.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)
‪#‎aungkham_yyl‬
‪#‎knowledge_yyl‬
www.yoyarlay.com
(Unicode version)
ကြောင်ထီးကို အင်္ဂါတံဖြတ်ခြင်းနှင့် အကျိုးဆက်
ကြောင်ထီးများ မွေးထားသူများ အနေနဲ့ သူတို့ရဲ့ လိင်တံကို ဖြတ်ခြင်းဟာ လုပ်ေ့လ့လုပ်ထရှိတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတ်။ ယခု ပုံမှာ မြင်တွေ့ရတာကတော့ တိရစ္ဆာန်ဆေးကုခန်းထဲမှာ ကြောင်ထီးတစ်ကောင် သူ့ ပစ္စည်းမရှိတော့တာ ကြည့်ပြီးတော့ အံ့ဩ ဒေါသ ထွက်နေတဲ့ အမူအရာ ဖြစ်ပါတယ်။ ကြောင်ထီးများကို ၎င်းတို့ရဲ့ ပစ္စည်းအား ဖြတ်တောက်ခြင်းဖြင့် ဘာ အကျိုးကျေးဇူး ရသလဲ ဆိုရင် အောက်ပါအတိုင်း ဖြစ်ပါတယ်။
ကြောင်ထီးများဟာ ၎င်းတို့ရဲ့ အင်္ဂါတံရှိရင် ရောဂါဖြစ်နိုင်ချေပိုများပါတယ်။ အထူးသဖြင့် လိင်တံမှ ကူးဆက်တဲ့ ရောဂါများဖြစ်ပြီး အသက်တိုစေပါတယ်။ အင်္ဂါတံကို ဖြတ်လိုက်တဲ့အခါ ပိုပြီးတော့ အသက်ရှည်ရှည် နေရပါတယ်။
သူတို့မှာ ၎င်းတို့ရဲ့ အင်္ဂါရှိရင် ပိုပြီးတော့ Aggressive ဖြစ်ပါတယ်။ ဆိုးသွမ်းတဲ့ စိတ်လေးရှိပါတယ်။ ယင်း အင်္ဂါတံကို ဖြတ်လိုက်တာကြောင့် မဆိုးသွမ်းတော့ပဲ နေရထိုင်ရတာ ပိုသိမ်မွေ့ပြီး ပျော်ရွှင်တတ်လာပါတယ်။ အခြားသော ကြောင်များနဲ့လည်း မိတ်ဖွဲ့နေထိုင်တတ်လာပါတယ်။ အခြားသော ကြောင်တွေနဲ့ ရန်ဖြစ်တာမျိုးတွေ၊ နယ်မြေလုတာတွေ၊ အိမ်ကနေထွက်ပြီး ရက်အတော်ကြာမှာ ပြန်လာတာတွေဟာ သူတို့ရဲ့ အင်္ဂါတံရှိနေချိန်မှာ အဖြစ်များပါတယ်။ အခြားသော ကြောင်မရှိတဲ့နေရာကို အနံ့အာရုံနဲ့ လွယ်တကူ သိရှိပြီး ထွက်သွားတတ်ကြ ပါတယ်။ ဒီတော့ ကြောင်မ မွေးထားသော အိမ်များကလည်း ကြောင်ကလေးများ မွေးလာရပြီး မကျွေးနိုင်တဲ့အခါ စွန့်ပစ်ခြင်းများ ဖြစ်လာတတ် ပါတယ်။
အိမ်တွင်း နေရာတကာမှာ သေးပေါက်ခြင်း၊ မစင်စွန့်ခြင်းတို့ကို မပြုလုပ်တော့ပဲ သေချာ ထိန်းကျောင်းပြုပြင်ပေးလို့ လွယ်ကူသွားပါတယ်။ အနှစ်ချုပ်အားဖြင့် ကြောင်ရဲ့ ကျန်းမာရေးကို ပိုကောင်းစေသလို၊ ပိုင်ရှင်များအတွက်လည်း ထိန်းသိမ်းရ လွယ်ကူသွားပါတယ်။ ဒါပေမယ့် တိရစ္ဆာန် အခွင့်အရေးဖက်ကနေ ကြည့်ရင်လည်း သူ့တို့ ဘဝကို မျိုးတုန်းစေတာဖြစ်တာကြောင့် အချို့ကလည်း မကြိုက်နှစ်သက်ပါဘူး။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)
Share on Google Plus
About MP4 YoU
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment