အသက် ၄၄ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ကမ္ဘာ့ပထမဆုံး အိတ်စ်အိုင်ဗွီပျောက်ကင်းသူ ဖြစ်လာဖွယ်ရှိ
အသက် ၄၄ နှစ်အရွယ်၊ ဗြိတိန်နိုင်ငံသား အိတ်စ်အိုင်ဗွီပိုးကူးစက်ခံရသူတစ်ဦးမှာ စမ်းသပ်ဆဲကုထုံး အသစ်တစ်ခုကြောင့် သွေးထဲမှာ ဗိုင်းရပ်စ်လုံးဝမရှိတော့ကြောင်း သိရှိရပါတယ်။
အမည်မဖော်ပြသူ လူနာဟာ ကမ္ဘာပေါ်မှာ ပထဆုံးအကြိမ် အိတ်စ်အိုင်ဗွီပိုး ပျောက်ကင်းသူဖြစ်ဖွယ်ရှိနေပါတယ်။ ဗြိတိန်တက္ကသိုလ် ၅ ခု စုပေါင်းပြီး လူနာ ၅၀ ကို စမ်းသပ်မှုပြုခဲ့ကြတာပါ။
စမ်းသပ်ခဲ့ကြတဲ့ဆေးသိပ္ပံအဖွဲ့ရဲ့စီမံဒါရိုက်တာ မက်ခ်ဆမ်မြူရဲလ်က “ အိတ်စ်အိုင်ဗွီပိုးကို အမှန်တကယ်ကုသနိုင်မယ့် ဖြစ်နိုင်ခြေကို ကျွန်တော်တို့ရှာဖွေနေကြတာပါ၊ ဒါက တကယ့်ကို ကြီးမားလှတဲ့ စိန်ခေါ်မှုကြီးတစ်ခုပါပဲ၊ ဒါပေမဲ့ သိသာတဲ့တိုးတက်မှုတော့ရခဲ့ပြီလို့ ဆိုရမှာပါ” လို့ ပြောခဲ့ပါတယ်။
လက်ရှိအချိန်မှာရှိတဲ့ ကုထုံးတွေက တီဆဲလ် – T-cells ကိုပဲ ပစ်မှတ်ထားကုသမှုပေးနေပေမယ့် အဲဒီဆဲလ်ကို မကုသနိုင်ပါဘူး။ ဒါကြောင့် လူနာရဲ့ကိုယ်ခန္ဓာထဲမှာ ဗိုင်းရပ်စ်က ဆက်ပွားများလာနေပါတယ်။
အင်ပီရီရဲလ်ကော်လိပ်(လန်ဒန်)က အတိုင်ပင်ခံပါမောက္ခ ဆာရာဖီဒဲလ်က “ အခုစမ်းသပ်တဲ့ကုထုံးက အိတ်စ်အိုင်ဗွီဗိုင်းရပ်အားလုံးကို အပြီးတိုင်ရှင်းလင်းဖို့ လုပ်ဆောင်တာပါ” လို့ ပြောကြားပါတယ်။
ဒါပေမဲ့ အခုအသစ်စမ်းသပ်တဲ့ကုထုံးကို လုံးဝအောင်မြင်မှုရရှိတဲ့အထိ လုပ်ဆောင်နိုင်ဖို့ လုပ်ဆောင်စရာတွေ အများကြီးကျန်ရှိ နေသေးကြောင်းနဲ့ စမ်းသပ်ထားတဲ့လူနာတွေကိုလည်း လာမယ့်ငါးနှစ်အတွင်း စောင့်ကြည့်ရမှာဖြစ်ကြောင်း ပါမောက္ခ ဆာရာက ဆက်လက်ပြောကြားခဲ့ပါတယ်။
MCN
0 comments:
Post a Comment