Stephen Hawking ႏွင့္ သူ၏ဘ၀ေကာက္ေၾကာင္း အပိုင္း (၁)
အရင္က Stephen Hawking ကို ကိုယ္အဂၤါခ်ိဳ့ယြင္းမွဳၾကီးၾကီးမားမားရွိေပမဲ့ အရမ္းေတာ္တဲ့ ကမၻာ့ထိပ္တန္းအာကာသသိပၸံပညာရွင္တစ္ဦးအျဖစ္အျပင္ပိုမသိခဲ့ေပမဲ့ The Theory of Everything ရုပ္ရွင္ကားကိုၾကည့္ျပီးေနာက္ပိုင္းမွာေတာ့ သူ့အေၾကာင္းကိုစိတ္၀င္စားသြားခဲ့တယ္။ သူ့ရဲ့ပညာရွင္တစ္ေယာက္ဘ၀ထက္ သူ့ရဲ့ personal life က မိန္းမေတြနဲ့ပတ္သတ္တဲ့အေၾကာင္းအရာက ကိုယ့္အတြက္ပိုအံ့ၾသစရာျဖစ္ေစခဲ့တယ္ဆိုတာကို ၀န္ခံပါတယ္။
Stephen Hawking ဟာ ၁၉၄၂ခုႏွစ္ ဂ်န္န၀ါရီလ ၈ ရက္ေန့မွာ Oxford ျမိဳ့မွာေမြးဖြားခဲ့ေသာ အဂၤလန္ႏိုင္ငံသားတစ္ေယာက္ျဖစ္ပါတယ္။ နာမည္အျပည့္အစံုက Stephen William Hawking ပါ။ ထူးျခားတိုက္ဆိုင္ေနတာတစ္ခုက သူေမြးဖြားတဲ့ေန့ဟာ ၁၆ ရာစုမွာနာမည္ေက်ာ္ထိပ္တန္းေရာက္ခဲ့ေသာ၊ သူ့လိုပဲအာကာသ၊ သခ်ာၤ၊ ရူပေဗဒနယ္ပယ္မွာ ထူးခ်ြန္ခဲ့သူ သိပၸံပညာရွင္ Galileo ကြယ္လြန္ျခင္းအႏွစ္ ၃၀၀ျပည့္တဲ့ေန့လည္းျဖစ္ေနျခင္းပါ။ သူ့ရဲ့မိဘႏွစ္ပါးဟာလည္းေခသူေတြမဟုတ္ၾကပါဘူး။
မိခင္ျဖစ္သူမွာ အမ်ိဳးသမီးဘြဲ့ရပညာတတ္ရွားပါးလြန္းလွတဲ့ ၂၀ရာစုအစပိုင္းမွာကို Oxford University ကေန Philosophy, Politics and Economics အထူးျပဳျဖင့္ ဘြဲ့ရရွိခဲ့ေသာ အမ်ိဳးသမီးတစ္ဦးျဖစ္ျပီး ဖခင္ျဖစ္သူကလည္း Oxford တကၠသိုလ္ေက်ာင္းဆင္း ေဆးသိပၸံပညာရွင္တစ္ဦးျဖစ္ပါတယ္။ ဒီေနရာမွာ ကိုယ္သတိျပဳမိတာက Stephen Hawking ရဲ့မိခင္ျဖစ္သူ Isobel Hawking ရရွိခဲ့တဲ့ဘြဲ့က ေဒၚေအာင္ဆန္းစုၾကည္ရရွိခဲ့ေသာဘြဲ့နဲ့အတူတူပဲျဖစ္ျပီး Oxford တကၠသိုလ္ခ်င္းလည္းတူညီေနတာပါ။ဒါကေတာ့ သတိျပဳမိတဲ့ တိုက္ဆိုင္မွဳတစ္ခု။
ေမြးခ်င္းေမာင္ႏွမေတြအေနနဲ့ကေတာ့ Stephen Hawking မွာ Philippa နဲ့ Mary လုိ့ေခၚတဲ့ညီမႏွစ္ေယာက္နဲ့ Edward လို့ေခၚတဲ့ေမြးစားအစ္ကိုတစ္ေယာက္ရွိပါတယ္။
Hawkings တို့မိသားစုဟာ အမ်ားသူငါမိသားစုေတြနဲ့ကြဲျပားေနတယ္လို့ သူတို့မိသားစုနဲ့အနီးကပ္ခင္မင္ရင္းႏွီးသူတစ္ဦးကဆိုပါတယ္။ဘယ္လိုကြဲျပားမွဳမ်ိဳးလဲဆုိရင္ မိသားစုထမင္း၀ိုင္းဟာ စာအုပ္ေလးေတြကိုယ္စီနဲ့တိတ္တိတ္ဆိတ္ဆိတ္စားေသာက္တတ္တဲ့ ထမင္း၀ိုင္းမ်ိဳးလိုမ်ိဳး၊ ေခတ္မမီေတာ့တဲ့ မိသားစုပိုင္ ေရွးေဟာင္းကားကိုပဲမေျပာင္းမလဲသစၥာရွိရွိဆက္စီးတာမ်ိဳး၊ သူတို့ရဲ့သံုးထပ္ရွိတဲ့အိမ္ကိုဘယ္ေတာ့မွ ျပင္ဆင္မြမ္းမံမွဳမလုပ္တာမ်ိဳးနဲ့ ေျမေအာက္ထပ္မွာပ်ားေမြးထားတာမ်ိဳးတို႔လို ထူးဆန္းတဲ့ကြဲျပားမွဳေတြလို့ ၄င္းကဆိုပါတယ္။ Stephen Hawking ရဲ့မိဘေတြဟာ ၄င္းတို့ကိုယ္တုိင္လည္း Oxford လိုကမၻာ့ထိပ္တန္းတကၠသိုလ္ကဘြဲ့ရရွိခဲ့သလို ၄င္းတို့ရဲ့သားသမီးေတြကိုလည္း ပညာေရးမွာထိပ္တန္းေရာက္ေစခ်င္ၾကတယ္။ ဒါေၾကာင့္ သားၾကီးျဖစ္တဲ့ Stephen Hawking ကိုလည္း ဖခင္ျဖစ္သူက ၄င္းလိုပဲ ေဆးပညာမွာထိပ္တန္းပညာရွင္တစ္ဦးျဖစ္ေစခ်င္ပါတယ္။ ဒါေပမဲ့ သူ့သား Stephen ဟာ ငယ္စဥ္ကေလးဘ၀မွာကတည္းက သိပၸံပညာနဲ့အာကာသ ေကာင္းကင္တို့နဲ့ပတ္သတ္ျပီး အရမ္းစိတ္ပါ၀င္စားမွဳရွိေနတာကို သူေတြ့လိုက္ရတယ္။ ဒါဟာ Stephen အပါအ၀င္ သားသမီးေတြအားလံုးကိုေခၚျပီး ေႏြေႏွာင္းပိုင္းမွာ အိမ္အေနာက္ဖက္ျမက္ခင္းျပင္ေပၚမွာစုထိုင္ၾကျပီး ေကာင္းကင္ၾကီးကိုေငးၾကည့္ၾကတဲ့အေလ့အထကေန အစျပဳတယ္လို့ Stephen ရဲ့မိခင္ကဆိုပါတယ္။
သားၾကီးကို ပညာေရးမွာထိပ္ေရာက္ေစခ်င္တဲ့ Stephen ရဲ့ဖခင္ဟာ နာမည္ၾကီးအလယ္တန္းေက်ာင္း Westminster School ကိုသူ့သားကိုေျပာင္းထားဖို့ ၾကိဳးစားခဲ့ဖူးတယ္။ ဒါေပမဲ့ အဲဒီ့ေက်ာင္းရဲ့ပညာသင္ဆုစာေမးပြဲေျဖတဲ့ေန့မွာ Stephen ေနမေကာင္းျဖစ္ခဲ့ေတာ့ ၀င္ခြင့္ေလးေတာင္မေျဖလိုက္ရပဲ ပညာသင္ဆုနဲ့လြဲခဲ့ရတယ္။ မိဘႏွစ္ပါးကလည္း ေငြေၾကးသိပ္မတတ္ႏိုင္ခဲ့ၾကေတာ့ ပညာသင္ဆုမပါပဲ အဲဒီ့လိုေစ်းၾကီးေက်ာင္းေကာင္းမွာ Stephen ကိုမထားႏုိင္ခဲ့ၾကပါဘူး။ ဒါေပမဲ့ ဒါကပဲ Stephen အတြက္ ကေလးပီပီသသၾကီးျပင္းခြင့္ရသြားေစခဲ့ျပီး တီထြင္ဖန္တီးမွဳမွာစိတ္ပါ၀င္စားၾကတဲ့သူငယ္ခ်င္းအခ်ိဳ့နဲ့လည္းအနီးကပ္ေပါင္းခြင့္ရသြားေစခဲ့ပါတယ္။ Stephen ဟာ Board Game လို့ေခၚတဲ့ ကိုယ္တို့ငယ္ငယ္က ကစားခ့ဲဖူးတဲ့ စကၠဴျပားေပၚမွာ မိုႏိုပိုလီ ေျမြဆက္တဲ့ကစားနညး္ကို သူငယ္ခ်င္းေတြနဲ့အတူတူ ေဆာ့ရတာ၀ါသနာပါတယ္။ ေလယာဥ္ပံုစံငယ္၊ ေလွပံုစံငယ္ေတြေဆာက္ရတာ၊ ျပီးေတာ့ မီးပန္းလုပ္တာမ်ိဳးေတြမွာ ၀ါသနာထံုခဲ့ပါတယ္။ ဒီလို တီထြင္ဖန္တီးမွဳေတြမွာ အစြမ္းအစရွိေတာ့ အလယ္တန္းေက်ာင္းသားဘ၀မွာ Stephen Hawking ဟာ ရြယ္တူကေလးေတြၾကားထဲမွာ Einstein ဆိုျပီး popular ျဖစ္ခဲ့ေပမယ့္ ပညာေရးမွာအရမ္းထူးခ်ြန္တဲ့အထဲေတာ့ မပါခဲ့ပါဘူး။
အထက္တန္းျပီးလို့ တကၠသိုလ္၀င္ခ်ိန္မွာေတာ့ Stephen ဟာ သခ်ာၤအထူးျပဳနဲ့ေက်ာင္းတက္ဖို့လုပ္ခဲ့ေပမယ့္ သူ့ဖခင္က သေဘာမတူခဲ့ဘူး။ အေၾကာင္းရင္းကေတာ့ ထိုစဥ္အခ်ိန္က သခ်ာၤပညာရွင္ေတြအတြက္ အလုပ္အကိုင္ရွားပါးလို့ျဖစ္ပါတယ္တဲ့။ ဒါေပမယ့္ တကယ္တမ္္းမွာ Stephen သခ်ာၤအထူးျပဳမယူႏုိင္ခဲ့ရျခငး္အေၾကာင္းရင္းက သူ့ဖခင္ေၾကာင့္ေတာ့မဟုတ္ခဲ့ဘူး။ အဲသည့္အခ်ိန္အခါကာလက Oxford တကၠသိုလ္မွာ သခ်ာၤအထူးျပဳနဲ့ဘြဲ့ေပးျခင္းမရွိေသးတာေၾကာင့္ျဖစ္ပါတယ္။ ဒီလိုနဲ့ Stephen ဟာ ေနာက္ဆံုးမွာေတာ့ ရူပေဗဒ နဲ့ အာကာသသိပၸံဘာသာအထူးျပဳနဲ့ တက္ဖို့ဆံုးျဖတ္လိုက္ပါတယ္။ Oxford တကၠသိုလ္ရဲ့ Scholarship စာေမးပြဲ၀င္ေျဖခဲ့ျပီး သူ၀ါသနာပါရာဘာသာရပ္အတြက္ ပညာသင္ဆုအျပည့္ရေက်ာင္းသားတစ္ေယာက္အေနနဲ့ တက္ခြင့္ရသြားခဲ့ပါတယ္။ သူ တကၠသိုလ္စတက္တဲ့အခ်ိန္မွာ သူ့ရဲ့အသက္ဟာ ၁၇ ႏွစ္ပဲရွိေသးေတာ့ ေက်ာင္းမွာရြယ္တူသူငယ္ခ်င္းေတြမရွိတာနဲ့ သူ့ရဲ့ Oxford တကၠသိုလ္ေက်ာင္းသားဘ၀ေရွ့ပိုင္းေန့ရက္ေတြဟာ ပ်င္းဖြယ္ေကာင္းခဲ့ပါတယ္။ သူ့ရဲ့ Oxford ေန့ရက္ေတြမွာ ေခတ္ေဟာင္းေတးဂီတပိုင္း၊ သိပၸံ၀တၳဳေရးျခင္းစတဲ့ activity ေတြမွာပါ၀င္လွဳပ္ရွားခဲ့တယ္။ တကၠသိုလ္မ်ားေလွစီးအသင္းမွာလည္း အသင္း၀င္ျပီးေလွစီးအားကစားလုပ္ျဖစ္ခဲ့ပါေသးတယ္။ Oxford ကေနဘြဲ့ရျပီးရင္ေတာ့ မဟာဘြဲ့ကို Cambridge တကၠသိုလ္မွာသြားတက္ဖို့အတြက္ သူစိတ္ကူးၾကံရြယ္ထားပါတယ္။
Cambridge တကၠသိုလ္မွာ မဟာဘြဲ့တက္ခြင့္ရဖို့ဆိုတာ first-class honours degree နဲ့ေအာင္ျမင္ထားသူမွသာျဖစ္ႏုိင္မယ္ဆိုတာသူသိထားခဲ့တယ္။ ဒီလိုနဲ့ Oxford တကၠသိုလ္ကေန Bachelor Degree အတြက္ result ထြက္ခ်ိန္မွာေတာ့ Stephen Hawking ရဲ့အမွတ္ဟာ first-class honour အဆင့္နဲ့ second-class honour ၾကား borderline မွာေရာက္ေနခဲ့တယ္။ ဒါေၾကာင့္ သူႏွဳတ္ေျဖထပ္ေျဖခဲ့ရပါတယ္။ သူ့ကို ႏွဳတ္ေျဖေမးတဲ့ စစ္ေဆးသူ examiner က သူအေျဖရလဒ္ေတြကိုအကဲခတ္သံုးသပ္ျပီး သူဟာ ခပ္ပ်င္းပ်င္းေက်ာင္းသားတစ္ေယာက္လို့သံုးသပ္ခဲ့တယ္။ ဒါနဲ့ပဲ သူ့ရဲ့ future plan အနာဂတ္ရည္ရြယ္ခ်က္ကိုေမးလိုက္ပါတယ္။ ကမၻာေက်ာ္သိပၸံပညာရွင္အေလာင္းအလ်ာပီသစြာပဲ သူ့ရဲ့အေျဖဟာလည္း examiner ပါးစပ္အေဟာင္းသားေလးျဖစ္သြားေစခဲ့တဲ့အေျဖမ်ိဳးေျဖခဲ့တယ္။
“ ခင္ဗ်ား က်ြန္ေတာ့္ကို first class နဲ့အေအာင္ေပးခဲ့ရင္ က်ြန္ေတာ္ Cambridge မွာ မဟာဘြဲ့သြားတက္မယ္။ အကယ္လို့ second class နဲ့ပဲအေအာင္ေပးခဲ့ရင္ေတာ့ Oxford မွာပဲ က်ြန္ေတာ္ဆက္ေအာင္းမယ္။ ဒီေတာ့ ခင္ဗ်ားက်ြန္ေတာ့္ကို first class honour နဲ့အေအာင္ေပးဖို့ က်ြန္ေတာ့္ဖက္ကေမ်ွာ္လင့္တယ္။ “ တဲ့ရွင္။ စစ္ေဆးသူ Examiner က Stephen ရဲ့အေျဖဟာ သူဟာအမ်ားစုထက္ သာလြန္ထူးခ်ြန္သူတစ္ေယာက္ဆိုတာ စကားထဲကေနသိျမင္လိုက္ရတယ္လို့ ဆုိပါတယ္။ ဒီလိုနဲ့ Stephen Hawking ဟာ first-class honour အဆင့္နဲ့ Oxford ကေနဘြဲ့ရရွိသြားခဲ့ျပီး Cambridge တကၠသိုလ္မွာ Ph.D တန္းကိုတိုက္ရိုက္တက္ခြင့္ရသြားခဲ့တယ္။
ဒီေနရာမွာ ၾကားျဖတ္ေျပာျပဖို့ရွိတာက Stephen Hawking ဟာ Oxford တကၠသိုလ္ေက်ာင္းသားဘ၀မွာကတည္းက Amyotrophic Lateral Sclerosis (ALS) လို့ေခၚတဲ့ လွဳပ္ရွားမွဳအာရံုေၾကာၾကြက္သားမ်ားရပ္ဆိုင္းေရာဂါလကၡာဏာမ်ားစျပေနေပမယ့္လို့ အမွဳမဲ့အမွတ္မဲ့ပဲေနခဲ့မိတယ္။ သူ Cambridge တကၠသိုလ္တကၠသိုလ္အေရာက္မွာေတာ့ ပထမႏွစ္ေက်ာင္းသားဘ၀မွာပဲ ေရာဂါလကၡဏာက ထင္ထင္ရွားရွားျပလာခဲ့တယ္။ ခဏခဏလဲက်တယ္။ စကားသံေတြက မသဲမကြဲေတြျဖစ္လာတယ္။ ဒါေတာင္ Stephen ဟာဘယ္သူ့မွမေျပာပဲ လ်ိဳ့၀ွက္ထားပါေသးတယ္။ အဲဒီ့အခ်ိန္အခါကာလက ၁၉၆၃ ခုႏွစ္၀န္းက်င္။ သူ့ရဲ့ပထမဇနီးျဖစ္သူ Jane Wilde နဲ့စတင္ဆံုဆည္းျပီးအခ်ိန္ကာလလည္းျဖစ္ပါတယ္။ မ်ားမၾကာမီမွာပဲ သူ့ရဲ့ေရာဂါလကၡဏာေတြကို ဖခင္ျဖစ္သူကိုယ္တိုင္ သတိျပဳမိသြားခဲ့တယ္။ အဲဒီ့ေနာက္မွာေတာ့ ေဆးစစ္မွဳခံယူခဲ့ပါတယ္။ စစ္ေဆးမွဳရလဒ္ကိုေတာ့ ဆရာ၀န္က သူ့ကိုမေျပာေတာ့ပဲ သူ့ရဲ့မိဘေတြကိုပဲေျပာျပခဲ့ပါတယ္။ သူ့ရဲ့ေရာဂါဟာ ALS ေရာဂါျဖစ္ျပီး အခုအခ်ိန္မွာေတာ့ သူ့ရဲ့ၾကြက္သားေတြကိုထိန္းခ်ဳပ္ထားတဲ့ နာဗ့္ေၾကာေတြေတာ္ေတာ္မ်ားမ်ားရပ္ဆိုင္းသြားျပီျဖစ္ေၾကာင္းအသိေပးခဲ့တယ္။ သူအသက္ဆက္ရွင္ႏိုင္မယ့္အခ်ိန္ကာလသည္ ႏွစ္ႏွစ္ခြဲေလာက္သာက်န္ရွိေတာ့ေၾကာင္းလည္းသူ့ရဲ့မိဘေတြကိုေျပာၾကားခဲ့ပါတယ္။
ဒီသတင္းဆိုးၾကီးကို သူ့ရဲ့မိဘေတြက အတတ္ႏိုင္ဆံုး သူမသိေအာင္ဖံုးကြယ္ထားခဲ့ၾကပါတယ္။ သူကိုယ္တိုင္ကေတာ့ အေျခအေနမေကာင္းဘူးဆိုတာေလာက္ကိုေတာ့ ရိပ္မိသိရွိခဲ့တယ္။ သူ့အတြက္ အားတက္စရာတစ္ခုက ဒီေရာဂါအတြက္ သူေဆးရံုတက္ေနရခ်ိန္မွာ သူနဲတစ္ခန္းထဲအတူေနလူနာက ေသြးကင္ဆာေရာဂါခံစားေနရတဲ့ကေလးတစ္ေယာက္ျဖစ္ေနေတာ့ သူ့ေရာဂါက အဲဒီ့ကေလးထက္စာရင္ေတာ္ပါေသးတယ္ဆိုျပီး သူေျဖသာခဲ့တယ္လို့ဆိုပါတယ္။ ဒါေပမဲ့ သူဆက္အသက္ရွင္စိတ္အတြက္ အျပင္းဆံုးတြန္းအားက သူခ်စ္မိေနျပီျဖစ္တဲ့မိန္းကေလး တစ္နည္းအားျဖင့္ သူ့ရဲ့ပထမဇနီးေလာင္း Jane Wilde ေၾကာင့္ပါတဲ့။ ျပီးေတာ့ သူဒီေရာဂါရွိမွန္းမသိခင္မွာ သူ့ရဲ့ဘ၀ကို ပ်င္းစရာလို့ျမင္ခဲ့ေပမယ့္ စာကိုလည္းေသခ်ာဟုတ္တိပတ္တိမလုပ္ျဖစ္ခဲ့ေပမယ့္ သိျပီးေနာက္ပိုငး္မွာေတာ့ ဘ၀ကိုတန္ဖိုးထားတတ္လာခဲ့တယ္ ရည္မွန္းခ်က္ဆႏၵေတြအတြက္အခ်ိန္ကိုအက်ိဳးရွိရွိအသံုးခ်ခ်င္လာခဲ့တယ္လို့ ဆိုပါတယ္။ Jane Wilde ဟာ သူဒီေရာဂါရွိမွန္းသိလ်က္၊ အသက္ရွင္မယ့္ရက္သိပ္မက်န္ေလာက္ေတာ့ဘူးဆိုတာ ရိပ္စားမိလ်က္၊ အသက္ဆက္ရွင္ရင္ေတာင္ ရုပ္ပိုင္းဆိုင္ရာအားနည္းခၽြတ္ယြင္းမွဳေတြနဲ႔အသက္ဆက္ရွင္သြားရလိမ့္မယ္ဆိုတာ သေဘာေပါက္လ်က္နဲ႔ပဲ သူ့ကိုလက္ထပ္လိုက္ပါတယ္။ အဲသည့္အခ်ိန္အခါကာလမွာ သူ wheelchair သံုးဖို့မလိုအပ္ခဲ့ေသးပါဘူး။
*********************
ဆက္ရန္ ....
အတတ္ႏိုင္ဆံုးခ်ံဳ႕ေရးေပမယ့္ ကမၻာေက်ာ္အာကာသရူပေဗဒ သိပၸံပညာရွင္ Stephen Hawking လိုပုဂၢိဳလ္မွာ မေရးမျဖစ္ထည့္ေရးသင့္တဲ့အေၾကာင္းအရာေတြမ်ားလြန္းတဲ့အတြက္ ၂ပိုင္းခြဲေရးလိုက္ရျခင္းျဖစ္ပါေၾကာင္း...
ေဆာင္းပါးရွင္ - ေအးျမျမခိုင္ (Aye Mya Mya Khaing)
#article_yyl
#ayemyamyakhaing_yyl
www.yoyarlay.com
(Unicode version)
Stephen Hawking နှင့် သူ၏ဘ၀ကောက်ကြောင်း အပိုင်း (၁)
အရင်က Stephen Hawking ကို ကိုယ်အင်္ဂါချို့ယွင်းမှုကြီးကြီးမားမားရှိပေမဲ့ အရမ်းတော်တဲ့ ကမ္ဘာ့ထိပ်တန်းအာကာသသိပ္ပံပညာရှင်တစ်ဦးအဖြစ်အပြင်ပိုမသိခဲ့ပေမဲ့ The Theory of Everything ရုပ်ရှင်ကားကိုကြည့်ပြီးနောက်ပိုင်းမှာတော့ သူ့အကြောင်းကိုစိတ်ဝင်စားသွားခဲ့တယ်။ သူ့ရဲ့ပညာရှင်တစ်ယောက်ဘဝထက် သူ့ရဲ့ personal life က မိန်းမတွေနဲ့ပတ်သတ်တဲ့အကြောင်းအရာက ကိုယ့်အတွက်ပိုအံ့ဩစရာဖြစ်စေခဲ့တယ်ဆိုတာကို ဝန်ခံပါတယ်။
Stephen Hawking ဟာ ၁၉၄၂ခုနှစ် ဂျန်နဝါရီလ ၈ ရက်နေ့မှာ Oxford မြို့မှာမွေးဖွားခဲ့သော အင်္ဂလန်နိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။ နာမည်အပြည့်အစုံက Stephen William Hawking ပါ။ ထူးခြားတိုက်ဆိုင်နေတာတစ်ခုက သူမွေးဖွားတဲ့နေ့ဟာ ၁၆ ရာစုမှာနာမည်ကျော်ထိပ်တန်းရောက်ခဲ့သော၊ သူ့လိုပဲအာကာသ၊ သချာၤ၊ ရူပဗေဒနယ်ပယ်မှာ ထူးချွန်ခဲ့သူ သိပ္ပံပညာရှင် Galileo ကွယ်လွန်ခြင်းအနှစ် ၃၀၀ပြည့်တဲ့နေ့လည်းဖြစ်နေခြင်းပါ။ သူ့ရဲ့မိဘနှစ်ပါးဟာလည်းခေသူတွေမဟုတ်ကြပါဘူး။
မိခင်ဖြစ်သူမှာ အမျိုးသမီးဘွဲ့ရပညာတတ်ရှားပါးလွန်းလှတဲ့ ၂ဝရာစုအစပိုင်းမှာကို Oxford University ကနေ Philosophy, Politics and Economics အထူးပြုဖြင့် ဘွဲ့ရရှိခဲ့သော အမျိုးသမီးတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူကလည်း Oxford တက္ကသိုလ်ကျောင်းဆင်း ဆေးသိပ္ပံပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ်သတိပြုမိတာက Stephen Hawking ရဲ့မိခင်ဖြစ်သူ Isobel Hawking ရရှိခဲ့တဲ့ဘွဲ့က ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့သောဘွဲ့နဲ့အတူတူပဲဖြစ်ပြီး Oxford တက္ကသိုလ်ချင်းလည်းတူညီနေတာပါ။ဒါကတော့ သတိပြုမိတဲ့ တိုက်ဆိုင်မှုတစ်ခု။
မွေးချင်းမောင်နှမတွေအနေနဲ့ကတော့ Stephen Hawking မှာ Philippa နဲ့ Mary လို့ခေါ်တဲ့ညီမနှစ်ယောက်နဲ့ Edward လို့ခေါ်တဲ့မွေးစားအစ်ကိုတစ်ယောက်ရှိပါတယ်။
Hawkings တို့မိသားစုဟာ အများသူငါမိသားစုတွေနဲ့ကွဲပြားနေတယ်လို့ သူတို့မိသားစုနဲ့အနီးကပ်ခင်မင်ရင်းနှီးသူတစ်ဦးကဆိုပါတယ်။ဘယ်လိုကွဲပြားမှုမျိုးလဲဆိုရင် မိသားစုထမင်းဝိုင်းဟာ စာအုပ်လေးတွေကိုယ်စီနဲ့တိတ်တိတ်ဆိတ်ဆိတ်စားသောက်တတ်တဲ့ ထမင်းဝိုင်းမျိုးလိုမျိုး၊ ခေတ်မမီတော့တဲ့ မိသားစုပိုင် ရှေးဟောင်းကားကိုပဲမပြောင်းမလဲသစ္စာရှိရှိဆက်စီးတာမျိုး၊ သူတို့ရဲ့သုံးထပ်ရှိတဲ့အိမ်ကိုဘယ်တော့မှ ပြင်ဆင်မွမ်းမံမှုမလုပ်တာမျိုးနဲ့ မြေအောက်ထပ်မှာပျားမွေးထားတာမျိုးတို့လို ထူးဆန်းတဲ့ကွဲပြားမှုတွေလို့ ၎င်းကဆိုပါတယ်။ Stephen Hawking ရဲ့မိဘတွေဟာ ၎င်းတို့ကိုယ်တိုင်လည်း Oxford လိုကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကဘွဲ့ရရှိခဲ့သလို ၎င်းတို့ရဲ့သားသမီးတွေကိုလည်း ပညာရေးမှာထိပ်တန်းရောက်စေချင်ကြတယ်။ ဒါကြောင့် သားကြီးဖြစ်တဲ့ Stephen Hawking ကိုလည်း ဖခင်ဖြစ်သူက ၎င်းလိုပဲ ဆေးပညာမှာထိပ်တန်းပညာရှင်တစ်ဦးဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ သူ့သား Stephen ဟာ ငယ်စဉ်ကလေးဘဝမှာကတည်းက သိပ္ပံပညာနဲ့အာကာသ ကောင်းကင်တို့နဲ့ပတ်သတ်ပြီး အရမ်းစိတ်ပါဝင်စားမှုရှိနေတာကို သူတွေ့လိုက်ရတယ်။ ဒါဟာ Stephen အပါအဝင် သားသမီးတွေအားလုံးကိုခေါ်ပြီး နွေနှောင်းပိုင်းမှာ အိမ်အနောက်ဖက်မြက်ခင်းပြင်ပေါ်မှာစုထိုင်ကြပြီး ကောင်းကင်ကြီးကိုငေးကြည့်ကြတဲ့အလေ့အထကနေ အစပြုတယ်လို့ Stephen ရဲ့မိခင်ကဆိုပါတယ်။
သားကြီးကို ပညာရေးမှာထိပ်ရောက်စေချင်တဲ့ Stephen ရဲ့ဖခင်ဟာ နာမည်ကြီးအလယ်တန်းကျောင်း Westminster School ကိုသူ့သားကိုပြောင်းထားဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီ့ကျောင်းရဲ့ပညာသင်ဆုစာမေးပွဲဖြေတဲ့နေ့မှာ Stephen နေမကောင်းဖြစ်ခဲ့တော့ ဝင်ခွင့်လေးတောင်မဖြေလိုက်ရပဲ ပညာသင်ဆုနဲ့လွဲခဲ့ရတယ်။ မိဘနှစ်ပါးကလည်း ငွေကြေးသိပ်မတတ်နိုင်ခဲ့ကြတော့ ပညာသင်ဆုမပါပဲ အဲဒီ့လိုဈေးကြီးကျောင်းကောင်းမှာ Stephen ကိုမထားနိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ ဒါကပဲ Stephen အတွက် ကလေးပီပီသသကြီးပြင်းခွင့်ရသွားစေခဲ့ပြီး တီထွင်ဖန်တီးမှုမှာစိတ်ပါဝင်စားကြတဲ့သူငယ်ချင်းအချို့နဲ့လည်းအနီးကပ်ပေါင်းခွင့်ရသွားစေခဲ့ပါတယ်။ Stephen ဟာ Board Game လို့ခေါ်တဲ့ ကိုယ်တို့ငယ်ငယ်က ကစားခဲ့ဖူးတဲ့ စက္ကူပြားပေါ်မှာ မိုနိုပိုလီ မြွေဆက်တဲ့ကစားနည်းကို သူငယ်ချင်းတွေနဲ့အတူတူ ဆော့ရတာဝါသနာပါတယ်။ လေယာဉ်ပုံစံငယ်၊ လှေပုံစံငယ်တွေဆောက်ရတာ၊ ပြီးတော့ မီးပန်းလုပ်တာမျိုးတွေမှာ ဝါသနာထုံခဲ့ပါတယ်။ ဒီလို တီထွင်ဖန်တီးမှုတွေမှာ အစွမ်းအစရှိတော့ အလယ်တန်းကျောင်းသားဘဝမှာ Stephen Hawking ဟာ ရွယ်တူကလေးတွေကြားထဲမှာ Einstein ဆိုပြီး popular ဖြစ်ခဲ့ပေမယ့် ပညာရေးမှာအရမ်းထူးချွန်တဲ့အထဲတော့ မပါခဲ့ပါဘူး။
အထက်တန်းပြီးလို့ တက္ကသိုလ်ဝင်ချိန်မှာတော့ Stephen ဟာ သချာၤအထူးပြုနဲ့ကျောင်းတက်ဖို့လုပ်ခဲ့ပေမယ့် သူ့ဖခင်က သဘောမတူခဲ့ဘူး။ အကြောင်းရင်းကတော့ ထိုစဉ်အချိန်က သချာၤပညာရှင်တွေအတွက် အလုပ်အကိုင်ရှားပါးလို့ဖြစ်ပါတယ်တဲ့။ ဒါပေမယ့် တကယ်တမ်းမှာ Stephen သချာၤအထူးပြုမယူနိုင်ခဲ့ရခြင်းအကြောင်းရင်းက သူ့ဖခင်ကြောင့်တော့မဟုတ်ခဲ့ဘူး။ အဲသည့်အချိန်အခါကာလက Oxford တက္ကသိုလ်မှာ သချာၤအထူးပြုနဲ့ဘွဲ့ပေးခြင်းမရှိသေးတာကြောင့်ဖြစ်ပါတယ်။ ဒီလိုနဲ့ Stephen ဟာ နောက်ဆုံးမှာတော့ ရူပဗေဒ နဲ့ အာကာသသိပ္ပံဘာသာအထူးပြုနဲ့ တက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ Oxford တက္ကသိုလ်ရဲ့ Scholarship စာမေးပွဲဝင်ဖြေခဲ့ပြီး သူဝါသနာပါရာဘာသာရပ်အတွက် ပညာသင်ဆုအပြည့်ရကျောင်းသားတစ်ယောက်အနေနဲ့ တက်ခွင့်ရသွားခဲ့ပါတယ်။ သူ တက္ကသိုလ်စတက်တဲ့အချိန်မှာ သူ့ရဲ့အသက်ဟာ ၁၇ နှစ်ပဲရှိသေးတော့ ကျောင်းမှာရွယ်တူသူငယ်ချင်းတွေမရှိတာနဲ့ သူ့ရဲ့ Oxford တက္ကသိုလ်ကျောင်းသားဘ၀ရှေ့ပိုင်းနေ့ရက်တွေဟာ ပျင်းဖွယ်ကောင်းခဲ့ပါတယ်။ သူ့ရဲ့ Oxford နေ့ရက်တွေမှာ ခေတ်ဟောင်းတေးဂီတပိုင်း၊ သိပ္ပံဝတ္ထုရေးခြင်းစတဲ့ activity တွေမှာပါဝင်လှုပ်ရှားခဲ့တယ်။ တက္ကသိုလ်များလှေစီးအသင်းမှာလည်း အသင်းဝင်ပြီးလှေစီးအားကစားလုပ်ဖြစ်ခဲ့ပါသေးတယ်။ Oxford ကနေဘွဲ့ရပြီးရင်တော့ မဟာဘွဲ့ကို Cambridge တက္ကသိုလ်မှာသွားတက်ဖို့အတွက် သူစိတ်ကူးကြံရွယ်ထားပါတယ်။
Cambridge တက္ကသိုလ်မှာ မဟာဘွဲ့တက်ခွင့်ရဖို့ဆိုတာ first-class honours degree နဲ့အောင်မြင်ထားသူမှသာဖြစ်နိုင်မယ်ဆိုတာသူသိထားခဲ့တယ်။ ဒီလိုနဲ့ Oxford တက္ကသိုလ်ကနေ Bachelor Degree အတွက် result ထွက်ချိန်မှာတော့ Stephen Hawking ရဲ့အမှတ်ဟာ first-class honour အဆင့်နဲ့ second-class honour ကြား borderline မှာရောက်နေခဲ့တယ်။ ဒါကြောင့် သူနှုတ်ဖြေထပ်ဖြေခဲ့ရပါတယ်။ သူ့ကို နှုတ်ဖြေမေးတဲ့ စစ်ဆေးသူ examiner က သူအဖြေရလဒ်တွေကိုအကဲခတ်သုံးသပ်ပြီး သူဟာ ခပ်ပျင်းပျင်းကျောင်းသားတစ်ယောက်လို့သုံးသပ်ခဲ့တယ်။ ဒါနဲ့ပဲ သူ့ရဲ့ future plan အနာဂတ်ရည်ရွယ်ချက်ကိုမေးလိုက်ပါတယ်။ ကမ္ဘာကျော်သိပ္ပံပညာရှင်အလောင်းအလျာပီသစွာပဲ သူ့ရဲ့အဖြေဟာလည်း examiner ပါးစပ်အဟောင်းသားလေးဖြစ်သွားစေခဲ့တဲ့အဖြေမျိုးဖြေခဲ့တယ်။
“ ခင်ဗျား ကျွန်တော့်ကို first class နဲ့အအောင်ပေးခဲ့ရင် ကျွန်တော် Cambridge မှာ မဟာဘွဲ့သွားတက်မယ်။ အကယ်လို့ second class နဲ့ပဲအအောင်ပေးခဲ့ရင်တော့ Oxford မှာပဲ ကျွန်တော်ဆက်အောင်းမယ်။ ဒီတော့ ခင်ဗျားကျွန်တော့်ကို first class honour နဲ့အအောင်ပေးဖို့ ကျွန်တော့်ဖက်ကမျှော်လင့်တယ်။ “ တဲ့ရှင်။ စစ်ဆေးသူ Examiner က Stephen ရဲ့အဖြေဟာ သူဟာအများစုထက် သာလွန်ထူးချွန်သူတစ်ယောက်ဆိုတာ စကားထဲကနေသိမြင်လိုက်ရတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ Stephen Hawking ဟာ first-class honour အဆင့်နဲ့ Oxford ကနေဘွဲ့ရရှိသွားခဲ့ပြီး Cambridge တက္ကသိုလ်မှာ Ph.D တန်းကိုတိုက်ရိုက်တက်ခွင့်ရသွားခဲ့တယ်။
ဒီနေရာမှာ ကြားဖြတ်ပြောပြဖို့ရှိတာက Stephen Hawking ဟာ Oxford တက္ကသိုလ်ကျောင်းသားဘဝမှာကတည်းက Amyotrophic Lateral Sclerosis (ALS) လို့ခေါ်တဲ့ လှုပ်ရှားမှုအာရုံကြောကြွက်သားများရပ်ဆိုင်းရောဂါလက္ခာဏာများစပြနေပေမယ့်လို့ အမှုမဲ့အမှတ်မဲ့ပဲနေခဲ့မိတယ်။ သူ Cambridge တက္ကသိုလ်တက္ကသိုလ်အရောက်မှာတော့ ပထမနှစ်ကျောင်းသားဘဝမှာပဲ ရောဂါလက္ခဏာက ထင်ထင်ရှားရှားပြလာခဲ့တယ်။ ခဏခဏလဲကျတယ်။ စကားသံတွေက မသဲမကွဲတွေဖြစ်လာတယ်။ ဒါတောင် Stephen ဟာဘယ်သူ့မှမပြောပဲ လျို့ဝှက်ထားပါသေးတယ်။ အဲဒီ့အချိန်အခါကာလက ၁၉၆၃ ခုနှစ်ဝန်းကျင်။ သူ့ရဲ့ပထမဇနီးဖြစ်သူ Jane Wilde နဲ့စတင်ဆုံဆည်းပြီးအချိန်ကာလလည်းဖြစ်ပါတယ်။ များမကြာမီမှာပဲ သူ့ရဲ့ရောဂါလက္ခဏာတွေကို ဖခင်ဖြစ်သူကိုယ်တိုင် သတိပြုမိသွားခဲ့တယ်။ အဲဒီ့နောက်မှာတော့ ဆေးစစ်မှုခံယူခဲ့ပါတယ်။ စစ်ဆေးမှုရလဒ်ကိုတော့ ဆရာဝန်က သူ့ကိုမပြောတော့ပဲ သူ့ရဲ့မိဘတွေကိုပဲပြောပြခဲ့ပါတယ်။ သူ့ရဲ့ရောဂါဟာ ALS ရောဂါဖြစ်ပြီး အခုအချိန်မှာတော့ သူ့ရဲ့ကြွက်သားတွေကိုထိန်းချုပ်ထားတဲ့ နာဗ့်ကြောတွေတော်တော်များများရပ်ဆိုင်းသွားပြီဖြစ်ကြောင်းအသိပေးခဲ့တယ်။ သူအသက်ဆက်ရှင်နိုင်မယ့်အချိန်ကာလသည် နှစ်နှစ်ခွဲလောက်သာကျန်ရှိတော့ကြောင်းလည်းသူ့ရဲ့မိဘတွေကိုပြောကြားခဲ့ပါတယ်။
ဒီသတင်းဆိုးကြီးကို သူ့ရဲ့မိဘတွေက အတတ်နိုင်ဆုံး သူမသိအောင်ဖုံးကွယ်ထားခဲ့ကြပါတယ်။ သူကိုယ်တိုင်ကတော့ အခြေအနေမကောင်းဘူးဆိုတာလောက်ကိုတော့ ရိပ်မိသိရှိခဲ့တယ်။ သူ့အတွက် အားတက်စရာတစ်ခုက ဒီရောဂါအတွက် သူဆေးရုံတက်နေရချိန်မှာ သူနဲတစ်ခန်းထဲအတူနေလူနာက သွေးကင်ဆာရောဂါခံစားနေရတဲ့ကလေးတစ်ယောက်ဖြစ်နေတော့ သူ့ရောဂါက အဲဒီ့ကလေးထက်စာရင်တော်ပါသေးတယ်ဆိုပြီး သူဖြေသာခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ သူဆက်အသက်ရှင်စိတ်အတွက် အပြင်းဆုံးတွန်းအားက သူချစ်မိနေပြီဖြစ်တဲ့မိန်းကလေး တစ်နည်းအားဖြင့် သူ့ရဲ့ပထမဇနီးလောင်း Jane Wilde ကြောင့်ပါတဲ့။ ပြီးတော့ သူဒီရောဂါရှိမှန်းမသိခင်မှာ သူ့ရဲ့ဘဝကို ပျင်းစရာလို့မြင်ခဲ့ပေမယ့် စာကိုလည်းသေချာဟုတ်တိပတ်တိမလုပ်ဖြစ်ခဲ့ပေမယ့် သိပြီးနောက်ပိုင်းမှာတော့ ဘဝကိုတန်ဖိုးထားတတ်လာခဲ့တယ် ရည်မှန်းချက်ဆန္ဒတွေအတွက်အချိန်ကိုအကျိုးရှိရှိအသုံးချချင်လာခဲ့တယ်လို့ ဆိုပါတယ်။ Jane Wilde ဟာ သူဒီရောဂါရှိမှန်းသိလျက်၊ အသက်ရှင်မယ့်ရက်သိပ်မကျန်လောက်တော့ဘူးဆိုတာ ရိပ်စားမိလျက်၊ အသက်ဆက်ရှင်ရင်တောင် ရုပ်ပိုင်းဆိုင်ရာအားနည်းချွတ်ယွင်းမှုတွေနဲ့အသက်ဆက်ရှင်သွားရလိမ့်မယ်ဆိုတာ သဘောပေါက်လျက်နဲ့ပဲ သူ့ကိုလက်ထပ်လိုက်ပါတယ်။ အဲသည့်အချိန်အခါကာလမှာ သူ wheelchair သုံးဖို့မလိုအပ်ခဲ့သေးပါဘူး။
*********************
ဆက်ရန် ....
အတတ်နိုင်ဆုံးချုံ့ရေးပေမယ့် ကမ္ဘာကျော်အာကာသရူပဗေဒ သိပ္ပံပညာရှင် Stephen Hawking လိုပုဂ္ဂိုလ်မှာ မရေးမဖြစ်ထည့်ရေးသင့်တဲ့အကြောင်းအရာတွေများလွန်းတဲ့အတွက် ၂ပိုင်းခွဲရေးလိုက်ရခြင်းဖြစ်ပါကြောင်း...
ဆောင်းပါးရှင် - အေးမြမြခိုင်
0 comments:
Post a Comment