မိခင္အရင္း၏လည္ပင္းကို ဓားျဖင့္ခုတ္ျဖတ္ေသာသား



ၿပီးခဲ့တဲ့ ေဖေဖၚဝါရီလ ၁၈ ရက္ေန႔ ၂၀၁၆ခုႏွစ္ ညပိုင္းမွာ ရေယာင္းခရိုင္ ရေယာင္းၿမိဳ႕ ကလိုင္ရပ္ကြက္မွာလူသတ္မႈတစ္ခု ျဖစ္ပြားခဲ့ပါတယ္။

 Mr.ခ်တ္ခ်ာဝန္ (ชัชวาล) အသက္ ၄၁ ႏွစ္ဆိုသူက မိမိရဲ့မိခင္အရင္းကို ရက္စက္စြာ တစ္ေတာင္ခန္႔ဓားမျဖင့္ လည္ပင္းခုတ္ျဖတ္ခဲ့တယ္လို႔သိရပါတယ္။ မစ္စတာခ်တ္ခ်ာ၀န္သည္ မိခင္ Mrs.ဖလိန္က်န္ အသက္ ၆၉ႏွစ္ႏွင့္ အစ္မတစ္ဦး အတူထမင္းစားေနၾကစဥ္မွာ အမျဖစ္သူက ခဏထသြားသည့္အခ်ိန္မွာပဲ မိခင္အရင္းကို လည္ပင္းခုတ္ျဖတ္လိုက္သည့္အတြက္ အစ္မျဖစ္သူျပန္လာေတာ့ မိခင္ကေသြးေတြနဲ႔တကြလဲက်ၿပီး သူမထိတ္လန္႔မႈျဖစ္ခဲ့ပါတယ္။

 စစ္ေဆးေမးျမန္းခ်က္အရ ၎လူသတ္တရားခံသည္ စိတ္ၾကြေဆးေတြအလြန္အကၽြံသံုးစြဲခဲ့ဖူးၿပီး ေဆးေၾကာင္ေနတယ္လို႔သိရပါတယ္။ အရင္ကလည္း အိမ္မီးရိႈ႕ခဲ့ ဖူးတယ္လို႔ဆို႔ပါတယ္။ သူဟာ အရင္က ငါးဖမ္းသေဘၤာသားအျဖစ္အလုပ္လုပ္ခဲ့ဖူးၿပီး အဲဒီအခ်ိန္ကတည္းက စိတ္ၾကြေဆးသံုးစြဲလာခဲ့တယ္။

 လက္ရွိမွာေတာ့ အလုပ္အကိုင္မရွိေတာ့ အလုပ္အလည္းမလုပ္ပဲ စိတ္ၾကြေဆးပဲအၿမဲသံုးဆြဲေနတယ္လို႔ မိခင္ျဖစ္သူကအၿမဲေျပာေနလို႔ စိတ္ဆိုးေဒါသထြက္ၿပီး တစ္ေတာင္ခန္႔ရွည္ဓားမျဖင့္ မိခင္လည္ပင္းကိုခုတ္ျဖတ္လိုက္တယ္လို႔သိရပါတယ္။

 မေန႔ေဖေဖာ္၀ါရီလ ၁၉ ရက္ေန႔မွာ ရဲေတြက သူ႔ကိုေခၚၿပီး ကြင္းဆင္းသရုပ္ျပခိုင္းၿပီး ဥပေဒအရ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ဆိုပါတယ္။

MTF Channel
https://www.facebook.com/mtftv
..........


ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ ၂၀၁၆ခုနှစ် ညပိုင်းမှာ ရယောင်းခရိုင် ရယောင်းမြို့ ကလိုင်ရပ်ကွက်မှာလူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

 Mr.ချတ်ချာဝန် (ชัชวาล) အသက် ၄၁ နှစ်ဆိုသူက မိမိရဲ့မိခင်အရင်းကို ရက်စက်စွာ တစ်တောင်ခန့်ဓားမဖြင့် လည်ပင်းခုတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ မစ်စတာချတ်ချာဝန်သည် မိခင် Mrs.ဖလိန်ကျန် အသက် ၆၉နှစ်နှင့် အစ်မတစ်ဦး အတူထမင်းစားနေကြစဉ်မှာ အမဖြစ်သူက ခဏထသွားသည့်အချိန်မှာပဲ မိခင်အရင်းကို လည်ပင်းခုတ်ဖြတ်လိုက်သည့်အတွက် အစ်မဖြစ်သူပြန်လာတော့ မိခင်ကသွေးတွေနဲ့တကွလဲကျပြီး သူမထိတ်လန့်မှုဖြစ်ခဲ့ပါတယ်။

 စစ်ဆေးမေးမြန်းချက်အရ ၎င်းလူသတ်တရားခံသည် စိတ်ကြွဆေးတွေအလွန်အကျွံသုံးစွဲခဲ့ဖူးပြီး ဆေးကြောင်နေတယ်လို့သိရပါတယ်။ အရင်ကလည်း အိမ်မီးရှို့ခဲ့ ဖူးတယ်လို့ဆို့ပါတယ်။ သူဟာ အရင်က ငါးဖမ်းသင်္ဘောသားအဖြစ်အလုပ်လုပ်ခဲ့ဖူးပြီး အဲဒီအချိန်ကတည်းက စိတ်ကြွဆေးသုံးစွဲလာခဲ့တယ်။

 လက်ရှိမှာတော့ အလုပ်အကိုင်မရှိတော့ အလုပ်အလည်းမလုပ်ပဲ စိတ်ကြွဆေးပဲအမြဲသုံးဆွဲနေတယ်လို့ မိခင်ဖြစ်သူကအမြဲပြောနေလို့ စိတ်ဆိုးဒေါသထွက်ပြီး တစ်တောင်ခန့်ရှည်ဓားမဖြင့် မိခင်လည်ပင်းကိုခုတ်ဖြတ်လိုက်တယ်လို့သိရပါတယ်။

 မနေ့ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ရဲတွေက သူ့ကိုခေါ်ပြီး ကွင်းဆင်းသရုပ်ပြခိုင်းပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုပါတယ်။

MTF Channel
https://www.facebook.com/mtftv
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment