ႏုိင္ဂ်ီးရီးယားစစ္တပ္ လူ႔အခြင့္အေရး႐ံုးဖြင့္


ႏုိင္ဂ်ီးရီးယားႏုိင္ငံ ၿမိဳ႕ေတာ္ Abuja မွာရွိတဲ့ စစ္ဌာနခ်ဳပ္မွာ လူ႔အခြင့္အေရး႐ုံးတခု တည္ေထာာင္လုိက္ၿပီျဖစ္ေၾကာင္း စစ္တပ္ ေျပာခြင့္ရပုဂၢဳိလ္ ဗုိလ္မွဴးႀကီး Sani Kukasheka Usman က ေျပာပါတယ္။

ႏုိင္ဂ်ီးရီးယားႏုိင္ငံအတြင္း ဘုိကုိဟာရမ္း အစၥလာမ္မစ္ စစ္ေသြးႂကြေတြနဲ႔ တျခား အၾကမ္းဖက္အဖြဲ႔အစည္းေတြကုိ အစုိးရက တြန္းလွန္ တုိက္ခုိက္မႈေတြ လုပ္ေဆာင္တာမွာ စစ္တပ္အရာရွိေတြအေနနဲ႔ ႏုိင္ငံသားေတြရဲ႕ လူ႔အခြင့္အေရးကုိ ေလးစား လုိက္နာေစဖုိ႔အတြက္ သင္တန္းေတြ ဆက္လက္ ပုိ႔ခ်သြားဖုိ႔ အခုလုိ လူ႔အခြင့္အေရး႐ုံး ဖြင့္ျခင္းျဖစ္တယ္လုိ႔ ဆုိပါတယ္။

Amnesty International ႏုိင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔ႀကီးက ထုတ္ျပန္တဲ့အစီရင္ခံစာအတြင္း ႏုိင္ဂ်ီးရီးယား လူ႔အခြင့္အေရး အေျခအေနေတြအေပၚ စုိးရိမ္ပူပန္ေၾကာင္း ထည့္သြင္း ေဖာ္ျပခဲ့ၿပီးေနာက္ အဖြဲ႔က အဆင့္ျမင့္ အရာရွိေတြနဲ႔ စစ္ဦးစီးခ်ဳပ္ Tukur Buratai တုိ႔ ေတြ႔ဆုံအၿပီးမွာ စစ္တပ္ေျပာခြင့္ရပုဂၢဳိလ္က အဲဒီလုိ ေျပာၾကားလုိက္တာ ျဖစ္ပါတယ္။ ႏုိင္ဂ်ီးရီးယားႏုိင္ငံ ေျမာက္ပုိင္းေဒသေတြမွာ ဘုိကုိဟာရမ္းအဖြဲနဲ႔ ျဖစ္သြားခဲ့တဲ့ တုိက္ပြဲေတြအတြင္း စစ္တပ္အေနနဲ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ အႀကီးအက်ယ္ ခ်ဳိးေဖာက္ခဲ့တယ္ဆုိၿပီး Amnesty ရဲ႕ အစီရင္ခံစာထဲမွာ ေဖာ္ျပထားတာပါ။

ဘုိကုိဟာရမ္းအဖြဲ႔ရဲ႕ တုိက္ခုိက္ျခင္းခံခဲ့ရတဲ့ ေဒသေတြမွာ စစ္တပ္ကလည္း လူ႔အခြင့္အေရး ခ်ဳိးေဖာက္တာေတြ ရွိခဲ့တယ္လုိ႔ ေဒသခံေတြက စြပ္စြဲ ေျပာဆုိၾကတာပါ။ အဲဒီလုိ စြပ္စြဲေျပာဆုိမႈေတြကုိ စစ္တပ္က ပုံမွန္ ျငင္းဆုိေလ့ ရွိပါတယ္။

လူ႔အခြင့္အေရး ခ်ဳိးေဖာက္တယ္လုိ႔ စြပ္စြဲခံရတဲ့ စစ္အရာရွိေတြအေနနဲ႔ အျပစ္ေပး အေရးယူခံရတာမ်ဳိး မရွိဘူးဆုိတဲ့ ေ၀ဖန္ေျပာဆုိမႈေတြ ထြက္ေပၚေနေပမဲ့လည္း ႏုိင္ဂ်ီးရီးယား စစ္တပ္အေနနဲ႔ လူ႔အခြင့္အေရးကုိ ေလးစားလုိက္နာပါတယ္လုိ႔ ေျပာခြင့္ရ ဗုိလ္မွဴးႀကီး Usman က ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

................................................


နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် Abuja မှာရှိတဲ့ စစ်ဌာနချုပ်မှာ လူ့အခွင့်အရေးရုံးတခု တည်ထောာင်လိုက်ပြီဖြစ်ကြောင်း စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး Sani Kukasheka Usman က ပြောပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံအတွင်း ဘိုကိုဟာရမ်း အစ္စလာမ်မစ် စစ်သွေးကြွတွေနဲ့ တခြား အကြမ်းဖက်အဖွဲ့အစည်းတွေကို အစိုးရက တွန်းလှန် တိုက်ခိုက်မှုတွေ လုပ်ဆောင်တာမှာ စစ်တပ်အရာရှိတွေအနေနဲ့ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးကို လေးစား လိုက်နာစေဖို့အတွက် သင်တန်းတွေ ဆက်လက် ပို့ချသွားဖို့ အခုလို လူ့အခွင့်အရေးရုံး ဖွင့်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ထုတ်ပြန်တဲ့အစီရင်ခံစာအတွင်း နိုင်ဂျီးရီးယား လူ့အခွင့်အရေး အခြေအနေတွေအပေါ် စိုးရိမ်ပူပန်ကြောင်း ထည့်သွင်း ဖော်ပြခဲ့ပြီးနောက် အဖွဲ့က အဆင့်မြင့် အရာရှိတွေနဲ့ စစ်ဦးစီးချုပ် Tukur Buratai တို့ တွေ့ဆုံအပြီးမှာ စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ ဘိုကိုဟာရမ်းအဖွဲနဲ့ ဖြစ်သွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ချိုးဖောက်ခဲ့တယ်ဆိုပြီး Amnesty ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာပါ။

ဘိုကိုဟာရမ်းအဖွဲ့ရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ ဒေသတွေမှာ စစ်တပ်ကလည်း လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက စွပ်စွဲ ပြောဆိုကြတာပါ။ အဲဒီလို စွပ်စွဲပြောဆိုမှုတွေကို စစ်တပ်က ပုံမှန် ငြင်းဆိုလေ့ ရှိပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ စွပ်စွဲခံရတဲ့ စစ်အရာရှိတွေအနေနဲ့ အပြစ်ပေး အရေးယူခံရတာမျိုး မရှိဘူးဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်နေပေမဲ့လည်း နိုင်ဂျီးရီးယား စစ်တပ်အနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာပါတယ်လို့ ပြောခွင့်ရ ဗိုလ်မှူးကြီး Usman က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment