အိႏိၵယ အေရွ႕ပိုင္း ျပည္နယ္ တစ္ခုတြင္ ေတာဆင္ရိုင္း တစ္ေကာင္ ဝင္ေရာက္ ဖ်က္ဆီး

အိႏိၵယႏိုင္ငံ အေရွ႕ပိုင္း ရွိ အေနာက္ဘဂၤလား ျပည္နယ္သို႕ ဝင္ေရာက္လာသည့္ ေတာဆင္ရိုင္းအား ေတြ႕ရစဥ္ (ဆင္ဟြာ)
    နယူးေဒလီ၊ ေဖေဖာ္ဝါရီ ၁၁ ရက္ (ဆင္ဟြာ)

    အိႏိၵယႏိုင္ငံ အေရွ႕ပိုင္း ရွိ အေနာက္ဘဂၤလား ျပည္နယ္တြင္ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႕ က ေတာဆင္ရိုင္း တစ္ေကာင္ ဝင္ေရာက္ ဖ်က္ဆီးမႈေၾကာင့္ အနည္းဆံုး လူေန အေဆာက္အအံု ၁၀၀ ႏွင့္ ကားမ်ား၊ ေမာ္ေတာ္ဆိုင္ကယ္မ်ား ဖ်က္ဆီးခဲ့ရေၾကာင္း ေဒသခံမ်ားက ေျပာၾကားခဲ့သည္။

ေတာဆင္ရိုင္း ဝင္ေရာက္မႈသည္ အေနာက္ဘဂၤလား ျပည္နယ္ ၿမိဳ႕ေတာ္ ကိုလ္ကတၱား၏ ေျမာက္ဖက္ ၅၆၆ ကီလိုမီတာ အကြာခန္႕ရွိ ဆီလီဂူရီ ၿမိဳ႕တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ၿပီး ထိခိုက္ဒဏ္ရာ ရရွိမႈႏွင့္ လူေသဆံုးမႈ မရွိခဲ့ေၾကာင္း သိရသည္။

တာဝန္ရွိသူမ်ားက ယင္းဆင္ရိုင္းသည္ ၿမိဳ႕ႏွင့္ အနီးဆံုး Baikunthapur ေတာအုပ္မွ ေရာက္ရွိလာျခင္း ျဖစ္ႏုိင္ေၾကာင္း၊ လူမ်ားကို အႏၲရာယ္ မေပးေသာ္လည္း ၄င္းလမ္းေၾကာင္း ေပၚရွိ အရာဝတၳဳ မွန္သမွ်ကို ဖ်က္ဆီး သြားခဲ့ေၾကာင္း ႏွင့္ ေတာအုပ္ထဲသို႕ ဝင္ေရာက္ရန္ လမ္းေၾကာင္း ရွာေဖြေနသည္ဟု ယူဆရေၾကာင္း ေျပာၾကားခဲ့သည္။


အိႏိၵယႏိုင္ငံ အေရွ႕ပိုင္း ရွိ အေနာက္ဘဂၤလား ျပည္နယ္သို႕ ဝင္ေရာက္လာသည့္ ေတာဆင္ရိုင္းအား ေတြ႕ရစဥ္  (ဆင္ဟြာ)
ေတာဆင္ရုိင္း ဝင္ေရာက္မႈ ျဖစ္ပြားၿပီး နာရီ အနည္းငယ္အၾကာတြင္ သစ္ေတာေရးရာ ဌာနမွ တာဝန္ရွိသူမ်ား ေရာက္ရွိလာကာ ေမ့ေဆး ေသနတ္ျဖင့္ ပစ္ခတ္ ထိန္းခ်ဳပ္ခဲ့ၿပီး ၄င္းအား ကရိန္းျဖင့္ မကာ ထရပ္ကားျဖင့္ ၿမိဳ႕ႏွင့္ ေဝးရာသုိ႔ သယ္ေဆာင္ခဲ့ေၾကာင္း ေဒသခံတစ္ဦး ျဖစ္သူ Rishikesh Banerjee က ဆင္ဟြာသို႕ ဖုန္းျဖင့္ ေျပာၾကားခဲ့သည္။

အိႏိၵယႏိုင္ငံ တြင္ လူႏွင့္ တိရစာၦန္ၾကား ပဋိပကၡမ်ားသည္ တိုးပြားလာေသာ လူဦးေရႏွင့္ ၿမိဳ႕မ်ား တိုးခ်ဲ႕လာမႈ တို႕ႏွင့္ အတူ ႀကီးထြားလ်က္ ရွိေၾကာင္း သိရသည္။

ေဖေဖာ္ဝါရီလ ၇ ရက္ေန႕က လည္း ဘန္ကာလူရူၿမိဳ႕ရွိ ေက်ာင္းတစ္ေက်ာင္းသုိ႕ က်ားသစ္ ဝင္ေရာက္ တိုက္ခိုက္မႈ ေၾကာင့္ လူေျခာက္ဦး ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
..............
 အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရှိ အနောက်ဘင်္ဂလား ပြည်နယ်သို့ ဝင်ရောက်လာသည့် တောဆင်ရိုင်းအား တွေ့ရစဉ် (ဆင်ဟွာ)
    နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

    အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရှိ အနောက်ဘင်္ဂလား ပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ က တောဆင်ရိုင်း တစ်ကောင် ဝင်ရောက် ဖျက်ဆီးမှုကြောင့် အနည်းဆုံး လူနေ အဆောက်အအုံ ၁၀၀ နှင့် ကားများ၊ မော်တော်ဆိုင်ကယ်များ ဖျက်ဆီးခဲ့ရကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

တောဆင်ရိုင်း ဝင်ရောက်မှုသည် အနောက်ဘင်္ဂလား ပြည်နယ် မြို့တော် ကိုလ်ကတ္တား၏ မြောက်ဖက် ၅၆၆ ကီလိုမီတာ အကွာခန့်ရှိ ဆီလီဂူရီ မြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် လူသေဆုံးမှု မရှိခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများက ယင်းဆင်ရိုင်းသည် မြို့နှင့် အနီးဆုံး Baikunthapur တောအုပ်မှ ရောက်ရှိလာခြင်း ဖြစ်နိုင်ကြောင်း၊ လူများကို အန္တရာယ် မပေးသော်လည်း ၄င်းလမ်းကြောင်း ပေါ်ရှိ အရာဝတ္ထု မှန်သမျှကို ဖျက်ဆီး သွားခဲ့ကြောင်း နှင့် တောအုပ်ထဲသို့ ဝင်ရောက်ရန် လမ်းကြောင်း ရှာဖွေနေသည်ဟု ယူဆရကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရှိ အနောက်ဘင်္ဂလား ပြည်နယ်သို့ ဝင်ရောက်လာသည့် တောဆင်ရိုင်းအား တွေ့ရစဉ်  (ဆင်ဟွာ)
တောဆင်ရိုင်း ဝင်ရောက်မှု ဖြစ်ပွားပြီး နာရီ အနည်းငယ်အကြာတွင် သစ်တောရေးရာ ဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာကာ မေ့ဆေး သေနတ်ဖြင့် ပစ်ခတ် ထိန်းချုပ်ခဲ့ပြီး ၄င်းအား ကရိန်းဖြင့် မကာ ထရပ်ကားဖြင့် မြို့နှင့် ဝေးရာသို့ သယ်ဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦး ဖြစ်သူ Rishikesh Banerjee က ဆင်ဟွာသို့ ဖုန်းဖြင့် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ တွင် လူနှင့် တိရစ္ဆာန်ကြား ပဋိပက္ခများသည် တိုးပွားလာသော လူဦးရေနှင့် မြို့များ တိုးချဲ့လာမှု တို့နှင့် အတူ ကြီးထွားလျက် ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ ရ ရက်နေ့က လည်း ဘန်ကာလူရူမြို့ရှိ ကျောင်းတစ်ကျောင်းသို့ ကျားသစ် ဝင်ရောက် တိုက်ခိုက်မှု ကြောင့် လူခြောက်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment