လြန္ခဲ႕သည္႕သုံးႏွစ္တာကာလတြင္ ဘဂၤလားေဒ႕ရွ္ႏိုင္ငံတြင္းသို့ ေမွာင္ခိုတင္သြင္းသည္႕ေရႊ ကီလိုဂရမ္ ၃ဝဝဝ နီးပါးသိမ္းဆည္းရမိ


ဒါကာ ေဖေဖာ္ဝါရီ ၁ဝ

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ တရားဥပေဒ စိုးမိုးေရးအရာရွိမ်ားသည္ လြန္ခဲ့သည့္ သုံးႏွစ္တာကာလအတြင္း ႏိုင္ငံတြင္းသို႔ေမွာင္ခိုတင္သြင္းလာသည့္ ေရႊသတၱဳ အေလးခ်ိန္ ကီလုိဂရမ္ ၃ဝဝဝ နီးပါးကို သိမ္းဆည္းရမိေၾကာင္း ဘဂၤလားေဒ့ရွ္အစိုးရအဖြဲ႕ဝင္ဝန္ႀကီးတစ္ဦးက ေဖေဖာ္ဝါရီ ၉ ရက္တြင္ ေျပာၾကားသည္။

ေရႊထည္၊ ေရႊေခ်ာင္းႏွင့္ေရႊျဖင့္ျပဳလုပ္ထားေသာ လက္ဝတ္ရတနာ ပစၥည္းမ်ားသိမ္းဆည္းရမိမႈမွာ ၂ဝ၁၃ ခုႏွစ္တြင္ အေလးခ်ိန္ ၆၂ဝ ဒသမ ၄၁ ကီလိုဂရမ္၊ ၂ဝ၁၄ ခုႏွစ္တြင္ ၁၅၃၉ ဒသမ ၆၈ ကီလိုဂရမ္ႏွင့္ ၂ဝ၁၅ ခုႏွစ္တြင္ ၇၈၄ ဒသမ ၁၇ ကီလိုဂရမ္ျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္ ဘ႑ာေရးဝန္ႀကီး ေအအမ္ေအမူဟစ္ က လႊတ္ေတာ္၏ စာျဖင့္ေမးျမန္းမႈကို ေျဖၾကားရာတြင္ေျပာၾကားသည္။

ဖမ္းဆီးရမိေသာ ေရႊမ်ားကို ဘဂၤလားေဒ့ရွ္ဗဟိုဘဏ္၌လုံၿခံဳေရးအတြက္အပ္ႏွံထားေၾကာင္း ၄င္းက ေျပာၾကားသည္။

မၾကာေသးမီလမ်ားအတြင္း ဘဂၤလားေဒ့ရွ္ဥပေဒစုိးမုိးေရးအရာရွိမ်ားသည္ ေန႔စဥ္နီးပါးမွ် ေရႊထည္၊ ေရႊေခ်ာင္းႏွင့္ေရႊထည္ျဖင့္ျပဳလုပ္ထားေသာ ရတနာပစၥည္းမ်ားကို သိမ္းဆည္း ရရွိခဲ့သည္။ယင္းပစၥည္းမ်ားမွာ ႏိုင္ငံတြင္းသို႔ ေလေၾကာင္းခရီးစဥ္မ်ား အသုံးျပဳကာေမွာင္ခိုတင္သြင္းလာ ျခင္းျဖစ္ေၾကာင္း သတင္းတြင္ေဖာ္ျပသည္။ဘဂၤလားေဒ့ရွ္ေဒသခံေမွာင္ခို သမားမ်ားသည္ ဂိုဏ္းမ်ားအျဖစ္ စုစည္းကာ ႏိုင္ငံရပ္ျခားရွိ ၄င္းတို႔၏အေပါင္းပါမ်ားႏွင့္ခ်ိတ္ဆက္၍ ဘဂၤ လားေဒ့ရွ္ႏိုင္ငံအား တရားမဝင္ သယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္း တစ္ခုအျဖစ္ အသုံးျပဳၿပီး ေရႊ၊ ႏိုင္ငံ ျခားေငြေၾကးမ်ား၊ တားျမစ္မူးယစ္ ေဆးဝါးႏွင့္ေဆးဝါးမ်ားကို တင္သြင္းေနေၾကာင္း သတင္းရင္းျမစ္မ်ားက ေဖာ္ျပသည္။

ဆင္ဟြာ။
https://www.facebook.com/TheMirrorDaily
...........


ဒါကာ ဖေဖော်ဝါရီ ၁ဝ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားဥပဒေ စိုးမိုးရေးအရာရှိများသည် လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း နိုင်ငံတွင်းသို့မှောင်ခိုတင်သွင်းလာသည့် ရွှေသတ္တု အလေးချိန် ကီလိုဂရမ် ၃ဝဝဝ နီးပါးကို သိမ်းဆည်းရမိကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးက ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားသည်။

ရွှေထည်၊ ရွှေချောင်းနှင့်ရွှေဖြင့်ပြုလုပ်ထားသော လက်ဝတ်ရတနာ ပစ္စည်းများသိမ်းဆည်းရမိမှုမှာ ၂ဝ၁၃ ခုနှစ်တွင် အလေးချိန် ၆၂ဝ ဒသမ ၄၁ ကီလိုဂရမ်၊ ၂ဝ၁၄ ခုနှစ်တွင် ၁၅၃၉ ဒသမ ၆၈ ကီလိုဂရမ်နှင့် ၂ဝ၁၅ ခုနှစ်တွင် ရ၈၄ ဒသမ ၁၇ ကီလိုဂရမ်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီး အေအမ်အေမူဟစ် က လွှတ်တော်၏ စာဖြင့်မေးမြန်းမှုကို ဖြေကြားရာတွင်ပြောကြားသည်။

ဖမ်းဆီးရမိသော ရွှေများကို ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်၌လုံခြုံရေးအတွက်အပ်နှံထားကြောင်း ၄င်းက ပြောကြားသည်။

မကြာသေးမီလများအတွင်း ဘင်္ဂလားဒေ့ရှ်ဥပဒေစိုးမိုးရေးအရာရှိများသည် နေ့စဉ်နီးပါးမျှ ရွှေထည်၊ ရွှေချောင်းနှင့်ရွှေထည်ဖြင့်ပြုလုပ်ထားသော ရတနာပစ္စည်းများကို သိမ်းဆည်း ရရှိခဲ့သည်။ယင်းပစ္စည်းများမှာ နိုင်ငံတွင်းသို့ လေကြောင်းခရီးစဉ်များ အသုံးပြုကာမှောင်ခိုတင်သွင်းလာ ခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။ဘင်္ဂလားဒေ့ရှ်ဒေသခံမှောင်ခို သမားများသည် ဂိုဏ်းများအဖြစ် စုစည်းကာ နိုင်ငံရပ်ခြားရှိ ၄င်းတို့၏အပေါင်းပါများနှင့်ချိတ်ဆက်၍ ဘင်္ဂ လားဒေ့ရှ်နိုင်ငံအား တရားမဝင် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း တစ်ခုအဖြစ် အသုံးပြုပြီး ရွှေ၊ နိုင်ငံ ခြားငွေကြေးများ၊ တားမြစ်မူးယစ် ဆေးဝါးနှင့်ဆေးဝါးများကို တင်သွင်းနေကြောင်း သတင်းရင်းမြစ်များက ဖော်ပြသည်။

ဆင်ဟွာ။
https://www.facebook.com/TheMirrorDaily
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment