Zika ဗိုင္းရပ္နဲ႔ သေႏၶသား ခ်ိဳ႕ယြင္းမႈ အဆက္အစပ္သစ္ ေတြ႔ရိွ


ဇီကာဗိုင္းရပ္စ္နဲ႔ ခ်ိဳ႕ယြင္းခ်က္ ရွိတဲ႔ ကေလးငယ္ေတြ ေမြးဖြားမႈတိုးမ်ားလာမႈၾကား ခ်ိတ္ဆက္မႈ ရွိတယ္ဆိုတဲ႔ ခိုင္မာတဲ႔ အေထာက္အထားသစ္ေတြ ေတြ႔ရွိရတယ္လို႔ New England Journal of Medicine ရဲ႕ ေဆာင္းပါး တခုမွာ ေဖာ္ျပ လုိက္ပါတယ္။ ဆလိုေဗးနီးယား သုေတသန ပညာရွင္ အဖြဲ႔ တခုရဲ႕ ေဆာင္းပါး ကိုေတာ့ သူတို႔ရဲ႕ ေလ႔လာေတြ႔ရွိမႈကို ေထာက္ခံတဲ႔ အေမရိကန္ က်န္းမာေရးဆိုင္ရာ ကြ်မ္းက်င္သူ အဖြဲ႔တခုရဲ႕ အာေဘာ္နဲ႔ အတူ မေန႔ ဗုဒၶဟူးေန႔က ထုတ္ေ၀တာ ျဖစ္ပါတယ္။

ကိုယ္၀န္ေဆာင္စဥ္ ဇီကာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ႔ မိိခင္နဲ႔ ပံုမွန္ မဟုတ္ တာေၾကာင့္ ဖ်က္ခ်လိုက္တဲ႔ သေႏၶသားကို ေလ႔လာခဲ႔တာ ျဖစ္ပါတယ္။ ဘရာဇီလ္းႏုိင္ငံက ဇီကာဗိုင္းရပ္စ္ ကူးစက္ ပ်ံ႕ပြားမႈ အမ်ားဆံုး ျဖစ္ေနတဲ႔ နုိင္ငံပါ။ ဇီကာဗိုင္းရပ္ ကူးစက္ခံရမႈေတြ ျမင့္တက္လာတာနဲ႔ အတူ ေမြးကင္းစ ကေလးငယ္ေတြမွာ ဦးေႏွာက္ ဖြ႔ံၿဖိဳးမႈမရွိတဲ႔ Microcephaly ျဖစ္ပြားမႈ ကလည္း ျမင့္တက္ လာတာနဲ႔လည္း ဘရာဇီလ္းႏုိင္ငံ ၾကံဳေတြ႔ေနရတာပါ။

ျခင္ကေန တဆင့္ ကူးစက္တဲ႔ ဇီကာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ျဖစ္ပြားေနတာေၾကာင့္ ၂၀၁၆ ခုႏွစ္ ေႏြရာသီ အိုလံပစ္ ပြဲေတာ္ က်င္းပမယ့္ ဘရာဇီးလ္ ႏုိင္ငံကို ကိုယ္၀န္ေဆာင္ မိခင္ေတြ၊ ေနာက္ ကေလးယူဖို႔ စိတ္ကူးထားတဲ႔ အမ်ိဳးသမီးေတြ ခရီးမသြားၾကဖို႔လည္း က်န္မာေရး ဆိုင္ရာ ကြ်မ္းက်င္သူ တခ်ိဳ႔က အၾကံျပဳထားပါတယ္။

ဇီကာဗိုင္းရပ္စ္ကို တိုက္ဖ်က္ဖုိ႔ အတြက္ ျခင္ႏွိမ္နင္းေရးကို အေလးထား လုပ္ေဆာင္ရမယ္လို႔ အေမရိကန္ လူထု က်န္းမာေရးဆိုင္ရာ တာ၀န္ရွိသူေတြက မေန႔ ဗုဒၶဟူးေန႔မွာ အေမရိကန္ လႊတ္ေတာ္ ေကာ္မတီေရွ႕ေမွာက္မွာ အစီရင္ခံခဲ႔ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..........


ဇီကာဗိုင်းရပ်စ်နဲ့ ချို့ယွင်းချက် ရှိတဲ့ ကလေးငယ်တွေ မွေးဖွားမှုတိုးများလာမှုကြား ချိတ်ဆက်မှု ရှိတယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားသစ်တွေ တွေ့ရှိရတယ်လို့ New England Journal of Medicine ရဲ့ ဆောင်းပါး တခုမှာ ဖော်ပြ လိုက်ပါတယ်။ ဆလိုဗေးနီးယား သုတေသန ပညာရှင် အဖွဲ့ တခုရဲ့ ဆောင်းပါး ကိုတော့ သူတို့ရဲ့ လေ့လာတွေ့ရှိမှုကို ထောက်ခံတဲ့ အမေရိကန် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ အဖွဲ့တခုရဲ့ အာဘော်နဲ့ အတူ မနေ့ ဗုဒ္ဓဟူးနေ့က ထုတ်ဝေတာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ မိိခင်နဲ့ ပုံမှန် မဟုတ် တာကြောင့် ဖျက်ချလိုက်တဲ့ သန္ဓေသားကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီလ်းနိုင်ငံက ဇီကာဗိုင်းရပ်စ် ကူးစက် ပျံ့ပွားမှု အများဆုံး ဖြစ်နေတဲ့ နိုင်ငံပါ။ ဇီကာဗိုင်းရပ် ကူးစက်ခံရမှုတွေ မြင့်တက်လာတာနဲ့ အတူ မွေးကင်းစ ကလေးငယ်တွေမှာ ဦးနှောက် ဖွ့ံဖြိုးမှုမရှိတဲ့ Microcephaly ဖြစ်ပွားမှု ကလည်း မြင့်တက် လာတာနဲ့လည်း ဘရာဇီလ်းနိုင်ငံ ကြုံတွေ့နေရတာပါ။

ခြင်ကနေ တဆင့် ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ် ပျံ့နှံ့ဖြစ်ပွားနေတာကြောင့် ၂၀၁၆ ခုနှစ် နွေရာသီ အိုလံပစ် ပွဲတော် ကျင်းပမယ့် ဘရာဇီးလ် နိုင်ငံကို ကိုယ်ဝန်ဆောင် မိခင်တွေ၊ နောက် ကလေးယူဖို့ စိတ်ကူးထားတဲ့ အမျိုးသမီးတွေ ခရီးမသွားကြဖို့လည်း ကျန်မာရေး ဆိုင်ရာ ကျွမ်းကျင်သူ တချို့က အကြံပြုထားပါတယ်။

ဇီကာဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ အတွက် ခြင်နှိမ်နင်းရေးကို အလေးထား လုပ်ဆောင်ရမယ်လို့ အမေရိကန် လူထု ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက မနေ့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန် လွှတ်တော် ကော်မတီရှေ့မှောက်မှာ အစီရင်ခံခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment