ေကေဆာင္ စက္မႈဇုန္ ပိတ္သိမ္း၊ ေတာင္ကိုရီးယားႏွင့္ ေျမာက္ကိုရီးယား အၾကား ဆက္ဆံေရး ျပတ္ေတာက္

ေကေဆာင္ စက္မႈဇုန္ အတြင္းရွိ စက္ရံုတစ္ခုအား ေတြ႕ရစဥ္ (ဆင္ဟြာ)
    ဆိုးလ္၊ ေဖေဖာ္ဝါရီ ၁၁ ရက္ (ဆင္ဟြာ)

    ေတာင္ကိုရီးယား (ROK) ႏွင့္ ေျမာက္ကိုရီးယား (DPRK) ႏွစ္ႏိုင္ငံ ပူးေပါင္းလုပ္ေဆာင္ေနသည့္ နယ္စပ္ ေကေဆာင္း (Kaesong) စက္မႈဇုန္ လုပ္ငန္းမ်ားအား ေျမာက္ကိုရီးယား အစိုးရက ရပ္တန္႔လို္က္ၿပီး ႏွစ္ႏိုင္ငံ ဆက္ဆံေရး ျဖတ္ေတာက္ လိုက္သလို စက္မႈဇုန္အတြင္းရွိ ေတာင္ကိုရီးယား ႏိုင္ငံသား အားလံုးကို ေျမာက္ကိုရီးယားက ေဖေဖာ္ဝါရီလ ၁၁ ရက္တြင္ ျပည္ႏွင္ဒဏ္ ေပးလိုက္ေၾကာင္း ေတာင္ကိုရီးယား သတင္းေအဂ်င္စီ ယြန္ဟပ္က ေဖာ္ျပခဲ႔သည္။

ေျမာက္ကိုရီးယား ႏိုင္ငံမွ ၿငိမ္းခ်မ္းစြာ ျပန္လည္ ေပါင္းစည္းေရး ေကာ္မတီ၏ ထုတ္ျပန္ခ်က္တြင္ စက္မႈဇုန္အတြင္းရွိ ေတာင္ကိုရီးယား ႏိုင္ငံသား အားလံုး ေဖေဖာ္ဝါရီလ ၁၁ ရက္ ေဒသစံေတာ္ခ်ိန္ ညေန ၅း၃၀ နာရီတြင္ ေနာက္ဆံုးထား၍ ထြက္ခြာရမည္ ျဖစ္ေၾကာင္းႏွင့္ ေျမာက္ကိုရီးယား နယ္စပ္ၿမိဳ႕ရွိ ေကေဆာင္ စက္မႈဇုန္အား စစ္တပ္ အုပ္ခ်ဳပ္ေရး ဧရိယာအျဖစ္ ေၾကညာလိုက္သည္။

ထိုစက္မႈဇုန္အား ၂၀၀၄ ခုႏွစ္ ဒီဇင္ဘာလတြင္ ကုန္ထုတ္လုပ္မႈမ်ား စတင္ခဲ႔ၿပီး ေျမာက္ကိုရီးယား အလုပ္သမား ၅၄,၀၀၀ ခန္႔ အလုပ္က ရပ္နားရဖြယ္ ရွိသည္။

ေျမာက္ကိုရီးယား၏ ေၾကညာခ်က္အရ လုပ္ငန္းသံုး ကိရိယာမ်ား၊ ပစၥည္းမ်ားႏွင့္ ထုတ္ကုန္မ်ား အပါအဝင္ ေတာင္ကိုရီးယား ကုမၸဏီႏွင့္ ဆက္စပ္သည့္ ေအဂ်င္စီမ်ား၏ ပိုင္ဆိုင္မႈမ်ားအားလံုး လံုးဝ ရပ္တန္႔ ရမည္ ျဖစ္ေၾကာင္းႏွင့္ ျပည္ႏွင္ခံရသည့္ ေတာင္ကိုရီးယား ႏိုင္ငံသားမ်ား၏ ကိုယ္ပိုင္ ပစၥည္းမ်ားႏွင့္ ပိုင္ဆိုင္မႈမ်ားအား ေျမာက္ကိုရီးယား ႏိုင္ငံတြင္ ၿငိမ္းခ်မ္းစြာ ျပန္လည္ ေပါင္းစည္းေရး ေကာ္မတီ၏ စီမံခန္႔ခြဲမႈျဖင့္သာ ျပန္လည္ သယ္ ယူခြင့္ ျပဳမည္ ျဖစ္သည္။

