![]() |
အလက္ပို ၿမိဳ႕တဝိုက္က တိုက္ပြဲေတြေၾကာင့္ လူ ၅ ေသာင္းေလာက္ စြန္႔ခြာ ထြက္ေျပးခဲ့ၾကရ။ |
အပစ္ရပ္မွု စတင္မယ့္ ရက္အျဖစ္ မတ္လ ၁ ရက္ေန႔ကို သတ္မွတ္ဖို႔ ႐ုရွားဘက္က ကမ္းလွမ္း ခဲ့တယ္လို႔ သိရၿပီး၊ ဒါဟာ ႐ုရွားနဲ႔ ဆီးရီးယား အစိုးရတို႔က သူပုန္ေတြကို ေခ်မွုန္းပစ္ဖို႔ ၃ ပတ္ေလာက္ အခ်ိန္ ဆြဲလိုက္တာပဲလို႔ အေမရိကန္ ဘက္က ယူဆပါတယ္။
ဂ်ာမနီ နိုင္ငံ၊ ျမဴးနစ္ ၿမိဳ႕မွာ ကမၻာ့ေခါင္းေဆာင္ေတြ မၾကာမီမွာ ေတြ႕ဆုံၿပီး ဆီးရီးယား အေရး ေဆြးေႏြးၾကဖို႔ ရွိပါတယ္။ ဆီးရီးယား တိုက္ပြဲေတြေၾကာင့္ ဒုကၡသည္ေတြရဲ့ အေျခအေနေတြ ဆိုးရြား လာေနတဲ့ အတြက္ အခုလို ေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။
အလက္ပို ၿမိဳ႕တဝိုက္က ေနရပ္ စြန္႔ခြာ ထြက္ေျပး ခဲ့ၾကရတဲ့ ဒုကၡသည္ ငါးေသာင္းေလာက္ အတြက္ ကူညီ ေထာက္ပံ့ေရး လမ္းေၾကာင္းေတြ ျပတ္ကုန္တယ္လို႔ နိုင္ငံတကာ ၾကက္ေျခနီ ေကာ္မတီက ေျပာပါတယ္။
ၿပီးခဲ့တဲ့ သတင္းပတ္အတြင္း ႐ုရွားက ေလေၾကာင္း တိုက္ခိုက္မွု အႀကိမ္ ငါးရာေက်ာ္ လုပ္ခဲ့တယ္လို႔ ႐ုရွား ကာကြယ္ေရး ဌာနက ေျပာပါတယ္။
အၾကမ္းဖက္ သမားေတြကိုသာ ပစ္မွတ္ထား တိုက္ခိုက္ခဲ့တာ ျဖစ္တယ္လို႔ ႐ုရွားက ေျပာေပမယ့္ အေနာက္နိုင္ငံေတြ ကေတာ့ ႐ုရွားရဲ့ တိုက္ခိုက္မွုေတြက ဆီးရီးယား သူပုန္ အဖြဲ႕ေတြနဲ႔ အရပ္သားေတြကို အမ်ားစု ထိမွန္ခဲ့တယ္လို႔ ေျပာပါတယ္။
BBC Burmese
http://www.bbc.com/burmese
..............
အလက်ပို မြို့တဝိုက်က တိုက်ပွဲတွေကြောင့် လူ ၅ သောင်းလောက် စွန့်ခွာ ထွက်ပြေးခဲ့ကြရ။
ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ချက်ချင်း ပြန်စဖို့ အမေရိကန်ရဲ့ တွန်းအားပေးမှုဟာ ရုရှားရဲ့ ဆန့်ကျင်မှုနဲ့ ရင်ဆိုင် နေရပါတယ်။
အပစ်ရပ်မှု စတင်မယ့် ရက်အဖြစ် မတ်လ ၁ ရက်နေ့ကို သတ်မှတ်ဖို့ ရုရှားဘက်က ကမ်းလှမ်း ခဲ့တယ်လို့ သိရပြီး၊ ဒါဟာ ရုရှားနဲ့ ဆီးရီးယား အစိုးရတို့က သူပုန်တွေကို ချေမှုန်းပစ်ဖို့ ၃ ပတ်လောက် အချိန် ဆွဲလိုက်တာပဲလို့ အမေရိကန် ဘက်က ယူဆပါတယ်။
ဂျာမနီ နိုင်ငံ၊ မြူးနစ် မြို့မှာ ကမ္ဘာ့ခေါင်းဆောင်တွေ မကြာမီမှာ တွေ့ဆုံပြီး ဆီးရီးယား အရေး ဆွေးနွေးကြဖို့ ရှိပါတယ်။ ဆီးရီးယား တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေရဲ့ အခြေအနေတွေ ဆိုးရွား လာနေတဲ့ အတွက် အခုလို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အလက်ပို မြို့တဝိုက်က နေရပ် စွန့်ခွာ ထွက်ပြေး ခဲ့ကြရတဲ့ ဒုက္ခသည် ငါးသောင်းလောက် အတွက် ကူညီ ထောက်ပံ့ရေး လမ်းကြောင်းတွေ ပြတ်ကုန်တယ်လို့ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီက ပြောပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ရုရှားက လေကြောင်း တိုက်ခိုက်မှု အကြိမ် ငါးရာကျော် လုပ်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဌာနက ပြောပါတယ်။
အကြမ်းဖက် သမားတွေကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ရုရှားက ပြောပေမယ့် အနောက်နိုင်ငံတွေ ကတော့ ရုရှားရဲ့ တိုက်ခိုက်မှုတွေက ဆီးရီးယား သူပုန် အဖွဲ့တွေနဲ့ အရပ်သားတွေကို အများစု ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment