
play

play

Credit - Duwun
.........
 နိုင်ငံခြားသား အလုပ်သမား ခေါ်ယူမှုအားလုံး မလေးရှား ရပ်ဆိုင်း

မလေးရှားနိုင်ငံမှာ နိုင်ငံရပ်ခြားမှ ရွှေ့ပြောင်း အလုပ်သမား ၂.၁ သန်းရှိကြောင်း တရားဝင် စာရင်းများအရ သိရပါတယ်။မလေးရှားအစိုးရက နိုင်ငံခြားသား အလုပ်သမား တရားဝင်ခေါ်ယူမှု အားလုံးကို ရပ်ဆိုင်းထားမယ်လို့ ကြေညာလိုက်ပါတယ်။ မလေးရှား ဒုတိယဝန်ကြီးချုပ် အာမက် ဇဟစ်ဒ် ဟမ်မီဒီက ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံခြားမှ အလုပ်သမား ခေါ်ယူမှုအားလုံးကို ရပ်ဆိုင်းထားရန် အစိုးရက ဆုံးဖြတ်လိုက်ကြောင်း ဖေဖေါ်ဝါရီ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။ မလေးရှား လုပ်ငန်းရှင်အားလုံးကို ပြည်တွင်း အလုပ်သမားများ ခန့်ထားရန် တိုက်တွန်းသွားမယ်လို့ ၎င်းက ဆိုပါတယ်။
play
ကွာလာလမ်ပူရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုမှ နိုင်ငံခြားသား အလုပ်သမားများ ဘတ်စ်ကားပေါ်တက်ရန် တန်းစီစောင့်ဆိုင်းနေစဉ်

အစောပိုင်းက မလေးရှားနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ် အလုပ်သမာ ၁.၅ သန်း ခေါ်ယူဖို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ရစ်ချတ်ဒ် ရုတ်ဒ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အဆိုပါ သတင်းမှာ မဟုတ်မှန်ကြောင်း ပြောကြားခဲ့ပါတယ်။
play
မလေးရှားနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် တွေ့ရသည့် နိုင်ငံခြားသား အလုပ်သမားများ

မလေးရှားနိုင်ငံမှာ နိုင်ငံရပ်ခြားမှ ရွှေ့ပြောင်း အလုပ်သမား ၂.၁ သန်းရှိကြောင်း တရားဝင် စာရင်းများအရ သိရပါတယ်။Credit - Duwun
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment