ဆိုင္ကလုန္း မုန္တိုင္း ဝင္စတန္ေၾကာင့္ ႏိုင္ငံေတာ္အဆင့္ သဘာဝေဘး အေျခအေန ဖီဂ်ီအစိုးရ ေၾကညာ

ဆိုင္ကလုန္း မုန္တိုင္း ဝင္စတန္ တိုက္ခတ္ ေနစဥ္ (ဓာတ္ပံု-အင္တာနက္)
    စူဗား၊ ေဖေဖာ္ဝါရီ ၂၀ ရက္ (ဆင္ဟြာ)

    ေတာင္ပစိဖိတ္ကၽြန္းႏိုင္ငံ ဖီဂ်ီသို႔ ဝင္ေရာက္ တိုက္ခတ္သည့္ အပူပိုင္း ဆိုင္ကလုန္း မုန္တိုင္း ဝင္စတန္ (Winston) ေၾကာင့္ ဖီဂ်ီႏိုင္ငံအား ႏိုင္ငံေတာ္အဆင့္ သဘာဝေဘး အေျခအေန အျဖစ္ ေၾကညာလိုက္ေၾကာင္း အစိုးရပိုင္ အသံလႊင့္ ဌာန Fiji Broadcasting Corporation (FBC) က ေဖာ္ျပထားသည္။

ထိုေၾကညာခ်က္သည္ ေဖေဖာ္ဝါရီလ ၂၀ ရက္မွစတင္၍ ရက္ေပါင္း သံုးဆယ္ အထိ အက်ိဳးသက္ေရာက္မည္ ျဖစ္ေၾကာင္း ေက်းလက္ႏွင့္ ပင္လယ္ေရေၾကာင္း ဖြံ႕ၿဖိဳးမႈႏွင့္ အမ်ိဳးသား သဘာဝေဘး စီမံခန္႔ခြဲမႈ အျမဲတမ္း အတြင္းဝန္ မဲလက္တီ ဘိန္နီးမာရာမာ (Meleti Bainimarama) က ေျပာသည္။

တစ္ႏိုင္ငံလံုးအား သတ္မွတ္ခ်ိန္အတြင္း အျပင္မထြက္ရ အမိန္႔ကို ေဖေဖာ္ဝါရီလ ၂၀ ရက္ ေဒသစံေတာ္ခ်ိန္ ညေန ၆း၀၀ နာရီမွစ၍ ေနာက္တစ္ႀကိမ္ ေၾကညာခ်က္မထုတ္မီအခ်ိန္အထိ ထုတ္ျပန္ ထားသည္။

လတ္တေလာတြင္ မုန္တိုင္းေၾကာင့္ ထိခိုက္မႈႏွင့္ ပ်က္စီးဆံုးရႈံးမႈစာရင္း မသိရွိေသးေၾကာင္း အေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနေသာ ေဒသခံရဲက ေျပာသည္။

မုန္တိုင္း အမ်ိဳးအစားမွာ အဆင့္ ၅ (အျမင့္ဆံုးအဆင့္) ရွိၿပီး တစ္နာရီလွ်င္ ေလတိုက္ႏႈန္း မိုင္ ၁၈၀ မွ ၂၂၀ ေက်ာ္ရွိေၾကာင္းႏွင့္ ယင္း မုန္တိုင္းမွာ ဆက္လက္ အားေကာင္း လာႏိုင္ေၾကာင္း သိရသည္။ ယင္းမုန္တိုင္းေၾကာင့္ ေျမၿပိဳမႈမ်ားလည္း ရွိခဲ႔သလို ကယ္ဆယ္ေရး စခန္း ၇၅၀ ဖြင့္ခဲ႔ၿပီး အျပည္ျပည္ဆိုင္ရာ ေလေၾကာင္းလိုင္း ခရီးစဥ္မ်ားလည္း ဖ်က္သိမ္းခဲ႔ရသည္။

အပူပိုင္း ဆိုင္ကလုန္း မုန္တိုင္း ဝင္စတန္ေၾကာင့္ ၿမိဳ႕ေတာ္ စူဗား အပါအဝင္ ႏိုင္ငံအတြင္း လွ်ပ္စစ္မီးမ်ား ျပတ္ေတာက္ သြားခဲ႔ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
.......
 ဆိုင်ကလုန်း မုန်တိုင်း ဝင်စတန် တိုက်ခတ် နေစဉ် (ဓာတ်ပုံ-အင်တာနက်)
    စူဗား၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

    တောင်ပစိဖိတ်ကျွန်းနိုင်ငံ ဖီဂျီသို့ ဝင်ရောက် တိုက်ခတ်သည့် အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်း ဝင်စတန် (Winston) ကြောင့် ဖီဂျီနိုင်ငံအား နိုင်ငံတော်အဆင့် သဘာဝဘေး အခြေအနေ အဖြစ် ကြေညာလိုက်ကြောင်း အစိုးရပိုင် အသံလွှင့် ဌာန Fiji Broadcasting Corporation (FBC) က ဖော်ပြထားသည်။

ထိုကြေညာချက်သည် ဖေဖော်ဝါရီလ ၂၀ ရက်မှစတင်၍ ရက်ပေါင်း သုံးဆယ် အထိ အကျိုးသက်ရောက်မည် ဖြစ်ကြောင်း ကျေးလက်နှင့် ပင်လယ်ရေကြောင်း ဖွံ့ဖြိုးမှုနှင့် အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှု အမြဲတမ်း အတွင်းဝန် မဲလက်တီ ဘိန်နီးမာရာမာ (Meleti Bainimarama) က ပြောသည်။

တစ်နိုင်ငံလုံးအား သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ကို ဖေဖော်ဝါရီလ ၂၀ ရက် ဒေသစံတော်ချိန် ညနေ ၆းဝဝ နာရီမှစ၍ နောက်တစ်ကြိမ် ကြေညာချက်မထုတ်မီအချိန်အထိ ထုတ်ပြန် ထားသည်။

လတ်တလောတွင် မုန်တိုင်းကြောင့် ထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှုစာရင်း မသိရှိသေးကြောင်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေသော ဒေသခံရဲက ပြောသည်။

မုန်တိုင်း အမျိုးအစားမှာ အဆင့် ၅ (အမြင့်ဆုံးအဆင့်) ရှိပြီး တစ်နာရီလျှင် လေတိုက်နှုန်း မိုင် ၁၈၀ မှ ၂၂၀ ကျော်ရှိကြောင်းနှင့် ယင်း မုန်တိုင်းမှာ ဆက်လက် အားကောင်း လာနိုင်ကြောင်း သိရသည်။ ယင်းမုန်တိုင်းကြောင့် မြေပြိုမှုများလည်း ရှိခဲ့သလို ကယ်ဆယ်ရေး စခန်း ရ၅၀ ဖွင့်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ခရီးစဉ်များလည်း ဖျက်သိမ်းခဲ့ရသည်။

အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်း ဝင်စတန်ကြောင့် မြို့တော် စူဗား အပါအဝင် နိုင်ငံအတွင်း လျှပ်စစ်မီးများ ပြတ်တောက် သွားခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment