ေျမာက္ကိုရီးယား လုပ္အားခေတြကို လက္နက္အတြက္ သုံးခဲ့

 ေကေဆာင္း စက္မွုဇုန္မွာ ေထာင္ေသာင္းခ်ီတဲ့ ေျမာက္ကိုရီးယား လုပ္သားေတြ အလုပ္လုပ္ခဲ့။
ေကေဆာင္း စက္မွုဇုန္မွာ အလုပ္လုပ္တဲ့ ေျမာက္ကိုရီးယား လုပ္သားေတြရဲ့ လစာေငြ ၇၀ ရာခိုင္ႏွုန္းေလာက္ကို ေျမာက္ကိုရီးယား အစိုးရက လက္နက္ ထုတ္လုပ္တဲ့ အစီအစဥ္ေတြမွာ သုံးခဲ့ၿပီး၊ ဇိမ္ခံ ပစၥည္းေတြကို ထိပ္ပိုင္း လူနည္းစု အတြက္ သုံးခဲ့တယ္လို႔ ေတာင္ကိုရီးယားက ေျပာပါတယ္။

ေတာင္နဲ႔ ေျမာက္ ကိုရီးယား ႏွစ္နိုင္ငံ ပူးတြဲ လည္ပတ္တဲ့ ေကေဆာင္း စက္မွုဇုန္ကို ၿပီးခဲ့တဲ့ သီတင္းပတ္မွာ ေတာင္ကိုရီးယား ဘက္က ရပ္ဆိုင္း ခဲ့တာ ျဖစ္ပါတယ္။ ေျမာက္ကိုရီးယားရဲ့ န်ဴကလီးယား စမ္းသပ္မွုေတြနဲ႔ တာေဝးပစ္ ဒုံးက်ည္ ပစ္လႊတ္မွုေတြ ေပၚေပါက္ခဲ့ၿပီးေနာက္ သူတို႔ရဲ့ ဝင္ေငြကို ျဖတ္ေတာက္ဖို႔ ေတာင္ကိုရီးယားက အဲဒီ စက္မွုဇုန္ကို ရပ္ဆိုင္း ခဲ့တာပါ။

ေျမာက္ကိုရီးယား ကေတာ့ အဲဒီလို စက္မွုဇုန္ကို ရပ္ဆိုင္း လိုက္တာဟာ စစ္ေၾကညာ လိုက္တာပဲလို႔ ေျပာခဲ့ပါတယ္။

စက္မွုဇုန္ ပိတ္လိုက္ၿပီးေနာက္ ေျမာက္ကိုရီးယားဘက္က တုံ႔ျပန္တဲ့ အေနနဲ႔ ေတာင္ကိုရီးယား နိုင္ငံသား အားလုံးကို ႏွင္ထုတ္လိုက္ၿပီး ေတာင္ကိုရီးယား လုပ္ငန္းေတြရဲ့ ပိုင္ဆိုင္မွုေတြကိုလည္း ပိတ္ပစ္ ခဲ့ပါတယ္။ ေတာင္ကိုရီးယားနဲ႔ အေရးေပၚ ဆက္သြယ္ရာမွာ သုံးတဲ့ အဓိက ဆက္သြယ္ေရး လမ္းေၾကာင္းေတြကိုလည္း ျဖတ္ပစ္မယ္လို႔ ေျမာက္ကိုရီးယားက ေျပာခဲ့ပါတယ္။

ေတာင္ကိုရီးယားပိုင္ အထည္စက္႐ုံ၊ ကားပစၥည္း စက္႐ုံ၊ တစ္ပိုင္း လၽွပ္ကူးပစၥည္း စက္႐ုံေတြ ပါဝင္တဲ့ အဲဒီ စက္မွုဇုန္မွာ ေျမာက္ကိုရီးယား လုပ္သား ေထာင္ေပါင္းမ်ားစြာ အလုပ္လုပ္ ခဲ့ၾကတာ ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese
.............

 ကေဆောင်း စက်မှုဇုန်မှာ ထောင်သောင်းချီတဲ့ မြောက်ကိုရီးယား လုပ်သားတွေ အလုပ်လုပ်ခဲ့။
ကေဆောင်း စက်မှုဇုန်မှာ အလုပ်လုပ်တဲ့ မြောက်ကိုရီးယား လုပ်သားတွေရဲ့ လစာငွေ ရ၀ ရာခိုင်နှုန်းလောက်ကို မြောက်ကိုရီးယား အစိုးရက လက်နက် ထုတ်လုပ်တဲ့ အစီအစဉ်တွေမှာ သုံးခဲ့ပြီး၊ ဇိမ်ခံ ပစ္စည်းတွေကို ထိပ်ပိုင်း လူနည်းစု အတွက် သုံးခဲ့တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံ ပူးတွဲ လည်ပတ်တဲ့ ကေဆောင်း စက်မှုဇုန်ကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ တောင်ကိုရီးယား ဘက်က ရပ်ဆိုင်း ခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုတွေနဲ့ တာဝေးပစ် ဒုံးကျည် ပစ်လွှတ်မှုတွေ ပေါ်ပေါက်ခဲ့ပြီးနောက် သူတို့ရဲ့ ဝင်ငွေကို ဖြတ်တောက်ဖို့ တောင်ကိုရီးယားက အဲဒီ စက်မှုဇုန်ကို ရပ်ဆိုင်း ခဲ့တာပါ။

မြောက်ကိုရီးယား ကတော့ အဲဒီလို စက်မှုဇုန်ကို ရပ်ဆိုင်း လိုက်တာဟာ စစ်ကြေညာ လိုက်တာပဲလို့ ပြောခဲ့ပါတယ်။

စက်မှုဇုန် ပိတ်လိုက်ပြီးနောက် မြောက်ကိုရီးယားဘက်က တုံ့ပြန်တဲ့ အနေနဲ့ တောင်ကိုရီးယား နိုင်ငံသား အားလုံးကို နှင်ထုတ်လိုက်ပြီး တောင်ကိုရီးယား လုပ်ငန်းတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ပိတ်ပစ် ခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့ အရေးပေါ် ဆက်သွယ်ရာမှာ သုံးတဲ့ အဓိက ဆက်သွယ်ရေး လမ်းကြောင်းတွေကိုလည်း ဖြတ်ပစ်မယ်လို့ မြောက်ကိုရီးယားက ပြောခဲ့ပါတယ်။

တောင်ကိုရီးယားပိုင် အထည်စက်ရုံ၊ ကားပစ္စည်း စက်ရုံ၊ တစ်ပိုင်း လျှပ်ကူးပစ္စည်း စက်ရုံတွေ ပါဝင်တဲ့ အဲဒီ စက်မှုဇုန်မှာ မြောက်ကိုရီးယား လုပ်သား ထောင်ပေါင်းများစွာ အလုပ်လုပ် ခဲ့ကြတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment