![]() |
Pakistan မွာ လံုျခံဳေရးတင္းက်ပ္။ (ဇန္နဝါရီ ၂၁၊ ၂၀၁၆) |
Musanna လို႔လည္းသိၾကတဲ့ Farooq Bhatti အပါအ၀င္ စစ္ေသြးႂကြ ၉၇ ေယာက္ကို ဖမ္းလိုက္တယ္လုိ႔ ပါကစၥတန္စစ္ဘက္ ေျပာခြင့္ရ ဒုတိယဗိုလ္ခ်ဳပ္ႀကီး Asim Bajwa ကေျပာပါတယ္။ အဲဒီလူဟာ အိႏိၵယ တိုက္ငယ္ အယ္လ္-ကိုင္းဒါးအဖြဲ႔ (AQIS) ရဲ႕ ဒုတိယအႀကီးအကဲျဖစ္ပါတယ္။ ဒါ့အျပင္ အဖြဲ႔ကို ဘ႑ာေငြေၾကးေထာက္ပံ့သူ ၁၂ ေယာက္နဲ႔ ေဖာက္ခြဲေရးပစၥည္းဆိုင္ရာ ကၽြမ္းက်င္သူ ၁၅ ေယာက္ကိုလည္း ဖမ္းလိုက္တာပါ။ ဒီ အယ္လ္-ကိုင္းဒါးအဖြဲ႔ခြဲရဲ႕ ေခါင္းေဆာင္ကေတာ့ အာဖဂန္နစၥတန္မွာ ေရာက္ေနတယ္လုိ႔ Bajwa ကေျပာပါတယ္။
တရားမ၀င္ေၾကညာထားတဲ့ Lashkar e Jhangvi (LeJ) စစ္ေသြးႂကြအဖြဲ႔ရဲ႕ အႀကီးတန္းေခါင္းေဆာင္ေတြကိုလည္း လက္လုပ္ ေဖာက္ခြဲေရးပစၥည္း (IED) ဆိုင္ရာ ကၽြမ္းက်င္သူ ၁၀ ဦး၊ အေသခံဗံုးခြဲသူ ေျခာက္ဦးနဲ႔အတူ ပါကစၥတန္က ဖမ္းလိုက္တယ္ လို႔ ဒုဗိုလ္ခ်ဳပ္ႀကီး Bajwa ကေျပာပါတယ္။
ဒီအဖြဲ႔ဟာ ပါကစၥတန္ႏုိင္ငံ တ၀န္းမွာ တိုက္ခိုက္မႈေတြလုပ္ဖို႔ AQIS အဖြဲ႔နဲ႔အတူ စီစဥ္ေနၿပီး ပါကစၥတန္ တာလီဘန္ေတြဆီကေန အေထာက္အပံ့ရေနတဲ့ အခ်ိတ္အဆက္တခုကုိလည္း ထူေထာင္ထားပါတယ္။
တျခားဖမ္းဆီးလိုက္သူေတြထဲမွာ တိုက္ခုိက္မႈေတြလုပ္တဲ့အခါ သံုးေလ့ရွိတဲ့ လူအစုအဖြဲ႔ထဲက စစ္ေသြးႂကြ ၄၇ ေယာက္ ပါ၀င္ပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...........
Pakistan မှာ လုံခြုံရေးတင်းကျပ်။ (ဇန်နဝါရီ ၂၁၊ ၂၀၁၆)
တောင်အာရှဒေသက အယ်လ်-ကိုင်းဒါးအဖွဲ့ရဲ့ အဓိကွန်ယက် တခုကို ခြေမှုန်း လိုက်သလို အမေရိကန်သတင်းထောက် Daniel Pearl ကိုသတ်မှုမှာ ပါ၀င်တဲ့ လူတယောက်ကို ထောင်ဖောက်ပြီးထုတ်ဖို့ အကြံအစည်ကိုလည်း တားဆီး လိုက်တယ်လို့ ပါကစ္စတန် က ကြေညာပါတယ်။
Musanna လို့လည်းသိကြတဲ့ Farooq Bhatti အပါအဝင် စစ်သွေးကြွ ၉၇ ယောက်ကို ဖမ်းလိုက်တယ်လို့ ပါကစ္စတန်စစ်ဘက် ပြောခွင့်ရ ဒုတိယဗိုလ်ချုပ်ကြီး Asim Bajwa ကပြောပါတယ်။ အဲဒီလူဟာ အိန္ဒိယ တိုက်ငယ် အယ်လ်-ကိုင်းဒါးအဖွဲ့ (AQIS) ရဲ့ ဒုတိယအကြီးအကဲဖြစ်ပါတယ်။ ဒါ့အပြင် အဖွဲ့ကို ဘဏ္ဍာငွေကြေးထောက်ပံ့သူ ၁၂ ယောက်နဲ့ ဖောက်ခွဲရေးပစ္စည်းဆိုင်ရာ ကျွမ်းကျင်သူ ၁၅ ယောက်ကိုလည်း ဖမ်းလိုက်တာပါ။ ဒီ အယ်လ်-ကိုင်းဒါးအဖွဲ့ခွဲရဲ့ ခေါင်းဆောင်ကတော့ အာဖဂန်နစ္စတန်မှာ ရောက်နေတယ်လို့ Bajwa ကပြောပါတယ်။
တရားမဝင်ကြေညာထားတဲ့ Lashkar e Jhangvi (LeJ) စစ်သွေးကြွအဖွဲ့ရဲ့ အကြီးတန်းခေါင်းဆောင်တွေကိုလည်း လက်လုပ် ဖောက်ခွဲရေးပစ္စည်း (IED) ဆိုင်ရာ ကျွမ်းကျင်သူ ၁၀ ဦး၊ အသေခံဗုံးခွဲသူ ခြောက်ဦးနဲ့အတူ ပါကစ္စတန်က ဖမ်းလိုက်တယ် လို့ ဒုဗိုလ်ချုပ်ကြီး Bajwa ကပြောပါတယ်။
ဒီအဖွဲ့ဟာ ပါကစ္စတန်နိုင်ငံ တဝန်းမှာ တိုက်ခိုက်မှုတွေလုပ်ဖို့ AQIS အဖွဲ့နဲ့အတူ စီစဉ်နေပြီး ပါကစ္စတန် တာလီဘန်တွေဆီကနေ အထောက်အပံ့ရနေတဲ့ အချိတ်အဆက်တခုကိုလည်း ထူထောင်ထားပါတယ်။
တခြားဖမ်းဆီးလိုက်သူတွေထဲမှာ တိုက်ခိုက်မှုတွေလုပ်တဲ့အခါ သုံးလေ့ရှိတဲ့ လူအစုအဖွဲ့ထဲက စစ်သွေးကြွ ၄၇ ယောက် ပါ၀င်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
0 comments:
Post a Comment