မွေးစားမိဘ၂ဦး မှ သူမအား ပြင်သစ်ကိုခေါ်ဆောင်လာတဲ့အတွက် ပြင်သစ်မှာ ဘဝကြီးပြင်းလာရင်း လက်ရှိဝန်ကြီးတစ်ဦးအနေဖြင့် ၂၀၁၂ ခုနှစ်ကစလို့ ယနေ့ထိ နိုင်ငံတာဝန်တွေကို ထမ်းဆောင်နေပါတယ်။
--
မိမိ၏ အတိတ်ဆိုး ကို မိမိက လက်ခံနေပြီး သိမ်ငယ်စိတ်မျိုးတွေကြောင့်သာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကအရေးပါနေတာပါ ၊အရှုံးမပေးပဲ ကြိုးစားရှင်သန် ခြင်း နှင့် စိတ်ဓာတ်မခိုင်မာပဲ လဲကျသွားတဲ့ သူတွေ မှာ လဲကျသွားသူတွေသာ အရေအတွက် များနေတာတွေ့မြင်ရမှာပါ ။
Lwin Pyin
..........
သူမ အမည်က Fleur Pellerin
သူမ က ပြင်သစ်နိုင်ငံ၏ ယဉ်ကျေးမှု နှင့် ဆက်သွယ်ရေးဆိုင်ရာ ဝန်ကြီးဖြစ်ပါတယ် ။
တောင်ကိုးရီးယားနိုင်ငံရဲ့ ဆိုးလ်မြို့ .... ၁၉၇၃ ခုနှစ် သြဂုတ်လမှာ သူမရဲ့ ကိုးရီးယားမိခင်ရင်းက မွေးပြီး သုံးရက်သမီးအရွယ် အနှီးထုပ်လေးနဲ့ လမ်းမပေါ်မှာ စွန့်ပစ်ထားခံခဲ့ရသူပါ။
မွေးကင်းစ ကလေးလေး Fleur ဟာ ကံကောင်းထောက်မစွာနဲ့ အသက်မသေခဲ့ပဲ ဆိုးလ်မြို့မိဘမဲ့ဂေဟာကိုရောက်ရှိခဲ့ပါတယ် ။ဒါပေမဲ့ လူမမယ် ဘာမှ မသိသေးတဲ့ သူမအတွက် ကံတရားက မျက်နှာသာပေးခြင်းခံခဲ့ရပါတယ် .... ။
သူမ ၆ လသမီးအရွယ်မှာ ပြင်သစ်လူမျိုးဇနီးမောင်နှံက ဂေဟာမှတစ်ဆင့် အမွေစားအမွေခံသမီးအဖြစ် မွေးစားခံခဲ့ရပါတယ် ။
မွေးစားမိဘ၂ဦး မှ သူမအား ပြင်သစ်ကိုခေါ်ဆောင်လာတဲ့အတွက် ပြင်သစ်မှာ ဘဝကြီးပြင််းလာရင်း လက်ရှိဝန်ကြီးတစ်ဦးအနေဖြင့် ၂၀၁၂ ခုနှစ်ကစလို့ ယနေ့ထိ နိုင်ငံတာဝန်တွေကို ထမ်းဆောင်နေပါတယ်။
ပြင်သစ်နိုင်ငံမှာတော့ ၃၀ ကျော် ၊ ၄၀ စွန်းစွန်း အမျိုးသမီးအမတ်တွေ၊ ဝန်ကြီးတွေဟာ ဦးနှောက်တင်မက စတိုင်တွေက စမတ်ကျပြီး၊ လန်းဆန်းတက်ကြွနေတာကို တွေ့မြင်ရမှာပါ ..... ။
ဒီလိုအတုယူဖွယ်ရာ သူမ ကိုကြည့်ရှူ ခြင်းအားဖြင့် သူမ ရဲ့ ငယ်စဉ်ကဖြစ်ခဲ့တဲ့ အတိတ်၁ခု ဟာ လက်ရှိပစ္စုပ္ပန် ဘဝကို လွှမ်းခြုံထားပြီး စိတ်အားငယ်ခြင်း သိမ်ငယ်နေခြင်းတွေ ထဲ မနစ်မွန်း မနစ်မြုပ်ပဲ ကြိုးစားရှင်သန်ခဲ့တာကြောင့်ပါ ၊ သူမ ဒီလို ရပ်တည် ကြိုးစားနိုင်ဖို့အတွက် မွေးစားမိဘ ၂ပါးသာမက ပဲ ကောင်းသော ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း၁ခုကို ပိုင်ဆိုင်ခဲ့ရလို့လည်း ဖြစ်ပါလိမ့်မယ် ။
--
မိမိ၏ အတိတ်ဆိုး ကို မိမိက လက်ခံနေပြီး သိမ်ငယ်စိတ်မျိုးတွေကြောင့်သာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကအရေးပါနေတာပါ ၊အရှံုးမပေးပဲ ကြိုးစားရှင်သန် ခြင်း နှင့် စိတ်ဓာတ်မခိုင်မာပဲ လဲကျသွားတဲ့ သူတွေ မှာ လဲကျသွားသူတွေသာ အရေအတွက် များနေတာတွေ့မြင်ရမှာပါ ။
လဲကျသွားသူတွေထဲ သင်မပါ စေဖို့အတွက် .... သင့် မနက်ဖန် အတွက် သင်ပိုင်ဆိုင်တဲ့ ခြေထောက်၁စုံ နဲ့ အားပြု မတ်တပ်ရပ်ပြီး အနာဂတ် တံခါးများကို ၁ချပ်ခြင်းဖွင့်လှစ်ပါ ၊ တလှမ်းခြင်း လှမ်းလျှောက်ပါ ၊ ပတ်ဝန်းကျင်ကောင်းခြင်း ၊ မကောင်းခြင်း တွေ က သင်လက်ခံတဲ့အပေါ် မူတည်ပါတယ် ။ မကောင်းတဲ့ ပတ်ဝန်းကျင် ဆိုရင် စိတ်ရဲ့ တွန်းအားဖြင့် ပြောင်းလဲပစ်လိုက်ပါ ... ကောင်းတဲ့ပတ်ဝန်းကျင်ဆိုရင် သင့်အတွက် ပိုမိုတိုးတက်စေသော ခွန်အားအဖြစ် အသုံးချပါ ၊ အရေးကြီးတာက သင်ကိုယ်တိုင် စိတ်ဓာတ်ခိုင်မာနေစေဖို့ပါပဲ .... ။
အတိတ်ဆိုးဆိုတာ ထားခဲ့လေလေ ကိုယ်နဲ့ဝေးလေလေပါ။ တချိန်က ပုံရိပ်တခုပါ ၊ လက်ရှိဘဝအောင်မြင်ဖို့အတွက် မေ့ထားခဲ့သင့်တာတွေ မေ့ထားနိုင်ကြပါစေ
(Smart Lady - Bags Gallery)
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment