲေဖဆိုမည့်သူမ်ား အတြက်သင္တန်းကို ဖေဖ်ာဝါရီ ၁၃ ရက် စေနေန့တြင္လည်းကောင်း၊ အေမရိကန်နိုင်ငံမွာ သြားလာနေထိုင်ရာတြင် လြယ္ကူအဆင်ျေပေစရန် နေ့စဉ်သုံး အျေခခံ အဂင်္လိပ္စကာျးေပာသင္တန်းကို ဖေဖ်ာဝါရီ ၁၄ ရက်၊ တနင်္ဂနေနြေ့တြင္လည်းကောင်း၊ ကေလးမ်ားအတြက်ျမန္မာစကာျးေပာသင္တန်းကို ဖေဖ်ာဝါရီ ၂၁ ရက်၊ တနင်္ဂနေနြေ့တြင္လည်းကောင်း အသီးသီး ဖြင့်လွစ္မည်ျဖစ်သည်။ သင္တန်းအားလုံး အခမဲ့ စေတနာ့ဝန္ထမ်း သင်ကြားပေးမည်ျဖစ်ကြောင်း သိရပါသည်။
အေမရိကန်နိုင်ငံသား လွော်က္ထားသူမ်ာျးေဖဆိုရသည့် အေမရိကန်သမိုင်းနွင့် နိုင်ငံဥပေဒမ်ားဆိုင်ရာ မေးခြန်း ၁၀၀ ကို သင်ကြားလေ့က်င့်ပေးမည့် သင္တန်းကို ဖေဖ်ာဝါရီ ၁၃ ရက်နေ့မွ စ၍ စေနေန့တိုင်း နံနက် ၁၀ နာရီတြင် သင်ကြားမည်ျဖစ်၏။ သင္တန်း လက္ကမ်းကြော်ျငာရယူရန် ကလစ္ခ္လုပ္ပါ။
အေမရိကန်နိုင်ငံတြင် မရွိမျဖစ် လိုအပ်သော နေ့စဉ်သုံး အဂင်္လိပ္စကာျးေပာကို ဖေဖ်ာဝါရီ ၁၄ ရက္မွ စတင္ကာ တနင်္ဂနေနြေ့တိုင်း နံနက် ၁၀ နာရီတြင် သင်ကြားပါမည်။ ဈေးဝယ်ျခင်း၊ လမ်းသြာျးခင်း၊ ခရီးသြာျးခင်း၊ လူမိုျးခားအိမ္နီးခ်င်းမ်ား အသိမိတ်ဆြေမ်ားနွင့် စကားဈမည်ျေပာဆျိုခင်း၊ ရုံးကိစ္စနွင့် ရဲဆိုင်ရာကိစ္စမ်ားျေပာဆိုတိုင်ကြာျးခင်းတို့ကို တစ္ပတ္လ်ွင် အေကြာင်းအရာ ခေါင်းစဥ္တစ္ချုဖင့် သင်ကြားလေ့က်င့်ပေးရန် စီစဥ္ထားကြောင်း သင္တန်းဆရာ ဦးကော််ကေ်္စာိုးက ကမ္ဘာသစ္မီဒီယာကို ရွင်ျးပပါသည်။
အေမရိကန်ကော်င်းမ်ားတြင် ပညာသင်နေကြေသျာမန္မာကော်င်းသူကော်င်းသားမ်ားလည်း သင္တန်းတြင် စေတနာ့ဝန္ထမ်း ကူညီပေးကြမည်ဟု ၎င်းကျေပာကြားသည်။ သင္တန်း လက္ကမ်းကြော်ျငာရယူရန် ကလစ္ခ္လုပ္ပါ။
ျမန္မာမိသားစုမ်ားတြင် ကေလးသူငယ္မ်ာျးမန္မာစကာျးဖင့်ျေပာဆိုဆက္ဆံနိုင်စေရန်ျမန္မာစကာျးေပာသင္တန်းကိုလည်း ဖေဖ်ာဝါရီ ၂၁ ရက္မွ စတင်၍ တနင်္ဂနြေန့တိုင်း နေ့လယ် ၁ နာရီမွ ၃ နာရီအထိ သင်ကြားပေးမည်ျဖစ်သည်။ အေမရိကန်ျပည်ထောင္စုရောက်ျမန္မာကေလးသူငယ္မ်ားသည် မိဘေဆြမိုးမ်ားျေပာဆိုသျောမန္မာစကားကို နားရည်ဝကာ သေဘာပေါက်သ္လောည်ျးပန္မျေပာတတ်သည့်အတြက် မိဘမ်ား၏ ဆန္ဒအရ ယခုသင္တန်းကို စီစဉ်ပေျးခင်ျးဖစ်ကြောင်ျးမန္မာကြန်ျမူနတီနွင့် ယဉ်ကေ်းမှုစင္တာ၏ ဥက္ကဋ္ဌျဖစ်သူ ဦးခိုဦးက ကမ္ဘာသစ္မီဒီယာသို့ျေပာကြားသည်။
ျမန္မာကေလးငယ္မ်ားကို သင်ကြားပေးမည့် ဆရာမွာ ကက္နက် ဝေါင်း ခေါ် ဦးအောင်နိုင်ဦျးဖစ်သည်။ျမန္မာနိုင်ငံတြင် အဂင်္လိပ္စာအဓိက သင်ယူခဲ့ပြီး ယခုအခါ ကယ္လီဖိုးနီးယားတက္ကသိုလ် ဘာကေလတြင် အျေခချံမန္မာစာ သင်ကြားပေးနေသာ ဆရာတစ်ဦျးဖစ္ပါသည်။
"တစ္ပတ္စီ သင္တန်းတြေမွာ အေကြာင်းအရာတစ္ခုကို သတ္မွတ်ပြီး အသုံျးပုရမယ့် ဝေါဟာရ စာလုံး၊ အသုံးအနှုန်းနဲ့ ဝါက်တြေကို speaking workshop သေဘာမိုး တစ်နေ့ကို ၂ နာရီ လေ့က်င့် သင်ကြားပေးသြားပါမယ်" ဟု ကက္နက် ဝေါင်းက ရွင်ျးပသည်။
ျမန္မာကြန်ျမူနတီနွင့် ယဉ်ကေ်းမှုစင္တာတြင် ဖြင့်လွစ္မည့် သင္တန်းမ်ားကို တက္လိုလ်ွင် အောက္ပါ လိပ္စာနွင့် ဖုန်းနံပါတ္မ်ားသို့ ဆက်ြသယ္စာရင်းပေးနိုင်ကြောင်း သတင်းရရွိပါသည်။
Myanmar Community and Cultural Center
1320 Decoto Rd, Suite 160, Union City CA 94587
Telephone: 510-936-0939 / 510-735-5662
Email: onemyanmarcommunity@gmail.com
http://kabarthit.com/index.php?option=com_content&view=article&id=832:2016-02-12-00-38-05&catid=8:2013-10-13-17-09-02&Itemid=214
0 comments:
Post a Comment