ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ ႏ်ဴကလီးယား၊ တိုက္ခ်င္းပစ္ ဒံုးလက္နက္နဲ႔ ဆိုက္ဘာစြမ္းပကားနဲ႔ ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံရဲ႕ ထိပ္တန္း စံုစမ္းေထာက္လွမ္းေရး အရာရွိေတြက သတိေပးလိုက္ၿပီးတဲ့ေနာက္ တရက္အၾကာမွာ အေမရိကန္ အထက္လႊတ္ေတာ္ဟာ ေျမာက္ကိုရီးယားအစိုးရနဲ႔ သူ႔ကို ႏိုင္ငံျခားက အေထာက္အပံ့ ေပးေနသူေတြနဲ႔ ပူးေပါင္း လုပ္ေဆာင္ေနသူေတြကို ပစ္မွတ္ထားၿပီး ဒဏ္ခတ္ပိတ္ဆို႔မႈတြ ခ်မွတ္မယ့္ ဥပေဒၾကမ္းကို အတည္ျပဳလိုက္ပါတယ္။
မၾကာေသးမီက ႏ်ဴကလီးယား ေဖာက္ခြဲစမ္းသပ္ခဲ့တဲ့အျပင္ တနဂၤေႏြေန႔က တာေ၀းပစ္ ဒံုးလက္နက္ကို ေျမာက္ကိုရီးယားက ျပဳလုပ္ခဲ့တဲ့ေနာက္ ဗုဒဟူးေန႔က အထက္လႊတ္ေတာ္ကေန ေထာက္ခံမဲ ၉၆ မဲ ကန္႔ကြက္မဲမရွိ အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။
အထက္လႊတ္ေတာ္ ႏိုင္ငံျခားဆက္ဆံေရး ေကာ္မတီဥကၠဌ ရီပတ္ဘလစ္ကန္ပါတီ၀င္အမတ္ Bob Corker က ေျမာက္ကိုရီးယားအေပၚ ခ်မွတ္ခဲ့တဲ့ ဆယ္စုႏွစ္ခ်ီရွိတဲ့ အေမရိကန္ေပၚလစီဟာ မေအာင္ျမင္ခဲ့တဲ့အတြက္ ပိုမိုတင္းၾကပ္တဲ့ ဒဏ္ခတ္မႈေတြ ခ်မွတ္ဖို႔လိုတယ္လို႔ ေျပာခဲ့ပါတယ္။
ဥပေဒၾကမ္းမွာ ေျမာက္ကိုရီးယားနဲ႔ ကုန္သြယ္ရာမွာ ဓာတ္သတၱဳေတြနဲ႔ ေျမာက္ကိုရီးယားအစိုးရအတြက္ ေငြမာကို ရရွိေစမယ့္ အျခားလုပ္ငန္းေတြကို ပစ္မွတ္ထားၿပီး၊ ၿပံဳးယမ္းနဲ႔ လုပ္ကိုင္ေဆာင္ရြက္ေနတဲ့ တ႐ုတ္နဲ႔ အျခား အဖြဲ႔အစည္းေတြကိုလည္း ပစ္မွတ္ထားတာ ျဖစ္ပါတယ္။
ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..............
မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယား၊ တိုက်ချင်းပစ် ဒုံးလက်နက်နဲ့ ဆိုက်ဘာစွမ်းပကားနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ ထိပ်တန်း စုံစမ်းထောက်လှမ်းရေး အရာရှိတွေက သတိပေးလိုက်ပြီးတဲ့နောက် တရက်အကြာမှာ အမေရိကန် အထက်လွှတ်တော်ဟာ မြောက်ကိုရီးယားအစိုးရနဲ့ သူ့ကို နိုင်ငံခြားက အထောက်အပံ့ ပေးနေသူတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေသူတွေကို ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွ ချမှတ်မယ့် ဥပဒေကြမ်းကို အတည်ပြုလိုက်ပါတယ်။
မကြာသေးမီက နျူကလီးယား ဖောက်ခွဲစမ်းသပ်ခဲ့တဲ့အပြင် တနင်္ဂနွေနေ့က တာဝေးပစ် ဒုံးလက်နက်ကို မြောက်ကိုရီးယားက ပြုလုပ်ခဲ့တဲ့နောက် ဗုဒဟူးနေ့က အထက်လွှတ်တော်ကနေ ထောက်ခံမဲ ၉၆ မဲ ကန့်ကွက်မဲမရှိ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီဥက္ကဌ ရီပတ်ဘလစ်ကန်ပါတီဝင်အမတ် Bob Corker က မြောက်ကိုရီးယားအပေါ် ချမှတ်ခဲ့တဲ့ ဆယ်စုနှစ်ချီရှိတဲ့ အမေရိကန်ပေါ်လစီဟာ မအောင်မြင်ခဲ့တဲ့အတွက် ပိုမိုတင်းကြပ်တဲ့ ဒဏ်ခတ်မှုတွေ ချမှတ်ဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။
ဥပဒေကြမ်းမှာ မြောက်ကိုရီးယားနဲ့ ကုန်သွယ်ရာမှာ ဓာတ်သတ္တုတွေနဲ့ မြောက်ကိုရီးယားအစိုးရအတွက် ငွေမာကို ရရှိစေမယ့် အခြားလုပ်ငန်းတွေကို ပစ်မှတ်ထားပြီး၊ ပြုံးယမ်းနဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ တရုတ်နဲ့ အခြား အဖွဲ့အစည်းတွေကိုလည်း ပစ်မှတ်ထားတာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
0 comments:
Post a Comment