၂၀၁၆ ခုႏွစ္ ကမာၻ႔ သတင္းဓာတ္ပုံၿပဳိင္ပြဲ ဆုရ ဓာတ္ပုံမ်ား


ပုံ(၁) - ေနာက္ဆုံးရ သတင္း ဓာတ္ပုံမွာလည္း ၀ါရင္းရစ္ခ်က္ဆန္ရဲ႕ ဆားဘီးယား-ဟန္ေဂရီ နယ္စပ္က
 ေရႊ႕ေျပာင္း ဒုကၡသည္ ဓာတ္ပုံက ဆုရခဲ့ပါတယ္။
ပုံ(၁) - နောက်ဆုံးရ သတင်း ဓာတ်ပုံမှာလည်း ၀ါရင်းရစ်ချက်ဆန်ရဲ့ ဆားဘီးယား-ဟန်ဂေရီ နယ်စပ်က ရွှေ့ပြောင်း ဒုက္ခသည် ဓာတ်ပုံက ဆုရခဲ့ပါတယ်။

 ပုံ(၂) - ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ ၁၀ ရက္ေန႔ တရုတ္ႏုိင္ငံ တီယန္က်င္း ၿမိဳ႕မွာ မီးခုိးျမဴေတြ သုိင္းၿခဳံေနတဲ့ပုံကုိ တရုတ္ဓာတ္ပုံဆရာ ဇန္လုိင္က ရုိက္ကူးထားတာပါ။ မ်က္ေမွာက္ေခတ္ေရးရာ ဓာတ္ပုံက႑ ပထမဆုရ ဓာတ္ပုံပါ။

ပုံ(၂) - ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ တရုတ်နိုင်ငံ တီယန်ကျင်း မြို့မှာ မီးခိုးမြူတွေ သိုင်းခြုံနေတဲ့ပုံကို တရုတ် ဓာတ်ပုံဆရာ ဇန်လိုင်က ရိုက်ကူးထားတာပါ။ မျက်မှောက်ခေတ်ရေးရာ ဓာတ်ပုံကဏ္ဍ ပထမဆုရ ဓာတ်ပုံပါ။


 ပုံ(၃) - ၂၀၁၅ ခုႏွစ္ ႏုိ၀င္ဘာလ ၂၆ ရက္ေန႔ တရုတ္ႏုိင္ငံ ရွန္ဇီၿမိဳ႕မွာ ေက်ာက္မီးေသြး စြမ္းအင္သုံး စက္ရုံအနီး တရုတ္ အမ်ဳိးသားေတြ သုံးဘီးကုိ တြန္းေနတဲ့ပုံျဖစ္ပါတယ္။ ကေနဒါ ဓာတ္ပုံဆရာ ကီဗင္ဖေရယာက ရုိက္ထားတာပါ။

ပုံ(၃) - ၂၀၁၅ ခုနှစ် နို၀င်ဘာလ ၂၆ ရက်နေ့ တရုတ်နိုင်ငံ ရှန်ဇီမြို့မှာ ကျောက်မီးသွေး စွမ်းအင်သုံး စက်ရုံအနီး တရုတ် အမျိုးသားတွေ သုံးဘီးကို တွန်းနေတဲ့ပုံဖြစ်ပါတယ်။ ကနေဒါ ဓာတ်ပုံဆရာ ကီဗင်ဖရေယာက ရိုက်ထားတာပါ။


ပုံ(၄) - ၂၀၁၅ ခုႏွစ္ ၾသဂုတ္လ ၁ ရက္ေန႔မွာ ဆီးရီးယားႏုိင္ငံ အယ္လ္ဟက္ဆာကာၿမိဳ႕အစြန္က ကာ့ဒ္ေဆးရုံမွာ အသက္ ၁၆ ႏွစ္အရြယ္ IS အဖြဲ႕၀င္ ဂ်က္ေကာ့ရဲ႕ မီးေလာင္ ဒဏ္ရာေတြကုိ ဆရာ၀န္က ေဆးအလွဆီ လိမ္းေပးေနတဲ့ပုံျဖစ္ပါတယ္။ အေထြေထြ သတင္း ဓာတ္ပုံ ပထမဆုရ ဘရာဇီး ဓာတ္ပုံဆရာ မာရီစီယုိလီမာရဲ႕ လက္ရာပါ။

ပုံ(၄) - ၂၀၁၅ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ ဆီးရီးယားနိုင်ငံ အယ်လ်ဟက်ဆာကာမြို့အစွန်က ကာ့ဒ်ဆေးရုံမှာ အသက် ၁၆ နှစ်အရွယ် IS အဖွဲ့ဝင် ဂျက်ကော့ရဲ့ မီးလောင် ဒဏ်ရာတွေကို ဆရာဝန်က ဆေးအလှဆီ လိမ်းပေးနေတဲ့ပုံဖြစ်ပါတယ်။အထွေထွေ သတင်း ဓာတ်ပုံ ပထမဆုရ ဘရာဇီး ဓာတ်ပုံဆရာ မာရီစီယိုလီမာရဲ့ လက်ရာပါ။


 ပုံ(၅)- ၂၀၁၄ ခုႏွစ္ မတ္လ ၂၁ ရက္ေန႔က ေတာင္ကာရုိလုိင္းနားျပည္နယ္ ဖုိ႔တ္ဂ်က္ဆင္ အေျခခံ စစ္ေရးေလ့က်င့္မႈ စင္တာမွာ အသက္ ၂၁ ႏွစ္အရြယ္ အငယ္တန္း တပ္ဖြဲ႕၀င္ အမ်ဳိးသမီး နာတာရွာရူ လိင္ပုိင္းဆုိင္ရာ ေစာ္ကား တုိက္ခုိက္ခံခဲ့ရပါတယ္။ အေမရိကန္ ဓာတ္ပုံ သတင္းေထာက္ အမ်ဳိးသမီး မာရီအက္ဖ္ကယ္ဗက္က ဒီ အျဖစ္အပ်က္နဲ႔ ပတ္သက္ၿပီး အခု ဓာတ္ပုံကုိ ရုိက္ကူးခဲ့တာပါ။

ပုံ(၅)- ၂၀၁၄ ခုနှစ် မတ်လ ၂၁ ရက်နေ့က တောင်ကာရိုလိုင်းနားပြည်နယ် ဖို့တ်ဂျက်ဆင် အခြေခံ စစ်ရေးလေ့ကျင့်မှု စင်တာမှာ အသက် ၂၁ နှစ်အရွယ် အငယ်တန်း တပ်ဖွဲ့ဝင် အမျိုးသမီး နာတာရှာရူ လိင်ပိုင်းဆိုင်ရာ စော်ကား တိုက်ခိုက်ခံခဲ့ရပါတယ်။ အမေရိကန် ဓာတ်ပုံ သတင်းထောက် အမျိုးသမီး မာရီအက်ဖ်ကယ်ဗက်က ဒီ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး အခု ဓာတ်ပုံကို ရိုက်ကူးခဲ့တာပါ။


 ပုံ(၆) - ၂၀၁၅ ခုႏွစ္ ႏုိ၀င္ဘာ ၆ ရက္ေန႔က ၾသစေၾတးလ်ႏုိင္ငံ ဆစ္ဒနီၿမိဳ႕က ဘြန္ဒီကမ္းေျခေပၚကုိ ဆူနာမီလႈိင္းလုံးပုံ တိမ္စုိင္ အုပ္မုိးခဲ့တာကုိ ၾသစေၾတးလ် ဓာတ္ပုံဆရာ ရုိဟန္ကယ္လီက ရုိက္ကူးခဲ့တာပါ။

ပုံ(၆) - ၂၀၁၅ ခုနှစ် နို၀င်ဘာ ၆ ရက်နေ့က သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့က ဘွန်ဒီကမ်းခြေပေါ်ကို ဆူနာမီလှိုင်းလုံးပုံ တိမ်စိုင် အုပ်မိုးခဲ့တာကို သြစတြေးလျ ဓာတ်ပုံဆရာ ရိုဟန်ကယ်လီက ရိုက်ကူးခဲ့တာပါ။



 ပုံ(၇)- ၂၀၁၅ ခုႏွစ္ ေအာက္တုိဘာလ ၇ ရက္ေန႔မွာ ဆားဘီးယားႏုိင္ငံ ပရီစီဗုိၿမိဳ႕က ေရႊ႕ေျပာင္းဒုကၡသည္စခန္းမွာ မွတ္ပုံတင္စာရင္းသြင္းဖုိ႔ တန္းစီေစာင့္ဆုိင္းေနတဲ့ မုိးကာအက်ၤ ီနဲ႔ ကေလးငယ္ပုံကုိ ဆလုိေဗးနီးယား ဓာတ္ပုံဆရာ မာတစ္ေဇာမန္းက ရုိက္ကူးခဲ့တာပါ။

ပုံ(၇)- ၂၀၁၅ ခုနှစ် အောက်တိုဘာလ ရ ရက်နေ့မှာ ဆားဘီးယားနိုင်ငံ ပရီစီဗိုမြို့က ရွှေ့ပြောင်းဒုက္ခသည်စခန်းမှာ မှတ်ပုံတင်စာရင်းသွင်းဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ မိုးကာအကျင်္ ီနဲ့ ကလေးငယ်ပုံကို ဆလိုဗေးနီးယား ဓာတ်ပုံဆရာ မာတစ်ဇောမန်းက ရိုက်ကူးခဲ့တာပါ။



 ပုံ(၈)- ၂၀၁၅ ခုႏွစ္ ေဖေဖာ္၀ါရီ ၈ ရက္ေန႔မွာ အေမရိကန္ႏုိင္ငံ ေကာ္လုိရာဒုိျပည္နယ္မွာ က်င္းပတဲ့ FIS ကမာၻ႔ခ်န္ပီယံရွစ္ၿပဳိင္ပြဲ ေတာင္ဆင္းႏွင္းေလွ်ာစီးပြဲစဥ္ က်င္းပေနတုန္း ခ်က္ႏုိင္ငံက ႏွင္းေလွ်ာစီးသမား ဖရုိဖရဲ ျဖစ္သြားတဲ့ပုံပါ။ ၾသစႀတီးယားဓာတ္ပုံဆရာ ၀ါဂရမ္က ဒီပုံနဲ႔ အားကစားဓာတ္ပုံဆု ရခဲ့ပါတယ္။

ပုံ(၈)- ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့မှာ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်မှာ ကျင်းပတဲ့ FIS ကမ္ဘာ့ ချန်ပီယံရှစ်ပြိုင်ပွဲ တောင်ဆင်း နှင်းလျှောစီး ပွဲစဉ် ကျင်းပနေတုန်း ချက်နိုင်ငံက နှင်းလျှောစီးသမား ဖရိုဖရဲ ဖြစ်သွားတဲ့ပုံပါ။ သြစတြီးယား ဓာတ်ပုံဆရာ ၀ါဂရမ်က ဒီပုံနဲ့ အားကစားဓာတ်ပုံဆု ရခဲ့ပါတယ်။




၂၀၁၆ ခုႏွစ္ ကမာၻ႔ သတင္းဓာတ္ပုံၿပဳိင္ပြဲ ဆုရ ဓာတ္ပုံမ်ား

၂၀၁၆ ခုႏွစ္ ကမာၻ႔ သတင္းဓာတ္ပုံ ၿပဳိင္ပြဲမွာ ဆားဘီးယားနယ္စပ္ကေန ဟန္ေဂရီ နယ္စပ္ကုိ ျဖတ္ေက်ာ္ ၀င္ေရာက္ေနတဲ့ ေရႊ႕ေျပာင္း ဒုကၡသည္ေတြကုိ ရုိက္ကူးထားတဲ့ ၾသစေၾတးလ် ဓာတ္ပုံဆရာ ၀ါရင္းရစ္ခ်က္ဆန္ရဲ႕ ပုံက တစ္ႏွစ္တာ အေကာင္းဆုံးဆု ဆြတ္ခူးခဲ့ပါတယ္။
၅၉ ႀကိမ္ေျမာက္ ကမာၻ႔ သတင္းဓာတ္ပုံၿပဳိင္ပြဲမွာ ဓာတ္ပုံဆရာ ၅၇၇၅ ဦး ရုိက္ကူးခဲ့တဲ့ ဓာတ္ပုံ ၈၂၉၅၁ ပုံထဲကေန က႑အလုိက္ အေကာင္းဆုံးဆုေတြ ေရြးခ်ယ္ခဲ့တာပါ။ ၀ါရင္းရစ္ခ်က္ဆန္ဟာ ဟန္ေဂရီႏုိင္ငံ ဘူတာပက္ၿမိဳ႕မွာ အေျခစုိက္တဲ့ အလြတ္တန္း ဓာတ္ပုံဆရာတစ္ဦးျဖစ္ပါတယ္။
သူဟာ ဓာတ္ပုံရုိက္ရဖုိ႔အတြက္ ဆားဘီးယား-ဟန္ေဂရီ နယ္စပ္က ဒုကၡသည္ စခန္းမွာ ငါးရက္ေနခဲ့ၿပီး ရဲေတြနဲ႔ ေၾကာင္နဲ႔ၾကြက္လုပ္တုိင္း ကစားရသလုိ ေျပးလႊား ပုန္းေအာင္းခဲ့ရပါတယ္။ အဲဒီဓာတ္ပုံ ရုိက္ကူးခဲ့တဲ့ အခ်ိန္မွာ မနက္ ၃နာရီထုိးေနၿပီး ေတာ္ေတာ္လည္း ေမာေနၿပီလုိ႔ ၀ါရင္းရစ္ခ်က္ဆန္က ေျပာပါတယ္။ ရဲေတြက ဒုကၡသည္ေတြကုိ ရွာေဖြေနတဲ့အခ်ိန္ျဖစ္လုိ႔ သူ႔အေနနဲ႔ Flash မဖြင့္ဘဲ လေရာင္နဲ႔ ရုိက္ကူးခဲ့တာလုိ႔ သိရပါတယ္။
ကမာၻ႔ သတင္းဓာတ္ပုံၿပဳိင္ပြဲမွာ ေနာက္ဆုံးရ သတင္းမ်ား၊ မ်က္ေမွာက္ေခတ္ အေရး၊ ေန႔စဥ္ဘ၀၊ အေထြေထြ သတင္း၊ ႏွစ္ရွည္ စီမံကိန္း၊ သဘာ၀ေရးရာ၊ လူသားဆုိင္ရာနဲ႔ အားကစားဆုိတဲ့ က႑ ၈ ခုခြဲၿပီး ဆုေပးအပ္ခဲ့တာပါ။
မူရင္းသတင္းလင့္ခ္ -http://www.worldpressphoto.org/collection/photo/2016
Ref : worldpressphoto.org
Nz (ရိုးရာေလး)
www.yoyarlay.com
(Unicode version)
၂၀၁၆ ခုနှစ် ကမ္ဘာ့ သတင်းဓာတ်ပုံပြိုင်ပွဲ ဆုရ ဓာတ်ပုံများ
၂၀၁၆ ခုနှစ် ကမ္ဘာ့ သတင်းဓာတ်ပုံ ပြိုင်ပွဲမှာ ဆားဘီးယားနယ်စပ်ကနေ ဟန်ဂေရီ နယ်စပ်ကို ဖြတ်ကျော် ၀င်ရောက်နေတဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေကို ရိုက်ကူးထားတဲ့ သြစတြေးလျ ဓာတ်ပုံဆရာ ၀ါရင်းရစ်ချက်ဆန်ရဲ့ ပုံက တစ်နှစ်တာ အကောင်းဆုံးဆု ဆွတ်ခူးခဲ့ပါတယ်။
၅၉ ကြိမ်မြောက် ကမ္ဘာ့ သတင်းဓာတ်ပုံပြိုင်ပွဲမှာ ဓာတ်ပုံဆရာ ၅၇၇၅ ဦး ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံ ၈၂၉၅၁ ပုံထဲကနေ ကဏ္ဍအလိုက် အကောင်းဆုံးဆုတွေ ရွေးချယ်ခဲ့တာပါ။ ၀ါရင်းရစ်ချက်ဆန်ဟာ ဟန်ဂေရီနိုင်ငံ ဘူတာပက်မြို့မှာ အခြေစိုက်တဲ့ အလွတ်တန်း ဓာတ်ပုံဆရာတစ်ဦးဖြစ်ပါတယ်။
သူဟာ ဓာတ်ပုံရိုက်ရဖို့အတွက် ဆားဘီးယား-ဟန်ဂေရီ နယ်စပ်က ဒုက္ခသည် စခန်းမှာ ငါးရက်နေခဲ့ပြီး ရဲတွေနဲ့ ကြောင်နဲ့ကြွက်လုပ်တိုင်း ကစားရသလို ပြေးလွှား ပုန်းအောင်းခဲ့ရပါတယ်။ အဲဒီဓာတ်ပုံ ရိုက်ကူးခဲ့တဲ့ အချိန်မှာ မနက် ၃နာရီထိုးနေပြီး တော်တော်လည်း မောနေပြီလို့ ၀ါရင်းရစ်ချက်ဆန်က ပြောပါတယ်။ ရဲတွေက ဒုက္ခသည်တွေကို ရှာဖွေနေတဲ့အချိန်ဖြစ်လို့ သူ့အနေနဲ့ Flash မဖွင့်ဘဲ လရောင်နဲ့ ရိုက်ကူးခဲ့တာလို့ သိရပါတယ်။
ကမ္ဘာ့ သတင်းဓာတ်ပုံပြိုင်ပွဲမှာ နောက်ဆုံးရ သတင်းများ၊ မျက်မှောက်ခေတ် အရေး၊ နေ့စဉ်ဘဝ၊ အထွေထွေ သတင်း၊ နှစ်ရှည် စီမံကိန်း၊ သဘာဝရေးရာ၊ လူသားဆိုင်ရာနဲ့ အားကစားဆိုတဲ့ ကဏ္ဍ ၈ ခုခွဲပြီး ဆုပေးအပ်ခဲ့တာပါ။
မူရင်းသတင်းလင့်ခ် -http://www.worldpressphoto.org/collection/photo/2016
Ref : worldpressphoto.org
Nz (ရိုးရာလေး)
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment