Democrat ပါတီတြင္းယွဥ္ၿပိဳင္ Nevada မွာ Hillary Clinton ႏိုင္


အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးေဟာင္း Hillary Clinton ဟာ ဒီမုိကရက္တစ္ပါတီက တုိင္းျပည္အေနာက္ဘက္ျခမ္း Nevada ျပည္နယ္မွာ ပထမဆုံးအႀကိမ္ ဦးေဆာင္ျပဳလုပ္တဲ့ ပါတီတြင္း ေရြးခ်ယ္မႈမွာ Vermont ျပည္နယ္က အထက္လႊတ္ေတာ္အမတ္ Bernie Sanders ကုိ မဲအေရအတြက္ ၅၂% ၊ ၄၈% နဲ႔ အႏုိင္ရရွိလုိက္ၿပီ ျဖစ္ပါတယ္။

တခ်ိဳ႕က ႏုိင္ႏုိင္ပါ့မလားဆုိတဲ့ သံသယ သူတုိ႔အေပၚ ရွိေကာင္း ရွိခဲ့ႏုိင္ေပမဲ့ သူတုိ႔ကေတာ့ ဘယ္တုန္းကမွ သံသယ မရွိခဲ့ဘူးလုိ႔ ေအာ္ဟစ္ ေထာက္ခံသူေတြကုိ Nevada ျပည္နယ္က ပါတီဌာနခ်ဳပ္႐ုံးမွာ Clinton က ေျပာၾကားလုိက္ပါတယ္။ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့တဲ့ အထက္လႊတ္ေတာ္အမတ္ Bernie Sanders ကုိလည္း သူမက ခ်ီးက်ဴး ေျပာၾကားလုိက္ၿပီး ဟုိတယ္၊ ကာစီႏုိေတြမွာ အလုပ္လုပ္ေနၾကသူေတြ၊ ေက်ာင္းသားေတြ၊ မိသားစု၀င္ေတြနဲ႔ တျခား ေထာက္ခံသူေတြကုိပါ Hillary Clinton က သူ႔ရဲ႕ ေအာင္ပြဲခံ မိန္႔ခြန္းထဲမွာ ထည့္သြင္း ေျပာၾကားသြားပါတယ္။

Nevada ျပည္နယ္က ေထာက္ခံသူေတြကုိ Bernie Sanders က ေျပာၾကားတဲ့ မိန္႔ခြန္းထဲမွာေတာ့ - သူတုိ႔အေနနဲ႔ အလုပ္သမား လူတန္းစားေတြနဲ႔ လူငယ္ေတြ အရင္က တခါမွ မႀကံဳဘူးတဲ့ အတုိင္းအတာနဲ႔ ႏုိင္ငံေရးျဖစ္စဥ္ထဲ ပါ၀င္လာေအာင္ စြမ္းေဆာင္ႏုိင္ခဲ့တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

ရီပတ္ဘလီကန္ ပါတီ၀င္ေတြဟာလည္း တုိင္းျပည္ေတာင္ပုိင္းမွာ ပထမဆုံး ျပဳလုပ္တဲ့ Souith Carolina ျပည္ရဲ႕ ပါတီတြင္း ေရြးခ်ယ္မႈေတြမွာ စေနေန႔က မဲေပးခဲ့ၾကတာမွာ မဲရုံေတြပိတ္ခါစ ေဒသစံေတာ္ခ်ိန္ ၈ နာရီ မထုိးခင္အထိ ဘီလီယံနာ သူေဌးႀကီး Donald Trum ထိပ္ကေန ဦးေဆာင္ေနပါတယ္။

South Carolina ျပည္နယ္မွာ က်င္းပမယ့္ ရီပတ္ဘလီကန္ပါတီတြင္း ေရြးခ်ယ္မႈဟာ မတ္လ ၁ ရက္ေန႔မွာ က်င္းပမယ့္ Super Tuesday ေခၚ ျပည္နယ္ေပါင္း ၁၂ ခုမွာ တၿပိဳင္ထဲ က်င္းပမယ့္ ေရြးခ်ယ္မႈေတြ မတုိင္ခင္ ကုိယ္စားလွယ္ေလာင္း အေရအတြက္ ေလ်ာ့က်သြားႏုိင္တယ္လုိ႔ ခန္႔မွန္းထားၾကတာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

...........................................

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ဟာ ဒီမိုကရက်တစ်ပါတီက တိုင်းပြည်အနောက်ဘက်ခြမ်း Nevada ပြည်နယ်မှာ ပထမဆုံးအကြိမ် ဦးဆောင်ပြုလုပ်တဲ့ ပါတီတွင်း ရွေးချယ်မှုမှာ Vermont ပြည်နယ်က အထက်လွှတ်တော်အမတ် Bernie Sanders ကို မဲအရေအတွက် ၅၂% ၊ ၄၈% နဲ့ အနိုင်ရရှိလိုက်ပြီ ဖြစ်ပါတယ်။

တချို့က နိုင်နိုင်ပါ့မလားဆိုတဲ့ သံသယ သူတို့အပေါ် ရှိကောင်း ရှိခဲ့နိုင်ပေမဲ့ သူတို့ကတော့ ဘယ်တုန်းကမှ သံသယ မရှိခဲ့ဘူးလို့ အော်ဟစ် ထောက်ခံသူတွေကို Nevada ပြည်နယ်က ပါတီဌာနချုပ်ရုံးမှာ Clinton က ပြောကြားလိုက်ပါတယ်။ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့တဲ့ အထက်လွှတ်တော်အမတ် Bernie Sanders ကိုလည်း သူမက ချီးကျူး ပြောကြားလိုက်ပြီး ဟိုတယ်၊ ကာစီနိုတွေမှာ အလုပ်လုပ်နေကြသူတွေ၊ ကျောင်းသားတွေ၊ မိသားစုဝင်တွေနဲ့ တခြား ထောက်ခံသူတွေကိုပါ Hillary Clinton က သူ့ရဲ့ အောင်ပွဲခံ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

Nevada ပြည်နယ်က ထောက်ခံသူတွေကို Bernie Sanders က ပြောကြားတဲ့ မိန့်ခွန်းထဲမှာတော့ - သူတို့အနေနဲ့ အလုပ်သမား လူတန်းစားတွေနဲ့ လူငယ်တွေ အရင်က တခါမှ မကြုံဘူးတဲ့ အတိုင်းအတာနဲ့ နိုင်ငံရေးဖြစ်စဉ်ထဲ ပါ၀င်လာအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ရီပတ်ဘလီကန် ပါတီဝင်တွေဟာလည်း တိုင်းပြည်တောင်ပိုင်းမှာ ပထမဆုံး ပြုလုပ်တဲ့ Souith Carolina ပြည်ရဲ့ ပါတီတွင်း ရွေးချယ်မှုတွေမှာ စနေနေ့က မဲပေးခဲ့ကြတာမှာ မဲရုံတွေပိတ်ခါစ ဒေသစံတော်ချိန် ၈ နာရီ မထိုးခင်အထိ ဘီလီယံနာ သူဌေးကြီး Donald Trum ထိပ်ကနေ ဦးဆောင်နေပါတယ်။

South Carolina ပြည်နယ်မှာ ကျင်းပမယ့် ရီပတ်ဘလီကန်ပါတီတွင်း ရွေးချယ်မှုဟာ မတ်လ ၁ ရက်နေ့မှာ ကျင်းပမယ့် Super Tuesday ခေါ် ပြည်နယ်ပေါင်း ၁၂ ခုမှာ တပြိုင်ထဲ ကျင်းပမယ့် ရွေးချယ်မှုတွေ မတိုင်ခင် ကိုယ်စားလှယ်လောင်း အရေအတွက် လျော့ကျသွားနိုင်တယ်လို့ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment