![]() |
BBC Burmese
........
အကျဉ်းသား အချို့ လွတ်မြောက် သွားကြတယ် ဆိုတဲ့ သတင်းတွေ ထွက်နေ။
မက္ကဆီကို နိုင်ငံ မြောက်ပိုင်း၊ မွန်တယ်ရေး မြို့အနီးက အကျဉ်းထောင် တစ်ခုမှာ ထောင်ဆူမှုနဲ့ မီးရှို့မှုတွေ ဖြစ်ခဲ့လို့ လူ ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ သတင်းတွေ ရရှိပါတယ်။
အဲဒီ တိုပို ချီကို အကျဉ်းထောင် ကနေ မီးခိုးတွေ ထွက်နေတာကို မက္ကဆီကို ရုပ်သံ တစ်ခုကနေ ပြသသွားပြီး ထောင်သား အချို့လည်း လွတ်မြောက် သွားကြတယ်လို့ ဆိုပါတယ်။
ထောင်အပြင်က လမ်းတွေမှာ ထောင်သားတွေကို စိတ်ပူကြတဲ့ မိသားစုဝင်တွေနဲ့ ပြည့်နှက်နေပြီး လုံခြုံရေးတွေက တားဆီး ထားခဲ့ရပါတယ်။
သေဆုံးသူ အတိအကျကို အတည်နိုင်ခြင်း မရှိသေးပါဘူး။ မက္ကဆီကို မီဒီယာ Televisa ကတော့ သေဆုံးသူ အယောက် ၃၀ ရှိတယ်လို့ ပြောပြီး၊ Milenio TV ကတော့ အယောက် ၅၀ သေဆုံးတယ်လို့ ဖော်ပြပါတယ်။
အကျဉ်းထောင် အဆောက်အဦ လေးခုအနက် တစ်ခုမှာ ထောင်သားတွေက ပရိဘောဂတွေ၊ အမှိုက်တွေကို သုံးပြီး မီးရှို့ခဲ့ကြတာလို့ မက္ကဆီကို သတင်းစာ El Universal က ဖော်ပြပါတယ်။
ထောင်ဆူမှု ပေါ်ပေါက်ခဲ့တဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး တိတိကျကျ မသိရသေးပါဘူး။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment