အစ္စလာမ် လေကြောင်းလိုင်း ပျံခွင့်ပိတ်




BBC Burmese
........

 လေယာဉ် ဝန်ထမ်း အမျိုးသမီးတွေ ခေါင်းစည်း ပုဝါ ဝတ်ဆင်
မလေးရှား နိုင်ငံမှာ အစ္စလာမ် စည်းမျဉ်း စည်းကမ်း အတိုင်း လိုက်နာဆောင်ရွက်တဲ့ ပထမဆုံး လေကြောင်းလိုင်း Rayani Air ကို စည်းကမ်း ချိုးဖောက်မှုနဲ့ ပျံသန်းခွင့် ပိတ်ပင်လိုက်ပါတယ်။

အဲဒီလေကြောင်းလိုင်းရဲ့ လုံခြုံရေး သတ်မှတ်ချက်တွေ မပြည့်မီမှုနဲ့ စီမံခန့်ခွဲမှုတို့ကို စိုးရိမ်တဲ့ အတွက် ပျံသန်းခွင့် လိုင်စင်ကို လေယာဉ်ပျံသန်းမှုဆိုင်ရာ ဌာနက ရုပ်သိမ်း လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ စတင် ပြေးဆွဲတဲ့ Rayani Air လေကြာင်းဟာ ဟာလာ အစားအစာတွေကိုသာ ကျွေးပြီး အရက်သေစာ မပေးဘဲ လေယာဉ် ဝန်ထမ်း အမျိုးသမီးတွေ က ခေါင်းစည်းပုဝါတွေ ဝတ်ဆင် ကြရပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment