လွခ်င္လြန္းလို႕ ဒီလိုျဖစ္ရသူ
ဆံပင္အလွျပင္ဆိုင္ပိုင္ရွင္ ခေလး ၂ ေယာက္အေမ ၄၆ႏွစ္အရြယ္ Apryl Michelle Brown ဟာ သူမရဲ႕တင္ပါးျပားခ်ပ္ခ်ပ္ျဖစ္ေနတာကို စိတ္ထဲဘဝင္မက်လွဘူး။ သူမရဲ႕တင္သားကို J-Lo လို၊ Janet Jackson လို တင္သားလွလွေလးရွိခ်င္ေနတယ္။
၂၀၀၄ ခုႏွစ္ ေန႔တေန႔သူမရဲ႕ေအာင္ျမင္ေနတဲ့ဆိုင္မွာ ဆံပင္အလွလာျပဳျပင္တဲ့ အမ်ဳိးသမီး ၂ ေယာက္ေျပာဆိုေနတာကိုၾကားလိုက္တယ္။ သူတို႔ေျပာဆိုေနတာက တိုက္တိုက္ဆိုင္ဆိုင္တင္သားျပဳျပင္တဲ့အေၾကာင္းျဖစ္ေနတယ္။ ဒါနဲ႔သူမလည္းေမးျမန္းမိတဲ့အခါ တဦးကျပဳျပင္ေပးသူျဖစ္ၿပီး ေနာက္တဦးကအျပဳျပင္ခံသူပါ။ အျပဳျပင္ခံထားသူက သူမရဲ႕တင္သားအလွကိုျပသတဲ့အခါ Apryl မေနႏိုင္ေတာ့ပဲ တထိုင္တည္းသူမလည္းတင္သားအလွျပဳျပင္ဖို႔ေတာင္းဆိုလိုက္ပါတယ္။ ေဆး ၂ ႀကိမ္ထိုးသြင္းျပဳျပင္ခ ေဒၚလာ ၈၅၀ ဆိုေတာ့ ပလတ္စတစ္ဆရာဝန္ဆီသြားလုပ္တာထက္အမ်ားႀကီးသက္သာေနတဲ့အျပင္ လက္ေတြ႕လည္းျပဳျပင္ခံထားသူရဲ႕ရလာတ္ကိုေတြ႕ျမင္ေနရတာဆိုေတာ့ အေတာ္သေဘာေတြ႕ေနတယ္။ သူမအလိုရွိတဲ့တင္သားအရြယ္ရဖို႔ ၃ ႀကိမ္(သို႔) ၄ ႀကိမ္ေဆးသြင္းရမယ္။
ပထမအႀကိမ္ ဆီလီကြန္ထိုးသြင္းၿပီးတဲ့အခါမွာ သူမရဲ႕တင္သားေတြနာက်င္ေနတယ္။ ျပဳျပင္ေပးသူက ဒီလိုပဲထိုးသြင္းၿပီးခါစမွာ ဆြဲဆုတ္ကိုင္ထားသလိုျဖစ္တာ သဘာဝပဲလို႔ဆိုတယ္။ တပါတ္အတြင္းမွာပဲ ဒုတိယအႀကိမ္ေဆးထပ္သြင္းေပးတယ္။ သူမလည္းနာက်င္လြန္းလို႔ေနာက္ထပ္ေဆးမသြင္းေတာ့ဘူး။
၂ လေလာက္ၾကာတဲ့အခါ သူမရဲ႕တင္သားေတြမာက်စ္လာတယ္။ တခုခုေတာ့မွားၿပီဆိုတာသိေနတယ္။ ရွက္လြန္းေတာ့ ဆရာဝန္လည္းသြားမျပမိဘူး။ သူမရဲ႕တင္သားေတြနာက်င္ခဲ့တာ ေန႔စဥ္မပ်က္ပါပဲ။ တင္သားေတြရဲ႕အသားေရာင္ဟာ ညိဳမဲလာတယ္။ ၂ ႏွစ္ေလာက္ၾကာတဲ့အခါ ေန႔ေန႔ညည တင္ပါးလွဳပ္တိုင္းနာက်င္လာတယ္။ ေသရင္ေကာင္းမယ္လို႕ေတာင္စဥ္းစားမိတယ္။
ေနာက္ဆံုး ၄ ႏွစ္ၾကာတဲ့အခါမခံႏိုင္ေတာ့လို႔ ဆရာဝန္ျပေတာ့ ဆီလီကြမ္ကိုျပန္ထုတ္ရမွာအရမ္းအႏၱရာယ္မ်ားတယ္လို႔ ဆရာဝန္ ၂ ဦးကေျပာတယ္။
၂၀၁၁ ခု ေဖေဖၚဝါရီေရာက္ေတာ့ ဆရာဝန္ခြဲစိပ္တာမေအာင္ျမင္ျဖစ္ၿပီး တင္ပါးမွာအေပါက္ႀကီးက်န္ရစ္တယ္။ ဂၽြန္လလည္းေရာက္ေရာတင္ပါးအေပါက္ကေရာဂါဝင္ၿပီး အေတာ္ကိုဒုကၡေရာက္ေတာ့တယ္။ ေနာက္ဆံုးခြဲစိပ္မွဳ ၂၇ ႀကိမ္လုပ္ရတယ္။ ဒါေပမဲ့ gangrene ကသူမရဲ႕လက္နဲ႔ေျခကိုျဖတ္ပစ္ရတဲ့အထိျဖစ္ေစခဲ့တယ္။
ဆရာဝန္ရဲ႕ေျပာၾကားခ်က္အရ သူမကိုထိုးသြင္းေပးတဲ့ဆီလီကြန္က ေရခ်ဳိးခန္း၊ အိမ္သာေတြမွာသံုးတဲ့ဆီလီကြန္အမ်ဳိးအစားျဖစ္တယ္။ လူေတြမွာအသံုးျပဳရင္အရမ္းအႏၱရာယ္မ်ားတယ္။
ဒါေၾကာင့္ သူမလိုအမ်ားမျဖစ္ရေအာင္ ဘလက္မားကတ္ကေနဆီလီကြန္ဝယ္မထိုးမိေစဖို႔၊ ေငြသက္သာတယ္ဆိုတိုင္းမလုပ္မိေစဖို႔ သူမကိုယ္တိုင္ အသိေပးျခင္းျဖစ္ေၾကာင္းေျပာဆိုပါတယ္။
...........
ဆံပင်အလှပြင်ဆိုင်ပိုင်ရှင် ခလေး ၂ ယောက်အမေ ၄၆နှစ်အရွယ် Apryl Michelle Brown ဟာ သူမရဲ့တင်ပါးပြားချပ်ချပ်ဖြစ်နေတာကို စိတ်ထဲဘဝင်မကျလှဘူး။ သူမရဲ့တင်သားကို J-Lo လို၊ Janet Jackson လို တင်သားလှလှလေးရှိချင်နေတယ်။
၂၀၀၄ ခုနှစ် နေ့တနေ့သူမရဲ့အောင်မြင်နေတဲ့ဆိုင်မှာ ဆံပင်အလှလာပြုပြင်တဲ့ အမျိုးသမီး ၂ ယောက်ပြောဆိုနေတာကိုကြားလိုက်တယ်။ သူတို့ပြောဆိုနေတာက တိုက်တိုက်ဆိုင်ဆိုင်တင်သားပြုပြင်တဲ့အကြောင်းဖြစ်နေတယ်။ ဒါနဲ့သူမလည်းမေးမြန်းမိတဲ့အခါ တဦးကပြုပြင်ပေးသူဖြစ်ပြီး နောက်တဦးကအပြုပြင်ခံသူပါ။ အပြုပြင်ခံထားသူက သူမရဲ့တင်သားအလှကိုပြသတဲ့အခါ Apryl မနေနိုင်တော့ပဲ တထိုင်တည်းသူမလည်းတင်သားအလှပြုပြင်ဖို့တောင်းဆိုလိုက်ပါတယ်။ ဆေး ၂ ကြိမ်ထိုးသွင်းပြုပြင်ခ ဒေါ်လာ ၈၅၀ ဆိုတော့ ပလတ်စတစ်ဆရာဝန်ဆီသွားလုပ်တာထက်အများကြီးသက်သာနေတဲ့အပြင် လက်တွေ့လည်းပြုပြင်ခံထားသူရဲ့ရလာတ်ကိုတွေ့မြင်နေရတာဆိုတော့ အတော်သဘောတွေ့နေတယ်။ သူမအလိုရှိတဲ့တင်သားအရွယ်ရဖို့ ၃ ကြိမ်(သို့) ၄ ကြိမ်ဆေးသွင်းရမယ်။
ပထမအကြိမ် ဆီလီကွန်ထိုးသွင်းပြီးတဲ့အခါမှာ သူမရဲ့တင်သားတွေနာကျင်နေတယ်။ ပြုပြင်ပေးသူက ဒီလိုပဲထိုးသွင်းပြီးခါစမှာ ဆွဲဆုတ်ကိုင်ထားသလိုဖြစ်တာ သဘာဝပဲလို့ဆိုတယ်။ တပါတ်အတွင်းမှာပဲ ဒုတိယအကြိမ်ဆေးထပ်သွင်းပေးတယ်။ သူမလည်းနာကျင်လွန်းလို့နောက်ထပ်ဆေးမသွင်းတော့ဘူး။
၂ လလောက်ကြာတဲ့အခါ သူမရဲ့တင်သားတွေမာကျစ်လာတယ်။ တခုခုတော့မှားပြီဆိုတာသိနေတယ်။ ရှက်လွန်းတော့ ဆရာဝန်လည်းသွားမပြမိဘူး။ သူမရဲ့တင်သားတွေနာကျင်ခဲ့တာ နေ့စဉ်မပျက်ပါပဲ။ တင်သားတွေရဲ့အသားရောင်ဟာ ညိုမဲလာတယ်။ ၂ နှစ်လောက်ကြာတဲ့အခါ နေ့နေ့ညည တင်ပါးလှုပ်တိုင်းနာကျင်လာတယ်။ သေရင်ကောင်းမယ်လို့တောင်စဉ်းစားမိတယ်။
နောက်ဆုံး ၄ နှစ်ကြာတဲ့အခါမခံနိုင်တော့လို့ ဆရာဝန်ပြတော့ ဆီလီကွမ်ကိုပြန်ထုတ်ရမှာအရမ်းအန္တရာယ်များတယ်လို့ ဆရာဝန် ၂ ဦးကပြောတယ်။
၂၀၁၁ ခု ဖေဖေါ်ဝါရီရောက်တော့ ဆရာဝန်ခွဲစိပ်တာမအောင်မြင်ဖြစ်ပြီး တင်ပါးမှာအပေါက်ကြီးကျန်ရစ်တယ်။ ဂျွန်လလည်းရောက်ရောတင်ပါးအပေါက်ကရောဂါဝင်ပြီး အတော်ကိုဒုက္ခရောက်တော့တယ်။ နောက်ဆုံးခွဲစိပ်မှု ၂၇ ကြိမ်လုပ်ရတယ်။ ဒါပေမဲ့ gangrene ကသူမရဲ့လက်နဲ့ခြေကိုဖြတ်ပစ်ရတဲ့အထိဖြစ်စေခဲ့တယ်။
ဆရာဝန်ရဲ့ပြောကြားချက်အရ သူမကိုထိုးသွင်းပေးတဲ့ဆီလီကွန်က ရေချိုးခန်း၊ အိမ်သာတွေမှာသုံးတဲ့ဆီလီကွန်အမျိုးအစားဖြစ်တယ်။ လူတွေမှာအသုံးပြုရင်အရမ်းအန္တရာယ်များတယ်။
ဒါကြောင့် သူမလိုအများမဖြစ်ရအောင် ဘလက်မားကတ်ကနေဆီလီကွန်ဝယ်မထိုးမိစေဖို့၊ ငွေသက်သာတယ်ဆိုတိုင်းမလုပ်မိစေဖို့ သူမကိုယ်တိုင် အသိပေးခြင်းဖြစ်ကြောင်းပြောဆိုပါတယ်။
0 comments:
Post a Comment