DEEP WEB သို႔မဟုတ္ ေျမေအာက္ကြန္ယက္





အမွန္တကယ္ ျဖစ္ရပ္ေတြပါ စိတ္ဝင္စားဖို႔ေကာင္းပါတယ္...
--------------------
အခန္း (၁)
ေျမေအာက္ကြန္ယက္ ဆိုတာ သမား႐ိုးက် Google လို ရွာေဖြေရး စနစ္နဲ႔ ရွာမေတြ႕ႏိုင္တဲ့ အျခား တစ္ဖက္မွာ ရွိတယ္။ ဒီကြန္ယက္ထဲကို ဝင္ေရာက္ဖို႔ဆိုရင္ ခင္ဗ်ားကို အမည္မသိ လူတစ္ေယာက္ အျဖစ္ ေဖ်ာက္ကြယ္ ထားေပးႏိုင္မယ့္ ေဆာ့ဖ္ဝဲ တစ္ခ်ိဳ႕ လိုေကာင္း လိုအပ္မယ္။ ၎ ကြန္ယက္ ထဲမွာ ခင္ဗ်ား အေနနဲ႔ စိတ္ေတာင္ မကူးဝံ့ေသာ ရက္စက္မႈေတြ၊ ေအာ္ဂလီဆန္မႈေတြ နဲ႔ ေျမေအာက္ လႈပ္ရွားမႈေတြ ရွိတယ္။
အေမွာင္ ဝီကီပိဒိယ ဆိုရင္.. ဒီကမ႓ာ တစ္ဖက္ရဲ႕ လမ္းျပေျမပံု သဖြယ္ အလုပ္လုပ္တယ္။ အေမွာင္ ဝီကီပိဒိယကို ခင္ဗ်ား ဝင္ေရာက္ႏိုင္ ခဲ့ၿပီ ဆိုတာနဲ႔ ဒီ ကြန္ယက္ႀကီးတစ္ခုလံုးမွာ ၾကည့္႐ႈ ေလ့လာ လို႔ ရတဲ့ လင့္ခ္ ေတြကို ေတြ႕ျမင္ရမွ ျဖစ္တယ္။ က်ဳပ္ တစ္သက္မွာ တစ္ခါပဲ ေျမေအာက္ ကြန္ယက္ မွာ က်င္လည္ခဲ့ဖူး ေသးတယ္။
ဒီကို ေရာက္ဖို႔ ဆိုတာ တကယ္ ခက္တယ္။ အီးေမးလ္ထဲက Spam ပံုးထဲမွာ ေရာက္ေနတဲ့ ဖိုင္ တစ္ခု ကို က်ဳပ္ သတိျပဳမိတဲ့ ေန႔က စ တာပဲ။ ၫႊန္ၾကားခ်က္မပါ လမ္းၫႊန္ခ်က္မပါတဲ့ ေဆာ့ဖ္ဝဲ ကို က်ဳပ္ ကြန္ပ်ဴတာထဲ တစ္မ်ိဳးၿပီး တစ္မ်ိဳး စမ္းသပ္လို႔ ထည့္ၾကည့္ ေနမိတယ္။ ကိုယ္တိုင္ကလဲ နည္းပညာ သမား မဟုတ္တာ ပါမယ္ ထင္ပါရဲ႕။ ဒီလိုေနရင္း နာရီ အတန္ၾကာတဲ့ အခါမွာေတာ့... က်ဳပ္ ကြန္ပ်ဴတာ ထဲကို ကံအားေလ်ာ္စြာ ေဆာ့ဖ္ဝဲ သြင္းလို႔ အဆင္ေျပသြားခဲ့တယ္။
ဒီလိုနဲ႔ ဝင္ေရာက္သြားတဲ့အခါ က်ဳပ္ ပထမဆံုး ေတြ႕တဲ့ ဟာက အေမွာင္ ဝီကီပိဒိယ အထဲကို ဝင္တဲ့ ဖတ္လို႔ မျဖစ္ႏိုင္တဲ့ လင့္ခ္ အရွည္ႀကီး တစ္ခုပဲ ျဖစ္တယ္။
ခင္ဗ်ားတို႔ အေနနဲ႔ ဒီကိစၥေတြကို ၾကားဖူးေနၾက ျဖစ္လိမ့္မယ္။ ကိုယ္ႏွိပ္တဲ့ လင့္ခ္ေတြကို ဂ႐ုစိုက္ပါ ဆိုတဲ့ သတိေပးသံ ေတြ အျပင္ ေလာက ကြန္ယက္ေတြ မွာ ေတြ႕ ျမင္ဖူး ၾကလိမ့္မယ္။ ရာနႈန္းျပည့္ မွန္တယ္။ ဒီလင့္ခ္ေတြရဲ႕ သယ္ေဆာင္ရာ ေဒသမွာ က်ဳပ္ ေရာက္ေန ခဲ့တဲ့အခါ ျမင္မေကာင္း ႐ႈမေကာင္း ေလာက္ေအာင္ အနိ႒ာရံု ေတြ ခ်ည့္ အျပည့္ ျမင္ေတြ႕ေနရတယ္။ ဒီေလာက္ေရွာင္ေန တိမ္းေနတဲ့ ၾကားကမွ တခ်ိဳ႕ အေၾကာင္းအရာေတြ ေဆာင္းပါး ေလးေတြကို မ်က္စိ က ေရာက္ျဖစ္ ေအာင္ ေရာက္လိုက္ေသးတယ္။
ဘယ္သူ တစ္ဦးတစ္ေယာက္မွ မၾကည့္သင့္တဲ့ အရာေတြ။ ရြံဖို႔ ေကာင္း ၿပီးေတာ့ မိစၧာနတ္ဆိုးတို႔နဲ႔ အလားသ႑ာန္ တူတယ္။ က်ဳပ္ ဒီ ေျမေအာက္ ကြန္ယက္မွာ ဖတ္ေနတာ အစပိုင္းပဲ ရွိေသးတယ္။ ဆယ္မိနစ္ေလာက္လဲ ၾကာေရာ.. အိမ္ေရွ႕မွာ FBI က ရဲေတြ ေရာက္ ေနမွာ အလြန္အမင္း ေၾကာက္ လန္႔ မိေနၿပီ။ က်ဳပ္ရဲ႕ စပ္စုတဲ့ ျပစ္မႈ အတြက္ေပါ့။
ေၾကာင္လွပါလားလို႔ ခင္ဗ်ားတို႔ ထင္ေကာင္းထင္မယ္မွန္း က်ဳပ္ သိ တယ္။ ဒါေပမယ့္ ေျမေအာက္ ကြန္ယက္ရဲ႕ သဘာဝ ကိုက မူးယစ္ ေဆးသံုးေနတဲ့ လူတစ္ေယာက္နဲ႔ အလားသ႑ာန္ တူေနတယ္။ အခ်ိန္ တိုင္း ခင္ဗ်ား တုန္လႈပ္ေျခာက္ျခားေနၿပီးေတာ့ ငါ့ လုပ္ရပ္က မွန္ရဲ႕လား... တရားေရာ ဝင္ရဲ႕လား ဆိုတဲ့ ဒြိဟအေတြး ခင္ဗ်ားဆီမွာ ျဖစ္ေပၚလို႔ ေနတယ္။
"ငရဲ" တဲ့။ သူငယ္ခ်င္းအခ်ိဳ႕ကို က်ဳပ္အျဖစ္အပ်က္ ေျပာျပတဲ့ အခါ သူတို႔က အဲ့သလို သံုးသပ္ ၾကတယ္။ ဘယ္လိုပဲ ျဖစ္ပါေစ စစသံုးခ်င္း မွာေတာ့ ရဲေတြ အိမ္ေရွ႕ေရာက္ေနပါၿပီ ဆိုတဲ့ ေျခာက္ျခား စိတ္ကို ဘယ္လိုမွ ေဖ်ာက္ပစ္လို႔ မရဘူး။
ဒီလိုနဲ႔ ရက္ အနည္းငယ္ ၾကာတဲ့ အခါမွာ က်ဳပ္ နည္းနည္း စိတ္ဖိစီး တာ ေလ်ာ့လာတယ္။ ကိုယ့္ကို ကိုယ္ လဲ ယံုၾကည္ခ်က္ရွိလာတယ္။ ေျမေအာက္ ဝီကီပိဒိယ ကေန စြန္႔စားၿပီး ထြက္ခြာလို႔ ကြန္ယက္ အႏွံ႔ ေလွ်ာက္ၾကည့္ ခ်င္လာတယ္။ ဒီလိုနဲ႔ လင့္ခ္ေလး ေတြ ဟိုတစ္စ ဒီတစ္စ သတိေလးနဲ႔ ႏွိပ္ လို႔ ေလွ်ာက္ၾကည့္မိတယ္။
ဓာတ္ခြဲ စမ္းသပ္ဖို႔ လူငွား ေၾကာ္ျငာ ေတြ၊ ေၾကးစားလူသတ္သမား ငွားရမ္း လိုသူ ေတြရဲ႕ ေၾကာ္ျငာ ေတြ၊ ေငြမဲေစ်းကြက္ေတြ... ေရွးေဟာင္း ပစၥည္း လဲလွယ္ ေရာင္းဝယ္ သူေတြ စသျဖင့္ ခင္ဗ်ားတို႔ က်ဳပ္တို႔ ေန႔စဥ္ ေတြ႕ေႏုက် သတင္းအခ်က္ အလက္ေတြ မဟုတ္တဲ့ ခပ္ေၾကာင္ေၾကာင္ ဝက္ဘ္ဆိုက္ ေတြ တစ္ခု ၿပီးတစ္ခု က်လာခဲ့တယ္။
ယံုရခက္ခက္ ေတြ။ ဘာနဲ႔ အလားသ႑ာန္ တူသလဲ ဆိုေတာ့ ပံုမွန္လိုင္းေပၚမွာ ျမင္ေတြ႕ေနၾက ဆာေဗး လုပ္ခိုင္းေနတဲ့ ဝက္ဘ္ ဆိုက္ ေတြလိုပဲ။ ကြာျခားခ်က္က ဒီ ေျမေအာက္ကြန္ယက္ မွာ ဆာေဗး မရွိဘူး။
က်ဳပ္ ေျမေအာက္ကြန္ယက္မွာ က်င္လည္ခဲ့တဲ့ တေလွ်ာက္ ညစ္ညမ္း ဝက္ဘ္ဆိုက္ေတြကို ေရွာင္ တယ္။ အလြန္ ေသးသိမ္တဲ့ စိတ္ဓာတ္နဲ႔ ကေလးမုဒိန္း အေခြေတြ ေရာင္းဝယ္ ေဖာက္ကားေနတဲ့ ေနရာေတြပဲ။ ဒါ့ေၾကာင့္ ကေလးညစ္ညမ္းအေခြေတြ လိုင္းေပၚမွာ မရွိလဲ ဒီကိစၥ စိတ္ဝင္စားသူေတြ အေနနဲ႔ ေျမေအာက္ကြန္ယက္မွာ အရင္ကထဲက လႈပ္ရွား ရွာေဖြေနမွန္း ေတြးမိလာခဲ့တယ္။
ပြင့္ပြင့္လင္းလင္း ဝန္ခံရရင္ေတာ့ တစ္ေခြလားပဲ.. ဖြင့္ၾကည့္ မိတယ္။ စပ္စုမိတာပါ။ မအန္မိရံု တမယ္ပဲ လူက။ ဒါနဲ႔ ျမန္ျမန္ ျပန္ထြက္ခဲ့ ရတယ္။ (မွတ္ခ်က္။ လံုးဝ မစမ္းပါႏွင့္။)
ဒီလို ေလွ်ာက္ၾကည့္ရင္း ထူးျခားတဲ့ ဖိုရမ္ေလး တစ္ခုကို သတိျပဳ မိတယ္။ ဖိုရမ္နာမည္က "အိမ္တြင္း ပုန္း မိသားစုမ်ား" တဲ့။ ေျခာက္ျခားစရာလဲ ေကာင္းသလို စူးစမ္းလိုစိတ္လဲ ရွိတာေၾကာင့္ က်ဳပ္ ဒီ ဖိုရမ္ အထဲကို ဝင္လာလိုက္တယ္။
ဝင္ဝင္ခ်င္း နႈတ္ခြန္းဆက္စာမွာ ေရးထားပံုအရ.. ဒီဖိုရမ္ဟာ တကယ္ ေတာ့ အသင္းအဖြဲ႕ တစ္ခု ျဖစ္ တယ္။ ကမ႓ာအႏွံ႔အျပားက ထူးဆန္း တဲ့ မိသားစုေတြ ဝင္ေရာက္ ေဆြးေႏြးေလ့ရွိတဲ့ ဖိုရမ္ တစ္ခု ျဖစ္ တယ္။ ဒါေပမယ့္ ထူးဆန္းတယ္ ဆိုတာက သူတို႔ဟာ အျပင္လံုးဝ မထြက္သူ တို႔၊ ပတ္ဝန္းက်င္နဲ႔ အဆက္အသြယ္ တမင္ ျဖတ္ထားသူတို႔ အဆင့္ သာ ျဖစ္ၿပီး ခင္ဗ်ားတို႔ လူသတ္ကားေတြထဲမွာ ျမင္ေန သလိုမ်ိဳး မိသားစု မဟုတ္ဘူး။
သံုးေယာက္ တစ္ဖြဲ႕ ေလးေယာက္ တစ္ဖြဲ႕လို မိသားစုငယ္ ကေန ေျခာက္ေယာက္ ခုႏွစ္ေယာက္အထိ ႀကီးမားတဲ့ မိသားစုအထိ အဖြဲ႕လိုက္ ဒီထဲမွာ သတင္းေတြ ဖလွယ္ ေနၾကတယ္။ သူတို႔ ကိုယ္ပိုင္ အသိုင္းအဝိုင္းနဲ႔ ဆက္စပ္တဲ့ ပံုေလးေတြ တင္ထားတယ္။
သူတို႔ဟာ အိမ္ထဲမွာ မေနဘူး။ အိမ္ကိုစြန္႔လို႔ ဂိုေထာင္ ထဲမွာ ျဖစ္ပါ ေစ၊ ေျမေအာက္ခန္းထဲမွာ ျဖစ္ပါေစ ေနေလ့ရွိ ၾကၿပီးေတာ့ ရိကၡာ ထြက္ဝယ္သူနဲ႔ လယ္ယာ စိုက္ပ်ိဳးသူတို႔မွ အပ က်န္လူမ်ား၊ ကေလး သူငယ္မ်ားဟာ ၂၄ နာရီလံုး၊ တစ္ပတ္လံုး၊ တစ္လ လံုး၊ တစ္ႏွစ္လံုး၊ တစ္သက္လံုးအထိ ဒီ ေျမေအာက္ခန္း/ ဂိုေထာင္ ထဲမွာ ေနသြားမယ့္ လူေတြလို႔ ယူဆ ရတာပဲ။
ဒီလိုေလွ်ာက္ၾကည့္ေနတုန္း လူတစ္ေယာက္ကို က်ဳပ္သတိျပဳမိတယ္။ ဒီဖိုရမ္ရဲ႕ နာမည္ႀကီး တစ္ေယာက္ ေယာက္ ျဖစ္မယ္ ထင္တယ္။ ေခါင္းစဥ္တိုင္းရဲ႕ ေအာက္မွာ သူဝင္ေရာက္ ေဆြးေႏြး ထားတာေတြ ရွိတယ္။
