![]() |
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ကာနတာကာ ပြည်နယ် မြို့တော် ဘန်ဂါလူရူရှိ ကျောင်းတစ်ကျောင်းတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျားသစ်သုံးကောင် ဝင်ရောက် တိုက်ခိုက်မှု ဖြစ်ပွားပြီး နောက်ပြည်နယ်အတွင်း ကျောင်းပေါင်း ၁၃၀ ကျော်အား ဖေဖော်ဝါရီလ ၁၁ ရက် နေ့တွင် ခေတ္တ ပိတ်ထားခဲ့ကြောင်း သိရသည်။
Xinhua)
..............
အိန္ဒိယနိုင်ငံ ဘန်ဂါလူရူမြို့ ရှိ ကျောင်းတစ်ကျောင်းသို့ ဝင်ရောက်လာသည့် ကျားသစ်ထီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
အိန္ဒိယနို်င်ငံ မြောက်ပိုင်း ကာနတာကာ ပြည်နယ် မြို့တော် ဘန်ဂါလူရူရှိ ကျောင်းတစ်ကျောင်းတွင် ဖေဖော်ဝါရီလ ရ ရက်နေ့က ကျားသစ်သုံးကောင် ဝင်ရောက် တိုက်ခိုက်မှု ဖြစ်ပွားပြီး နောက်ပြည်နယ်အတွင်း ကျောင်းပေါင်း ၁၃၀ ကျော်အား ဖေဖော်ဝါရီလ ၁၁ ရက် နေ့တွင် ခေတ္တ ပိတ်ထားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ရ ရက်တွင် ကျားသစ်ထီးတစ်ကောင် သည် Vibgyor စာသင်ကျောင်းအတွင်း ဝင်ရောက်လာပြီး ဖေဖော်ဝါရီလ ၉ ရက် တွင်လည်း အခြားကျားသစ် နှစ်ကောင်မှာ အဆိုပါ ကျောင်းပတ်ဝန်းကျင်တွင် ရှိနေခဲ့ကြောင်း သိရသည်။ ကျောင်းအတွင်း ရောက်ရှိလာသည့် ကျားသစ်ထီးအား ပြည်နယ်ဆိုင်ရာ သစ်တောရေးရာ ဌာန တာဝန်ရှိသူများက ဖမ်းဆီး နိုင်ခဲ့သော်လည်း ကျန်နှစ်ကောင်မှာမူ လွတ်မြောက်ဆဲ ဖြစ်ကြောင်း သိရသည်။
သစ်တောရေးရာဌာန တာဝန်ရှိသူများ၏ ပြောကြားချက်အရ ကျားသစ်ထီးသည် စာသင်ကျောင်းနှင့် သစ်တောအား ကာထားသည့် ခြံစည်းရိုးကို ခုန်ကျော်ကာ ကျောင်းဝင်း အတွင်းသို့ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ တစ်ဝန်းလုံးတွင် ကျားသစ်ပေါင်း ၁၄,၀၀၀ ကျော်ရှိပြီး ၄င်းတို့၏ စားကျက်မြေများ လျော့နည်းလာမှု ကြောင့် လူနေရပ်ကွက် များထဲသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
Xinhua)
http://www.xinhuamyanmar.com
0 comments:
Post a Comment