
ပုံမွာ ျမင္ေတြ႔ရတာကေတာ့ ေဖေဖာ္၀ါရီ ၆ရက္ေန႔က လႈပ္ခတ္ခဲ့တဲ့ ငလ်င္ေၾကာင့္
တ႐ုတ္(တုိင္ေပ)က တကၠသုိလ္ေက်ာင္း သားစုံတြဲ ဖက္လ်က္ ေသဆုံးေနတဲ့ ျမင္ကြင္းပါ။
ျပင္းအား ၆.၄မဂၢနီက်ဴ ႕စ္႐ွိၿပီး ဗဟုိျပဳ ခ်က္ တိမ္တဲ့ ေျမငလ်င္ေၾကာင့္ တ႐ုတ္(တုိင္ေပ)ျမဳိ႕ေတာ္ တုိင္နန္မွာ ေရႊနဂါးအိမ္ယာ၀န္းထဲက ၁၇ ထပ္ တုိက္ျပဳိက်ခဲ့ပါတယ္။
အေဆာက္အဦေအာက္မွာ ပိတ္မိေနသူေတြကုိ ကယ္ဆယ္ေရးလုပ္ခ်ိန္မွာ ကယ္ဆယ္ေရးလုပ္သားေတြက ဖက္လ်က္ေသဆုံးေနတဲ့ တကၠသုိလ္ေက်ာင္းသားစုံတြဲကုိ ျမင္ေတြ႔ခဲ့ပါတယ္။ အေဆာက္အဦျပဳိက်ခ်ိန္မွာ အပ်က္အစီးအပုိင္းအစေတြ ပိမွာစုိးရိမ္တဲ့အတြက္ ေကာင္ေလးက ေကာင္မေလးကုိ ဖက္ၿပီးကာကြယ္ေပးခဲ့တဲ့ အေနအထားပါ။
သူတုိ႔ႏွစ္ဦးက ကြန္႐ွန္းတကၠသုိလ္က ခ်ဳိင္မန္နဲ႔ ေဟာင္ရာအုိ႐ွင္းျဖစ္တယ္လုိ႔ cctv သတင္း ဌာနက ေဖာ္ျပပါတယ္။
ငလ်င္ဒဏ္ခံစားရခ်ိန္မွာ သူတုိ႔ႏွစ္ဦးက တင္းတင္းၾကပ္ၾကပ္ေပြ႔ဖက္ထားတဲ့အတြက္ လူခ်င္းျပန္ခြဲဖုိ႔ ခက္ခက္ခဲခဲ ၾကဳိးစားခဲ့ရပါတယ္။
သူတုိ႔ႏွစ္ေယာက္ကုိ ေတြ႔ခ်ိန္မွာ စိတ္ထိခုိက္လြန္းလုိ႔ ကယ္ဆယ္ေရးလုပ္သားေတြ မ်က္ရည္က်ခဲ့ၾကပါတယ္။ တ႐ုတ္တုိင္ေပ ငလ်င္ေၾကာင့္ ေသဆုံးသူ ၆၂ဦး႐ွိလာခဲ့ၿပီး ေပ်ာက္ဆုံးေနသူ ၆၂ ဦးကုိ ကယ္တင္ႏုိင္ဖုိ႔ ေမွ်ာ္လင့္ခ်က္နည္းေနၿပီလုိ႔ cctv သတင္း ဌာနက ေဖာ္ျပပါတယ္။
Photo Credit-cctv
Ref: cctv
Nz (႐ုိးရာေလး)
www.yoyarlay.com
.........
သေသည့်တိုင် ချစ်ခဲ့တဲ့ စုံတွဲ
ဒီပုံလေးကို မြင်ရချိန်မှာ ဦးဆုံးသတိရမိတာကကိုဂရေဟမ် သီဆိုထားတဲ့သေသည့်တိုင်အောင် ချစ်နေမယ်ဆိုတဲ့ သီချင်းစာသားလေးပါပဲ။ သူတို့နှစ်ယောက် သေသည့်တိုင် ချစ်ခဲ့ကြပါတယ်။
ပုံမှာ မြင်တွေ့ရတာကတော့ ဖေဖော်ဝါရီ ၆ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့်
တရုတ်(တိုင်ပေ)က တက္ကသိုလ်ကျောင်း သားစုံတွဲ ဖက်လျက် သေဆုံးနေတဲ့ မြင်ကွင်းပါ။
ပြင်းအား ၆.၄မဂ္ဂနီကျူ ့စ်ရှိပြီး ဗဟိုပြု ချက် တိမ်တဲ့ မြေငလျင်ကြောင့် တရုတ်(တိုင်ပေ)မြို့တော် တိုင်နန်မှာ ရွှေနဂါးအိမ်ယာဝန်းထဲက ၁၇ ထပ် တိုက်ပြိုကျခဲ့ပါတယ်။
အဆောက်အဦအောက်မှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးလုပ်ချိန်မှာ ကယ်ဆယ်ရေးလုပ်သားတွေက ဖက်လျက်သေဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသားစုံတွဲကို မြင်တွေ့ခဲ့ပါတယ်။ အဆောက်အဦပြိုကျချိန်မှာ အပျက်အစီးအပိုင်းအစတွေ ပိမှာစိုးရိမ်တဲ့အတွက် ကောင်လေးက ကောင်မလေးကို ဖက်ပြီးကာကွယ်ပေးခဲ့တဲ့ အနေအထားပါ။
သူတို့နှစ်ဦးက ကွန်ရှန်းတက္ကသိုလ်က ချိုင်မန်နဲ့ ဟောင်ရာအိုရှင်းဖြစ်တယ်လို့ cctv သတင်း ဌာနက ဖော်ပြပါတယ်။
ငလျင်ဒဏ်ခံစားရချိန်မှာ သူတို့နှစ်ဦးက တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားတဲ့အတွက် လူချင်းပြန်ခွဲဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။
သူတို့နှစ်ယောက်ကို တွေ့ချိန်မှာ စိတ်ထိခိုက်လွန်းလို့ ကယ်ဆယ်ရေးလုပ်သားတွေ မျက်ရည်ကျခဲ့ကြပါတယ်။ တရုတ်တိုင်ပေ ငလျင်ကြောင့် သေဆုံးသူ ၆၂ဦးရှိလာခဲ့ပြီး ပျောက်ဆုံးနေသူ ၆၂ ဦးကို ကယ်တင်နိုင်ဖို့ မျှော်လင့်ချက်နည်းနေပြီလို့ cctv သတင်း ဌာနက ဖော်ပြပါတယ်။
Photo Credit-cctv
Ref: cctv
Nz (ရိုးရာလေး)
www.yoyarlay.com
0 comments:
Post a Comment