ဖိုရမ္ရဲ႕ ဟိုးအေသးငယ္ဆံုး အစိတ္အပိုင္းက လူမျမင္မိေလာက္တဲ့ ေဆြးေႏြးမႈမွာေတာင္ ဒီလူ႔ရဲ႕ ေျပာဆို ဆက္သြယ္မႈကို အနည္းဆံုး တစ္ခြန္းတစ္ေလ ေတြ႕ႏိုင္တယ္။ ဒါနဲ႔ ဘာေတြမ်ား ေျပာၾကသလဲ ဆိုတာ သိခ်င္ေတာ့ ေနာက္ထပ္ျပပါ ဆိုတဲ့ ခလုပ္ကို ႏွိပ္လိုက္တဲ့ အခါ မန္ဘာဝင္မွ ရမယ္ဆိုတဲ့ စာ ေပၚလာတယ္။
က်ဳပ္ သူတို႔ အေသးစိတ္ ေဆြးေႏြး ေျပာဆိုတာေလးေတြကို တကယ္ သိခ်င္ သလား လို႔ ကိုယ့္ကိုယ္ ကို ေမးတယ္။ ဒီအခါမွာ ေသခ်ာတယ္။ က်ဳပ္တကယ္ လိုလိုလားလား နဲ႔ကို သိခ်င္ေနခဲ့ မိတယ္။ ဒီေတာ့ မန္ဘာ ဝင္မယ္ ေပါ့။ အရင္ဆံုး ကိုယ့္ကို ေဖ်ာက္ေပးထားတဲ့ ေဆာ့ဖ္ဝဲ က ပံုမွန္ အလုပ္လုပ္ ေနသလား စစ္လိုက္တယ္။ အိုေကၿပီ ဆိုေတာ့ က်ဳပ္ မန္ဘာ ဝင္ဖို႔ မန္ဘာ ပရဝုဏ္ထဲကို ဝင္တဲ့ လင့္ခ္ ကို ႏွိပ္လိုက္တယ္။
အခ်က္အလက္ ျဖည့္ၿပီးတဲ့ အခါမွာ စာတစ္ေၾကာင္းက်လာတယ္။ "မန္ဘာ အေဟာင္း တစ္ေယာက္နဲ႔ စကားစျမည္ေျပာဆိုရန္" တဲ့။ နည္းနည္းေတာ့ ထူးဆန္းသလို ျဖစ္သြားခဲ့ေပမယ့္ အသိလဲ တစ္ေယာက္ မွ မရွိေတာ့ ေစာေစာက နာမည္ႀကီး ပုဂၢိဳလ္ဆီကို စာပို႔ဖို႔ ဆံုးျဖတ္လိုက္တယ္။ စာက -
"မဂၤလာပါခင္ဗ်ာ။ က်ဳပ္ အခုလို ခင္ဗ်ားနဲ႔ မခင္ေသးခင္ ႐ုတ္တရက္ စာပို႔ အကူအညီေတာင္းမိတဲ့ အတြက္ ဦးစြာ ေတာင္းပန္လိုပါတယ္။ အရင္ဆံုး က်ဳပ္ကိုယ္က်ဳပ္ မိတ္ဆက္ ပါရေစ။ က်ဳပ္နာမည္ ကေတာ့ xxxx ျဖစ္ၿပီး xxxx တကၠသိုလ္မွာ စာတမ္းတင္ဖို႔ လုပ္ေနတဲ့ ေက်ာင္းသား တစ္ေယာက္ ျဖစ္ပါတယ္။ အခု တင္မယ့္ စာတမ္းနဲ႔ ပတ္သက္ၿပီေတာ့ ခင္ဗ်ားတို႔ ဖိုရမ္ေလးကို သြားေရာက္ ေလ့လာ ဖို႔ မိတ္ေဆြ တစ္ေယာက္က လမ္းၫႊန္တဲ့ အတြက္ေၾကာင့္ ေရာက္လာခဲ့ျခင္းျဖစ္ပါတယ္။ ခု မန္ဘာ ဝင္ဖို႔ အခက္အခဲ ရွိေနတဲ့ အတြက္ ကူညီေျဖရွင္းေပးပါလို႔ အကူအညီ ေတာင္းအပ္ ပါတယ္ ခင္ဗ်ား။ တကယ္လို႔ မန္ဘာဝင္ၿပီး သြားခဲ့ရင္လဲ ဖိုရမ္ထဲမွာ က်ဳပ္အေနနဲ႔ သိလိုတာေလးေတြ ေမးျမန္း လိုပါ တယ္ ဆိုတာကို တစ္ဆက္ထဲ ခြင့္ေတာင္းလိုက္ရပါတယ္။ ေက်းဇူးတင္ ပါတယ္။ ေကာင္းေသာ ေန႔ ျဖစ္ပါေစ မိတ္ေဆြ။"
ဟုတ္ပါတယ္။ ခင္ဗ်ားတို႔ ျမင္သလိုပါပဲ။ က်ဳပ္ အနည္းငယ္ လိမ္လည္မိ လိုက္ပါတယ္။ ဒါေပမယ့္လဲ အဲဒီအခ်ိန္တုန္းက က်ဳပ္ အေတြးမွာ ယုတၱိရွိမယ္ ထင္ေစခ်င္တာလားမသိဘူး။ အဲဒီလိုစိတ္ ျဖစ္လာတဲ့ အတြက္ေၾကာင့္ ေရးသားမိခဲ့ျခင္း ျဖစ္တယ္။ ဒီလိုနဲ႔ပဲ ေဆြးေႏြးမႈတိုင္းမွာ တက္တက္ႂကြႂကြ ပါဝင္ ေနက် ပုဂၢိဳလ္ဟာ က်ဳပ္စာကို ထူးဆန္းစြာ လစ္လ်ဴရႈေန ခဲ့တယ္။ စာလံုးဝ မျပန္။ တစ္ရက္၊ ႏွစ္ရက္ ကေန ေစာင့္ရင္း ေစာင့္ရင္းနဲ႔ ႏွစ္ပတ္ေလာက္ၾကာတဲ့ အခါ က်ဳပ္ေတာင္ ေမ့ေတ့ေတ့ ျဖစ္လာတယ္။
ဒီလိုနဲ႔ တစ္လ မျပည့္ တျပည့္ အခ်ိန္ ညတစ္ညမွာေတာ့ က်ဳပ္ ပံုမွန္အတိုင္း ေျမေအာက္ကြန္ယက္ ထဲကို ဝင္လို႔ ဖိုရမ္ ဝက္ဘ္ဆိုက္ကို ႐ိုက္ထည့္ လိုက္တဲ့အခါ...
--------------------
အခဏ္း (၂)
မရွိေတာ့...။ ဖိုရမ္ တစ္ခုလံုး အစရွာမရေအာင္ ေပ်ာက္ဆံုးသြားၿပီ။ က်ဳပ္မ်ား ဝက္ဘ္ဆိုက္ လင့္ခ္ မွားေရးမိလို႔လား။ မဟုတ္ေသးပါဘူး။ က်ဳပ္ ေရးတာမွန္တယ္။ ဒါဆို ဘယ္ေရာက္သြားရတာလဲ။
က်ဳပ္ ပို႔မိတဲ့ စာနဲ႔ မ်ား ဆိုင္ေလမလား။ ဒါမွမဟုတ္ ဒီပုဂၢိဳလ္က သြားမ်ား တိုင္လိုက္ လို႔ ဖိုရမ္ ပိုင္ရွင္ ေၾကာက္လန္႔ၿပီးေတာ့ ဖ်က္လိုက္တာမ်ားလား။
က်ဳပ္ ေတြ႕မိသေလာက္ေတာ့ တရားမဝင္တာ တစ္ခုမွေတာ့ မရွိပါဘူး။ ဘာ့ေၾကာင့္မ်ားခုလို ထူးဆန္း တဲ့ အျပဳအမူနဲ႔ တံု႔ျပန္လိုက္ရတာလဲ။ ၿပီးေတာ့ က်ဳပ္လိုမ်ိဳး အျခား တစ္စံုတစ္ေယာက္ကေရာ.. သူတို႔ကို က်ဳပ္ေရးတဲ့စာမ်ိဳး ယခင္က မေရးၾကဘူး တဲ့လား။ မျဖစ္ႏိုင္တာ။
က်ဳပ္ အံ့ၾသစိတ္နဲ႔ မေက်နပ္စိတ္နဲ႔ ေရာယွက္လို႔ ေျမေအာက္ကြန္ယက္ အႏွံ႔ အေသးစိတ္ကို လိုက္လံ ရွာေဖြေနမိတယ္။ ဒီလိုမ်ိဳး ေန႔ခ်င္းညခ်င္း အသင္းအဖြဲ႕ႀကီး တစ္ခုလံုးကို ေဖ်ာက္ပစ္ဖို႔ဆိုတာ မျဖစ္ႏိုင္ ဘူးေလ။ သူတို႔ နာမည္ေျပာင္းတာ ဒါမွမဟုတ္ အျခားတစ္ေနရာရာမွာ လွိဳ႕ဝွက္စြာ က်က္စား ေနတာပဲ ျဖစ္ရမယ္။
ရွာသာ ရွာေနတာ မေတြ႕။ အခ်ိဳ႕ လင့္ခ္ေတြမွာ အိမ္တြင္းပုန္းမိသားစု အေၾကာင္း ေဖာ္ျပထားတာေတြ ရွိေပမယ့္ သူတို႔ ကိုယ္တိုင္ ဝင္ေရာက္ ေဆြးေႏြး ေနတာ မဟုတ္။ ရွာရင္းနဲ႔ ေမာ လာတယ္။ ငါရွာတာ မ်ား ေစာေနလို႔လား။
က်ဳပ္ တစ္ပတ္ ေလာက္ ထပ္ေစာင့္ၿပီးေတာ့ ထပ္ဝင္ ရွာမယ္လို႔ ေတြးလိုက္တယ္။ ဟုတ္တယ္ေလ။ သူတို႔သာ အသစ္တစ္ခု တည္ေထာင္မယ္ ဆိုရင္ အခု ရွာဖို႔ဆိုတာ အခ်ိန္ေစာေသးတယ္။ ဒါ့ေၾကာင့္ က်ဳပ္ တစ္ပတ္ အခ်ိန္ ထပ္ေပးလိုက္တယ္။ ဒီတစ္ပတ္ထဲမွာ က်ဳပ္ အျခားေသာ အခ်က္အလက္ ေတြကို ဆက္လက္ ရွာေဖြေနမိတယ္။
တကယ္ေတာ့ ေျမေအာက္ကြန္ယက္ဆိုတာ အဆံုးအစမဲ့တဲ့ ေသြးေၾကာေတြလိုပဲ။ ဒီေသြးေၾကာကို စတင္ေျခခ်မိတဲ့ ပထမဆံုးေန႔ကထဲက က်ဳပ္ သိလိုက္တယ္။ က်ဳပ္ ဘယ္ေတာ့မွ ထပ္ၿပီးေတာ့ ဂူဂဲလ္ ေလာက္နဲ႔ သံုးတာ မေက်နပ္ႏိုင္ေတာ့ဘူးလို႔။
ေျမေအာက္ကြန္ယက္ေတြဟာ တစ္ခုေဖာ္ေလ ေနာက္တစ္ခု စိတ္ဝင္စားစရာ ေတြ႕ေလနဲ႔ အဆံုးအစ မရွိ စိတ္ဝင္စားစရာ အတိနဲ႔ ၿပီးေနတယ္။ ဒါ့ေၾကာင့္ အေၾကာင္းတစ္ခုထဲမွာ က်ဳပ္ စိတ္ႏွစ္ထားရတာကို ၿငီးေငြ႕လာမိတယ္။
က်ဳပ္အတြက္ အသစ္ေတြလိုအပ္တယ္။ စူးစမ္းခ်င္စိတ္ ျပင္းထန္လာႏိုင္တဲ့ အခ်က္အလက္သစ္ ေတြကို လိုလား တယ္။ အိပ္လို႔မရႏိုင္ေလာက္ေအာင္ ဖမ္းဆြဲထားႏိုင္တဲ့ ေျခာက္ျခားစရာ သတင္းေတြ က်ဳပ္ငတ္မြတ္ လာတဲ့ အတြက္ က်ဳပ္ ဆက္လက္တူးေဖာ္မိတယ္။
ဒီလိုနဲ႔ ညစ္ညမ္းလင့္ခ္ေတြကလြဲလို႔ စံုႏိုင္သေလာက္ စံုေအာင္ က်ဳပ္ဟာ ကြန္ယက္ထဲကို ျဖန္႔က်က္ေန မိတယ္။ တစ္ေနရာမွာေတာ့ လူ႔အေရျပားနဲ႔ လုပ္ထားတဲ့ လက္မႈပစၥည္းေလးေတြ ေရာင္းေနတာ ေတြ႕ ခဲ့ တယ္။ အတုထင္မိလိုက္ ေပမယ့္ တစ္ေနရာမွာ လုပ္ပံုလုပ္နည္း သင္ျပတဲ့အေခြေတြ ေတြ႕ေတာ့မွ က်ဳပ္ အိပ္ခ်င္စိတ္ေတြ ဘာေတြ ျပယ္ သြား တယ္။
ေနာက္တစ္ေနရာမွာ က်ေတာ့ ဆိုင္ယန္ႏိုက္ေဆးေတာင့္ေလးေတြနဲ႔ အျခား မူးယစ္ေဆး/ ေသနတ္ ေတြ ေရာင္းဝယ္ ေလလံပစ္ေနတာ ေတြ႕တယ္။ အားလားလား... တကယ့္ကို အထူးအဆန္း ေတြ ခ်ည့္ပဲ။
က်ဳပ္ ဘာေတာင္ေတြ႕ခဲ့သလဲဆိုေတာ့ "သတ္ေသခန္း" ဆိုတဲ့ နာမည္နဲ႔ ဝက္ဘ္ဆိုက္ တစ္ခု ေတြ႕မိတယ္။ ဒီအထဲမွာေတာ့ youtube ထဲကလိုမ်ိဳး ဗီဒီယိုေတြ အမ်ားအျပား တင္ထားတယ္။ ထူးျခား တာက ကိုယ့္ကိုယ္ကို သတ္ေသတဲ့ ဗီဒီယိုေတြ။ သို႔ေသာ္ အေခြေတြဟာ အျမည္းေလာက္ပဲ ျပထားၿပီး ဆက္လက္ၾကည့္လိုသူက ပိုက္ဆံေပးမွ အဆံုးထိ ၾကည့္လို႔ ရတယ္။
႐ိုက္ကူးသူေတြက ျပင္ပေလာကမွာ ဗီဒီယို ထုတ္လုပ္သူေတြလိုမ်ိဳးပဲ။ သူတို႔ကို သတ္ေသလိုသူက သြားဆက္သြယ္ရတယ္။ ၿပီးေတာ့ ကိုယ္ေသခ်င္တဲ့ ပံုစံကို ေျပာျပတယ္။ ဒီပံုစံကို သေဘာက်ရင္ လိုအပ္တဲ့ပစၥည္း အေထာက္အပံ့ ဆက္တင္ အစအဆံုး ထုတ္လုပ္သူက စီစဥ္ေပးတယ္။ ၿပီးေတာ့မွ ေသမယ့္ေန႔မွာ စာခ်ဳပ္ခ်ဳပ္ ႐ုပ္ရွင္႐ိုက္ ရဲရဲေသ။ ၿပီးၿပီ။
အဲဒီအထိ မထူးဆန္းေသးဘူးလို႔ ေျပာလို႔ ရတယ္။ က်ဳပ္ဝင္ၾကည့္ေနတဲ့ ရက္က က်င္းပေနတာ "သတ္ေသ ၿပိဳင္ပြဲ" တဲ့။ ဒီမွာက်ေတာ့ သတ္ေသ လို သူ ေတြကို ဖိတ္ေခၚတယ္။ မ်က္လံုးေတြ ဘာေတြ ေတာင္ ျပဴးသြားတယ္ဗ်ိဳ႕။
ၿပိဳင္ပြဲဝင္သူေတြက ပိုက္ဆံေပးၿပီး ဝင္ၾကည့္ရတယ္။ ကိုယ္ေသေစ ခ်င္တဲ့ သူကို ဘာနဲ႔ ေသခိုင္း ခ်င္ တယ္ ဆိုတာကို နည္းစနစ္ေရြးၿပီးတင္ျပရတယ္။ အေကာင္းဆံုး ေသ နည္းကို စဥ္းစားႏိုင္တဲ့ သူက ေသသူပိုင္ဆိုင္တဲ့ တစ္ခုခုနဲ႔ ဆုေငြ ရတယ္။ ကဲ.. မ႐ူးသြပ္လြန္းဘူးလား။
ေနာက္ဆံုး အိပ္မရတဲ့ ညေတြ တစ္ရက္ၿပီး တစ္ရက္ ဆက္လာခဲ့တာမွာ... က်ဳပ္ေစာင့္ေနတဲ့ အခ်ိန္ တစ္ပတ္ ျပည့္တဲ့ေန႔ကို ေရာက္လာခဲ့တယ္။
ဒီေတာ့ က်ဳပ္လဲ ထံုးစံ အတိုင္း အိမ္တြင္းပုန္း မိသားစုမ်ားကို ျပန္ရွာၾကည့္တာေပါ့။ မထူးျခား။ တကယ္ ကို ဖ်က္သြားၿပီ ထင္ပါ့။ ဒါမွမဟုတ္လဲ ျဖစ္ႏိုင္ေခ်ရွိတာ တစ္ခုက သူတို႔ ဒီ့ထက္ ပိုနက္တဲ့ ကြန္ယက္ထဲ က်င္လည္ေနၿပီ ထင္တယ္။
အဲ့ဒီညက က်ဳပ္ ေျမေအာက္ ကြန္ယက္ အႏွံ႔ စိတ္ႀကိဳက္ ရွာေဖြၿပီး လို႔ မေတြ႕ေတာ့ တဲ့အဆံုး လက္ေလွ်ာ့ လိုက္ေတာ့မယ္လို႔ ၾကံတုန္းမွာ.... ဝက္ဘ္ဆိုက္ လင့္ခ္တစ္ခု ကြန္ပ်ဴတာ မ်က္ႏွာျပင္ ေပၚကို တက္ လာတယ္။
နာမည္က "ဦးတည္ရာမဲ့တဲ့လမ္း" တဲ့။ ဒီေတာ့ က်ဳပ္လဲ ဘာရယ္မဟုတ္.. စိတ္ထဲက ႏွိပ္ ခ်င္ လာတဲ့ အတြက္ ဝင္ဖို႔ ႏွိပ္လိုက္တဲ့ အခါ က်ဳပ္ မ်က္ဝန္း အစံုဟာ ဝိုင္းစက္ သြားပါ ေတာ့တယ္။
--------------------
အခဏ္း (၃)
ေတြ႕ၿပီ။ ဖိုရမ္ကို။ ဒါေပမယ့္... ဖိုရမ္အေနနဲ႔ မဟုတ္ေတာ့...။ ဝက္ဘ္ဆိုက္ တစ္ခုျဖစ္ေနၿပီ။ ေဆြးေႏြးမႈ ေတြ တစ္ခု ဆို တစ္ခုမွ မရွိေတာ့။ ဒါေတြအစား မိသားစုပံုေတြဟာ အယ္လ္ဘမ္ တစ္ခုစီ ဖြဲ႕လို႔ ေနရာ တက် စုစည္းထားတယ္။ ျပတိုက္တစ္ခုထဲ ေရာက္ သြား သလိုေပါ့။
ဓာတ္ပံုေတြဟာ သန္႔ရွင္းတဲ့ ေျမေအာက္ခန္းလို အခန္းထဲမွာ ႐ိုက္ထားတဲ့ ဓာတ္ပံုေတြျဖစ္တယ္။ စိတၱဇကား ဆန္တဲ့ အေရာင္အေသြးတို႔နဲ႔ မႊန္းျခယ္ထားတယ္။ ဒါေပမယ့္ သူတို႔ ေပ်ာ္ေနၾကတယ္။ ကေလးေတြကလဲ ရယ္ေမာလို႔ လူႀကီးေတြ ကလဲ ဝတ္ေကာင္းစားလွေတြနဲ႔။
ဝက္ဘ္ဆိုက္ တစ္ခုလံုးကို ေသခ်ာ ေလ့လာၾကည့္ေတာ့မွ ဒီဝက္ဘ္ဆိုက္ဟာ ဘာနဲ႔ အလားသ႑ာန္ တူေနသလဲဆိုရင္ အိမ္ငွား ေၾကာ္ျငာေတြလိုပဲ။ သို႔ေသာ္ အိမ္ အစား မိသားစု ျဖစ္ေနတာေလးတစ္ခုပဲ။
ဟုတ္တယ္။ မိသားစု ေတြ ေၾကာ္ျငာထားတာလို႔ ေျပာရမယ္။ သူတို႔နဲ႔ အတူေနခ်င္တဲ့ လူကိုရွာေနတဲ့ ဝက္ဘ္ဆိုက္ တစ္ခု ျဖစ္တယ္။ ဒီမွာ ထူးျခားခ်က္တစ္ခုရွိတယ္။ မိသားစု တစ္ခုမွာ အတူလာေရာက္ ေနထိုင္လိုသူ ေတြဟာ ဒီမိသားစု ရဲ႕ လိုအပ္ခ်က္ ဝိေသသ လကၡဏာေတြ ပါရွိရမွာ ျဖစ္တယ္။ အတိအက်ကို ၫႊန္းဆိုထားတဲ့ ဝိေသသ လကၡဏာေတြ ျဖစ္တယ္။
ဘယ္ေလာက္ေတာင္ တိက်သလဲ ဆိုရင္ ဥပမာ - "လာ ေရာက္ ေနထိုင္လိုသူသည္ က်ယ္ကားေသာ ေမး႐ိုးတို ႔ရွိရမည္။ က်ဳပ္တို႔မိသားစု တစ္ခုလံုးမွာ ေမး႐ိုးက်ယ္ေသာေၾကာင့္ ျဖစ္သည္။" တို႔...၊ "သင္ သည္ အရပ္ ၅' ၁၀" တိတိရွိရမည္" တို႔....၊ ယုတ္ဆြအဆံုး "သင့္တြင္ ကၽြႏ္ုပ္တို႔ကဲ့သို႔ အသံၾသဇာ ခမ္းခမ္းနားနား ရွိရမည္" တို႔ စသျဖင့္ တိတိက်က်ကို လိုအပ္တဲ့သူကို ၫႊန္းဆိုထားတာျဖစ္တယ္။
ဒီလိုနဲ႔ ဖတ္လာခဲ့ရင္း ေအာက္ဆံုးနား အေရာက္မွာ မွိန္ပ်ပ် လင့္ခ္ ကေလးတစ္ခု ကို အမွတ္မထင္ ေတြ႕မိလိုက္ျပန္တယ္။ အမည္းေရာင္ ေနာက္ခံေပၚမွာ မီးခိုးရင့္ေရာင္ လင့္ခ္ေလး တစ္ခု။ ႏွိပ္ၾကည့္ လိုက္တဲ့ အခါမွာေတာ့ က်ဳပ္ကို ေနာက္ စာမ်က္ႏွာ တစ္ခုဆီကို ေခၚေဆာင္သြားတယ္။
"ေဆြးေႏြးခန္း" တဲ့။ ေတြ႕ၿပီ ဖိုရမ္ကို။ ဒါေပမယ့္... ေစာေစာက ဝက္ဘ္ဆိုက္နဲ႔ မတူတဲ့ ေအးစိမ့္မႈကို ဒီအထဲမွာ ခံစားေန ရတယ္။ ေလးနက္မႈ၊ ခါးသီးမႈ၊ နာက်င္မႈေတြနဲ႔ ဖိုရမ္ကို တန္ဆာ ဆင္ထားတယ္။ အဓိက ကြာျခားခ်က္အေနနဲ႔ဆိုရင္ ေစာေစာက ဝက္ဘ္ဆိုက္မွာ ဖိတ္ေခၚလိုစိတ္ေလးက စာမ်က္ႏွာ ေပၚမွာ ကိန္းဝပ္ေနတယ္။ လူႀကီးတစ္ေယာက္ကို လာေစလိုတဲ့ အတြက္ မိသားစုက ဖိတ္ေခၚတာမ်ိဳး။
ဒီဖိုရမ္ကေတာ့ ထူးျခားတယ္။ က်ဳပ္ ေက်ာ႐ိုးထဲ စိမ့္သြား ေလာက္ ေအာင္ ၾကက္သီးေမႊးညႇင္းေတြ ထ သြားခဲ့တယ္။ ဒီဖိုရမ္ဟာ လူငယ္/ ကေလးတစ္ေယာက္ကို လိုအပ္တဲ့ မိသားစု ေတြ ေတြ႕ဆံုၿပီး ကေလးလဲလွယ္ တဲ့ ေနရာျဖစ္တယ္။ ေဆြးေႏြးမႈေတြ ရွိတယ္။ ကေလးသစ္ တစ္ေယာက္ကို ႀကိဳဆို နည္း ႀကိဳဆိုဟန္ကို သင္ျပမႈေတြလည္း ရွိ တယ္။ လဲလွယ္ သူခ်င္း ကတိကဝတ္ေတြ ေရးသား ထား တယ္။ ဒီမွာက်ဳပ္ ျပႆနာမ်ား ဆိုတဲ့ က႑ကို အထူးသတိျပဳ မိခဲ့တယ္။
ဒီအထဲဝင္ၾကည့္လိုက္တဲ့အခါမွာေတာ့... က႑ေခါင္းစဥ္ ေအာက္မွာ ရွိတဲ့ ဒုတိယေျမာက္ sticky post ကို စိတ္ဝင္စား မိတယ္။ ေဆြးေႏြးေနတဲ့ အေၾကာင္းအရာက "တတိယခ်ာတိတ္ အတုျဖစ္ေနျခင္း" တဲ့။ ပို႔စ္ပိုင္ရွင္က အမ်ိဳးသမီး။ အိမ္ေထာင္မရွိ။ သူမ အေနနဲ႔ ေရွ႕မွာ ကေလးႏွစ္ေယာက္ကို ဒီဖိုရမ္ကေနပဲ ရွာေဖြယူခဲ့တာ ျဖစ္ၿပီး ဒီႏွစ္ေယာက္က အစစ အရာရာ အဆင္ေျပတယ္။ ဒါေပမယ့္ တတိယ တစ္ေယာက္ ေလာက္ ယူဦးမယ္ဆိုၿပီးေတာ့ ထပ္ယူခဲ့တဲ့အခါမွာ အဆင္မေျပဘူးလို႔ ဆိုတယ္။
သူေျပာပံုအရေတာ့ ကေလးဟာ တစ္ပတ္ရစ္ကေလး ျဖစ္ၿပီး ေတာ့ သူမ အေရွ႕မွာ မိသားစု တစ္စုက စတင္ေခၚယူ ခဲ့ဖူးတယ္။ "အရမ္းငိုလြန္းတဲ့အတြက္" ဆိုတဲ့ အေၾကာင္းျပခ်က္ နဲ႔ ဒီမိသားစုဟာ သူမ လက္ထဲကို လာထည့္ခဲ့တဲ့ အခါမွာ သူမရဲ႕ လိုအပ္ခ်က္ တစ္ခုျဖစ္တဲ့ ဆံပင္ အမည္းေရာင္ ကေလးမွာ မရွိ။ ဒီေတာ့ ကေလးကို ဆံပင္ အမည္းဆိုးေပးၿပီးေတာ့ သူမဆီကို လာေပးသြားတာပဲ။
စာဖတ္သူ ခင္ဗ်ားတို႔ေတာ့မသိ။ မ်က္ျမင္ဖတ္ေနရတဲ့ က်ဳပ္အတြက္ ေတာင္ ဒါ လံုးဝ အဓိပၸာယ္မရွိတဲ့ စကားေတြပဲ။ သို႔ေသာ္.. ဖိုရမ္တစ္ခုလံုး နီးပါးက လူေတြဟာ သူမရဲ႕ ေခါင္းစဥ္ ေအာက္မွာ စုစည္းလို႔ သူမကို လာႏွစ္သိမ့္ေနခဲ့တယ္။ သူမရဲ႕ အခက္အခဲကို ဘယ္လို နားလည္ေၾကာင္း တစ္ေယာက္ က ေျပာတယ္။ ေနာက္တစ္ေယာက္က သူလဲ ထပ္တူ ျဖစ္ရပ္ မ်ိဳး ျဖစ္ဖူးတယ္လို႔ဆိုတယ္။ "အ႐ိုးမာတယ္ ဆိုတဲ့ ကေလး တူတူေဆာ့ေနရင္းနဲ႔ တစ္ရက္ေတာင္ မၾကာဘူး၊ အ႐ိုး က်ိဳးသြားတယ္။"တဲ့။ ဒီ ဒုတိယ ပုဂၢိဳလ္ကဆိုတယ္။
ဖတ္ရင္းဖတ္ရင္းနဲ႔ ဝက္ဘ္ဆိုက္မွာေရာ ဖိုရမ္မွာေရာ သူတို႔ရဲ႕ ဝိေသသ သတ္မွတ္ခ်က္ေတြ ထားရွိ ရျခင္းရဲ႕ အေၾကာင္းအရင္း ကို က်ဳပ္နားလည္လာ ခဲ့တယ္။ အကယ္၍သာ ပတ္ဝန္းက်င္ က ေတြ႕ရွိ ခဲ့မယ္ ဆိုရင္ ၾကည့္လိုက္တာနဲ႔ ဒီမိသားစုဟာ အမ်ိဳး ေတာ္စပ္ပါတယ္ လို႔ ေျပာလို႔ရေအာင္ သူတို႔နဲ႔ ပံုသ႑ာန္ အတူဆံုး ကေလးေတြ/ လူႀကီးေတြကို စနစ္တက် တိတိက်က် ရွာေနခဲ့တာပဲ။
အဲ့သည္ အေၾကာင္းေၾကာင့္ အခု လိုအပ္ခ်က္ကို လိမ္ၿပီး ထား သြားခဲ့တဲ့ ကေလးကို အမ်ိဳးသမီးအေနနဲ႔ ဘယ္လိုမွ ဆက္ထားဖို႔ မျဖစ္ႏိုင္ေတာ့တာပဲ။ ဒါ့ေၾကာင့္ သူမအေနနဲ႔ ေနာက္ထပ္ ဒီကေလးကို ေခၚလို သူ ရွိေလမလားလို႔ လာေရာက္ ရွာေဖြျခင္း ျဖစ္တယ္။ ဖိုရမ္တစ္ခုလံုးက လူေတြဟာ သူမကိုေတာ့ သနား ေသာ္လည္း အရမ္းငိုၿပီးေတာ့ ဆံပင္ အနက္ မဟုတ္တဲ့ ကေလးကို မေခၚလိုၾကဘူး။ ဒီအခါမွာ အမ်ိဳးသမီးက ေနာက္ဆံုး ေတာ့ ရက္သတ္မွတ္ခ်က္ တစ္ခု ထုတ္ျပန္ ထားတာ ကို က်ဳပ္ဖတ္လိုက္ ရတယ္။
"ၾသဂုတ္ ၃ ရက္ေန႔မွ သူ႔ကို ယူမယ့္လူမေပၚခဲ့ရင္ေတာ့.. မတတ္ႏိုင္ ဘူးရွင္.. ကၽြန္မ လုပ္ထံုးအတိုင္း စီရင္ ရေတာ့မွာ ေပါ့။"
ဒီကေန႔ဟာ ၾသဂုတ္ ၁ ရက္ေန႔။ လူအခ်ိဳ႕က သူမ စကားကို အေၾကာင္းျပန္ထားတယ္။ တစ္ေယာက္က - "အိုး.. သနား စရာ ကေလးပါလား.. ဒါေပမယ့္ ဘယ္တတ္ႏိုင္မလဲ.. မိန္းကေလး ဘက္က တရား သျဖင့္ စီရင္ တာပဲ။ အားေပးတယ္။ ခ်" တဲ့။ ေနာက္တစ္ေယာက္ကလည္း - "ေကာင္းတယ္ ညီမ။ ကိုယ္စိတ္ခ်မ္းသာဖို႔ အေရးအႀကီးဆံုးပါ။" တဲ့။ ဘယ္တစ္ဦး တစ္ေယာက္ကမွ ကေလးငယ္ ဘက္ ကေန ၿပီးေတာ့ ရပ္တည္ေပးမယ္၊ စာနာေပးတယ္ဆိုတာ မေတြ႕ရဘူး။ ယူမယ့္လူလည္း တစ္ေယာက္ မွ မေပၚလာ ခဲ့ဘူး။
ဒါ့ေၾကာင့္ က်ဳပ္ ဘဝမွာ လံုးဝ မလုပ္သင့္တဲ့ ကိစၥ တစ္ခုကို က်ဳပ္ ပထမဆံုးနဲ႔ ေနာက္ဆံုး အႀကိမ္ လုပ္ ခဲ့မိတယ္။ "က်ဳပ္ ကေလးကို ယူမယ္။ ဆက္သြယ္ပါ။" ဆိုတဲ့ စာတိုေလး တစ္ေစာင္ ဒီအမ်ိဳးသမီး ဆီ ကို စာပို႔လိုက္ျခင္းပဲ ျဖစ္တယ္။ က်ဳပ္အေနနဲ႔ ျပန္စာကို သိပ္ေတာ့ မေမွ်ာ္လင့္ေနခဲ့ပါဘူး။ ပထမ တစ္ေခါက္ တုန္းကလို ဖိုရမ္ႀကီး တစ္ခုလံုး အစေဖ်ာက္ၿပီးေတာ့ ထြက္ေျပး ေတာ့မယ္ပဲ ထင္ခဲ့မိတယ္။ က်ဳပ္ တက္တက္စင္ ေအာင္ လြဲသြားပါတယ္။ ၁၅ မိနစ္ေတာင္ မရွိလိုက္ေသးခင္ အခ်ိန္မွာ အမ်ိဳးသမီး ဆီက ျပန္စာ ေရာက္လာတယ္။
"ေက်းဇူးႀကီး ပါေပ့ရွင္။ ကၽြန္မေတာ့ျဖင့္ လုပ္ထံုးအတိုင္း စီရင္ ရေတာ့မယ္ ထင္ေနမိတာ။ ျပီးေတာ့ အိမ္က အႀကီးႏွစ္ေကာင္ က ဒါမ်ိဳးစီရင္တာ တစ္ခါမွ မေတြ႕ဖူးေတာ့ သူတို႔ေရွ႕မွာ လုပ္ဖို႔ လဲ ကၽြန္မ ေၾကာက္ရြံ႕ေနခဲ့မိတာ။ ရွင္ ကယ္ေပလို႔ေပါ့။ ေကာင္း ပါၿပီရွင္။ ဒါနဲ႔ ရွင့္ မိသားစု အေၾကာင္း မိတ္ဆက္ ပါဦး။ ဘာရယ္ ေတာ့မဟုတ္ပါဘူး။ လဲလွယ္သူေတြရဲ႕ ကတိကဝတ္ အရပါ။ ရွင္လဲသိမွာပါ။"
ဒါနဲ႔ က်ဳပ္လဲ လိမ္လည္ၿပီးေတာ့ လိုတိုရွင္းေလးနဲ႔ စာျပန္ ရ တာေပါ့။ "အိမ္ေထာင္ရွင္ပါ။ သမီး တစ္ေယာက္ရွိပါတယ္။ ဆံပင္အနက္ပါ။ ပံုထဲက ေကာင္ေလးဆိုရင္ သမီးကို ေမာင္ေလး ေတာ္ခ်င္ လားလို႔ သူ႔ကို ေမးေတာ့ သမီးက လိုခ်င္ေၾကာင္းေျပာတာနဲ႔ ခုလို စာပို႔ လိုက္ ရျခင္း ျဖစ္ပါတယ္။"
ဒီေနာက္ေတာ့ က်ဳပ္နဲ႔ အမ်ိဳးသမီးနဲ႔ဟာ သူ႔ဆီက လာေရာက္ ေခၚေဆာင္ရမယ့္ ေနရာရယ္ အခ်ိန္ရယ္ ဝတ္လာရမယ့္ အကႌ် အေရာင္ရယ္ စသျဖင့္ အေသးစိတ္ အခ်ိန္းအခ်က္ လုပ္ထား လိုက္ပါတယ္။
ဒီ့ေနာက္ က်ဳပ္ စားပြဲေပၚမွာ ထိုင္ရင္း စဥ္းစားတယ္။ အခုမွ အသိျပန္ဝင္လာတဲ့ လူတစ္ေယာက္လို "ဟာ..! ငါ ဘာေတြ မ်ားလုပ္ခဲ့လိုက္တာလဲ။ အသိဉာဏ္ ကင္းမဲ့ လွခ်ည္လား။" ေပါ့။
အခုေတာ့ အားလံုး ကၽြံသြားခဲ့ၿပီ။ ေနာက္ျပန္ဆုတ္ဖို႔ မျဖစ္ႏိုင္ ေတာ့ဘူး။ ဒါဆို ဘာလုပ္ရမလဲ။ ငါ ရဲ ေခၚ သင့္လား။ ငါ ရဲေတြကို ဒီကိစၥေျပာလိုက္တဲ့ အခါ ဒီ ေျမေအာက္ ကြန္ယက္ အထဲမွာ ေျခရႈပ္ခဲ့တဲ့ ငါ့အေပၚေရာ တရားဥပေဒက ခြင့္လႊတ္ မွာလား။ လူစြမ္းေကာင္း လုပ္ၿပီးေတာ့ ကေလးတစ္ေယာက္ကို ကယ္တင္မိတဲ့ ဆုလာဘ္က ေထာင္ဒဏ္ ျဖစ္သင့္သလား။
က်ဳပ္ ေၾကာက္လန္႔ ေနမိပါၿပီ။ အလြန္အမင္းကို တုန္လႈပ္ ေၾကာက္လန္႔ေနမိၿပီ ျဖစ္ပါတယ္။ တစ္စံု တစ္ေယာက္က က်ဳပ္မွန္းသိသြားမွာကို ေၾကာက္ေနတယ္။ သိသြားတဲ့အခါ သတင္းေတြက ႏိုင္ငံေက်ာ္ ရံုမက ကမ႓ာပါေက်ာ္ၿပီး ေထာင္ က်မယ့္ ကိန္းပါ။
ကမ႓ာ အႏွံ႔ကလူေတြက က်ဳပ္ကို ေျပာလိမ့္မယ္။ "ဒီေကာင္လား... လူ႔အႏၶပါကြာ။ ကေလးတစ္ေယာက္ ရဲ႕ အသက္ကို ေတာ့ ကယ္ပါရဲ႕။ ဒါေပမယ့္ ဒီ ကယ္တင္မႈ မတိုင္ခင္ ဒီ ေကာင္ ေျမေအာက္ ကြန္ယက္ ထဲ ဘာေတြလုပ္ခဲ့လဲ။ ဒုစ႐ိုက္သမား လား။ မုဒိန္းသမားလား။ ေၾကးစားလူသတ္ သမားလား။ ဘယ္သူကမွ မသိႏိုင္ပဲ။"
ဒီ အေတြးေတြနဲ႔ က်ဳပ္ စိတ္ ပိုၿပီးေတာ့ ဖိစီး လာခဲ့တယ္။ က်ဳပ္ ဘာလုပ္ သင့္သလဲ။ ကေလး တစ္ေယာက္ ကို ကယ္ၿပီးေတာ့ တစ္ကမ႓ာလံုးက အရွက္ေတြ သိမ္းပိုက္လို႔ ေထာင္ထဲကို သြားမလား။ ဒါမွမဟုတ္ ကေလးရဲ႕ ကံၾကမၼာကို ဒီအတိုင္း လႊတ္ ထားလို႔ ဒီကိစၥ ဘာမွ မျဖစ္ခဲ့သလိုပဲ က်ဳပ္ေနသြား သင့္မလား။
--------------------
ေရဒီယိုမွ သတင္းေၾကျငာသံ ပ်ံ႕လြင့္ေနသည္။
"က်န္းမာေတာ္ မူၾကပါစရွင္။ ဒီကေန႔ည အထူး သတင္းအေနနဲ႔ တင္ျပဖို႔ ရွိတာကေတာ့ "ဆင္ေျခဖုန္း ရပ္ကြက္မွာ ေလးႏွစ္သား ကေလးငယ္ အေလာင္းတစ္ေလာင္း ရွာေဖြေတြ႕ရွိမႈ" ျဖစ္ပါ တယ္ရွင္။ အခင္း ျဖစ္ပြားပံုကို တြမ္ကေနၿပီး ေျပာျပ ပါလိမ့္မယ္ရွင့္။"
တြမ္ - "ေက်းဇူးပါ ဘသ္ေရ။ ရဲစခန္းက အတည္ျပဳခ်က္အရ ဒီကေလးငယ္ဟာ လြန္ခဲ့တဲ့ ၂ႏွစ္ ေလာက္တုန္းက ေန႔ ကေလးထိန္း ေက်ာင္းကေန ေပ်ာက္ဆံုးသြားခဲ့တဲ့ ကေလး ျဖစ္ပါတယ္ ခင္ဗ်ာ။ ဒီအမႈေဟာင္းနဲ႔ ပတ္သက္ ၿပီးေတာ့ ကေလးထိန္းေက်ာင္း ပိတ္ခဲ့ရၿပီး ကေလးခိုးဂိုဏ္းနဲ႔ ပတ္သက္ လို႔ အစိုးရပိုင္းမွ ေတာ္ေတာ္ ဂယက္ ႐ိုက္ခဲ့ဖူးတာကို မိဘ ျပည္သူမ်ား ၾကားမိၾက လိမ့္မယ္ ထင္ပါတယ္။ ကေလးငယ္ အေလာင္းမေတြ႕မီ လြန္ခဲ့တဲ့ ရက္ အနည္းငယ္ကေတာ့ ႐ိုဆန္ေဒးလ္ ရဲစခန္းကို လူ တစ္ေယာက္ ဒီကိစၥနဲ႔ ပတ္သက္ ၿပီးေတာ့ သတင္းပို႔တယ္ လို႔လဲ ရဲစခန္းက ဖြင့္ေျပာခ်က္ အရ သိရွိရ ပါတယ္။ အခု ကၽြန္ေတာ္တို႔ သတင္းဌာနမွာ ဒီစကားေျပာ အေခြေလး ရွိေနပါတယ္။ မိဘ ျပည္သူမ်ား နားဆင္ၾကည့္ၾကဖို႔ ဖြင့္ျပလိုက္ ရပါတယ္ ခင္ဗ်ား။"
--------------------
၉၁၁ ဖုန္းကိုင္ ေအာ္ပေရတာ - "ႏိုင္းဝမ္းဝမ္းကပါ။ ဘာကိစၥလဲ။"
အမည္မသိ ေခၚဆိုသူ - "ကေလးတစ္ေယာက္အသက္ခံရေတာ့မယ္ က်ဳပ္ထင္တယ္ ဆရာေရ!"
၉၁၁ ဖုန္းကိုင္ ေအာ္ပေရတာ - "ဘာ..? ဘယ္လို?! အခု ဘယ္က ေခၚေနတာလဲမသိဘူး။"
အမည္မသိ ေခၚဆိုသူ - "ဟာ.. ဒါေတာ့..ေျပာလို႔မရဘူး ဆရာႀကီး။ မရဘူး မရဘူး။ လံုးဝမရဘူး။ က်ဳပ္ေျပာတာသာ နားေထာင္စမ္းပါ။ ဒီလိုဗ်... က်ဳပ္ အင္တာနက္ကေန ဝက္ဘ္ဆိုက္တစ္ခု ေတြ႕တယ္။"
၉၁၁ ဖုန္းကိုင္ ေအာ္ပေရတာ - "ဘာဝက္ဘ္ဆိုက္လဲ။"
အမည္မသိ ေခၚဆိုသူ - "ဟာဗ်ာ..ဝက္ဘ္ဆိုက္ပါဆို။ ဝက္ဘ္ဆိုက္ေပါ့။ ေျမေအာက္ဗ်ာ။ အိမ္တြင္းပုန္း ေတြေလဗ်ာ။ အိမ္တြင္းပုန္း မိသားစုေတြ စုေဝးတဲ့ ဝက္ဘ္ဆိုက္ဗ်ာ။ ျပီးေတာ့ သူတို႔ ကေလး ေတြ ခိုးတယ္ သိလား။ ၿပီးေတာ့ က်ဳပ္ေျပာ.."
၉၁၁ ဖုန္းကိုင္ ေအာ္ပေရတာ - "ေနာင္ႀကီး.. စိတ္ကို ၿငိမ္ၿငိမ္ထား ၿပီးေျပာပါ။ တစ္ခုခ်င္းစီ ရွင္းေအာင္ ေျပာ။ ဒီ ဝက္ဘ္ဆိုက္ရဲ႕ လိပ္စာက ဘာလဲ။ ၿပီးေတာ့ ခင္ဗ်ား အခု ဘယ္ကေန ဖုန္းဆက္ေနသလဲ။"
အမည္မသိ ေခၚဆိုသူ - "ေဟ့ဆရာႀကီး! ခင္ဗ်ားအရစ္ရွည္ေနတာနဲ႔ ဟိုေကာင္မ က ကေလးကို *ျပတ္ေတာင္းျပတ္ေတာင္း ျဖစ္သြားသည္* ။ ကေလးက ျပန္ေပးဆြဲခံခဲ့ရတာဗ်။ သူမ ကိုယ္တိုင္ ျပန္ေပးဆြဲလာတာ။ ခင္ဗ်ားတို႔ေနာက္က်ေနရင္ ကေလးေတာ့ အသတ္ခံရေတာ့မွာပဲဗ်ာ! လာခဲ့ လာခဲ့။ လိပ္စာက xxxxx xxxxx xxxxx မွာပဲ။ ၅ နာရီ မတိုင္ခင္ လာေပးပါ ဆရာႀကီးတို႔!"
၉၁၁ ဖုန္းကိုင္ ေအာ္ပေရတာ - "ဟယ္လို ေဟ့လူ ေနဦးေလ။ ဟယ္လို...ဟာ!"
တီ.... ဖုန္းခ်သြားၿပီ။
--------------------
တြမ္ - "ဆက္လက္ စံုစမ္းခ်က္မ်ားအရ ဒီကေလးငယ္ဟာ ကေလးခိုးဂိုဏ္းေတြရဲ႕ လက္ခ်က္မိခဲ့တဲ့ ကေလးတစ္ဦး ျဖစ္ႏိုင္ ေနတာမို႔ ရဲအရာရွိႀကီး xxxx အပါအဝင္ ရဲတပ္ဖြဲ႕ဝင္ မ်ားဟာ သတင္းရတဲ့ ေနရာကို ၅ နာရီ မတိုင္မီ သြားေရာက္ ရွာေဖြခဲ့ပါတယ္။ အခင္းျဖစ္ပြားျခင္း တစ္စံုတစ္ရာ မရွိတဲ့ အတြက္ ျပန္လာခဲ့ၿပီး ေသခ်ာေအာင္ ေနာက္တစ္ေန႔ ျဖစ္တဲ့ ၾသဂုတ္လ ၃ ရက္ေန႔မွာ ထပ္မံ သြား ေရာက္ ရွာေဖြရာမွာ ကေလးအေလာင္းကို ေတြ႕ရွိခဲ့ရျခင္း ျဖစ္ပါတယ္။ မႈခင္း ဆရာဝန္ရဲ႕ ေဆးစစ္ခ်က္ အရ ကေလးဟာ လည္ပင္းညႇစ္ အသတ္ခံခဲ့ရတာျဖစ္ၿပီးေတာ့ က်ဴးလြန္သူရဲ႕ ဒီအန္ေအ လက္ေဗြရာ ဆံပင္ စသျဖင့္ သဲလြန္စ တစ္ခုမွ မက်န္ေအာင္ ေသေသသပ္သပ္ သတ္သြားခဲ့ျခင္းျဖစ္ပါတယ္။ ဒီ အမည္မသိပုဂၢိဳလ္ ေခၚဆိုခဲ့တဲ့ ဖုန္းဟာ လည္း အေလာင္း ေတြ႕ခဲ့တဲ့ အနားက လမ္းေဘးဖုန္း မွ ျဖစ္တဲ့ အတြက္ သတင္း ေပးသူ ဟာလဲ ဒီကေလးခိုးဂိုဏ္းနဲ႔ တနည္း တဖံု ပတ္သက္ ဆက္ႏြယ္ ေနမယ္လို႔ ရဲအရာရွိမ်ားက သံုးသပ္ထားပါတယ္။ ေနာက္ဆံုး သတင္းမ်ားအရ အခု အရာရွိေတြဟာ ကေလး ငယ္ ေပ်ာက္ဆံုးေနခဲ့တဲ့ ၂ ႏွစ္လံုး ဘယ္ေရာက္ေနတယ္ ဆိုတာကို ဆက္လက္စံုစမ္း ေထာက္လွမ္း ေနပါ တယ္ ဆိုတာကို ကၽြန္ေတာ္တို႔ သတင္းဌာနက ဆက္သြယ္ ေမးျမန္းရာ ေျဖၾကား ေပးခဲ့ပါတယ္ ဘသ္ေရ။"
ဘသ္ - "ဟုတ္ကဲ့ပါရွင္။ ေက်းဇူးပါ တြမ္ေရ။ ဒါ အလြန္ ဝမ္းနည္းစရာ သတင္းပါပဲရွင္။ ခု တစ္ခါ ေနာက္ထပ္ ေဖာ္ျပေပးမယ့္ သတင္းကေတာ့... xxxx"
ၿပီးၿပီ။
--------------------
ref: Underground Families ကို မွတ္စုၾကမ္း မွ ဘာသာျပန္ဆိုသည္။ ‪#‎kyawnge‬

Sai Sithu
July 22 at 10:48pm ·

........................................

DEEP WEB သို့မဟုတ် မြေအောက်ကွန်ယက်

အမှန်တကယ် ဖြစ်ရပ်တွေပါ စိတ်ဝင်စားဖို့ကောင်းပါတယ်...
--------------------
အခန်း (၁)
မြေအောက်ကွန်ယက် ဆိုတာ သမားရိုးကျ Google လို ရှာဖွေရေး စနစ်နဲ့ ရှာမတွေ့နိုင်တဲ့ အခြား တစ်ဖက်မှာ ရှိတယ်။ ဒီကွန်ယက်ထဲကို ဝင်ရောက်ဖို့ဆိုရင် ခင်ဗျားကို အမည်မသိ လူတစ်ယောက် အဖြစ် ဖျောက်ကွယ် ထားပေးနိုင်မယ့် ဆော့ဖ်ဝဲ တစ်ချို့ လိုကောင်း လိုအပ်မယ်။ ၎င်း ကွန်ယက် ထဲမှာ ခင်ဗျား အနေနဲ့ စိတ်တောင် မကူးဝံ့သော ရက်စက်မှုတွေ၊ အော်ဂလီဆန်မှုတွေ နဲ့ မြေအောက် လှုပ်ရှားမှုတွေ ရှိတယ်။
အမှောင် ဝီကီပိဒိယ ဆိုရင်.. ဒီကမ႓ာ တစ်ဖက်ရဲ့ လမ်းပြမြေပုံ သဖွယ် အလုပ်လုပ်တယ်။ အမှောင် ဝီကီပိဒိယကို ခင်ဗျား ဝင်ရောက်နိုင် ခဲ့ပြီ ဆိုတာနဲ့ ဒီ ကွန်ယက်ကြီးတစ်ခုလုံးမှာ ကြည့်ရှု လေ့လာ လို့ ရတဲ့ လင့်ခ် တွေကို တွေ့မြင်ရမှ ဖြစ်တယ်။ ကျုပ် တစ်သက်မှာ တစ်ခါပဲ မြေအောက် ကွန်ယက် မှာ ကျင်လည်ခဲ့ဖူး သေးတယ်။
ဒီကို ရောက်ဖို့ ဆိုတာ တကယ် ခက်တယ်။ အီးမေးလ်ထဲက Spam ပုံးထဲမှာ ရောက်နေတဲ့ ဖိုင် တစ်ခု ကို ကျုပ် သတိပြုမိတဲ့ နေ့က စ တာပဲ။ ညွှန်ကြားချက်မပါ လမ်းညွှန်ချက်မပါတဲ့ ဆော့ဖ်ဝဲ ကို ကျုပ် ကွန်ပျူတာထဲ တစ်မျိုးပြီး တစ်မျိုး စမ်းသပ်လို့ ထည့်ကြည့် နေမိတယ်။ ကိုယ်တိုင်ကလဲ နည်းပညာ သမား မဟုတ်တာ ပါမယ် ထင်ပါရဲ့။ ဒီလိုနေရင်း နာရီ အတန်ကြာတဲ့ အခါမှာတော့... ကျုပ် ကွန်ပျူတာ ထဲကို ကံအားလျော်စွာ ဆော့ဖ်ဝဲ သွင်းလို့ အဆင်ပြေသွားခဲ့တယ်။
ဒီလိုနဲ့ ဝင်ရောက်သွားတဲ့အခါ ကျုပ် ပထမဆုံး တွေ့တဲ့ ဟာက အမှောင် ဝီကီပိဒိယ အထဲကို ဝင်တဲ့ ဖတ်လို့ မဖြစ်နိုင်တဲ့ လင့်ခ် အရှည်ကြီး တစ်ခုပဲ ဖြစ်တယ်။
ခင်ဗျားတို့ အနေနဲ့ ဒီကိစ္စတွေကို ကြားဖူးနေကြ ဖြစ်လိမ့်မယ်။ ကိုယ်နှိပ်တဲ့ လင့်ခ်တွေကို ဂရုစိုက်ပါ ဆိုတဲ့ သတိပေးသံ တွေ အပြင် လောက ကွန်ယက်တွေ မှာ တွေ့ မြင်ဖူး ကြလိမ့်မယ်။ ရာနှုန်းပြည့် မှန်တယ်။ ဒီလင့်ခ်တွေရဲ့ သယ်ဆောင်ရာ ဒေသမှာ ကျုပ် ရောက်နေ ခဲ့တဲ့အခါ မြင်မကောင်း ရှုမကောင်း လောက်အောင် အနိဋ္ဌာရုံ တွေ ချည့် အပြည့် မြင်တွေ့နေရတယ်။ ဒီလောက်ရှောင်နေ တိမ်းနေတဲ့ ကြားကမှ တချို့ အကြောင်းအရာတွေ ဆောင်းပါး လေးတွေကို မျက်စိ က ရောက်ဖြစ် အောင် ရောက်လိုက်သေးတယ်။
ဘယ်သူ တစ်ဦးတစ်ယောက်မှ မကြည့်သင့်တဲ့ အရာတွေ။ ရွံဖို့ ကောင်း ပြီးတော့ မိစ္ဆာနတ်ဆိုးတို့နဲ့ အလားသဏ္ဍာန် တူတယ်။ ကျုပ် ဒီ မြေအောက် ကွန်ယက်မှာ ဖတ်နေတာ အစပိုင်းပဲ ရှိသေးတယ်။ ဆယ်မိနစ်လောက်လဲ ကြာရော.. အိမ်ရှေ့မှာ FBI က ရဲတွေ ရောက် နေမှာ အလွန်အမင်း ကြောက် လန့် မိနေပြီ။ ကျုပ်ရဲ့ စပ်စုတဲ့ ပြစ်မှု အတွက်ပေါ့။
ကြောင်လှပါလားလို့ ခင်ဗျားတို့ ထင်ကောင်းထင်မယ်မှန်း ကျုပ် သိ တယ်။ ဒါပေမယ့် မြေအောက် ကွန်ယက်ရဲ့ သဘာဝ ကိုက မူးယစ် ဆေးသုံးနေတဲ့ လူတစ်ယောက်နဲ့ အလားသဏ္ဍာန် တူနေတယ်။ အချိန် တိုင်း ခင်ဗျား တုန်လှုပ်ခြောက်ခြားနေပြီးတော့ ငါ့ လုပ်ရပ်က မှန်ရဲ့လား... တရားရော ဝင်ရဲ့လား ဆိုတဲ့ ဒွိဟအတွေး ခင်ဗျားဆီမှာ ဖြစ်ပေါ်လို့ နေတယ်။
"ငရဲ" တဲ့။ သူငယ်ချင်းအချို့ကို ကျုပ်အဖြစ်အပျက် ပြောပြတဲ့ အခါ သူတို့က အဲ့သလို သုံးသပ် ကြတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ စစသုံးချင်း မှာတော့ ရဲတွေ အိမ်ရှေ့ရောက်နေပါပြီ ဆိုတဲ့ ခြောက်ခြား စိတ်ကို ဘယ်လိုမှ ဖျောက်ပစ်လို့ မရဘူး။
ဒီလိုနဲ့ ရက် အနည်းငယ် ကြာတဲ့ အခါမှာ ကျုပ် နည်းနည်း စိတ်ဖိစီး တာ လျော့လာတယ်။ ကိုယ့်ကို ကိုယ် လဲ ယုံကြည်ချက်ရှိလာတယ်။ မြေအောက် ဝီကီပိဒိယ ကနေ စွန့်စားပြီး ထွက်ခွာလို့ ကွန်ယက် အနှံ့ လျှောက်ကြည့် ချင်လာတယ်။ ဒီလိုနဲ့ လင့်ခ်လေး တွေ ဟိုတစ်စ ဒီတစ်စ သတိလေးနဲ့ နှိပ် လို့ လျှောက်ကြည့်မိတယ်။
ဓာတ်ခွဲ စမ်းသပ်ဖို့ လူငှား ကြော်ငြာ တွေ၊ ကြေးစားလူသတ်သမား ငှားရမ်း လိုသူ တွေရဲ့ ကြော်ငြာ တွေ၊ ငွေမဲစျေးကွက်တွေ... ရှေးဟောင်း ပစ္စည်း လဲလှယ် ရောင်းဝယ် သူတွေ စသဖြင့် ခင်ဗျားတို့ ကျုပ်တို့ နေ့စဉ် တွေ့နေုကျ သတင်းအချက် အလက်တွေ မဟုတ်တဲ့ ခပ်ကြောင်ကြောင် ဝက်ဘ်ဆိုက် တွေ တစ်ခု ပြီးတစ်ခု ကျလာခဲ့တယ်။
ယုံရခက်ခက် တွေ။ ဘာနဲ့ အလားသဏ္ဍာန် တူသလဲ ဆိုတော့ ပုံမှန်လိုင်းပေါ်မှာ မြင်တွေ့နေကြ ဆာဗေး လုပ်ခိုင်းနေတဲ့ ဝက်ဘ် ဆိုက် တွေလိုပဲ။ ကွာခြားချက်က ဒီ မြေအောက်ကွန်ယက် မှာ ဆာဗေး မရှိဘူး။
ကျုပ် မြေအောက်ကွန်ယက်မှာ ကျင်လည်ခဲ့တဲ့ တလျှောက် ညစ်ညမ်း ဝက်ဘ်ဆိုက်တွေကို ရှောင် တယ်။ အလွန် သေးသိမ်တဲ့ စိတ်ဓာတ်နဲ့ ကလေးမုဒိန်း အခွေတွေ ရောင်းဝယ် ဖောက်ကားနေတဲ့ နေရာတွေပဲ။ ဒါ့ကြောင့် ကလေးညစ်ညမ်းအခွေတွေ လိုင်းပေါ်မှာ မရှိလဲ ဒီကိစ္စ စိတ်ဝင်စားသူတွေ အနေနဲ့ မြေအောက်ကွန်ယက်မှာ အရင်ကထဲက လှုပ်ရှား ရှာဖွေနေမှန်း တွေးမိလာခဲ့တယ်။
ပွင့်ပွင့်လင်းလင်း ဝန်ခံရရင်တော့ တစ်ခွေလားပဲ.. ဖွင့်ကြည့် မိတယ်။ စပ်စုမိတာပါ။ မအန်မိရုံ တမယ်ပဲ လူက။ ဒါနဲ့ မြန်မြန် ပြန်ထွက်ခဲ့ ရတယ်။ (မှတ်ချက်။ လုံးဝ မစမ်းပါနှင့်။)
ဒီလို လျှောက်ကြည့်ရင်း ထူးခြားတဲ့ ဖိုရမ်လေး တစ်ခုကို သတိပြု မိတယ်။ ဖိုရမ်နာမည်က "အိမ်တွင်း ပုန်း မိသားစုများ" တဲ့။ ခြောက်ခြားစရာလဲ ကောင်းသလို စူးစမ်းလိုစိတ်လဲ ရှိတာကြောင့် ကျုပ် ဒီ ဖိုရမ် အထဲကို ဝင်လာလိုက်တယ်။
ဝင်ဝင်ချင်း နှုတ်ခွန်းဆက်စာမှာ ရေးထားပုံအရ.. ဒီဖိုရမ်ဟာ တကယ် တော့ အသင်းအဖွဲ့ တစ်ခု ဖြစ် တယ်။ ကမ႓ာအနှံ့အပြားက ထူးဆန်း တဲ့ မိသားစုတွေ ဝင်ရောက် ဆွေးနွေးလေ့ရှိတဲ့ ဖိုရမ် တစ်ခု ဖြစ် တယ်။ ဒါပေမယ့် ထူးဆန်းတယ် ဆိုတာက သူတို့ဟာ အပြင်လုံးဝ မထွက်သူ တို့၊ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ် တမင် ဖြတ်ထားသူတို့ အဆင့် သာ ဖြစ်ပြီး ခင်ဗျားတို့ လူသတ်ကားတွေထဲမှာ မြင်နေ သလိုမျိုး မိသားစု မဟုတ်ဘူး။
သုံးယောက် တစ်ဖွဲ့ လေးယောက် တစ်ဖွဲ့လို မိသားစုငယ် ကနေ ခြောက်ယောက် ခုနှစ်ယောက်အထိ ကြီးမားတဲ့ မိသားစုအထိ အဖွဲ့လိုက် ဒီထဲမှာ သတင်းတွေ ဖလှယ် နေကြတယ်။ သူတို့ ကိုယ်ပိုင် အသိုင်းအဝိုင်းနဲ့ ဆက်စပ်တဲ့ ပုံလေးတွေ တင်ထားတယ်။
သူတို့ဟာ အိမ်ထဲမှာ မနေဘူး။ အိမ်ကိုစွန့်လို့ ဂိုထောင် ထဲမှာ ဖြစ်ပါ စေ၊ မြေအောက်ခန်းထဲမှာ ဖြစ်ပါစေ နေလေ့ရှိ ကြပြီးတော့ ရိက္ခာ ထွက်ဝယ်သူနဲ့ လယ်ယာ စိုက်ပျိုးသူတို့မှ အပ ကျန်လူများ၊ ကလေး သူငယ်များဟာ ၂၄ နာရီလုံး၊ တစ်ပတ်လုံး၊ တစ်လ လုံး၊ တစ်နှစ်လုံး၊ တစ်သက်လုံးအထိ ဒီ မြေအောက်ခန်း/ ဂိုထောင် ထဲမှာ နေသွားမယ့် လူတွေလို့ ယူဆ ရတာပဲ။
ဒီလိုလျှောက်ကြည့်နေတုန်း လူတစ်ယောက်ကို ကျုပ်သတိပြုမိတယ်။ ဒီဖိုရမ်ရဲ့ နာမည်ကြီး တစ်ယောက် ယောက် ဖြစ်မယ် ထင်တယ်။ ခေါင်းစဉ်တိုင်းရဲ့ အောက်မှာ သူဝင်ရောက် ဆွေးနွေး ထားတာတွေ ရှိတယ်။
ဖိုရမ်ရဲ့ ဟိုးအသေးငယ်ဆုံး အစိတ်အပိုင်းက လူမမြင်မိလောက်တဲ့ ဆွေးနွေးမှုမှာတောင် ဒီလူ့ရဲ့ ပြောဆို ဆက်သွယ်မှုကို အနည်းဆုံး တစ်ခွန်းတစ်လေ တွေ့နိုင်တယ်။ ဒါနဲ့ ဘာတွေများ ပြောကြသလဲ ဆိုတာ သိချင်တော့ နောက်ထပ်ပြပါ ဆိုတဲ့ ခလုပ်ကို နှိပ်လိုက်တဲ့ အခါ မန်ဘာဝင်မှ ရမယ်ဆိုတဲ့ စာ ပေါ်လာတယ်။
ကျုပ် သူတို့ အသေးစိတ် ဆွေးနွေး ပြောဆိုတာလေးတွေကို တကယ် သိချင် သလား လို့ ကိုယ့်ကိုယ် ကို မေးတယ်။ ဒီအခါမှာ သေချာတယ်။ ကျုပ်တကယ် လိုလိုလားလား နဲ့ကို သိချင်နေခဲ့ မိတယ်။ ဒီတော့ မန်ဘာ ဝင်မယ် ပေါ့။ အရင်ဆုံး ကိုယ့်ကို ဖျောက်ပေးထားတဲ့ ဆော့ဖ်ဝဲ က ပုံမှန် အလုပ်လုပ် နေသလား စစ်လိုက်တယ်။ အိုကေပြီ ဆိုတော့ ကျုပ် မန်ဘာ ဝင်ဖို့ မန်ဘာ ပရဝုဏ်ထဲကို ဝင်တဲ့ လင့်ခ် ကို နှိပ်လိုက်တယ်။
အချက်အလက် ဖြည့်ပြီးတဲ့ အခါမှာ စာတစ်ကြောင်းကျလာတယ်။ "မန်ဘာ အဟောင်း တစ်ယောက်နဲ့ စကားစမြည်ပြောဆိုရန်" တဲ့။ နည်းနည်းတော့ ထူးဆန်းသလို ဖြစ်သွားခဲ့ပေမယ့် အသိလဲ တစ်ယောက် မှ မရှိတော့ စောစောက နာမည်ကြီး ပုဂ္ဂိုလ်ဆီကို စာပို့ဖို့ ဆုံးဖြတ်လိုက်တယ်။ စာက -
"မင်္ဂလာပါခင်ဗျာ။ ကျုပ် အခုလို ခင်ဗျားနဲ့ မခင်သေးခင် ရုတ်တရက် စာပို့ အကူအညီတောင်းမိတဲ့ အတွက် ဦးစွာ တောင်းပန်လိုပါတယ်။ အရင်ဆုံး ကျုပ်ကိုယ်ကျုပ် မိတ်ဆက် ပါရစေ။ ကျုပ်နာမည် ကတော့ xxxx ဖြစ်ပြီး xxxx တက္ကသိုလ်မှာ စာတမ်းတင်ဖို့ လုပ်နေတဲ့ ကျောင်းသား တစ်ယောက် ဖြစ်ပါတယ်။ အခု တင်မယ့် စာတမ်းနဲ့ ပတ်သက်ပြီတော့ ခင်ဗျားတို့ ဖိုရမ်လေးကို သွားရောက် လေ့လာ ဖို့ မိတ်ဆွေ တစ်ယောက်က လမ်းညွှန်တဲ့ အတွက်ကြောင့် ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ ခု မန်ဘာ ဝင်ဖို့ အခက်အခဲ ရှိနေတဲ့ အတွက် ကူညီဖြေရှင်းပေးပါလို့ အကူအညီ တောင်းအပ် ပါတယ် ခင်ဗျား။ တကယ်လို့ မန်ဘာဝင်ပြီး သွားခဲ့ရင်လဲ ဖိုရမ်ထဲမှာ ကျုပ်အနေနဲ့ သိလိုတာလေးတွေ မေးမြန်း လိုပါ တယ် ဆိုတာကို တစ်ဆက်ထဲ ခွင့်တောင်းလိုက်ရပါတယ်။ ကျေးဇူးတင် ပါတယ်။ ကောင်းသော နေ့ ဖြစ်ပါစေ မိတ်ဆွေ။"
ဟုတ်ပါတယ်။ ခင်ဗျားတို့ မြင်သလိုပါပဲ။ ကျုပ် အနည်းငယ် လိမ်လည်မိ လိုက်ပါတယ်။ ဒါပေမယ့်လဲ အဲဒီအချိန်တုန်းက ကျုပ် အတွေးမှာ ယုတ္တိရှိမယ် ထင်စေချင်တာလားမသိဘူး။ အဲဒီလိုစိတ် ဖြစ်လာတဲ့ အတွက်ကြောင့် ရေးသားမိခဲ့ခြင်း ဖြစ်တယ်။ ဒီလိုနဲ့ပဲ ဆွေးနွေးမှုတိုင်းမှာ တက်တက်ကြွကြွ ပါဝင် နေကျ ပုဂ္ဂိုလ်ဟာ ကျုပ်စာကို ထူးဆန်းစွာ လစ်လျူရှုနေ ခဲ့တယ်။ စာလုံးဝ မပြန်။ တစ်ရက်၊ နှစ်ရက် ကနေ စောင့်ရင်း စောင့်ရင်းနဲ့ နှစ်ပတ်လောက်ကြာတဲ့ အခါ ကျုပ်တောင် မေ့တေ့တေ့ ဖြစ်လာတယ်။
ဒီလိုနဲ့ တစ်လ မပြည့် တပြည့် အချိန် ညတစ်ညမှာတော့ ကျုပ် ပုံမှန်အတိုင်း မြေအောက်ကွန်ယက် ထဲကို ဝင်လို့ ဖိုရမ် ဝက်ဘ်ဆိုက်ကို ရိုက်ထည့် လိုက်တဲ့အခါ...
--------------------
အခဏ်း (၂)
မရှိတော့...။ ဖိုရမ် တစ်ခုလုံး အစရှာမရအောင် ပျောက်ဆုံးသွားပြီ။ ကျုပ်များ ဝက်ဘ်ဆိုက် လင့်ခ် မှားရေးမိလို့လား။ မဟုတ်သေးပါဘူး။ ကျုပ် ရေးတာမှန်တယ်။ ဒါဆို ဘယ်ရောက်သွားရတာလဲ။
ကျုပ် ပို့မိတဲ့ စာနဲ့ များ ဆိုင်လေမလား။ ဒါမှမဟုတ် ဒီပုဂ္ဂိုလ်က သွားများ တိုင်လိုက် လို့ ဖိုရမ် ပိုင်ရှင် ကြောက်လန့်ပြီးတော့ ဖျက်လိုက်တာများလား။
ကျုပ် တွေ့မိသလောက်တော့ တရားမဝင်တာ တစ်ခုမှတော့ မရှိပါဘူး။ ဘာ့ကြောင့်များခုလို ထူးဆန်း တဲ့ အပြုအမူနဲ့ တုံ့ပြန်လိုက်ရတာလဲ။ ပြီးတော့ ကျုပ်လိုမျိုး အခြား တစ်စုံတစ်ယောက်ကရော.. သူတို့ကို ကျုပ်ရေးတဲ့စာမျိုး ယခင်က မရေးကြဘူး တဲ့လား။ မဖြစ်နိုင်တာ။
ကျုပ် အံ့သြစိတ်နဲ့ မကျေနပ်စိတ်နဲ့ ရောယှက်လို့ မြေအောက်ကွန်ယက် အနှံ့ အသေးစိတ်ကို လိုက်လံ ရှာဖွေနေမိတယ်။ ဒီလိုမျိုး နေ့ချင်းညချင်း အသင်းအဖွဲ့ကြီး တစ်ခုလုံးကို ဖျောက်ပစ်ဖို့ဆိုတာ မဖြစ်နိုင် ဘူးလေ။ သူတို့ နာမည်ပြောင်းတာ ဒါမှမဟုတ် အခြားတစ်နေရာရာမှာ လှို့ဝှက်စွာ ကျက်စား နေတာပဲ ဖြစ်ရမယ်။
ရှာသာ ရှာနေတာ မတွေ့။ အချို့ လင့်ခ်တွေမှာ အိမ်တွင်းပုန်းမိသားစု အကြောင်း ဖော်ပြထားတာတွေ ရှိပေမယ့် သူတို့ ကိုယ်တိုင် ဝင်ရောက် ဆွေးနွေး နေတာ မဟုတ်။ ရှာရင်းနဲ့ မော လာတယ်။ ငါရှာတာ များ စောနေလို့လား။
ကျုပ် တစ်ပတ် လောက် ထပ်စောင့်ပြီးတော့ ထပ်ဝင် ရှာမယ်လို့ တွေးလိုက်တယ်။ ဟုတ်တယ်လေ။ သူတို့သာ အသစ်တစ်ခု တည်ထောင်မယ် ဆိုရင် အခု ရှာဖို့ဆိုတာ အချိန်စောသေးတယ်။ ဒါ့ကြောင့် ကျုပ် တစ်ပတ် အချိန် ထပ်ပေးလိုက်တယ်။ ဒီတစ်ပတ်ထဲမှာ ကျုပ် အခြားသော အချက်အလက် တွေကို ဆက်လက် ရှာဖွေနေမိတယ်။
တကယ်တော့ မြေအောက်ကွန်ယက်ဆိုတာ အဆုံးအစမဲ့တဲ့ သွေးကြောတွေလိုပဲ။ ဒီသွေးကြောကို စတင်ခြေချမိတဲ့ ပထမဆုံးနေ့ကထဲက ကျုပ် သိလိုက်တယ်။ ကျုပ် ဘယ်တော့မှ ထပ်ပြီးတော့ ဂူဂဲလ် လောက်နဲ့ သုံးတာ မကျေနပ်နိုင်တော့ဘူးလို့။
မြေအောက်ကွန်ယက်တွေဟာ တစ်ခုဖော်လေ နောက်တစ်ခု စိတ်ဝင်စားစရာ တွေ့လေနဲ့ အဆုံးအစ မရှိ စိတ်ဝင်စားစရာ အတိနဲ့ ပြီးနေတယ်။ ဒါ့ကြောင့် အကြောင်းတစ်ခုထဲမှာ ကျုပ် စိတ်နှစ်ထားရတာကို ငြီးငွေ့လာမိတယ်။
ကျုပ်အတွက် အသစ်တွေလိုအပ်တယ်။ စူးစမ်းချင်စိတ် ပြင်းထန်လာနိုင်တဲ့ အချက်အလက်သစ် တွေကို လိုလား တယ်။ အိပ်လို့မရနိုင်လောက်အောင် ဖမ်းဆွဲထားနိုင်တဲ့ ခြောက်ခြားစရာ သတင်းတွေ ကျုပ်ငတ်မွတ် လာတဲ့ အတွက် ကျုပ် ဆက်လက်တူးဖော်မိတယ်။
ဒီလိုနဲ့ ညစ်ညမ်းလင့်ခ်တွေကလွဲလို့ စုံနိုင်သလောက် စုံအောင် ကျုပ်ဟာ ကွန်ယက်ထဲကို ဖြန့်ကျက်နေ မိတယ်။ တစ်နေရာမှာတော့ လူ့အရေပြားနဲ့ လုပ်ထားတဲ့ လက်မှုပစ္စည်းလေးတွေ ရောင်းနေတာ တွေ့ ခဲ့ တယ်။ အတုထင်မိလိုက် ပေမယ့် တစ်နေရာမှာ လုပ်ပုံလုပ်နည်း သင်ပြတဲ့အခွေတွေ တွေ့တော့မှ ကျုပ် အိပ်ချင်စိတ်တွေ ဘာတွေ ပြယ် သွား တယ်။
နောက်တစ်နေရာမှာ ကျတော့ ဆိုင်ယန်နိုက်ဆေးတောင့်လေးတွေနဲ့ အခြား မူးယစ်ဆေး/ သေနတ် တွေ ရောင်းဝယ် လေလံပစ်နေတာ တွေ့တယ်။ အားလားလား... တကယ့်ကို အထူးအဆန်း တွေ ချည့်ပဲ။
ကျုပ် ဘာတောင်တွေ့ခဲ့သလဲဆိုတော့ "သတ်သေခန်း" ဆိုတဲ့ နာမည်နဲ့ ဝက်ဘ်ဆိုက် တစ်ခု တွေ့မိတယ်။ ဒီအထဲမှာတော့ youtube ထဲကလိုမျိုး ဗီဒီယိုတွေ အများအပြား တင်ထားတယ်။ ထူးခြား တာက ကိုယ့်ကိုယ်ကို သတ်သေတဲ့ ဗီဒီယိုတွေ။ သို့သော် အခွေတွေဟာ အမြည်းလောက်ပဲ ပြထားပြီး ဆက်လက်ကြည့်လိုသူက ပိုက်ဆံပေးမှ အဆုံးထိ ကြည့်လို့ ရတယ်။
ရိုက်ကူးသူတွေက ပြင်ပလောကမှာ ဗီဒီယို ထုတ်လုပ်သူတွေလိုမျိုးပဲ။ သူတို့ကို သတ်သေလိုသူက သွားဆက်သွယ်ရတယ်။ ပြီးတော့ ကိုယ်သေချင်တဲ့ ပုံစံကို ပြောပြတယ်။ ဒီပုံစံကို သဘောကျရင် လိုအပ်တဲ့ပစ္စည်း အထောက်အပံ့ ဆက်တင် အစအဆုံး ထုတ်လုပ်သူက စီစဉ်ပေးတယ်။ ပြီးတော့မှ သေမယ့်နေ့မှာ စာချုပ်ချုပ် ရုပ်ရှင်ရိုက် ရဲရဲသေ။ ပြီးပြီ။
အဲဒီအထိ မထူးဆန်းသေးဘူးလို့ ပြောလို့ ရတယ်။ ကျုပ်ဝင်ကြည့်နေတဲ့ ရက်က ကျင်းပနေတာ "သတ်သေ ပြိုင်ပွဲ" တဲ့။ ဒီမှာကျတော့ သတ်သေ လို သူ တွေကို ဖိတ်ခေါ်တယ်။ မျက်လုံးတွေ ဘာတွေ တောင် ပြူးသွားတယ်ဗျို့။
ပြိုင်ပွဲဝင်သူတွေက ပိုက်ဆံပေးပြီး ဝင်ကြည့်ရတယ်။ ကိုယ်သေစေ ချင်တဲ့ သူကို ဘာနဲ့ သေခိုင်း ချင် တယ် ဆိုတာကို နည်းစနစ်ရွေးပြီးတင်ပြရတယ်။ အကောင်းဆုံး သေ နည်းကို စဉ်းစားနိုင်တဲ့ သူက သေသူပိုင်ဆိုင်တဲ့ တစ်ခုခုနဲ့ ဆုငွေ ရတယ်။ ကဲ.. မရူးသွပ်လွန်းဘူးလား။
နောက်ဆုံး အိပ်မရတဲ့ ညတွေ တစ်ရက်ပြီး တစ်ရက် ဆက်လာခဲ့တာမှာ... ကျုပ်စောင့်နေတဲ့ အချိန် တစ်ပတ် ပြည့်တဲ့နေ့ကို ရောက်လာခဲ့တယ်။
ဒီတော့ ကျုပ်လဲ ထုံးစံ အတိုင်း အိမ်တွင်းပုန်း မိသားစုများကို ပြန်ရှာကြည့်တာပေါ့။ မထူးခြား။ တကယ် ကို ဖျက်သွားပြီ ထင်ပါ့။ ဒါမှမဟုတ်လဲ ဖြစ်နိုင်ချေရှိတာ တစ်ခုက သူတို့ ဒီ့ထက် ပိုနက်တဲ့ ကွန်ယက်ထဲ ကျင်လည်နေပြီ ထင်တယ်။
အဲ့ဒီညက ကျုပ် မြေအောက် ကွန်ယက် အနှံ့ စိတ်ကြိုက် ရှာဖွေပြီး လို့ မတွေ့တော့ တဲ့အဆုံး လက်လျှော့ လိုက်တော့မယ်လို့ ကြံတုန်းမှာ.... ဝက်ဘ်ဆိုက် လင့်ခ်တစ်ခု ကွန်ပျူတာ မျက်နှာပြင် ပေါ်ကို တက် လာတယ်။
နာမည်က "ဦးတည်ရာမဲ့တဲ့လမ်း" တဲ့။ ဒီတော့ ကျုပ်လဲ ဘာရယ်မဟုတ်.. စိတ်ထဲက နှိပ် ချင် လာတဲ့ အတွက် ဝင်ဖို့ နှိပ်လိုက်တဲ့ အခါ ကျုပ် မျက်ဝန်း အစုံဟာ ဝိုင်းစက် သွားပါ တော့တယ်။
--------------------
အခဏ်း (၃)
တွေ့ပြီ။ ဖိုရမ်ကို။ ဒါပေမယ့်... ဖိုရမ်အနေနဲ့ မဟုတ်တော့...။ ဝက်ဘ်ဆိုက် တစ်ခုဖြစ်နေပြီ။ ဆွေးနွေးမှု တွေ တစ်ခု ဆို တစ်ခုမှ မရှိတော့။ ဒါတွေအစား မိသားစုပုံတွေဟာ အယ်လ်ဘမ် တစ်ခုစီ ဖွဲ့လို့ နေရာ တကျ စုစည်းထားတယ်။ ပြတိုက်တစ်ခုထဲ ရောက် သွား သလိုပေါ့။
ဓာတ်ပုံတွေဟာ သန့်ရှင်းတဲ့ မြေအောက်ခန်းလို အခန်းထဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေဖြစ်တယ်။ စိတ္တဇကား ဆန်တဲ့ အရောင်အသွေးတို့နဲ့ မွှန်းခြယ်ထားတယ်။ ဒါပေမယ့် သူတို့ ပျော်နေကြတယ်။ ကလေးတွေကလဲ ရယ်မောလို့ လူကြီးတွေ ကလဲ ဝတ်ကောင်းစားလှတွေနဲ့။
ဝက်ဘ်ဆိုက် တစ်ခုလုံးကို သေချာ လေ့လာကြည့်တော့မှ ဒီဝက်ဘ်ဆိုက်ဟာ ဘာနဲ့ အလားသဏ္ဍာန် တူနေသလဲဆိုရင် အိမ်ငှား ကြော်ငြာတွေလိုပဲ။ သို့သော် အိမ် အစား မိသားစု ဖြစ်နေတာလေးတစ်ခုပဲ။
ဟုတ်တယ်။ မိသားစု တွေ ကြော်ငြာထားတာလို့ ပြောရမယ်။ သူတို့နဲ့ အတူနေချင်တဲ့ လူကိုရှာနေတဲ့ ဝက်ဘ်ဆိုက် တစ်ခု ဖြစ်တယ်။ ဒီမှာ ထူးခြားချက်တစ်ခုရှိတယ်။ မိသားစု တစ်ခုမှာ အတူလာရောက် နေထိုင်လိုသူ တွေဟာ ဒီမိသားစု ရဲ့ လိုအပ်ချက် ဝိသေသ လက္ခဏာတွေ ပါရှိရမှာ ဖြစ်တယ်။ အတိအကျကို ညွှန်းဆိုထားတဲ့ ဝိသေသ လက္ခဏာတွေ ဖြစ်တယ်။
ဘယ်လောက်တောင် တိကျသလဲ ဆိုရင် ဥပမာ - "လာ ရောက် နေထိုင်လိုသူသည် ကျယ်ကားသော မေးရိုးတို ့ရှိရမည်။ ကျုပ်တို့မိသားစု တစ်ခုလုံးမှာ မေးရိုးကျယ်သောကြောင့် ဖြစ်သည်။" တို့...၊ "သင် သည် အရပ် ၅' ၁၀" တိတိရှိရမည်" တို့....၊ ယုတ်ဆွအဆုံး "သင့်တွင် ကျွန်ုပ်တို့ကဲ့သို့ အသံသြဇာ ခမ်းခမ်းနားနား ရှိရမည်" တို့ စသဖြင့် တိတိကျကျကို လိုအပ်တဲ့သူကို ညွှန်းဆိုထားတာဖြစ်တယ်။
ဒီလိုနဲ့ ဖတ်လာခဲ့ရင်း အောက်ဆုံးနား အရောက်မှာ မှိန်ပျပျ လင့်ခ် ကလေးတစ်ခု ကို အမှတ်မထင် တွေ့မိလိုက်ပြန်တယ်။ အမည်းရောင် နောက်ခံပေါ်မှာ မီးခိုးရင့်ရောင် လင့်ခ်လေး တစ်ခု။ နှိပ်ကြည့် လိုက်တဲ့ အခါမှာတော့ ကျုပ်ကို နောက် စာမျက်နှာ တစ်ခုဆီကို ခေါ်ဆောင်သွားတယ်။
"ဆွေးနွေးခန်း" တဲ့။ တွေ့ပြီ ဖိုရမ်ကို။ ဒါပေမယ့်... စောစောက ဝက်ဘ်ဆိုက်နဲ့ မတူတဲ့ အေးစိမ့်မှုကို ဒီအထဲမှာ ခံစားနေ ရတယ်။ လေးနက်မှု၊ ခါးသီးမှု၊ နာကျင်မှုတွေနဲ့ ဖိုရမ်ကို တန်ဆာ ဆင်ထားတယ်။ အဓိက ကွာခြားချက်အနေနဲ့ဆိုရင် စောစောက ဝက်ဘ်ဆိုက်မှာ ဖိတ်ခေါ်လိုစိတ်လေးက စာမျက်နှာ ပေါ်မှာ ကိန်းဝပ်နေတယ်။ လူကြီးတစ်ယောက်ကို လာစေလိုတဲ့ အတွက် မိသားစုက ဖိတ်ခေါ်တာမျိုး။
ဒီဖိုရမ်ကတော့ ထူးခြားတယ်။ ကျုပ် ကျောရိုးထဲ စိမ့်သွား လောက် အောင် ကြက်သီးမွှေးညှင်းတွေ ထ သွားခဲ့တယ်။ ဒီဖိုရမ်ဟာ လူငယ်/ ကလေးတစ်ယောက်ကို လိုအပ်တဲ့ မိသားစု တွေ တွေ့ဆုံပြီး ကလေးလဲလှယ် တဲ့ နေရာဖြစ်တယ်။ ဆွေးနွေးမှုတွေ ရှိတယ်။ ကလေးသစ် တစ်ယောက်ကို ကြိုဆို နည်း ကြိုဆိုဟန်ကို သင်ပြမှုတွေလည်း ရှိ တယ်။ လဲလှယ် သူချင်း ကတိကဝတ်တွေ ရေးသား ထား တယ်။ ဒီမှာကျုပ် ပြဿနာများ ဆိုတဲ့ ကဏ္ဍကို အထူးသတိပြု မိခဲ့တယ်။
ဒီအထဲဝင်ကြည့်လိုက်တဲ့အခါမှာတော့... ကဏ္ဍခေါင်းစဉ် အောက်မှာ ရှိတဲ့ ဒုတိယမြောက် sticky post ကို စိတ်ဝင်စား မိတယ်။ ဆွေးနွေးနေတဲ့ အကြောင်းအရာက "တတိယချာတိတ် အတုဖြစ်နေခြင်း" တဲ့။ ပို့စ်ပိုင်ရှင်က အမျိုးသမီး။ အိမ်ထောင်မရှိ။ သူမ အနေနဲ့ ရှေ့မှာ ကလေးနှစ်ယောက်ကို ဒီဖိုရမ်ကနေပဲ ရှာဖွေယူခဲ့တာ ဖြစ်ပြီး ဒီနှစ်ယောက်က အစစ အရာရာ အဆင်ပြေတယ်။ ဒါပေမယ့် တတိယ တစ်ယောက် လောက် ယူဦးမယ်ဆိုပြီးတော့ ထပ်ယူခဲ့တဲ့အခါမှာ အဆင်မပြေဘူးလို့ ဆိုတယ်။
သူပြောပုံအရတော့ ကလေးဟာ တစ်ပတ်ရစ်ကလေး ဖြစ်ပြီး တော့ သူမ အရှေ့မှာ မိသားစု တစ်စုက စတင်ခေါ်ယူ ခဲ့ဖူးတယ်။ "အရမ်းငိုလွန်းတဲ့အတွက်" ဆိုတဲ့ အကြောင်းပြချက် နဲ့ ဒီမိသားစုဟာ သူမ လက်ထဲကို လာထည့်ခဲ့တဲ့ အခါမှာ သူမရဲ့ လိုအပ်ချက် တစ်ခုဖြစ်တဲ့ ဆံပင် အမည်းရောင် ကလေးမှာ မရှိ။ ဒီတော့ ကလေးကို ဆံပင် အမည်းဆိုးပေးပြီးတော့ သူမဆီကို လာပေးသွားတာပဲ။
စာဖတ်သူ ခင်ဗျားတို့တော့မသိ။ မျက်မြင်ဖတ်နေရတဲ့ ကျုပ်အတွက် တောင် ဒါ လုံးဝ အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ။ သို့သော်.. ဖိုရမ်တစ်ခုလုံး နီးပါးက လူတွေဟာ သူမရဲ့ ခေါင်းစဉ် အောက်မှာ စုစည်းလို့ သူမကို လာနှစ်သိမ့်နေခဲ့တယ်။ သူမရဲ့ အခက်အခဲကို ဘယ်လို နားလည်ကြောင်း တစ်ယောက် က ပြောတယ်။ နောက်တစ်ယောက်က သူလဲ ထပ်တူ ဖြစ်ရပ် မျိုး ဖြစ်ဖူးတယ်လို့ဆိုတယ်။ "အရိုးမာတယ် ဆိုတဲ့ ကလေး တူတူဆော့နေရင်းနဲ့ တစ်ရက်တောင် မကြာဘူး၊ အရိုး ကျိုးသွားတယ်။"တဲ့။ ဒီ ဒုတိယ ပုဂ္ဂိုလ်ကဆိုတယ်။
ဖတ်ရင်းဖတ်ရင်းနဲ့ ဝက်ဘ်ဆိုက်မှာရော ဖိုရမ်မှာရော သူတို့ရဲ့ ဝိသေသ သတ်မှတ်ချက်တွေ ထားရှိ ရခြင်းရဲ့ အကြောင်းအရင်း ကို ကျုပ်နားလည်လာ ခဲ့တယ်။ အကယ်၍သာ ပတ်ဝန်းကျင် က တွေ့ရှိ ခဲ့မယ် ဆိုရင် ကြည့်လိုက်တာနဲ့ ဒီမိသားစုဟာ အမျိုး တော်စပ်ပါတယ် လို့ ပြောလို့ရအောင် သူတို့နဲ့ ပုံသဏ္ဍာန် အတူဆုံး ကလေးတွေ/ လူကြီးတွေကို စနစ်တကျ တိတိကျကျ ရှာနေခဲ့တာပဲ။
အဲ့သည် အကြောင်းကြောင့် အခု လိုအပ်ချက်ကို လိမ်ပြီး ထား သွားခဲ့တဲ့ ကလေးကို အမျိုးသမီးအနေနဲ့ ဘယ်လိုမှ ဆက်ထားဖို့ မဖြစ်နိုင်တော့တာပဲ။ ဒါ့ကြောင့် သူမအနေနဲ့ နောက်ထပ် ဒီကလေးကို ခေါ်လို သူ ရှိလေမလားလို့ လာရောက် ရှာဖွေခြင်း ဖြစ်တယ်။ ဖိုရမ်တစ်ခုလုံးက လူတွေဟာ သူမကိုတော့ သနား သော်လည်း အရမ်းငိုပြီးတော့ ဆံပင် အနက် မဟုတ်တဲ့ ကလေးကို မခေါ်လိုကြဘူး။ ဒီအခါမှာ အမျိုးသမီးက နောက်ဆုံး တော့ ရက်သတ်မှတ်ချက် တစ်ခု ထုတ်ပြန် ထားတာ ကို ကျုပ်ဖတ်လိုက် ရတယ်။
"သြဂုတ် ၃ ရက်နေ့မှ သူ့ကို ယူမယ့်လူမပေါ်ခဲ့ရင်တော့.. မတတ်နိုင် ဘူးရှင်.. ကျွန်မ လုပ်ထုံးအတိုင်း စီရင် ရတော့မှာ ပေါ့။"
ဒီကနေ့ဟာ သြဂုတ် ၁ ရက်နေ့။ လူအချို့က သူမ စကားကို အကြောင်းပြန်ထားတယ်။ တစ်ယောက်က - "အိုး.. သနား စရာ ကလေးပါလား.. ဒါပေမယ့် ဘယ်တတ်နိုင်မလဲ.. မိန်းကလေး ဘက်က တရား သဖြင့် စီရင် တာပဲ။ အားပေးတယ်။ ချ" တဲ့။ နောက်တစ်ယောက်ကလည်း - "ကောင်းတယ် ညီမ။ ကိုယ်စိတ်ချမ်းသာဖို့ အရေးအကြီးဆုံးပါ။" တဲ့။ ဘယ်တစ်ဦး တစ်ယောက်ကမှ ကလေးငယ် ဘက် ကနေ ပြီးတော့ ရပ်တည်ပေးမယ်၊ စာနာပေးတယ်ဆိုတာ မတွေ့ရဘူး။ ယူမယ့်လူလည်း တစ်ယောက် မှ မပေါ်လာ ခဲ့ဘူး။
ဒါ့ကြောင့် ကျုပ် ဘဝမှာ လုံးဝ မလုပ်သင့်တဲ့ ကိစ္စ တစ်ခုကို ကျုပ် ပထမဆုံးနဲ့ နောက်ဆုံး အကြိမ် လုပ် ခဲ့မိတယ်။ "ကျုပ် ကလေးကို ယူမယ်။ ဆက်သွယ်ပါ။" ဆိုတဲ့ စာတိုလေး တစ်စောင် ဒီအမျိုးသမီး ဆီ ကို စာပို့လိုက်ခြင်းပဲ ဖြစ်တယ်။ ကျုပ်အနေနဲ့ ပြန်စာကို သိပ်တော့ မမျှော်လင့်နေခဲ့ပါဘူး။ ပထမ တစ်ခေါက် တုန်းကလို ဖိုရမ်ကြီး တစ်ခုလုံး အစဖျောက်ပြီးတော့ ထွက်ပြေး တော့မယ်ပဲ ထင်ခဲ့မိတယ်။ ကျုပ် တက်တက်စင် အောင် လွဲသွားပါတယ်။ ၁၅ မိနစ်တောင် မရှိလိုက်သေးခင် အချိန်မှာ အမျိုးသမီး ဆီက ပြန်စာ ရောက်လာတယ်။
"ကျေးဇူးကြီး ပါပေ့ရှင်။ ကျွန်မတော့ဖြင့် လုပ်ထုံးအတိုင်း စီရင် ရတော့မယ် ထင်နေမိတာ။ ပြီးတော့ အိမ်က အကြီးနှစ်ကောင် က ဒါမျိုးစီရင်တာ တစ်ခါမှ မတွေ့ဖူးတော့ သူတို့ရှေ့မှာ လုပ်ဖို့ လဲ ကျွန်မ ကြောက်ရွံ့နေခဲ့မိတာ။ ရှင် ကယ်ပေလို့ပေါ့။ ကောင်း ပါပြီရှင်။ ဒါနဲ့ ရှင့် မိသားစု အကြောင်း မိတ်ဆက် ပါဦး။ ဘာရယ် တော့မဟုတ်ပါဘူး။ လဲလှယ်သူတွေရဲ့ ကတိကဝတ် အရပါ။ ရှင်လဲသိမှာပါ။"
ဒါနဲ့ ကျုပ်လဲ လိမ်လည်ပြီးတော့ လိုတိုရှင်းလေးနဲ့ စာပြန် ရ တာပေါ့။ "အိမ်ထောင်ရှင်ပါ။ သမီး တစ်ယောက်ရှိပါတယ်။ ဆံပင်အနက်ပါ။ ပုံထဲက ကောင်လေးဆိုရင် သမီးကို မောင်လေး တော်ချင် လားလို့ သူ့ကို မေးတော့ သမီးက လိုချင်ကြောင်းပြောတာနဲ့ ခုလို စာပို့ လိုက် ရခြင်း ဖြစ်ပါတယ်။"
ဒီနောက်တော့ ကျုပ်နဲ့ အမျိုးသမီးနဲ့ဟာ သူ့ဆီက လာရောက် ခေါ်ဆောင်ရမယ့် နေရာရယ် အချိန်ရယ် ဝတ်လာရမယ့် အင်္ကျီ အရောင်ရယ် စသဖြင့် အသေးစိတ် အချိန်းအချက် လုပ်ထား လိုက်ပါတယ်။
ဒီ့နောက် ကျုပ် စားပွဲပေါ်မှာ ထိုင်ရင်း စဉ်းစားတယ်။ အခုမှ အသိပြန်ဝင်လာတဲ့ လူတစ်ယောက်လို "ဟာ..! ငါ ဘာတွေ များလုပ်ခဲ့လိုက်တာလဲ။ အသိဉာဏ် ကင်းမဲ့ လှချည်လား။" ပေါ့။
အခုတော့ အားလုံး ကျွံသွားခဲ့ပြီ။ နောက်ပြန်ဆုတ်ဖို့ မဖြစ်နိုင် တော့ဘူး။ ဒါဆို ဘာလုပ်ရမလဲ။ ငါ ရဲ ခေါ် သင့်လား။ ငါ ရဲတွေကို ဒီကိစ္စပြောလိုက်တဲ့ အခါ ဒီ မြေအောက် ကွန်ယက် အထဲမှာ ခြေရှုပ်ခဲ့တဲ့ ငါ့အပေါ်ရော တရားဥပဒေက ခွင့်လွှတ် မှာလား။ လူစွမ်းကောင်း လုပ်ပြီးတော့ ကလေးတစ်ယောက်ကို ကယ်တင်မိတဲ့ ဆုလာဘ်က ထောင်ဒဏ် ဖြစ်သင့်သလား။
ကျုပ် ကြောက်လန့် နေမိပါပြီ။ အလွန်အမင်းကို တုန်လှုပ် ကြောက်လန့်နေမိပြီ ဖြစ်ပါတယ်။ တစ်စုံ တစ်ယောက်က ကျုပ်မှန်းသိသွားမှာကို ကြောက်နေတယ်။ သိသွားတဲ့အခါ သတင်းတွေက နိုင်ငံကျော် ရုံမက ကမ႓ာပါကျော်ပြီး ထောင် ကျမယ့် ကိန်းပါ။
ကမ႓ာ အနှံ့ကလူတွေက ကျုပ်ကို ပြောလိမ့်မယ်။ "ဒီကောင်လား... လူ့အန္ဓပါကွာ။ ကလေးတစ်ယောက် ရဲ့ အသက်ကို တော့ ကယ်ပါရဲ့။ ဒါပေမယ့် ဒီ ကယ်တင်မှု မတိုင်ခင် ဒီ ကောင် မြေအောက် ကွန်ယက် ထဲ ဘာတွေလုပ်ခဲ့လဲ။ ဒုစရိုက်သမား လား။ မုဒိန်းသမားလား။ ကြေးစားလူသတ် သမားလား။ ဘယ်သူကမှ မသိနိုင်ပဲ။"
ဒီ အတွေးတွေနဲ့ ကျုပ် စိတ် ပိုပြီးတော့ ဖိစီး လာခဲ့တယ်။ ကျုပ် ဘာလုပ် သင့်သလဲ။ ကလေး တစ်ယောက် ကို ကယ်ပြီးတော့ တစ်ကမ႓ာလုံးက အရှက်တွေ သိမ်းပိုက်လို့ ထောင်ထဲကို သွားမလား။ ဒါမှမဟုတ် ကလေးရဲ့ ကံကြမ္မာကို ဒီအတိုင်း လွှတ် ထားလို့ ဒီကိစ္စ ဘာမှ မဖြစ်ခဲ့သလိုပဲ ကျုပ်နေသွား သင့်မလား။
--------------------
ရေဒီယိုမှ သတင်းကြေငြာသံ ပျံ့လွင့်နေသည်။
"ကျန်းမာတော် မူကြပါစရှင်။ ဒီကနေ့ည အထူး သတင်းအနေနဲ့ တင်ပြဖို့ ရှိတာကတော့ "ဆင်ခြေဖုန်း ရပ်ကွက်မှာ လေးနှစ်သား ကလေးငယ် အလောင်းတစ်လောင်း ရှာဖွေတွေ့ရှိမှု" ဖြစ်ပါ တယ်ရှင်။ အခင်း ဖြစ်ပွားပုံကို တွမ်ကနေပြီး ပြောပြ ပါလိမ့်မယ်ရှင့်။"
တွမ် - "ကျေးဇူးပါ ဘသ်ရေ။ ရဲစခန်းက အတည်ပြုချက်အရ ဒီကလေးငယ်ဟာ လွန်ခဲ့တဲ့ ၂နှစ် လောက်တုန်းက နေ့ ကလေးထိန်း ကျောင်းကနေ ပျောက်ဆုံးသွားခဲ့တဲ့ ကလေး ဖြစ်ပါတယ် ခင်ဗျာ။ ဒီအမှုဟောင်းနဲ့ ပတ်သက် ပြီးတော့ ကလေးထိန်းကျောင်း ပိတ်ခဲ့ရပြီး ကလေးခိုးဂိုဏ်းနဲ့ ပတ်သက် လို့ အစိုးရပိုင်းမှ တော်တော် ဂယက် ရိုက်ခဲ့ဖူးတာကို မိဘ ပြည်သူများ ကြားမိကြ လိမ့်မယ် ထင်ပါတယ်။ ကလေးငယ် အလောင်းမတွေ့မီ လွန်ခဲ့တဲ့ ရက် အနည်းငယ်ကတော့ ရိုဆန်ဒေးလ် ရဲစခန်းကို လူ တစ်ယောက် ဒီကိစ္စနဲ့ ပတ်သက် ပြီးတော့ သတင်းပို့တယ် လို့လဲ ရဲစခန်းက ဖွင့်ပြောချက် အရ သိရှိရ ပါတယ်။ အခု ကျွန်တော်တို့ သတင်းဌာနမှာ ဒီစကားပြော အခွေလေး ရှိနေပါတယ်။ မိဘ ပြည်သူများ နားဆင်ကြည့်ကြဖို့ ဖွင့်ပြလိုက် ရပါတယ် ခင်ဗျား။"
--------------------
၉၁၁ ဖုန်းကိုင် အော်ပရေတာ - "နိုင်းဝမ်းဝမ်းကပါ။ ဘာကိစ္စလဲ။"
အမည်မသိ ခေါ်ဆိုသူ - "ကလေးတစ်ယောက်အသက်ခံရတော့မယ် ကျုပ်ထင်တယ် ဆရာရေ!"
၉၁၁ ဖုန်းကိုင် အော်ပရေတာ - "ဘာ..? ဘယ်လို?! အခု ဘယ်က ခေါ်နေတာလဲမသိဘူး။"
အမည်မသိ ခေါ်ဆိုသူ - "ဟာ.. ဒါတော့..ပြောလို့မရဘူး ဆရာကြီး။ မရဘူး မရဘူး။ လုံးဝမရဘူး။ ကျုပ်ပြောတာသာ နားထောင်စမ်းပါ။ ဒီလိုဗျ... ကျုပ် အင်တာနက်ကနေ ဝက်ဘ်ဆိုက်တစ်ခု တွေ့တယ်။"
၉၁၁ ဖုန်းကိုင် အော်ပရေတာ - "ဘာဝက်ဘ်ဆိုက်လဲ။"
အမည်မသိ ခေါ်ဆိုသူ - "ဟာဗျာ..ဝက်ဘ်ဆိုက်ပါဆို။ ဝက်ဘ်ဆိုက်ပေါ့။ မြေအောက်ဗျာ။ အိမ်တွင်းပုန်း တွေလေဗျာ။ အိမ်တွင်းပုန်း မိသားစုတွေ စုဝေးတဲ့ ဝက်ဘ်ဆိုက်ဗျာ။ ပြီးတော့ သူတို့ ကလေး တွေ ခိုးတယ် သိလား။ ပြီးတော့ ကျုပ်ပြော.."
၉၁၁ ဖုန်းကိုင် အော်ပရေတာ - "နောင်ကြီး.. စိတ်ကို ငြိမ်ငြိမ်ထား ပြီးပြောပါ။ တစ်ခုချင်းစီ ရှင်းအောင် ပြော။ ဒီ ဝက်ဘ်ဆိုက်ရဲ့ လိပ်စာက ဘာလဲ။ ပြီးတော့ ခင်ဗျား အခု ဘယ်ကနေ ဖုန်းဆက်နေသလဲ။"
အမည်မသိ ခေါ်ဆိုသူ - "ဟေ့ဆရာကြီး! ခင်ဗျားအရစ်ရှည်နေတာနဲ့ ဟိုကောင်မ က ကလေးကို *ပြတ်တောင်းပြတ်တောင်း ဖြစ်သွားသည်* ။ ကလေးက ပြန်ပေးဆွဲခံခဲ့ရတာဗျ။ သူမ ကိုယ်တိုင် ပြန်ပေးဆွဲလာတာ။ ခင်ဗျားတို့နောက်ကျနေရင် ကလေးတော့ အသတ်ခံရတော့မှာပဲဗျာ! လာခဲ့ လာခဲ့။ လိပ်စာက xxxxx xxxxx xxxxx မှာပဲ။ ၅ နာရီ မတိုင်ခင် လာပေးပါ ဆရာကြီးတို့!"
၉၁၁ ဖုန်းကိုင် အော်ပရေတာ - "ဟယ်လို ဟေ့လူ နေဦးလေ။ ဟယ်လို...ဟာ!"
တီ.... ဖုန်းချသွားပြီ။
--------------------
တွမ် - "ဆက်လက် စုံစမ်းချက်များအရ ဒီကလေးငယ်ဟာ ကလေးခိုးဂိုဏ်းတွေရဲ့ လက်ချက်မိခဲ့တဲ့ ကလေးတစ်ဦး ဖြစ်နိုင် နေတာမို့ ရဲအရာရှိကြီး xxxx အပါအဝင် ရဲတပ်ဖွဲ့ဝင် များဟာ သတင်းရတဲ့ နေရာကို ၅ နာရီ မတိုင်မီ သွားရောက် ရှာဖွေခဲ့ပါတယ်။ အခင်းဖြစ်ပွားခြင်း တစ်စုံတစ်ရာ မရှိတဲ့ အတွက် ပြန်လာခဲ့ပြီး သေချာအောင် နောက်တစ်နေ့ ဖြစ်တဲ့ သြဂုတ်လ ၃ ရက်နေ့မှာ ထပ်မံ သွား ရောက် ရှာဖွေရာမှာ ကလေးအလောင်းကို တွေ့ရှိခဲ့ရခြင်း ဖြစ်ပါတယ်။ မှုခင်း ဆရာဝန်ရဲ့ ဆေးစစ်ချက် အရ ကလေးဟာ လည်ပင်းညှစ် အသတ်ခံခဲ့ရတာဖြစ်ပြီးတော့ ကျူးလွန်သူရဲ့ ဒီအန်အေ လက်ဗွေရာ ဆံပင် စသဖြင့် သဲလွန်စ တစ်ခုမှ မကျန်အောင် သေသေသပ်သပ် သတ်သွားခဲ့ခြင်းဖြစ်ပါတယ်။ ဒီ အမည်မသိပုဂ္ဂိုလ် ခေါ်ဆိုခဲ့တဲ့ ဖုန်းဟာ လည်း အလောင်း တွေ့ခဲ့တဲ့ အနားက လမ်းဘေးဖုန်း မှ ဖြစ်တဲ့ အတွက် သတင်း ပေးသူ ဟာလဲ ဒီကလေးခိုးဂိုဏ်းနဲ့ တနည်း တဖုံ ပတ်သက် ဆက်နွယ် နေမယ်လို့ ရဲအရာရှိများက သုံးသပ်ထားပါတယ်။ နောက်ဆုံး သတင်းများအရ အခု အရာရှိတွေဟာ ကလေး ငယ် ပျောက်ဆုံးနေခဲ့တဲ့ ၂ နှစ်လုံး ဘယ်ရောက်နေတယ် ဆိုတာကို ဆက်လက်စုံစမ်း ထောက်လှမ်း နေပါ တယ် ဆိုတာကို ကျွန်တော်တို့ သတင်းဌာနက ဆက်သွယ် မေးမြန်းရာ ဖြေကြား ပေးခဲ့ပါတယ် ဘသ်ရေ။"
ဘသ် - "ဟုတ်ကဲ့ပါရှင်။ ကျေးဇူးပါ တွမ်ရေ။ ဒါ အလွန် ဝမ်းနည်းစရာ သတင်းပါပဲရှင်။ ခု တစ်ခါ နောက်ထပ် ဖော်ပြပေးမယ့် သတင်းကတော့... xxxx"
ပြီးပြီ။
--------------------
ref: Underground Families ကို မှတ်စုကြမ်း မှ ဘာသာပြန်ဆိုသည်။ ‪#‎kyawnge‬

Sai Sithu
July 22 at 10:48pm ·
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment