အေရးပါသည့္ IS အဖြဲ႕ဝင္တစ္ဦးအား သတင္းေပးႏုိင္ပါက အေမရိကန္က ဆုေၾကး ကန္ေဒၚလာ ၃သန္း ေပးမည္


IS စစ္ေသြးၾကြအဖြဲ႕၏ အဓိကေခါင္းေဆာင္တစ္ဦးျဖစ္ေသာ Gulmurod Khalimov အားေတြ႕ရစဥ္ (ဓါတ္ပံု-အင္တာနက္)
    ဝါရွင္တန္၊ ၾသဂုတ္ ၃၁ ရက္ (ဆင္ဟြာ)

    အေမရိကန္ႏိုင္ငံ သည္ IS စစ္ေသြးၾကြအၾကမ္းဖက္ အဖြဲ႕၏ အဓိကေခါင္းေဆာင္တစ္ဦးျဖစ္ေသာ Gulmurod Khalimov ႏွင့္ပတ္သက္၍ သတင္းေပးႏိုင္ပါက ဆုေၾကးအျဖစ္ အေမရိကန္ေဒၚလာ ၃သန္းအထိ ေပးသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီး႒ာနက ၾသဂုတ္ ၃၀ ရက္တြင္ထုတ္ျပန္ခဲ့သည္။

လက္ရွိတြင္ IS စစ္ေသြးၾကြအၾကမ္းဖက္ အဖြဲ႕၏ အဖြဲ႕ဝင္ ႏွင့္ တပ္သားစုေဆာင္းေရးမွဴးတစ္ဦး ျဖစ္သူ Khalimov သည္ ယခင္က တာဂ်စ္ကစၥတန္ႏိုင္ငံ၏ အထူးစစ္ဆင္ေရး တပ္ဖြဲ႕ ဗိုလ္မွဴးၾကီး၊ ရဲမွဴး ႏွင့္ စစ္တပ္ လက္ေျဖာင့္ေသနတ္သမား အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း သိရသည္။ ထို႕အျပင္ ၄င္းသည္ တာဂ်စ္ကစၥတန္ႏိုင္ငံ ျပည္ထဲေရးဝန္ႀကီး႒ာန အထူးစစ္ဆင္ေရးရဲတပ္ဖြဲ႕၏ ရဲမွဴးအျဖစ္ လုပ္ေဆာင္ခဲ့ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး႒ာနက ထုတ္ျပန္ခ်က္အရ သိရသည္။

Khalimov သည္ ၂၀၁၅ခုႏွစ္ ေမလတြင္ ၁၀မိနစ္စာ ဝါဒျဖန္႔ခ်ိမႈဗီြဒီယိုဖိုင္တစ္ခု ထုတ္လႊင့္ခဲ့ၿပီး ယင္းဗီြဒီယိုဖိုင္၌ ၄င္းသည္ IS အဖြဲ႕အတြက္ တိုက္ခိုက္ခဲ့ေၾကာင္း၊ အေမရိကန္ႏိုင္ငံ၊ ရုရွားႏိုင္ငံ ႏွင့္ တာဂ်စ္ကစၥတန္ႏိုင္ငံတို႕ကို ဆန္႕က်င္၍ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားလုပ္ေဆာင္သြားရန္ တိုက္တြန္းႏိႈးေဆာ္ခဲ့ေၾကာင္း သိရသည္။

Khalimovအား အေမရိကန္ႏိုင္ငံက အၾကမ္းဖက္သမားအျဖစ္ အမည္မည္းစာရင္းသြင္းခဲ့ၿပီး ကုလသမဂၢလံုၿခံဳေရးေကာင္စီ ၏ အၾကမ္းဖက္မႈတုိက္ဖ်က္ေရးေကာ္မတီ က တားျမစ္ပိတ္ဆို႕မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

တာဂ်စ္ကစၥတန္ အစိုးရႏွင့္ ႏိုင္ငံတကာမႈခင္းဆိုင္ရာရဲအဖြဲ႕အစည္း (INTERPOL) တို႔ကလည္း Khalimov အား အလိုရွိလ်က္ရွိေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
......

IS စစ်သွေးကြွအဖွဲ့၏ အဓိကခေါင်းဆောင်တစ်ဦးဖြစ်သော Gulmurod Khalimov အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    ဝါရှင်တန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံ သည် IS စစ်သွေးကြွအကြမ်းဖက် အဖွဲ့၏ အဓိကခေါင်းဆောင်တစ်ဦးဖြစ်သော Gulmurod Khalimov နှင့်ပတ်သက်၍ သတင်းပေးနိုင်ပါက ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၃သန်းအထိ ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက သြဂုတ် ၃၀ ရက်တွင်ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် IS စစ်သွေးကြွအကြမ်းဖက် အဖွဲ့၏ အဖွဲ့ဝင် နှင့် တပ်သားစုဆောင်းရေးမှူးတစ်ဦး ဖြစ်သူ Khalimov သည် ယခင်က တာဂျစ်ကစ္စတန်နိုင်ငံ၏ အထူးစစ်ဆင်ရေး တပ်ဖွဲ့ ဗိုလ်မှူးကြီး၊ ရဲမှူး နှင့် စစ်တပ် လက်ဖြောင့်သေနတ်သမား အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ၄င်းသည် တာဂျစ်ကစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာန အထူးစစ်ဆင်ရေးရဲတပ်ဖွဲ့၏ ရဲမှူးအဖြစ် လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ချက်အရ သိရသည်။

Khalimov သည် ၂၀၁၅ခုနှစ် မေလတွင် ၁၀မိနစ်စာ ဝါဒဖြန့်ချိမှုဗွီဒီယိုဖိုင်တစ်ခု ထုတ်လွှင့်ခဲ့ပြီး ယင်းဗွီဒီယိုဖိုင်၌ ၄င်းသည် IS အဖွဲ့အတွက် တိုက်ခိုက်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၊ ရုရှားနိုင်ငံ နှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့ကို ဆန့်ကျင်၍ အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ဆောင်သွားရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

Khalimovအား အမေရိကန်နိုင်ငံက အကြမ်းဖက်သမားအဖြစ် အမည်မည်းစာရင်းသွင်းခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ က တားမြစ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တာဂျစ်ကစ္စတန် အစိုးရနှင့် နိုင်ငံတကာမှုခင်းဆိုင်ရာရဲအဖွဲ့အစည်း (INTERPOL) တို့ကလည်း Khalimov အား အလိုရှိလျက်ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment