ထရမ့္ကိုသတ္မယ္ၿခိမ္းေျခာက္တဲ့ အီဂ်စ္ေက်ာင္းသား အေမရိကန္မွ ႏွင္ထုတ္ခံရမည္

မတ္ ၃။ ။ ကယ္လီဖုိးနီးယားျပည္နယ္မွာ ေလယာဥ္ေမာင္းေက်ာင္းတက္ေနတဲ့ အီဂ်စ္ေက်ာင္းသားတစ္ေယာက္ဟာ ေဖ့စ္ဘုတ္ေပၚမွာ ေဒၚနယ္ထရမ့္ကို သတ္ဖို႔အသင့္ပဲဆုိတဲ့စာ တင္ၿပီးေနာက္ ျပည္ႏွင္ဒဏ္နဲ႔ ရင္ဆုိင္ေနရပါတယ္။
ထိပ္တန္းရီပတ္ဘလစ္ကန္သမၼတေလာင္းကို သတ္ဖုိ႔ၿခိမ္းေျခာက္တယ္လုိ႔ အာဏာပုိင္ေတြကဆုိတဲ့ပို႔စ္ေၾကာင့္ အီမိတ္အီဒင္ အယ္ေဆယက္ (၂၃ ႏွစ္)ကုိ ေဖေဖာ္၀ါရီ ၁၂ ရက္က သူတက္ေနတဲ့ ေလာ့စ္အိန္ဂ်လိစ္ေဒသ ေလယာဥ္ပ်ံသန္းေရးေက်ာင္းမွာ ဖက္ဒရယ္ေအးဂ်င့္ေတြက ဖမ္းဆီးခဲ့ပါတယ္။
“ကြ်န္ေတာ္ ေဒၚနယ္ထရမ့္ကိုသတ္ၿပီး ေထာင္ဒဏ္တစ္သက္က်ခ်င္တယ္။ အဲဒီလုိသာလုပ္ရင္ တစ္ကမၻာလံုးက ကြ်န္ေတာ့္ကို ၀ုိင္းၿပီးေက်းဇူးတင္ေနၾကမွာ” လို႔ အယ္ေဆယက္က သူ႔ရဲ႕ေဖ့စ္ဘုတ္ေပ့ခ်္မွာ ေရးခဲ့တယ္လုိ႔ သူ႔ေရွ႕ေန ဟာနီ ဘူရွ္ထရာက ေျပာပါတယ္။
အာဏာပိုင္ေတြက အယ္ေဆယက္ကုိ ရာဇ၀တ္မႈတစ္စံုတရာ မတပ္ေပမယ့္ လူ၀င္မႈႀကီးၾကပ္ေရးတရားသူႀကီးတစ္ေယာက္က သူ တက္ေနတဲ့ေက်ာင္းကေန သူ႔ကို ထုတ္ခုိင္းၿပီး အဲသည့္အတြက္ သူ႔ ေက်ာင္းသားဗီဇာ မရွိေတာ့တာေၾကာင့္ သူ႔ကုိ ျပည္ႏွင္ဒဏ္ေပးဖုိ႔ ဒီအပတ္အေစာပုိင္းက အမိန္႔ခ်ခဲ့ပါတယ္။
တရားသူႀကီးက သူ႔ကုိ အာမခံေပးဖို႔လည္း ျငင္းပယ္ခဲ့ပါတယ္။
ေရွ႕ေန ဘူရွ္ထရာက သူ႔အမႈသည္ဟာ ေဖ့စ္ဘုတ္ပုိ႔စ္မွာ အမွားအယြင္းဆံုးျဖတ္ခဲ့ေပမယ့္ ထရမ့္ကို ထိခုိက္ေစဖုိ႔ မရည္ရြယ္ေၾကာင္းနဲ႔ သူ႔လုပ္ရပ္ကို ေနာင္တရေနေၾကာင္း ၾကာသပေတးေန႔က ေအအက္ဖ္ပီကို ေျပာပါတယ္။
“သူက မုိက္မုိက္မဲမဲလုပ္ရပ္တစ္ခု က်ဴးလြန္ခဲ့မိတဲ့ ကေလးတစ္ေယာက္ပါပဲ” လို႔ သူက ေျပာပါတယ္။ “သူ႔စကားက ေဒၚနယ္ထရမ့္သံုးခဲ့တဲ့ ငါတုိ႔ေတြ အၾကမ္းဖက္သမားမိသားစုေတြ၊ သူတုိ႔သားသမီးေတြ၊ သူတုိ႔ဇနီးေတြကုိ သတ္ပစ္မယ္လို႔ ဆုိတဲ့ ေလလံုးမ်ိဳးကို ေဒါသပိုထည့္ထားတဲ့ ပံုစံမ်ိဳးပါပဲ”
အယ္ေဆယက္ရဲ႕ ေဖ့စ္ဘုတ္စာသားဟာ ထရမ့္ရဲ႕ မြတ္ဆလင္ဆန႔္က်င္ေရးစကားကုိ တုံ႔ျပန္ျခင္းျဖစ္ၿပီး သည္စာသားနဲ႔ အတူ ေဆာင္းပါးတစ္ပုဒ္ကိုလည္း ပူးတြဲေဖာ္ျပခဲ့ပါတယ္။
ဘာသာျပန္ - စုျပည့္စံု
Ref: AFP, Mar 4th
Kumudra
......................
ထရမ့်ကိုသတ်မယ်ခြိမ်းခြောက်တဲ့ အီဂျစ်ကျောင်းသား အမေရိကန်မှ နှင်ထုတ်ခံရမည်

မတ် ၃။ ။ ကယ်လီဖိုးနီးယားပြည်နယ်မှာ လေယာဉ်မောင်းကျောင်းတက်နေတဲ့ အီဂျစ်ကျောင်းသားတစ်ယောက်ဟာ ဖေ့စ်ဘုတ်ပေါ်မှာ ဒေါ်နယ်ထရမ့်ကို သတ်ဖို့အသင့်ပဲဆိုတဲ့စာ တင်ပြီးနောက် ပြည်နှင်ဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။
ထိပ်တန်းရီပတ်ဘလစ်ကန်သမ္မတလောင်းကို သတ်ဖို့ခြိမ်းခြောက်တယ်လို့ အာဏာပိုင်တွေကဆိုတဲ့ပို့စ်ကြောင့် အီမိတ်အီဒင် အယ်ဆေယက် (၂၃ နှစ်)ကို ဖေဖော်ဝါရီ ၁၂ ရက်က သူတက်နေတဲ့ လော့စ်အိန်ဂျလိစ်ဒေသ လေယာဉ်ပျံသန်းရေးကျောင်းမှာ ဖက်ဒရယ်အေးဂျင့်တွေက ဖမ်းဆီးခဲ့ပါတယ်။
“ကျွန်တော် ဒေါ်နယ်ထရမ့်ကိုသတ်ပြီး ထောင်ဒဏ်တစ်သက်ကျချင်တယ်။ အဲဒီလိုသာလုပ်ရင် တစ်ကမ္ဘာလုံးက ကျွန်တော့်ကို ၀ုိင်းပြီးကျေးဇူးတင်နေကြမှာ” လို့ အယ်ဆေယက်က သူ့ရဲ့ဖေ့စ်ဘုတ်ပေ့ချ်မှာ ရေးခဲ့တယ်လို့ သူ့ရှေ့နေ ဟာနီ ဘူရှ်ထရာက ပြောပါတယ်။
အာဏာပိုင်တွေက အယ်ဆေယက်ကို ရာဇဝတ်မှုတစ်စုံတရာ မတပ်ပေမယ့် လူဝင်မှုကြီးကြပ်ရေးတရားသူကြီးတစ်ယောက်က သူ တက်နေတဲ့ကျောင်းကနေ သူ့ကို ထုတ်ခိုင်းပြီး အဲသည့်အတွက် သူ့ ကျောင်းသားဗီဇာ မရှိတော့တာကြောင့် သူ့ကို ပြည်နှင်ဒဏ်ပေးဖို့ ဒီအပတ်အစောပိုင်းက အမိန့်ချခဲ့ပါတယ်။
တရားသူကြီးက သူ့ကို အာမခံပေးဖို့လည်း ငြင်းပယ်ခဲ့ပါတယ်။
ရှေ့နေ ဘူရှ်ထရာက သူ့အမှုသည်ဟာ ဖေ့စ်ဘုတ်ပို့စ်မှာ အမှားအယွင်းဆုံးဖြတ်ခဲ့ပေမယ့် ထရမ့်ကို ထိခိုက်စေဖို့ မရည်ရွယ်ကြောင်းနဲ့ သူ့လုပ်ရပ်ကို နောင်တရနေကြောင်း ကြာသပတေးနေ့က အေအက်ဖ်ပီကို ပြောပါတယ်။
“သူက မိုက်မိုက်မဲမဲလုပ်ရပ်တစ်ခု ကျူးလွန်ခဲ့မိတဲ့ ကလေးတစ်ယောက်ပါပဲ” လို့ သူက ပြောပါတယ်။ “သူ့စကားက ဒေါ်နယ်ထရမ့်သုံးခဲ့တဲ့ ငါတို့တွေ အကြမ်းဖက်သမားမိသားစုတွေ၊ သူတို့သားသမီးတွေ၊ သူတို့ဇနီးတွေကို သတ်ပစ်မယ်လို့ ဆိုတဲ့ လေလုံးမျိုးကို ဒေါသပိုထည့်ထားတဲ့ ပုံစံမျိုးပါပဲ”
အယ်ဆေယက်ရဲ့ ဖေ့စ်ဘုတ်စာသားဟာ ထရမ့်ရဲ့ မွတ်ဆလင်ဆန့်ကျင်ရေးစကားကို တုံ့ပြန်ခြင်းဖြစ်ပြီး သည်စာသားနဲ့ အတူ ဆောင်းပါးတစ်ပုဒ်ကိုလည်း ပူးတွဲဖော်ပြခဲ့ပါတယ်။
ဘာသာပြန် - စုပြည့်စုံ
Ref: AFP, Mar 4th
Kumudra
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment