![]() |
ေဖေဖာ္၀ါရီလ ၂၀ရက္က ယူဂန္ဒါ အတိုက္အခံေခါင္းေဆာင္၏ ေနအိမ္ကို ရဲတပ္ဖြဲ႕၀င္မ်ားက ေစာင့္ၾကပ္ေနသည္ကို ေတြ႕ရစဥ္။ (AP Photo/Josphat Kasire) |
သမၼတ ရဲ႕ အားအေကာင္းဆံုး ၿပိဳင္ဘက္ အတိုက္အခံ ေခါင္းေဆာင္ Kizza Besigye က ဆႏၵမဲ ၃၅ ရာခိုင္ႏႈန္းရရွိထားၿပီး၊ အျခား ၿပိဳင္ဘက္ တစ္ဦးျဖစ္တဲ့ Amama Mbabazi ကေတာ့ ၁.၅ ရာခိုင္ႏႈန္းပဲ ရထားပါတယ္။
ေရြးေကာက္ပြဲ ရလဒ္ေတြကို ေၾကျငာခဲ့တဲ့ ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠဌ ရဲ႕ ေၾကျငာခ်က္အရ မွတ္ပံုတင္ထားတဲ့ မဲဆႏၵရွင္အားလံုးရဲ႕ ၆၃ ရာခိုင္ႏႈန္း မဲေပးခဲ့ၾကတယ္လို႕ ဆိုပါတယ္။
ေရြးေကာက္ပြဲရဲ႕ ေနာက္ဆံုး ရလဒ္မေၾကျငာခင္ နာရီပိုင္းအလိုမွာ ထုတ္ျပန္ခဲ့တဲ့ ဥေရာပ သမဂၢရဲ႕ ေရြးေကာက္ပြဲ ေစာင့္ၾကည့္ေရးအဖြဲ႕ရဲ႕ ေၾကျငာခ်က္မွာ လက္ရွိ အာဏာရ ပါတီ National Resistance Movement ရဲ႕ ႏိုင္ငံေရးမွာ လႊမ္းမိုးမႈဟာ တရာမွ်တမႈကို ထိခိုက္ေစၿပီး၊ ႏိုင္ငံအဆင့္ အာဏာရွိသူ ေတြဟာ ေရြးေကာက္ပြဲေန႕နဲ႕ ေနာက္ပိုင္းေန႕ေတြမွာ မဲဆႏၵရွင္ေတြကိုေရာ၊ ကိုယ္စားလွယ္ေလာင္းေတြကိုပါ ျခိမ္းေျခာက္တဲ့ ပတ္၀န္းက်င္မ်ိဳး ျဖစ္ေအာင္ ဖန္တီးထားတယ္လို႕ ပါရွိပါတယ္။
အေမရိကန္ ျပည္ေထာင္စု၊ ႏိုင္ငံတကာ ေလ့လာသူေတြနဲ႕ ထင္ရွားတဲ့ လူ႕အခြင့္အေရးအဖြဲ႕တစ္ဖြဲ႕ကေတာ့ ယူဂန္ဒါရဲ႕ ေရြးေကာက္ပြဲ လုပ္ငန္းစဥ္ေတြကို ေ၀ဖန္လိုက္ပါတယ္။ လံုျခံဳေရးတပ္ဖြဲ႕၀င္ေတြက အတိုက္အခံ ကိုယ္စားလွယ္ေလာင္းေတြနဲ႕ သူတို႕ကို ေထာက္ခံသူေတြအေပၚမွာ မသင့္ေတာ္တဲ့ ဖိအားေပးမႈ၊ အခ်ိဳ႕ကိစၥေတြမွာ မသင့္ေတာ္တဲ့ အင္အား အသံုးျပဳမႈေတြ ရွိခဲ့တယ္လို႕ စြပ္စြဲထားပါတယ္။
အေမရိကန္ အေျခစိုက္ လူ႕အခြင့္အေရး ေစာင့္ၾကည့္အေရးအဖြဲ႕ Human Rights Watch ယူဂန္ဒါႏိုင္ငံရဲ႕ လြတ္လပ္ၿပီး မတရားမွွ်တတဲ့ ေရြးေကာက္႔ပြဲေတြ က်င္းပႏိုင္ဖို႕ အေျခအေနအေပၚ စိုးရိမ္မိသလို၊ ယူဂန္ဒါ ျပည္သူေတြရဲ႕ လြတ္လပ္စြာ ထုတ္ေဖာ္ခြင့္နဲ႕ စုေ၀းခြင့္ ေတြအတြက္လည္း စိုးရိမ္ေၾကာင္း ထုတ္ျပန္လိုက္ပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.......
ဖေဖော်ဝါရီလ ၂၀ရက်က ယူဂန်ဒါ အတိုက်အခံခေါင်းဆောင်၏ နေအိမ်ကို ရဲတပ်ဖွဲ့ဝင်များက စောင့်ကြပ်နေသည်ကို တွေ့ရစဉ်။ (AP Photo/Josphat Kasire)
ယူဂန်ဒါနိုင်ငံမှာ ကျင်းပနေတဲ့ အငြင်းပွားဖွယ်ရာ သမ္မတ ရွေးကောက်ပွဲမှာ နှစ်ပေါင်း ၃၀ကြာ အာဏာရယူထားတဲ့ လက်ရှိ သမ္မတ Yoweri Museveni က ဆန္ဒမဲ အားလုံးရဲ့ ၆၁ ရာခိုင်နှုန်းနီးပါးနဲ့ အနိုင်ရသွားကြောင်း ဒီနေ့ ကြေငြာလိုက်ပါတယ်။
သမ္မတ ရဲ့ အားအကောင်းဆုံး ပြိုင်ဘက် အတိုက်အခံ ခေါင်းဆောင် Kizza Besigye က ဆန္ဒမဲ ၃၅ ရာခိုင်နှုန်းရရှိထားပြီး၊ အခြား ပြိုင်ဘက် တစ်ဦးဖြစ်တဲ့ Amama Mbabazi ကတော့ ၁.၅ ရာခိုင်နှုန်းပဲ ရထားပါတယ်။
ရွေးကောက်ပွဲ ရလဒ်တွေကို ကြေငြာခဲ့တဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ရဲ့ ကြေငြာချက်အရ မှတ်ပုံတင်ထားတဲ့ မဲဆန္ဒရှင်အားလုံးရဲ့ ၆၃ ရာခိုင်နှုန်း မဲပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲရဲ့ နောက်ဆုံး ရလဒ်မကြေငြာခင် နာရီပိုင်းအလိုမှာ ထုတ်ပြန်ခဲ့တဲ့ ဥရောပ သမဂ္ဂရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ရဲ့ ကြေငြာချက်မှာ လက်ရှိ အာဏာရ ပါတီ National Resistance Movement ရဲ့ နိုင်ငံရေးမှာ လွှမ်းမိုးမှုဟာ တရာမျှတမှုကို ထိခိုက်စေပြီး၊ နိုင်ငံအဆင့် အာဏာရှိသူ တွေဟာ ရွေးကောက်ပွဲနေ့နဲ့ နောက်ပိုင်းနေ့တွေမှာ မဲဆန္ဒရှင်တွေကိုရော၊ ကိုယ်စားလှယ်လောင်းတွေကိုပါ ခြိမ်းခြောက်တဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်အောင် ဖန်တီးထားတယ်လို့ ပါရှိပါတယ်။
အမေရိကန် ပြည်ထောင်စု၊ နိုင်ငံတကာ လေ့လာသူတွေနဲ့ ထင်ရှားတဲ့ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ကတော့ ယူဂန်ဒါရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို ဝေဖန်လိုက်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အတိုက်အခံ ကိုယ်စားလှယ်လောင်းတွေနဲ့ သူတို့ကို ထောက်ခံသူတွေအပေါ်မှာ မသင့်တော်တဲ့ ဖိအားပေးမှု၊ အချို့ကိစ္စတွေမှာ မသင့်တော်တဲ့ အင်အား အသုံးပြုမှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အရေးအဖွဲ့ Human Rights Watch ယူဂန်ဒါနိုင်ငံရဲ့ လွတ်လပ်ပြီး မတရားမျှှတတဲ့ ရွေးကောက့်ပွဲတွေ ကျင်းပနိုင်ဖို့ အခြေအနေအပေါ် စိုးရိမ်မိသလို၊ ယူဂန်ဒါ ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ စုဝေးခွင့် တွေအတွက်လည်း စိုးရိမ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
0 comments:
Post a Comment