ေကေဆာင္ စက္မႈဇုန္ အနီးရွိ ႏွစ္ႏိုင္ငံ နယ္စပ္အား လံုးဝ ပိတ္လိုက္သလို စက္မႈဇုန္ႏွင့္ ခ်ိတ္ဆက္ထားသည့္ လမ္းေၾကာင္းကိုလည္း ေျမာက္ကိုရီးယားက ပိတ္လိုက္ၿပီ ျဖစ္ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
ကေဆောင် စက်မှုဇုန် အတွင်းရှိ စက်ရုံတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)
    ဆိုးလ်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

    တောင်ကိုရီးယား (ROK) နှင့် မြောက်ကိုရီးယား (DPRK) နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်နေသည့် နယ်စပ် ကေဆောင်း (Kaesong) စက်မှုဇုန် လုပ်ငန်းများအား မြောက်ကိုရီးယား အစိုးရက ရပ်တန့်လို်က်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဖြတ်တောက် လိုက်သလို စက်မှုဇုန်အတွင်းရှိ တောင်ကိုရီးယား နိုင်ငံသား အားလုံးကို မြောက်ကိုရီးယားက ဖေဖော်ဝါရီလ ၁၁ ရက်တွင် ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း တောင်ကိုရီးယား သတင်းအေဂျင်စီ ယွန်ဟပ်က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံမှ ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေး ကော်မတီ၏ ထုတ်ပြန်ချက်တွင် စက်မှုဇုန်အတွင်းရှိ တောင်ကိုရီးယား နိုင်ငံသား အားလုံး ဖေဖော်ဝါရီလ ၁၁ ရက် ဒေသစံတော်ချိန် ညနေ ၅း၃၀ နာရီတွင် နောက်ဆုံးထား၍ ထွက်ခွာရမည် ဖြစ်ကြောင်းနှင့် မြောက်ကိုရီးယား နယ်စပ်မြို့ရှိ ကေဆောင် စက်မှုဇုန်အား စစ်တပ် အုပ်ချုပ်ရေး ဧရိယာအဖြစ် ကြေညာလိုက်သည်။

ထိုစက်မှုဇုန်အား ၂၀၀၄ ခုနှစ် ဒီဇင်ဘာလတွင် ကုန်ထုတ်လုပ်မှုများ စတင်ခဲ့ပြီး မြောက်ကိုရီးယား အလုပ်သမား ၅၄,၀၀၀ ခန့် အလုပ်က ရပ်နားရဖွယ် ရှိသည်။

မြောက်ကိုရီးယား၏ ကြေညာချက်အရ လုပ်ငန်းသုံး ကိရိယာများ၊ ပစ္စည်းများနှင့် ထုတ်ကုန်များ အပါအဝင် တောင်ကိုရီးယား ကုမ္ပဏီနှင့် ဆက်စပ်သည့် အေဂျင်စီများ၏ ပိုင်ဆိုင်မှုများအားလုံး လုံးဝ ရပ်တန့် ရမည် ဖြစ်ကြောင်းနှင့် ပြည်နှင်ခံရသည့် တောင်ကိုရီးယား နိုင်ငံသားများ၏ ကိုယ်ပိုင် ပစ္စည်းများနှင့် ပိုင်ဆိုင်မှုများအား မြောက်ကိုရီးယား နိုင်ငံတွင် ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေး ကော်မတီ၏ စီမံခန့်ခွဲမှုဖြင့်သာ ပြန်လည် သယ် ယူခွင့် ပြုမည် ဖြစ်သည်။

ကေဆောင် စက်မှုဇုန် အနီးရှိ နှစ်နိုင်ငံ နယ်စပ်အား လုံးဝ ပိတ်လိုက်သလို စက်မှုဇုန်နှင့် ချိတ်ဆက်ထားသည့် လမ်းကြောင်းကိုလည်း မြောက်ကိုရီးယားက ပိတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment