လစ္ဗ်ားႏိုင္ငံတြင္း IS စခန္း ကန္ ဗံုးႀကဲ တိုက္ခိုက္

အေမရိကန္ ဗံုးက်ဲ စစ္ေလယာဥ္။
လစ္ဗ်ားႏုိင္ငံအေနာက္ပိုင္း၊ တူနီးရွားႏုိင္ငံနယ္စပ္က IS စစ္ေသြးႂကြ အစြန္းေရာက္ အဖြဲ႔ရဲ႕ ေလ့က်င့္ေရးစခန္းတခုကို အေမရိကန္ စစ္ေလယာဥ္ေတြက ဒီကေန႔ ဗံုးက်ဲ တိုက္ခိုက္တာမွာ ပစ္မွတ္ကို ထိမွန္ၿပီး အၾကမ္းဖက္ဝါဒကိုင္စြဲတဲ့ အဖြဲ႔ဝင္သစ္ ဒါဇင္ေပါင္းမ်ားစြာ ေသဆံုးပါတယ္။  ဒီေလေၾကာင္းတုိက္ခိုက္မႈအတြင္း IS အဖြဲ႔ရဲ႕ အႀကီးတန္းေခါင္းေဆာင္ျဖစ္သူ Noureddine Chouchane ေသဆံုးသြားဖြယ္ ရွိတယ္လို႔ အေမရိကန္ ကာကြယ္ေရး တာ၀န္ရွိသူေတြက ေျပာပါတယ္။

တူနီးရွားမွာ ၿပီးခဲ့တဲ့ႏွစ္ကျဖစ္ခဲ့တဲ့ အၾကမ္းဖက္ တိုက္ခိုက္မႈႀကီးႏွစ္ခုဟာ အခုေသဆံုးခဲ့တဲ့ ေခါင္းေဆာင္နဲ႔ ဆက္စပ္ေနတယ္လို႔ ေျပာထားတာပါ။ Tunis ၿမိဳ႕က ျပတုိက္ႏွစ္ခုနဲ႔ ၿမိဳ႕ေတာ္အျပင္ဘက္က အပမ္းေျဖကမ္းေျခတခုတို႔ကို တုိက္ခိုက္တာမွာ လူေျခာက္ဆယ္ထက္မနည္း ေသဆံုးခဲ့ပါတယ္။

လစ္ဗ်ားႏုိင္ငံ ေျမထဲပင္လယ္ ကမ္း႐ိုးတန္း Tripoli ၿမိဳ႕ေတာ္ အေနာက္ဘက္ ၇၅ကီလိုမီတာေလာက္အကြာ Sabratha ၿမိဳ႕ျပင္က လယ္တဲအိမ္တလံုးကို အေမရိကန္က ပစ္မွတ္ထား တိုက္ခုိက္တာပါ။ အာ႐ုဏ္မတက္ခင္မွာ လုပ္တဲ့ ေလေၾကာင္းတုိက္ခုိက္မႈမွာ လူ ၄၀ အထိ ေသဆံုးတယ္လို႔ ေဒသတြင္း သတင္းေတြက ေျပာပါတယ္။ ေသဆံုးသူအမ်ားစုဟာ IS အဖြဲ႔ဝင္သစ္ေတြျဖစ္ တယ္လို႔ အမည္မေဖာ္ျပဖို႔ ပန္ၾကားတဲ့ အေမရိကန္ တာဝန္ရွိသူေတြကေျပာပါတယ္။

၂၀၁၁ ခုႏွစ္က လစ္ဗ်ားအာဏာရွင္ မြမ္မာ ဂဒါဖီကိုျဖဳတ္ခ်ၿပီး သတ္လုိက္ၿပီးကတည္းက ဆိုရင္ လစ္ဗ်ားႏုိင္ငံမွာ ႐ုန္းရင္းဆန္ခတ္ နဲ႔ ႏုိင္ငံေရး မတည္မၿငိမ္ အေျခအေနေတြ ျဖစ္ေနတာပါ။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com

....................................


အမေရိကန် ဗုံးကျဲ စစ်လေယာဉ်။
လစ်ဗျားနိုင်ငံအနောက်ပိုင်း၊ တူနီးရှားနိုင်ငံနယ်စပ်က IS စစ်သွေးကြွ အစွန်းရောက် အဖွဲ့ရဲ့ လေ့ကျင့်ရေးစခန်းတခုကို အမေရိကန် စစ်လေယာဉ်တွေက ဒီကနေ့ ဗုံးကျဲ တိုက်ခိုက်တာမှာ ပစ်မှတ်ကို ထိမှန်ပြီး အကြမ်းဖက်ဝါဒကိုင်စွဲတဲ့ အဖွဲ့ဝင်သစ် ဒါဇင်ပေါင်းများစွာ သေဆုံးပါတယ်။  ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း IS အဖွဲ့ရဲ့ အကြီးတန်းခေါင်းဆောင်ဖြစ်သူ Noureddine Chouchane သေဆုံးသွားဖွယ် ရှိတယ်လို့ အမေရိကန် ကာကွယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

တူနီးရှားမှာ ပြီးခဲ့တဲ့နှစ်ကဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြီးနှစ်ခုဟာ အခုသေဆုံးခဲ့တဲ့ ခေါင်းဆောင်နဲ့ ဆက်စပ်နေတယ်လို့ ပြောထားတာပါ။ Tunis မြို့က ပြတိုက်နှစ်ခုနဲ့ မြို့တော်အပြင်ဘက်က အပမ်းဖြေကမ်းခြေတခုတို့ကို တိုက်ခိုက်တာမှာ လူခြောက်ဆယ်ထက်မနည်း သေဆုံးခဲ့ပါတယ်။

လစ်ဗျားနိုင်ငံ မြေထဲပင်လယ် ကမ်းရိုးတန်း Tripoli မြို့တော် အနောက်ဘက် ရ၅ကီလိုမီတာလောက်အကွာ Sabratha မြို့ပြင်က လယ်တဲအိမ်တလုံးကို အမေရိကန်က ပစ်မှတ်ထား တိုက်ခိုက်တာပါ။ အာရုဏ်မတက်ခင်မှာ လုပ်တဲ့ လေကြောင်းတိုက်ခိုက်မှုမှာ လူ ၄၀ အထိ သေဆုံးတယ်လို့ ဒေသတွင်း သတင်းတွေက ပြောပါတယ်။ သေဆုံးသူအများစုဟာ IS အဖွဲ့ဝင်သစ်တွေဖြစ် တယ်လို့ အမည်မဖော်ပြဖို့ ပန်ကြားတဲ့ အမေရိကန် တာဝန်ရှိသူတွေကပြောပါတယ်။

၂၀၁၁ ခုနှစ်က လစ်ဗျားအာဏာရှင် မွမ်မာ ဂဒါဖီကိုဖြုတ်ချပြီး သတ်လိုက်ပြီးကတည်းက ဆိုရင် လစ်ဗျားနိုင်ငံမှာ ရုန်းရင်းဆန်ခတ် နဲ့ နိုင်ငံရေး မတည်မငြိမ် အခြေအနေတွေ ဖြစ်နေတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment