![]() |
ဆီးရီးယားႏုိင္ငံတြင္းက စစ္ေျမျပင္။ |
ဒီသေဘာတူညီခ်က္ဟာ မိမိတို႔ ေစာင့္ဆိုင္းေနတဲ့ ျဖစ္ထြန္း တိုးတက္မႈ ျဖစ္ႏုိင္ဖြယ္ ရွိပါတယ္လုိ႔ Munic သေဘာတူညီခ်က္ရခဲ့တဲ့ ဂ်ာမနီႏုိင္ငံမွာလုပ္တဲ့ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ အစည္းအေ၀းရဲ႕သဘာပတိ Jan Egeland ကေျပာပါတယ္။
ဆီးရီးယားအက်ပ္အတည္းအတြက္ အေျဖရွာတဲ့လမ္းေၾကာင္းမွာ အေရးႀကီးတဲ့ အဆင့္ျဖစ္တယ္လုိ႔ တူရကီႏုိင္ငံျခားေရး၀န္ႀကီး Mevlut Cavusoglu က ဒီကေန႔ Twitter မွာေရးပါတယ္။
ဒါေပမဲ့လည္း ကမာၻ႔အင္အားႀကီးႏိုင္ငံေတြအေနနဲ႔ သူတို႔ရဲ႕တပ္ဖြဲ႔ေတြကို ဆီးရီးယားက ေျမျပင္တိုက္ပြဲ တခုခုမွာ ပါ၀င္ဖို႔ လုပ္မွာမ်ဳိး ကိုေတာ့ ႐ုရွားႏုိင္ငံျခားေရး ၀န္ႀကီး Dmitry Medvedev က သတိေပး ထားပါတယ္။ ေျမျပင္စစ္ဆင္ေရးဟာ အားလံုးကို စစ္ပြဲတပြဲ ထဲ ဆြဲေခၚသြားလိမ့္မယ္လုိ႔ ဒီကေန႔ ထုတ္ျပန္ခ်က္တခုထဲမွာ ႐ုရွားႏုိင္ငံျခားေရး၀န္ႀကီးက ေျပာထားတာပါ။
တိုက္ခိုက္မႈေတြ ရပ္ဆိုင္းမယ့္ကိစၥဟာ IS ၊ Al-Nusra တပ္ဦးအပါအ၀င္ အၾကမ္းဖက္၀ါဒ ကိုင္စြဲတဲ့ တျခားအဖြဲ႔ေတြနဲ႔ေတာ့ မဆိုင္ဘူးလို႔ ၀န္ႀကီးကယ္ရီ က ျမဴးနစ္ၿမိဳ႕မွာ သတင္းေထာက္ေတြကိုေျပာပါတယ္။
တိုက္ခိုက္မႈေတြ ေရရွည္မွာ ေလ်ာ့က်သြားေအာင္ လုပ္ဖို႔ စံပံုစံေတြကို ေလ့လာ ဆန္းစစ္ေရး အေမရိကန္နဲ႔႐ုရွားတို႔ ပူးတြဲဥကၠ႒အျဖစ္ တာ၀န္ယူထားတဲ့ ၁၇ ႏုိင္ငံပါ ဆီးရီးယား အေထာက္အကူျပဳေရး ႏုိင္ငံတကာအဖြဲ႔က လုပ္ေဆာင္သြားမယ္လို႔ ၀န္ႀကီးကယ္ရီကေျပာပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.......
ဆီးရီးယားနိုင်ငံတွင်းက စစ်မြေပြင်။
ဆီးရီးယားနိုင်ငံမှာ တိုက်ခိုက်တာတွေ ရပ်ဆိုင်းရေးကို သီတင်းတပတ်အချိန်အတွင်း စတင်ဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အကြား သဘောတူထားပြီလို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန် ကယ်ရီကပြောပါတယ်။
ဒီသဘောတူညီချက်ဟာ မိမိတို့ စောင့်ဆိုင်းနေတဲ့ ဖြစ်ထွန်း တိုးတက်မှု ဖြစ်နိုင်ဖွယ် ရှိပါတယ်လို့ Munic သဘောတူညီချက်ရခဲ့တဲ့ ဂျာမနီနိုင်ငံမှာလုပ်တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အစည်းအဝေးရဲ့သဘာပတိ Jan Egeland ကပြောပါတယ်။
ဆီးရီးယားအကျပ်အတည်းအတွက် အဖြေရှာတဲ့လမ်းကြောင်းမှာ အရေးကြီးတဲ့ အဆင့်ဖြစ်တယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ဒီကနေ့ Twitter မှာရေးပါတယ်။
ဒါပေမဲ့လည်း ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအနေနဲ့ သူတို့ရဲ့တပ်ဖွဲ့တွေကို ဆီးရီးယားက မြေပြင်တိုက်ပွဲ တခုခုမှာ ပါ၀င်ဖို့ လုပ်မှာမျိုး ကိုတော့ ရုရှားနိုင်ငံခြားရေး ၀န်ကြီး Dmitry Medvedev က သတိပေး ထားပါတယ်။ မြေပြင်စစ်ဆင်ရေးဟာ အားလုံးကို စစ်ပွဲတပွဲ ထဲ ဆွဲခေါ်သွားလိမ့်မယ်လို့ ဒီကနေ့ ထုတ်ပြန်ချက်တခုထဲမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောထားတာပါ။
တိုက်ခိုက်မှုတွေ ရပ်ဆိုင်းမယ့်ကိစ္စဟာ IS ၊ Al-Nusra တပ်ဦးအပါအဝင် အကြမ်းဖက်ဝါဒ ကိုင်စွဲတဲ့ တခြားအဖွဲ့တွေနဲ့တော့ မဆိုင်ဘူးလို့ ၀န်ကြီးကယ်ရီ က မြူးနစ်မြို့မှာ သတင်းထောက်တွေကိုပြောပါတယ်။
တိုက်ခိုက်မှုတွေ ရေရှည်မှာ လျော့ကျသွားအောင် လုပ်ဖို့ စံပုံစံတွေကို လေ့လာ ဆန်းစစ်ရေး အမေရိကန်နဲ့ရုရှားတို့ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ၁၇ နိုင်ငံပါ ဆီးရီးယား အထောက်အကူပြုရေး နိုင်ငံတကာအဖွဲ့က လုပ်ဆောင်သွားမယ်လို့ ၀န်ကြီးကယ်ရီကပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
0 comments:
Post a Comment