ခ်စ္သူမ်ားေန႔တြင္ မဖြယ္မရာအမႈမ်ား မျပဳလုပ္ၾကရန္ ေက်ာင္းသူေက်ာင္းသားမ်ားကို ကေမၻာဒီးယားအစုိးရ သတိေပး


ကမၻာ့သတင္း
ေအအက္ဖ္ပီ


ဖႏြမ္ပင္၊ ေဖေဖာ္၀ါရီ-၁၁ ။           ။ ကေမၻာဒီးယားအစိုးရက ခ်စ္သူမ်ားေန႔ (ဗယ္လင္တိုင္းေန႔)ကို ျပင္းျပင္းထန္ထန္ ေ၀ဖန္လိုက္ၿပီး ႏိုင္ငံႏွင့္အ၀န္းရွိ ေက်ာင္းမ်ားသို႔ ပို႔သည့္ စာမ်ားတြင္လည္း   ေက်ာင္းသူေက်ာင္းသားမ်ားအေနျဖင့္ မိမိကိုယ္တိုင္ႏွင့္ မိသားစု၏ ဂုဏ္သိကၡာက်ဆင္းေစမည့္ လုပ္ရပ္မ်ားကို ေရွာင္ရွားၾကရန္ သတိေပးထားသည္။

ခ်စ္သူမ်ားေန႔မွာ မၾကာေသးမီႏွွစ္မ်ားအတြင္း အေရွ႕ေတာင္အာရွႏိုင္ငံမ်ားမွ လူငယ္မ်ားၾကားတြင္ ေရပန္းစားလာခဲ့ရာ ေဖေဖာ္၀ါရီလေရာက္တိုင္း စတိုးဆိုင္မ်ား၊ လမ္းေဘး ဆိုင္တန္းမ်ားတြင္ လက္ေဆာင္ႏွင္းဆီပန္းမ်ား၊ အသည္းပံုေခ်ာကလက္မ်ားျဖင့္ တင္းက်မ္းျပည့္ႏွက္လာခဲ့သည္။

သို႔ရာတြင္ ေဖေဖာ္၀ါရီ ၁၄ရက္ နီးကပ္လာတုိင္း ငယ္ငယ္ရြယ္ရြယ္ ခ်စ္ႀကိဳက္ၿပီး လက္မထပ္မီ လိင္မႈကိစၥ က်ဴးလြန္မႈမ်ားကို သတိေပးတားျမစ္ခ်က္မ်ား ထုတ္ျပန္မႈျဖင့္ မၾကာေသးမီႏွစ္မ်ားအတြင္း လူသိရွင္ၾကားျဖစ္လာခဲ့ရာ ကေမၻာဒီးယားႏွင့္ အိမ္နီးခ်င္း ထိုင္းႏိုင္ငံတို႔မွ အရာရွိမ်ားကိုမူ ခ်စ္သူမ်ားေန႔က ပူပင္ေသာကပြားေစသည္။

ကေမၻာဒီးယား ပညာေရး၀န္ႀကီးဌာနကဆိုလွ်င္ ႏိုင္ငံႏွင့္အ၀န္းမွ ပုဂၢလိကႏွင့္ အစိုးရေက်ာင္းမ်ားသို႔ ညႊန္ၾကားခ်က္မ်ား ေပးပို႔၍  ခ်စ္သူမ်ားေန႔တြင္ မဖြယ္မရာလႈပ္ရွားမႈမွန္သမွ်ကို တားဆီးေရး လုပ္ေဆာင္ထားၾကရန္ ဆရာ ဆရာမမ်ားကို အမိန္႔ေပးထားသည္။

တရိပ္ရိပ္တိုး၍ ေရပန္းစားလာေနသည့္ ခ်စ္သူမ်ားေန႔က လူငယ္မ်ားကို အေပ်ာ္လြန္ေစကာ၊ ေက်ာင္းစာကို ေမ့ေလ်ာ့ေစၿပီး၊ မိမိကိုယ္တုိင္ႏွင့္ မိသားစု၏ ဂုဏ္သိကၡာကိုလည္း ထိခိုက္ညိႈးမွိန္ေစသည္ဟု ကေမၻာဒီးယား ပညာေရး၀န္ႀကီးက ေျပာၾကားခဲ့သည္။

‘အဲဒါဟာ ခမာလူမ်ိဳးေတြရဲ႕ ရိုးရာလည္းမဟုတ္ဘူး’ဟုလည္း ၄င္းက ထပ္ေလာင္းေျပာၾကားခဲ့သည္။

 ႏွစ္ႏိုင္ငံစလံုးမွ လူမႈေရးေရွးရိုးစြဲမ်ားကမူ ခ်စ္သူမ်ားေန႔ကို ဗုဒၶဘာသာ အစဥ္အလာ ယံုၾကည္မႈမ်ားအား က်င့္၀တ္ပိုင္းအရ ၿခိမ္းေျခာက္ေနသည့္ ႏိုင္ငံျခားသြင္းကုန္တစ္ခုအျဖစ္ ယူဆေနၾကသည္။

အထူးသျဖင့္ ကေမၻာဒီးယားအမ်ိဳးသမီးမ်ားမွာ လက္မထပ္မီအထိ သူတို႔၏ အပ်ိဳစင္ဘ၀ကို ထိန္းသိမ္းထားရန္ ဖိအားေပးခံေနၾကရသည္။

တစ္ခ်ိန္တည္းမွာပင္ ကေမၻာဒီးယားႏိုင္ငံမွာ မၾကာေသးမီႏွစ္မ်ားအတြင္း အမ်ိဳးသမီးငယ္ေလးမ်ားကို ၄င္းတို႔၏ အပ်ိဳစင္ဘ၀ကို ခ်မ္းသာသည့္ ေယာက်္ားမ်ားထံသို႔   ေရာင္းခ်ေနရာ   ေစ်းကြက္ႀကီးတစ္ခုအျဖစ္  နာမည္ဆုိးျဖင့္ ေက်ာ္ၾကားလာခဲ့ေသာေၾကာင့္ လူ႔အခြင့္အေရးအုပ္စုမ်ားက လူမႈကိစၥတြင္ေရာ က်ား မတြင္ပါ ျပင္းထန္ေသာ ခြဲျခားဘက္လုိက္မႈမ်ား ရွိေနသည္ဟု ေျပာၾကားခဲ့သည္။

- See more at: http://mizzimaburmese.com/article/11067#sthash.kaaDCm5M.dpuf
................
ချစ်သူများနေ့တွင် မဖွယ်မရာအမှုများ မပြုလုပ်ကြရန် ကျောင်းသူကျောင်းသားများကို ကမ္ဘောဒီးယားအစိုးရ သတိပေး
ကမ္ဘာ့သတင်း
အေအက်ဖ်ပီ


ဖနွမ်ပင်၊ ဖေဖော်ဝါရီ-၁၁ ။           ။ ကမ္ဘောဒီးယားအစိုးရက ချစ်သူများနေ့ (ဗယ်လင်တိုင်းနေ့)ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး နိုင်ငံနှင့်အဝန်းရှိ ကျောင်းများသို့ ပို့သည့် စာများတွင်လည်း   ကျောင်းသူကျောင်းသားများအနေဖြင့် မိမိကိုယ်တိုင်နှင့် မိသားစု၏ ဂုဏ်သိက္ခာကျဆင်းစေမည့် လုပ်ရပ်များကို ရှောင်ရှားကြရန် သတိပေးထားသည်။

ချစ်သူများနေ့မှာ မကြာသေးမီနှှစ်များအတွင်း အရှေ့တောင်အာရှနိုင်ငံများမှ လူငယ်များကြားတွင် ရေပန်းစားလာခဲ့ရာ ဖေဖော်ဝါရီလရောက်တိုင်း စတိုးဆိုင်များ၊ လမ်းဘေး ဆိုင်တန်းများတွင် လက်ဆောင်နှင်းဆီပန်းများ၊ အသည်းပုံချောကလက်များဖြင့် တင်းကျမ်းပြည့်နှက်လာခဲ့သည်။

သို့ရာတွင် ဖေဖော်ဝါရီ ၁၄ရက် နီးကပ်လာတိုင်း ငယ်ငယ်ရွယ်ရွယ် ချစ်ကြိုက်ပြီး လက်မထပ်မီ လိင်မှုကိစ္စ ကျူးလွန်မှုများကို သတိပေးတားမြစ်ချက်များ ထုတ်ပြန်မှုဖြင့် မကြာသေးမီနှစ်များအတွင်း လူသိရှင်ကြားဖြစ်လာခဲ့ရာ ကမ္ဘောဒီးယားနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတို့မှ အရာရှိများကိုမူ ချစ်သူများနေ့က ပူပင်သောကပွားစေသည်။

ကမ္ဘောဒီးယား ပညာရေးဝန်ကြီးဌာနကဆိုလျှင် နိုင်ငံနှင့်အဝန်းမှ ပုဂ္ဂလိကနှင့် အစိုးရကျောင်းများသို့ ညွှန်ကြားချက်များ ပေးပို့၍  ချစ်သူများနေ့တွင် မဖွယ်မရာလှုပ်ရှားမှုမှန်သမျှကို တားဆီးရေး လုပ်ဆောင်ထားကြရန် ဆရာ ဆရာမများကို အမိန့်ပေးထားသည်။

တရိပ်ရိပ်တိုး၍ ရေပန်းစားလာနေသည့် ချစ်သူများနေ့က လူငယ်များကို အပျော်လွန်စေကာ၊ ကျောင်းစာကို မေ့လျော့စေပြီး၊ မိမိကိုယ်တိုင်နှင့် မိသားစု၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်ညှိုးမှိန်စေသည်ဟု ကမ္ဘောဒီးယား ပညာရေးဝန်ကြီးက ပြောကြားခဲ့သည်။

‘အဲဒါဟာ ခမာလူမျိုးတွေရဲ့ ရိုးရာလည်းမဟုတ်ဘူး’ဟုလည်း ၄င်းက ထပ်လောင်းပြောကြားခဲ့သည်။

 နှစ်နိုင်ငံစလုံးမှ လူမှုရေးရှေးရိုးစွဲများကမူ ချစ်သူများနေ့ကို ဗုဒ္ဓဘာသာ အစဉ်အလာ ယုံကြည်မှုများအား ကျင့်ဝတ်ပိုင်းအရ ခြိမ်းခြောက်နေသည့် နိုင်ငံခြားသွင်းကုန်တစ်ခုအဖြစ် ယူဆနေကြသည်။

အထူးသဖြင့် ကမ္ဘောဒီးယားအမျိုးသမီးများမှာ လက်မထပ်မီအထိ သူတို့၏ အပျိုစင်ဘဝကို ထိန်းသိမ်းထားရန် ဖိအားပေးခံနေကြရသည်။

တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယားနိုင်ငံမှာ မကြာသေးမီနှစ်များအတွင်း အမျိုးသမီးငယ်လေးများကို ၄င်းတို့၏ အပျိုစင်ဘဝကို ချမ်းသာသည့် ယောကျ်ားများထံသို့   ရောင်းချနေရာ   စျေးကွက်ကြီးတစ်ခုအဖြစ်  နာမည်ဆိုးဖြင့် ကျော်ကြားလာခဲ့သောကြောင့် လူ့အခွင့်အရေးအုပ်စုများက လူမှုကိစ္စတွင်ရော ကျား မတွင်ပါ ပြင်းထန်သော ခွဲခြားဘက်လိုက်မှုများ ရှိနေသည်ဟု ပြောကြားခဲ့သည်။

- See more at: http://mizzimaburmese.com/article/11067#sthash.kaaDCm5M.dpuf
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment