အာဆီယံထိပ္သီးညီလာခံ ပထမဆံုး တာ၀န္ယူက်င္းပဖုိ႔ အေမရိကန္ျပင္ဆင္



အေမရိကန္ျပည္ေထာင္စုမွာ ပထမဆုံးအႀကိမ္ က်င္းပမယ့္ အေမရိကန္ - အာဆီယံ ထိပ္သီးညီလာခံကုိ ကယ္လီဖုိးနီးယားျပည္နယ္၊ Rancho Mirage မွာရွိတဲ့ Sunnylands မွာ သမၼတ Barack Obama က ၂ ရက္ၾကာ တာ၀န္ယူ က်င္းပမွာ ျဖစ္ပါတယ္။ ဒီထိပ္သီးစည္းေ၀းပြဲကုိ တျခား အာဆီယံ ေခါင္းေဆာင္ေတြနဲ႔အတူ မၾကာခင္ ရာထူးက အနားယူေတာ့မယ့္ ျမန္မာသမၼတ ဦးသိန္းစိန္လည္း တက္ေရာက္ဖုိ႔ ရွိေနပါတယ္။ အျပည့္အစုံကုိေတာ့ ကုိေဇာ္၀င္းလႈိင္က စုစည္း တင္ျပထားပါတယ္။

အာဆီယံအဖြဲ႔ဟာ အေမရိကန္ျပည္ေထာင္ရဲ႕ စတုတၳေျမာက္ အႀကီးဆုံး ကုန္သြယ္ဖက္အဖြဲ႔အစည္း ျဖစ္တာနဲ႔အညီ အာဆီယံအသင္းႀကီးနဲ႔ အေရွ႕ေတာင္အာရွတုိက္ရဲ႕ အေရးပါမႈကုိ အသိအမွတ္ျပဳ၊ အေလးထားတဲ့အေနနဲ႔ အာဆီယံအဖြဲ႔၀င္ ၁၀ ႏုိင္ငံက ေခါင္းေဆာင္ေတြကုိ ဖိတ္ေခၚၿပီး သမၼတ Barack Obama က ေဖေဖာ္၀ါရီလ ၁၅ ရက္ေန႔ကေန ၁၆ ရက္ေန႔အထိ ၂ ရက္ၾကာ ထိပ္သီးညီလာခံ က်င္းပသြားမွာ ျဖစ္ပါတယ္။

ဒီထိပ္သီးညီလာခံအတြင္း စီးပြားေရး၊ လုပ္ငန္းသစ္မ်ား စတင္ထူေထာင္ေရး၊ ကုန္သြယ္ေရး၊ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ ဥတုရာသီ ေျပာင္းလဲမႈဆုိင္ရာ ကိစၥရပ္ေတြ၊ အၾကမ္းဖက္မႈ တုိက္ဖ်က္ေရး၊ လူေမွာင္ခုိကူးမႈ တုိက္ဖ်က္ေရး၊ ေတာင္တ႐ုတ္ပင္လယ္ျပင္အတြင္း နယ္ေျမပုိင္ဆုိင္မႈ အျငင္းပြားေနတဲ့ ကိစၥအပါအ၀င္ ေဒသႏၱရ လုံၿခံဳေရးဆုိင္ရာ ကိစၥရပ္ေတြကုိ ေဆြးေႏြးသြားၾကမွာ ျဖစ္တယ္လုိ႔ သမၼတအိမ္ျဖဴေတာ္ အရာရွိေတြက ေဖေဖာ္၀ါရီလ ၉ ရက္ေန႔မွာ ေျပာၾကားခဲ့ပါတယ္။

အခုႏွစ္အတြင္း အာဆီယံႏုိင္ငံေတြမွာ ေကာင္းမြန္တဲ့ တုိးတက္မႈေတြ ျဖစ္ေပၚေနတာကုိ ေတြ႔ျမင္ေနရေၾကာင္း၊ အထူးသျဖင့္ေတာ့ ျမန္မာႏုိင္ငံမွာ သမုိင္း၀င္ ျပဳျပင္ေျပာင္းလဲမႈေတြ ျဖစ္ေပၚေနေၾကာင္း၊ ေရြးေကာက္ပြဲ အႏုိင္ရလုိက္တဲ့ NLD ပါတီ ဦးေဆာင္တဲ့ လႊတ္ေတာ္အမတ္ေတြ စတင္ တာ၀န္ထမ္းေဆာင္ေနၾကၿပီ ျဖစ္သလုိ မၾကာခင္ သီတင္းပတ္ အနဲငယ္အတြင္းမွာ သမၼတအသစ္ကုိ ေရြးေကာက္တင္ေျမႇာက္ၾကေတာ့မွာျဖစ္ေၾကာင္း သမၼတ အုိဘားမားရဲ႕ လက္ေထာက္ အမ်ဳိးသားအႀကံေပး Ben Rhodes က အဂၤါေန႔မွာ ေျပာၾကားခဲ့ပါတယ္။

အခုက်င္းပတဲ့ ထိပ္သီးညီလာခံဟာ သမၼတ အုိဘားမားအစုိးရရဲ႕ အာရွခ်ိန္ခြင့္လွ်ာညႇိေရး အေမရိကန္အစုိးရရဲ႕ ေပၚလစီကုိ မီးေမာင္းထုိးျပတဲ့ ထူးျခားတဲ့ ညီလာခံလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း အေမရိကန္ျပည္ေထာင္စုအေနနဲ႔ အာဆီယံအသုိက္အ၀န္း ဖြံ႔ၿဖိဳးတုိးတက္ေရးအတြက္ အရင္က လုပ္ေဆာင္ခဲ့သလုိပဲ အနာဂတ္မွာလည္း ဆက္လက္ ကူညီ လုပ္ေဆာင္ ေပးသြားမွာျဖစ္ေၾကာင္း အေရွ႕အာရွနဲ႔ ပစိဖိတ္ေဒသဆုိင္ရာ အေမရိကန္ လက္ေထာက္ ႏုိင္ငံျခားေရး၀န္ႀကီး Daniel Russel က ေဖေဖာ္၀ါရီလ ၁၀ ရက္ေန႔၊ မေန႔က ႏုိင္ငံျခားေရးဌာနမွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာၾကားသြားခဲ့ပါတယ္။

“အေမရိကန္ျပည္ေထာင္စုအေနနဲ႔ ဆယ္စုႏွစ္နဲ႔ခ်ီၿပီး အာရွနဲ႔ ပစိဖိတ္ေဒသမွာ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးရရွိဖို႔ ႀကိဳးပမ္းတဲ့ေနရာမွာ မဟာမိတ္ေတြ၊ လံုၿခံဳေရးမိတ္ဖက္ႏုိင္ငံေတြ ထားရွိခဲ့ၿပီး ႏုိင္ငံတကာဥပေဒကို ေလးစားလိုက္နာမႈအေပၚ အေျခခံခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ဒီမိုကေရစီ လူ႔အဖြဲ႔အစည္းနဲ႔ စီးပြားေရးဖြံ႔ၿဖိဳးတုိးတက္မႈကို အားေပးတဲ့ ေပၚလစီကိုလည္း က်င့္သံုးခဲ့တာျဖစ္ပါတယ္။ ဒီအတြက္ အေမရိကန္က ဂုဏ္ယူသလို ေဒသတြင္းရွိ ႏုိင္ငံေတြကလည္း ဒါကို လက္ခံအားေပးၿပီး ဆက္လုပ္ေဆာင္ေပးပါလို႔ တိုက္တြန္းခဲ့ၾကပါတယ္။ အေမရိကန္ ျပည္ေထာင္စုအေနနဲ႔ ဆက္လက္ၿပီး လုပ္ေဆာင္ေပးသြားမွာ ျဖစ္ပါတယ္။ အေမရိကန္အေနနဲ႔ စစ္ေရးအရ အကူအညီေပးခဲ့တာေတြ ရွိသလို၊ အေရွ႕ေတာင္အာရွ ႏုိင္ငံေတြအေနနဲ႔ တႏုိင္ငံခ်င္းစီ တရားဥပေဒစိုးမိုးဖို႔၊ နယ္စပ္လံုၿခံဳေရး ကာကြယ္ေစာင့္ေရွာက္ဖို႔၊ ႏုိင္ငံသားေတြကို အကာအကြယ္ေပးဖို႔နဲ႔ အရပ္သားေတြအတြက္ ၿငိမ္းခ်မ္းတဲ့ အေျခအေနေအာက္ ေနထိုင္ၾကဖို႔လည္း အကူအညီေပးတဲ့ အစီအစဥ္ေတြကို လုပ္ေဆာင္ေပးေနတာ ျဖစ္ပါတယ္။”

မတ္လကုန္မွာ ရာထူးက အနားယူေတာ့မယ့္ ျမန္မာသမၼတ ဦးသိန္းစိန္လည္း ဒီထိပ္သီးညီလာခံကုိ တက္ေရာက္မွာ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံရဲ႕ ဒီမုိကေရစီ အသြင္ကူးေျပာင္းေရး အစီအစဥ္မွာ သမၼတ ဦးသိန္းစိန္အစုိးရဟာ အေရးပါတဲ့ အခန္းက႑မွာ ပါ၀င္ခဲ့တယ္ ဆုိတာကုိ အေမရိကန္အစုိးရက မၾကာခဏ ေထာက္ျပ ေျပာဆုိေနခဲ့တာပါ။

Sunnylands မွာ က်င္းပမယ့္ အေမရိကန္ - အာဆီယံ ထိပ္သီးစည္းေ၀းပြဲဟာ သမၼတ ဦးသိန္းစိန္အေနနဲ႔ ႏုိင္ငံတကာ အသုိင္း၀ုိင္းၾကားမွာ ႏုိင္ငံေတာ္ အႀကီးအကဲတဦးအျဖစ္နဲ႔ ေနာက္ဆုံး တက္ေရာက္မယ့္ အခမ္းအနားျဖစ္ေပမဲ့ သူထားရစ္ခဲ့မယ့္ အေမြအႏွစ္ဟာ ဒီမွာတင္ အဆုံးသတ္သြားတာမဟုတ္ဘူးလုိ႔ ျမန္မာႏုိင္ငံဆုိင္ရာ အေမရိကန္ အႀကီးတန္း သံတမန္ေဟာင္း Priscilla Clapp က ေျပာပါတယ္။

“သမၼတဦးသိန္းစိန္ ထားရစ္ခဲ့မယ့္ အေမြအႏွစ္ဟာ အာဆီယံ ထိပ္သီးစည္းေ၀းပြဲနဲ႔ အဆုံးသတ္သြားမွာ မဟုတ္ပါဘူး၊ အၾကာႀကီး ဆက္တည္ရွိေနမွာပါ။ သူထားရစ္ခဲ့မယ့္ အေမြအႏွစ္ဟာ အေျခခံ အားျဖင့္ေတာ့ ေရြးေကာက္ပြဲမွာ NLD ပါတီ အႏုိင္ရလုိက္တဲ့ကိစၥလုိ႔ ေျပာလုိ႔ ရပါတယ္။ ဒီကိစၥျဖစ္ေျမာက္ေအာင္ သူက ဦးေဆာင္ လုပ္ေပးခဲ့တာပါ။ သူသာ သမၼတအျဖစ္ ၅ ႏွစ္ တာ၀န္မထမ္းေဆာင္ခဲ့ရင္ ဒီေျပာင္းလဲမႈ ျဖစ္ႏုိင္မွာ မဟုတ္ပါဘူး။ လြတ္လပ္ၿပီး တရားမွ်တတယ္လုိ႔ ေျပာလုိ႔ရႏုိင္တဲ့ ေရြးေကာက္ပြဲကုိ သူက်င္းေပးခဲ့တယ္၊ စစ္တပ္တပုိင္းလုိ႔ ေခၚလုိ႔ရေပမယ့္ အရပ္သားအမ်ားစုပါ၀င္တဲ့ အရပ္သားအစုိးရလက္ထဲကုိ သူ႔အေနနဲ႔ အာဏာလြဲေျပာင္း ေပးႏုိင္ခဲ့ပါတယ္။ ဒါေတြဟာ ႀကီးမားတဲ့ ေျပာင္းလဲမႈေတြပါ။”

တဘက္မွာလည္း တခ်ိန္က အာဆီယံအသင္းႀကီးကုိယ္၌က ျမန္မာႏုိင္ငံကုိ ပယ္ထားခဲ့တဲ့ အေျခအေနကေန အလွည့္က် ဥကၠဌအျဖစ္ တာ၀န္ထမ္းေဆာင္ခြင့္ရေအာင္ သူ႔လက္ထက္မွာ သမၼတဦးသိန္းစိန္အေနနဲ႔ ႀကိဳးစားႏုိင္ခဲ့တယ္ဆုိတယ္ဆုိတာကုိလည္း Priscilla Clapp က ေထာက္ျပ ေျပာဆုိပါတယ္။

“အာဆီယံနဲ႔ပတ္သက္တဲ့ သူထားရစ္ခဲ့မယ့္ အေမြအႏွစ္ကေတာ့ နံပတ္ ၁ အေနနဲ႔ - ျမန္မာႏုိင္ငံ အာဆီယံအလွည့္က် ဥကၠ႒တာ၀န္ယူႏုိင္တဲ့ အေနအထားေရာက္ေအာင္ လုပ္ေဆာင္ၿပီး အလွည့္က်ဥကၠ႒ တာ၀န္ယူခဲ့တဲ့ကိစၥ ျဖစ္ပါတယ္။ အေစာပုိင္း စစ္အစုိးရ လက္ထက္တုန္းကေတာ့ စစ္အစုိးရျဖစ္တဲ့အတြက္ ျမန္မာႏုိင္ငံ အာဆီယံ အလွည့္က် ဥကၠ႒ျဖစ္ေရးကုိ အာဆီယံဘက္က လက္မခံခဲ့တဲ့အတြက္ ဆုိင္းငံ့ခဲ့ရပါတယ္။ နံပတ္ ၂ ကေတာ့ - ျမန္မာႏုိင္ငံအေနနဲ႔ တင္းျပည့္ အာဆီယံအဖြဲ႔ျဖစ္လာတဲ့ ကိစၥျဖစ္ပါတယ္။ အရင္တုန္းကေတာ့ အုပ္ခ်ဳပ္တဲ့ အစုိးရစံနစ္ေၾကာင့္ အေတာ္မ်ားမ်ားက သိပ္မလုိလားခဲ့ပါဘူး။ အာဆီယံႏုိင္ငံေတြဟာ စီးပြားေရးအရ တုိးတက္ဖြံ႔ၿဖိဳးတဲ့ ႏုိင္ငံေတြျဖစ္လာေနတဲ့ တခ်ိန္ထဲမွာပဲ ျမန္မာႏုိင္ငံမွာလည္း စီးပြားေရးနဲ႔ ႏုိင္ငံေရးအရ တုိးတက္ ေျပာင္းလဲမႈေတြ ျဖစ္ေပၚလာေနတာေၾကာင့္ ျမန္မာႏုိင္ငံဟာ အာဆီယံထဲမွာ အေရးပါတဲ့ ႏုိင္ငံတခု ျဖစ္လာမွာပါ။”

ဒီထိပ္သီးစည္းေ၀းပြဲကုိ သမၼတ ဦးသိန္းစိန္နဲ႔အတူ ျပန္ၾကားေရး၀န္ႀကီး ဦးရဲထြဋ္နဲ႔ တျခား ထိပ္တန္း အစုိးရအရာရွိေတြ တက္ေရာက္ၾကမွာ ျဖစ္ပါတယ္။

အေမရိကန္အစုိးရဘက္ကေတာ့ သမၼတ အုိဘားမားနဲ႔အတူ ႏုိင္ငံျခားေရး၀န္ႀကီး John Kerry၊ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီး Penny Pritzker၊ အေမရိကန္ကုန္သြယ္ေရးဌာနက အထူးကုိယ္စားလွယ္ Michael Froman တုိ႔ တက္ေရာက္ၾကမယ္လုိ႔ အေမရိကန္အစုိးရ အရာရွိေတြက ေျပာပါတယ္။

ကိုုေဇာ္၀င္းလႈိင္ / ဗြီအုိေအ (ျမန္မာပုိင္း)



အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးအကြိမ် ကျင်းပမယ့် အမေရိကန် - အာဆီယံ ထိပ်သီးညီလာခံကို ကယ်လီဖိုးနီးယားပြည်နယ်၊ Rancho Mirage မှာရှိတဲ့ Sunnylands မှာ သမ္မတ Barack Obama က ၂ ရက်ကြာ တာဝန်ယူ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီထိပ်သီးစည်းဝေးပွဲကို တခြား အာဆီယံ ခေါင်းဆောင်တွေနဲ့အတူ မကြာခင် ရာထူးက အနားယူတော့မယ့် မြန်မာသမ္မတ ဦးသိန်းစိန်လည်း တက်ရောက်ဖို့ ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြထားပါတယ်။

အာဆီယံအဖွဲ့ဟာ အမေရိကန်ပြည်ထောင်ရဲ့ စတုတ္ထမြောက် အကြီးဆုံး ကုန်သွယ်ဖက်အဖွဲ့အစည်း ဖြစ်တာနဲ့အညီ အာဆီယံအသင်းကြီးနဲ့ အရှေ့တောင်အာရှတိုက်ရဲ့ အရေးပါမှုကို အသိအမှတ်ပြု၊ အလေးထားတဲ့အနေနဲ့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး သမ္မတ Barack Obama က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၂ ရက်ကြာ ထိပ်သီးညီလာခံ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီထိပ်သီးညီလာခံအတွင်း စီးပွားရေး၊ လုပ်ငန်းသစ်များ စတင်ထူထောင်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး၊ တောင်တရုတ်ပင်လယ်ပြင်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စအပါအဝင် ဒေသန္တရ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော် အရာရှိတွေက ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အခုနှစ်အတွင်း အာဆီယံနိုင်ငံတွေမှာ ကောင်းမွန်တဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်နေတာကို တွေ့မြင်နေရကြောင်း၊ အထူးသဖြင့်တော့ မြန်မာနိုင်ငံမှာ သမိုင်းဝင် ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရလိုက်တဲ့ NLD ပါတီ ဦးဆောင်တဲ့ လွှတ်တော်အမတ်တွေ စတင် တာဝန်ထမ်းဆောင်နေကြပြီ ဖြစ်သလို မကြာခင် သီတင်းပတ် အနဲငယ်အတွင်းမှာ သမ္မတအသစ်ကို ရွေးကောက်တင်မြှောက်ကြတော့မှာဖြစ်ကြောင်း သမ္မတ အိုဘားမားရဲ့ လက်ထောက် အမျိုးသားအကြံပေး Ben Rhodes က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

အခုကျင်းပတဲ့ ထိပ်သီးညီလာခံဟာ သမ္မတ အိုဘားမားအစိုးရရဲ့ အာရှချိန်ခွင့်လျှာညှိရေး အမေရိကန်အစိုးရရဲ့ ပေါ်လစီကို မီးမောင်းထိုးပြတဲ့ ထူးခြားတဲ့ ညီလာခံလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဆီယံအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်က လုပ်ဆောင်ခဲ့သလိုပဲ အနာဂတ်မှာလည်း ဆက်လက် ကူညီ လုပ်ဆောင် ပေးသွားမှာဖြစ်ကြောင်း အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel က ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ မနေ့က နိုင်ငံခြားရေးဌာနမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားသွားခဲ့ပါတယ်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆယ်စုနှစ်နဲ့ချီပြီး အာရှနဲ့ ပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရရှိဖို့ ကြိုးပမ်းတဲ့နေရာမှာ မဟာမိတ်တွေ၊ လုံခြံုရေးမိတ်ဖက်နိုင်ငံတွေ ထားရှိခဲ့ပြီး နိုင်ငံတကာဥပဒေကို လေးစားလိုက်နာမှုအပေါ် အခြေခံခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ လူ့အဖွဲ့အစည်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးတဲ့ ပေါ်လစီကိုလည်း ကျင့်သုံးခဲ့တာဖြစ်ပါတယ်။ ဒီအတွက် အမေရိကန်က ဂုဏ်ယူသလို ဒေသတွင်းရှိ နိုင်ငံတွေကလည်း ဒါကို လက်ခံအားပေးပြီး ဆက်လုပ်ဆောင်ပေးပါလို့ တိုက်တွန်းခဲ့ကြပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဆက်လက်ပြီး လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ စစ်ရေးအရ အကူအညီပေးခဲ့တာတွေ ရှိသလို၊ အရှေ့တောင်အာရှ နိုင်ငံတွေအနေနဲ့ တနိုင်ငံချင်းစီ တရားဥပဒေစိုးမိုးဖို့၊ နယ်စပ်လုံခြံုရေး ကာကွယ်စောင့်ရှောက်ဖို့၊ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့နဲ့ အရပ်သားတွေအတွက် ငြိမ်းချမ်းတဲ့ အခြေအနေအောက် နေထိုင်ကြဖို့လည်း အကူအညီပေးတဲ့ အစီအစဉ်တွေကို လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။”

မတ်လကုန်မှာ ရာထူးက အနားယူတော့မယ့် မြန်မာသမ္မတ ဦးသိန်းစိန်လည်း ဒီထိပ်သီးညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အစီအစဉ်မှာ သမ္မတ ဦးသိန်းစိန်အစိုးရဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါ၀င်ခဲ့တယ် ဆိုတာကို အမေရိကန်အစိုးရက မကြာခဏ ထောက်ပြ ပြောဆိုနေခဲ့တာပါ။

Sunnylands မှာ ကျင်းပမယ့် အမေရိကန် - အာဆီယံ ထိပ်သီးစည်းဝေးပွဲဟာ သမ္မတ ဦးသိန်းစိန်အနေနဲ့ နိုင်ငံတကာ အသိုင်းဝိုင်းကြားမှာ နိုင်ငံတော် အကြီးအကဲတဦးအဖြစ်နဲ့ နောက်ဆုံး တက်ရောက်မယ့် အခမ်းအနားဖြစ်ပေမဲ့ သူထားရစ်ခဲ့မယ့် အမွေအနှစ်ဟာ ဒီမှာတင် အဆုံးသတ်သွားတာမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အကြီးတန်း သံတမန်ဟောင်း Priscilla Clapp က ပြောပါတယ်။

“သမ္မတဦးသိန်းစိန် ထားရစ်ခဲ့မယ့် အမွေအနှစ်ဟာ အာဆီယံ ထိပ်သီးစည်းဝေးပွဲနဲ့ အဆုံးသတ်သွားမှာ မဟုတ်ပါဘူး၊ အကြာကြီး ဆက်တည်ရှိနေမှာပါ။ သူထားရစ်ခဲ့မယ့် အမွေအနှစ်ဟာ အခြေခံ အားဖြင့်တော့ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရလိုက်တဲ့ကိစ္စလို့ ပြောလို့ ရပါတယ်။ ဒီကိစ္စဖြစ်မြောက်အောင် သူက ဦးဆောင် လုပ်ပေးခဲ့တာပါ။ သူသာ သမ္မတအဖြစ် ၅ နှစ် တာဝန်မထမ်းဆောင်ခဲ့ရင် ဒီပြောင်းလဲမှု ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောလို့ရနိုင်တဲ့ ရွေးကောက်ပွဲကို သူကျင်းပေးခဲ့တယ်၊ စစ်တပ်တပိုင်းလို့ ခေါ်လို့ရပေမယ့် အရပ်သားအများစုပါ၀င်တဲ့ အရပ်သားအစိုးရလက်ထဲကို သူ့အနေနဲ့ အာဏာလွဲပြောင်း ပေးနိုင်ခဲ့ပါတယ်။ ဒါတွေဟာ ကြီးမားတဲ့ ပြောင်းလဲမှုတွေပါ။”

တဘက်မှာလည်း တချိန်က အာဆီယံအသင်းကြီးကိုယ်၌က မြန်မာနိုင်ငံကို ပယ်ထားခဲ့တဲ့ အခြေအနေကနေ အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရအောင် သူ့လက်ထက်မှာ သမ္မတဦးသိန်းစိန်အနေနဲ့ ကြိုးစားနိုင်ခဲ့တယ်ဆိုတယ်ဆိုတာကိုလည်း Priscilla Clapp က ထောက်ပြ ပြောဆိုပါတယ်။

“အာဆီယံနဲ့ပတ်သက်တဲ့ သူထားရစ်ခဲ့မယ့် အမွေအနှစ်ကတော့ နံပတ် ၁ အနေနဲ့ - မြန်မာနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူနိုင်တဲ့ အနေအထားရောက်အောင် လုပ်ဆောင်ပြီး အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ အစောပိုင်း စစ်အစိုးရ လက်ထက်တုန်းကတော့ စစ်အစိုးရဖြစ်တဲ့အတွက် မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ရေးကို အာဆီယံဘက်က လက်မခံခဲ့တဲ့အတွက် ဆိုင်းငံ့ခဲ့ရပါတယ်။ နံပတ် ၂ ကတော့ - မြန်မာနိုင်ငံအနေနဲ့ တင်းပြည့် အာဆီယံအဖွဲ့ဖြစ်လာတဲ့ ကိစ္စဖြစ်ပါတယ်။ အရင်တုန်းကတော့ အုပ်ချုပ်တဲ့ အစိုးရစံနစ်ကြောင့် အတော်များများက သိပ်မလိုလားခဲ့ပါဘူး။ အာဆီယံနိုင်ငံတွေဟာ စီးပွားရေးအရ တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေဖြစ်လာနေတဲ့ တချိန်ထဲမှာပဲ မြန်မာနိုင်ငံမှာလည်း စီးပွားရေးနဲ့ နိုင်ငံရေးအရ တိုးတက် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနေတာကြောင့် မြန်မာနိုင်ငံဟာ အာဆီယံထဲမှာ အရေးပါတဲ့ နိုင်ငံတခု ဖြစ်လာမှာပါ။”

ဒီထိပ်သီးစည်းဝေးပွဲကို သမ္မတ ဦးသိန်းစိန်နဲ့အတူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နဲ့ တခြား ထိပ်တန်း အစိုးရအရာရှိတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရဘက်ကတော့ သမ္မတ အိုဘားမားနဲ့အတူ နိုင်ငံခြားရေးဝန်ကြီး John Kerry၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Penny Pritzker၊ အမေရိကန်ကုန်သွယ်ရေးဌာနက အထူးကိုယ်စားလှယ် Michael Froman တို့ တက်ရောက်ကြမယ်လို့ အမေရိကန်အစိုးရ အရာရှိတွေက ပြောပါတယ်။

ကိုုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment