ISIS အဖဲြ႕ႏွင့္ ဆက္ႏြယ္ေနသူ ၃၃ ဦးကုိ အင္ဒုိနီးရွားဖမ္းဆီး



ဂ်ကာတာ ၊ ၁၇-၂-၂၀၁၆

အင္ဒုိနီးရွားႏုိင္ငံ တြင္ အၾကမ္းဖက္ တုိက္ခုိက္မႈမ်ား လုပ္ေဆာင္ရန္ ႀကံစည္ခဲ့ေသာ ISIS စစ္ေသြးၾကြ အဖြဲ႕ႏွင့္ ဆက္ႏႊယ္ေနသည့္ စစ္ေသြးၾကြ ၃၃ ဦးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

အင္ဒုိနီးရွားႏုိင္ငံ ဂ်ကာတာၿမိဳ႕တြင္ ဇန္နဝါရီလက ISIS စစ္ေသြးၾကြ အဖြဲ႕၏ တုိက္ခုိက္မႈေၾကာင့္ အရပ္သား ေလးဦး ေသဆုံးခဲ့မႈႏွင့္ စပ္လ်ဥ္း၍ အၾကမ္းဖက္မႈ ႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က စုံစမ္း စစ္ေဆးမႈမ်ား လုပ္ေဆာင္စဥ္ အတြင္း ၄င္း စစ္ေသြးၾကြ မ်ားကုိ ဖမ္းဆီးႏုိင္ခဲ့ျခင္း ျဖစ္သည္။

ဖမ္းဆီးခံရသည့္ စစ္ေသြးၾကြ ၃၃ ဦးအနက္ ၁၇ ဦးမွာ ဂ်ကာတာၿမိဳ႕ တုိက္ခိုက္မႈတြင္ ပါဝင္ခဲ့သူမ်ား ျဖစ္ၿပီး တျခား ၁၆ ဦးမွာ အၾကမ္းဖက္အဖြဲ႕ သုံးဖြဲ႕မွ အဖြဲ႕ဝင္မ်ား ျဖစ္ေၾကာင္းႏွင့္ ၄င္းတုိ႔သည္ ေလဆိပ္ ႏွင့္ တျခား လူစည္ကားရာ အရပ္မ်ား၌ တုိက္ခိုက္မႈမ်ား ျပဳလုပ္ရန္ စီစဥ္ထားေၾကာင္း အမ်ဳိးသား ရဲတပ္ဖြဲ႕မွ ဗိုလ္ခ်ဳပ္ႀကီး ဘာဒ႐ုိဒင္ေဟတီ က ေဖေဖာ္ဝါရီ ၁၅ ရက္တြင္ ေျပာၾကားသည္။

အဆုိပါ အၾကမ္းဖက္ အဖြဲ႕သုံးဖြဲ႕အနက္မွ တစ္ဖြဲ႕သည္ ဂ်ကာတာ ၿမိဳ႕ေတာ္ေလဆိပ္ ႏွင့္ အမ်ဳိးသား ရဲဌာနခ်ဳပ္ တုိ႔အား တုိက္ခုိက္ရန္ အတြက္ အေရွ႕ အလယ္ပုိင္း ေဒသတြင္း ႏုိင္ငံမ်ားရွိ စစ္ေသြးၾကြ အဖြဲ႕ထံမွ အေမရိကန္ ေဒၚလာ ၉၇ဝဝဝ ကုိ လက္ခံရရွိ ထားေၾကာင္း ေဟတီက ထပ္ေလာင္း ေျပာၾကား ထားသည္။

ထုိ႔ျပင္ တျခား အၾကမ္းဖက္ အဖြဲ႕ႏွစ္ဖြဲ႕ ကမူ ဂ်ကာတာ ၿမိဳ႕ေတာ္၏ ရဲဌာနခ်ဳပ္ အေဆာက္အအုံ အား အေသခံ ဗုံးခြဲ တုိက္ခုိက္ရန္ စီစဥ္ထားေၾကာင္း ေဟတီက ေျပာၾကား ခဲ့သည္ဟု သိရသည္။

PyiChitThar
http://www.pyichitthar.com
..............


ဂျကာတာ ၊ ၁၇-၂-၂၀၁၆

အင်ဒိုနီးရှားနိုင်ငံ တွင် အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ကြံစည်ခဲ့သော ISIS စစ်သွေးကြွ အဖွဲ့နှင့် ဆက်နွှယ်နေသည့် စစ်သွေးကြွ ၃၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဇန်နဝါရီလက ISIS စစ်သွေးကြွ အဖွဲ့၏ တိုက်ခိုက်မှုကြောင့် အရပ်သား လေးဦး သေဆုံးခဲ့မှုနှင့် စပ်လျဉ်း၍ အကြမ်းဖက်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်စဉ် အတွင်း ၄င်း စစ်သွေးကြွ များကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသည့် စစ်သွေးကြွ ၃၃ ဦးအနက် ၁၇ ဦးမှာ ဂျကာတာမြို့ တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူများ ဖြစ်ပြီး တခြား ၁၆ ဦးမှာ အကြမ်းဖက်အဖွဲ့ သုံးဖွဲ့မှ အဖွဲ့ဝင်များ ဖြစ်ကြောင်းနှင့် ၄င်းတို့သည် လေဆိပ် နှင့် တခြား လူစည်ကားရာ အရပ်များ၌ တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း အမျိုးသား ရဲတပ်ဖွဲ့မှ ဗိုလ်ချုပ်ကြီး ဘာဒရိုဒင်ဟေတီ က ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားသည်။

အဆိုပါ အကြမ်းဖက် အဖွဲ့သုံးဖွဲ့အနက်မှ တစ်ဖွဲ့သည် ဂျကာတာ မြို့တော်လေဆိပ် နှင့် အမျိုးသား ရဲဌာနချုပ် တို့အား တိုက်ခိုက်ရန် အတွက် အရှေ့ အလယ်ပိုင်း ဒေသတွင်း နိုင်ငံများရှိ စစ်သွေးကြွ အဖွဲ့ထံမှ အမေရိကန် ဒေါ်လာ ၉၇ဝဝဝ ကို လက်ခံရရှိ ထားကြောင်း ဟေတီက ထပ်လောင်း ပြောကြား ထားသည်။

ထို့ပြင် တခြား အကြမ်းဖက် အဖွဲ့နှစ်ဖွဲ့ ကမူ ဂျကာတာ မြို့တော်၏ ရဲဌာနချုပ် အဆောက်အအုံ အား အသေခံ ဗုံးခွဲ တိုက်ခိုက်ရန် စီစဉ်ထားကြောင်း ဟေတီက ပြောကြား ခဲ့သည်ဟု သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment