ႏိုင္ဂ်ီးရီးယားႏိုင္ငံ တြင္ အေသခံ ဗံုးခြဲမႈေၾကာင့္ လူေပါင္း ၆၀ ေသဆံုးကာ ၇၈ ဦး ဒဏ္ရာရရွိ

ဘိုကိုဟာရမ္ စစ္ေသြးၾကြ အဖြဲ႔အား ေတြ႔ရစဥ္ (ဓာတ္ပံု-အင္တာနက္)
    အဘူဂ်ာ၊ ေဖေဖာ္ဝါရီ ၁၁ ရက္ (ဆင္ဟြာ)

    ႏိုင္ဂ်ီးရီးယား ႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ရွိ ဒုကၡသည္ စခန္းတစ္ခုတြင္ အေသခံ ဗံုးခြဲမႈ ႏွစ္ခု ျဖစ္ပြားခဲ့မႈေၾကာင့္ လူေပါင္း ၆၀ ဦးနီးပါး ေသဆံုးၿပီး ၇၈ ဦး ဒဏ္ရာ ရရွိခဲ့ေၾကာင္း ေဒသခံ တာဝန္ရွိသူမ်ားက ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔တြင္ ေျပာၾကားခဲ့သည္။

ဗံုးေပါက္ကြဲမႈ မ်ားသည္ ေဘာ္ႏိုျပည္နယ္ မိုင္ဒူဂူရီ ၿမိဳ႕ မွ ၉၀ ကီလိုမီတာ အကြာ ရွိ ဒိကြၿမိဳ႕တြင္ ေဖေဖာ္ဝါရီလ ၉ ရက္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျပည္နယ္ အေရးေပၚ စီမံခန္႕ခြဲမႈ ေအဂ်င္စီ ၏ ဥကၠ႒ ဆာတိုမီ အာမတ္ က အမ်ဳိးသမီး အေသခံ ဗံုးခဲ့သူ ႏွစ္ဦး သည္ ဒုကၡသည္ စခန္းအတြင္းသုိ႕ တိတ္တဆိတ္ ဝင္ေရာက္ လာၿပီး စခန္းအလယ္၌ အေသခံ ဗံုးခြဲမႈ ျပဳလုပ္ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။

ေအဂ်င္စီ၏ တရားဝင္ ထုတ္ျပန္ခ်က္ အရ ဒဏ္ရာ ရရွိသူမ်ားအား ျပည္နယ္ အတြင္းရွိ ျပည္သူ႕ေဆးရံုမ်ားသုုိ႕ ပို႕ေဆာင္ထားေၾကာင္း သိရသည္။

ထုတ္ျပန္ခ်က္ အရ ဒုကၡသည္မ်ား ရိကၡာ ထုတ္ယူရန္ တန္းစီ ေစာင့္ဆိုင္းေနစဥ္ ထိုသုိ႕ ျဖစ္ပ်က္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဗံုးေဖာက္ခြဲမႈအား မည္သည့္ အဖြဲ႕က ျပဳလုပ္ျခင္းျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားျခင္းမရွိေသာ္လည္း ေဒသခံျပည္သူမ်ားက ႏိုင္ဂ်ီးရီးယား အေျခစိုက္ ဘိုကုိဟာရမ္ စစ္ေသြးၾကြအဖြဲ႕ လက္ခ်က္ျဖစ္ႏိုင္သည္ဟု ယူဆၾကေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
................
 ဘိုကိုဟာရမ် စစ်သွေးကြွ အဖွဲ့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    အဘူဂျာ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

    နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်း ရှိ ဒုက္ခသည် စခန်းတစ်ခုတွင် အသေခံ ဗုံးခွဲမှု နှစ်ခု ဖြစ်ပွားခဲ့မှုကြောင့် လူပေါင်း ၆၀ ဦးနီးပါး သေဆုံးပြီး ရ၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲမှု များသည် ဘော်နိုပြည်နယ် မိုင်ဒူဂူရီ မြို့ မှ ၉၀ ကီလိုမီတာ အကွာ ရှိ ဒိကွမြို့တွင် ဖေဖော်ဝါရီလ ၉ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်နယ် အရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီ ၏ ဥက္ကဋ္ဌ ဆာတိုမီ အာမတ် က အမျိုးသမီး အသေခံ ဗုံးခဲ့သူ နှစ်ဦး သည် ဒုက္ခသည် စခန်းအတွင်းသို့ တိတ်တဆိတ် ဝင်ရောက် လာပြီး စခန်းအလယ်၌ အသေခံ ဗုံးခွဲမှု ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အေဂျင်စီ၏ တရားဝင် ထုတ်ပြန်ချက် အရ ဒဏ်ရာ ရရှိသူများအား ပြည်နယ် အတွင်းရှိ ပြည်သူ့ဆေးရုံများသုုိ့ ပို့ဆောင်ထားကြောင်း သိရသည်။

ထုတ်ပြန်ချက် အရ ဒုက္ခသည်များ ရိက္ခာ ထုတ်ယူရန် တန်းစီ စောင့်ဆိုင်းနေစဉ် ထိုသို့ ဖြစ်ပျက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးဖောက်ခွဲမှုအား မည်သည့် အဖွဲ့က ပြုလုပ်ခြင်းဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခြင်းမရှိသော်လည်း ဒေသခံပြည်သူများက နိုင်ဂျီးရီးယား အခြေစိုက် ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့ လက်ချက်ဖြစ်နိုင်သည်ဟု ယူဆကြကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment