အသက္ေလးႏွစ္ အရြယ္ ၿဗိတိန္ႏုိင္ငံသား ကေလးငယ္ တစ္ဦးသည္ ISIS စစ္ေသြးၾကြ အဖြဲ႕က သူလွ်ဳိဟုစြပ္စြဲ၍ ဖမ္းဆီးထားသည့္ လူေလးဦးအား ကားဗံုး ေဖာက္ခြဲ၍ ကြပ္မ်က္ထားသည့္ ဗီဒီယိုဖုိင္ကို ISIS စစ္ေသြးၾကြ အဖြဲ႕က ထုတ္ေဖာ္ျပသ ခဲ့ေၾကာင္း သိရသည္။
ဂ်ီဟက္ငယ္ေလး ဟုေခၚေသာ အဆုိပါ ကေလးငယ္သည္ ISIS စစ္ေသြးၾကြ အဖြဲ႕က သူလွ်ဳိဟုစြပ္စြဲကာ ဖမ္းဆီးခဲ့သည့္ လူေလးဦး ထိုင္ေနၾကေသာ အျဖဴေရာင္ ကားတစ္စီးကို ေနာက္ခံ ထားၿပီးေနာက္ အေဝးထိန္း ခလုတ္ျဖင့္ ေဖာက္ခြဲကြပ္မ်က္ ခဲ့ျခင္းျဖစ္သည္။
အဆိုပါ ကြပ္မ်က္မႈကုိ ISIS စစ္ေသြးၾကြ အဖြဲ႕ ထိန္းခ်ဳပ္ထားေသာ ရက္ကာၿမိဳ႕၌ ႐ိုက္ကူး ခဲ့သည္ဟု ယူဆရၿပီး ယင္းဗီဒီယို ေခါင္းစဥ္ကို ၄င္းတို႔သည္ ရန္သူမ်ား ျဖစ္သည့္ အတြက္ ၄င္းတို႔အား သတိထားၾကဟု ယင္း အဖြဲ႕က အမည္ေပး ထားေၾကာင္း သိရသည္။
ထုိ႔ျပင္ ISIS စစ္ေသြးၾကြ မ်ားကို အစိုးရတပ္မ်ား အေနျဖင့္ မည္သုိ႔မွ် ေခ်မႈန္းသုတ္သင္ ႏိုင္မည္ မဟုတ္ေၾကာင္း၊ ၄င္းတို႔အား စံုစမ္း ေထာက္လွမ္းမည့္ သူလွ်ဳိမ်ားကိုလည္း ထပ္မံ သတ္ျဖတ္မည္ ျဖစ္ေၾကာင္းႏွင့္ အစိုးရ အေနျဖင့္ စစ္ဘက္ တပ္ဖြဲ႕ဝင္မ်ားကို ျပင္ဆင္ ေနသကဲ့သို႔ မိမိတို႔သည္လည္း လူသစ္မ်ား စုေဆာင္းေနၿပီ ျဖစ္ေၾကာင္း ကြပ္မ်က္မႈ မျပဳလုပ္မီ ISIS စစ္ေသြးၾကြ အဖြဲ႕ေခါင္းေဆာင္ တစ္ဦးက ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဒးဗစ္ကင္မရြန္း အား ၿခိမ္းေျခာက္ ေျပာၾကားခဲ့ သည္ဟု သိရသည္။
အစၥဆာဒါရီ အမည္ရွိ ကေလးငယ္ သည္ လန္ဒန္ၿမိဳ႕ အေရွ႕ေတာင္ပိုင္းရွိ မူဆလင္ဘာသာသို႔ ကူးေျပာင္းခဲ့သည့္ ဂေရ႕စ္ဒါရီ ဆိုသူ၏ သားျဖစ္ၿပီး မိခင္ျဖစ္သူက လြန္ခဲ့သည့္ သံုးႏွစ္က ဆီးရီးယားႏုိင္ငံသို႔ ၄င္းအား ေခၚေဆာင္ခဲ့ၿပီးေနာက္ ဂ်ီဟက္ အယူဝါဒမ်ား ႐ိုက္သြင္းခဲ့ျခင္း ျဖစ္သည္။
PyiChitThar
http://www.pyichitthar.com
............
လေးနှစ်အရွယ် ကလေးငယ်က လူလေးဦးကို ကားဗုံး ဖောက်ခွဲ၍ သတ်ဖြတ်သည့ ်ဗီဒီယို ISIS ပြသ
အသက်လေးနှစ် အရွယ် ဗြိတိန်နိုင်ငံသား ကလေးငယ် တစ်ဦးသည် ISIS စစ်သွေးကြွ အဖွဲ့က သူလျှိုဟုစွပ်စွဲ၍ ဖမ်းဆီးထားသည့် လူလေးဦးအား ကားဗုံး ဖောက်ခွဲ၍ ကွပ်မျက်ထားသည့် ဗီဒီယိုဖိုင်ကို ISIS စစ်သွေးကြွ အဖွဲ့က ထုတ်ဖော်ပြသ ခဲ့ကြောင်း သိရသည်။
ဂျီဟက်ငယ်လေး ဟုခေါ်သော အဆိုပါ ကလေးငယ်သည် ISIS စစ်သွေးကြွ အဖွဲ့က သူလျှိုဟုစွပ်စွဲကာ ဖမ်းဆီးခဲ့သည့် လူလေးဦး ထိုင်နေကြသော အဖြူရောင် ကားတစ်စီးကို နောက်ခံ ထားပြီးနောက် အဝေးထိန်း ခလုတ်ဖြင့် ဖောက်ခွဲကွပ်မျက် ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကွပ်မျက်မှုကို ISIS စစ်သွေးကြွ အဖွဲ့ ထိန်းချုပ်ထားသော ရက်ကာမြို့၌ ရိုက်ကူး ခဲ့သည်ဟု ယူဆရပြီး ယင်းဗီဒီယို ခေါင်းစဉ်ကို ၄င်းတို့သည် ရန်သူများ ဖြစ်သည့် အတွက် ၄င်းတို့အား သတိထားကြဟု ယင်း အဖွဲ့က အမည်ပေး ထားကြောင်း သိရသည်။
ထို့ပြင် ISIS စစ်သွေးကြွ များကို အစိုးရတပ်များ အနေဖြင့် မည်သို့မျှ ချေမှုန်းသုတ်သင် နိုင်မည် မဟုတ်ကြောင်း၊ ၄င်းတို့အား စုံစမ်း ထောက်လှမ်းမည့် သူလျှိုများကိုလည်း ထပ်မံ သတ်ဖြတ်မည် ဖြစ်ကြောင်းနှင့် အစိုးရ အနေဖြင့် စစ်ဘက် တပ်ဖွဲ့ဝင်များကို ပြင်ဆင် နေသကဲ့သို့ မိမိတို့သည်လည်း လူသစ်များ စုဆောင်းနေပြီ ဖြစ်ကြောင်း ကွပ်မျက်မှု မပြုလုပ်မီ ISIS စစ်သွေးကြွ အဖွဲ့ခေါင်းဆောင် တစ်ဦးက ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း အား ခြိမ်းခြောက် ပြောကြားခဲ့ သည်ဟု သိရသည်။
အစ္စဆာဒါရီ အမည်ရှိ ကလေးငယ် သည် လန်ဒန်မြို့ အရှေ့တောင်ပိုင်းရှိ မူဆလင်ဘာသာသို့ ကူးပြောင်းခဲ့သည့် ဂရေ့စ်ဒါရီ ဆိုသူ၏ သားဖြစ်ပြီး မိခင်ဖြစ်သူက လွန်ခဲ့သည့် သုံးနှစ်က ဆီးရီးယားနိုင်ငံသို့ ၄င်းအား ခေါ်ဆောင်ခဲ့ပြီးနောက် ဂျီဟက် အယူဝါဒများ ရိုက်သွင်းခဲ့ခြင်း ဖြစ်သည်။
PyiChitThar
http://www.pyichitthar.com
Home
Daily Popular
isis
Terrorist
World News
ေလးႏွစ္အရြယ္ ကေလးငယ္က လူေလးဦးကုိ ကားဗံုး ေဖာက္ခဲြ၍ သတ္ျဖတ္သည့ ္ဗီဒီယုိ ISIS ျပသ
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment