ထိုင္းအစိုးရက အလိုရွိေနတဲ့ ဘုန္းၾကီးလူထြက္တဦး ကို အေမရိကန္နိုင္ငံက ဖမ္းဆီးလိုက္ေၾကာင္း သတင္းထုတ္ျပန္






22 July 2016
2013 ခုႏွစ္က ထိုင္းနိုင္ငံ အထုူစံုစမ္းစစ္ေဆးေရး အဖြဲ ့ DSI က အလိုရွိေနသူဘုန္းၾကီးလူထြက္ ၀ီရဘုန္း (လံုပိုနင္ခန္)အသက္ (၃၇) ႏွစ္ ကို အေမရိကန္ နိုင္ငံအာဏာပိုင္ေတြက ဖမ္းဆီးထားေၾကာင္း ထိုင္းနိုင္ငံ ဘန္ေကာက္ပို ့စ္သတင္းမွာေဖၚျပထားပါတယ္။

မူရင္း သတင္းလင့္
http://www.bangkokpost.com/…/fugitive-jet-setting-monk-nen-…

လြန္ခဲ့တဲ့သံုးနွစ္က အဆိုပါ နိုင္၀ိရဖုန္း ဟာ ဘုန္းၾကီးဘ၀နဲ ့ လွဴတမ္းလာတဲ့ ေငြေတြ ကို ကိုယ္ပိုင္ေငြေၾကးအျဖစ္ ထင္သလို သံုးစြဲေနတာ နံမည္ေက်ာ္ခဲ့ျပီး ကြန္ျပဴတာဥပေဒခ်ိဳးေဖါက္မွု-သက္ငယ္မိန္ခေလးမ်ားအား
မုဒိန္းက်င့္မွုအျပင္ တရားမ၀င္ ပစၥည္းဥစၥာမ်ားပိုင္ဆိုင္မွုေတြနဲ ့ အမွုရင္ဆိုင္ေနရာက အေမရိကန္ နိုင္ငံကို ထြက္ေျပးသြားခဲ့တာပါ။
လူအမ်ားၾကည္ညိုမွုကို အလြဲသံုးစားလုပ္ျပီး ဘာသာေရး ေက်ာင္းတိုက္ပိုင္ေငြေတြကို ကိုယ္ပိုင္ဘဏ္စာအုပ္ေလးဆယ္ေက်ာ္ဖြင့္ျပီး (ဘတ္သန္းေပါင္း ၃၈၀) တဦးတည္းသံုးျဖဳန္း ေနခဲ့ရာမွာ ကားအစီးေပါင္း
၁၀၀ -ေနအိမ္တိုက္ခန္းေတြပိုင္ဆိုင္ထားသူျဖစ္ပါတယ္။
ကိုယ္ပိုင္ဂ်က္ေလဌားျပီး ကမၻာပါတ္လယ္ေနစဥ္မွာ အေကာင္းစားေစ်း အၾကီးဆံုး ဇိမ္ခံပစၥည္းေတြ၀ယ္ျပီး သံုးေနတာကို ထိုင္းသာသနာေရးဌာနက စစ္ေဆးေတြ ့ရွိခဲ့ျပီး စစ္ေဆးအေရးယူခဲ့ရပါတယ္။
အဆိုးဆံုးကေတာ့ အသက္(၁၅)ႏွစ္ေအာက္ မိန္းေလးငယ္ကိုမုဒိန္းက်င့္တဲ့အမွုပါေပၚလာခဲ့တာေၾကာင့္ တရားမရင္ဆိုင္ေတာ့ဘဲ ထြက္ေျပးသြားခဲ့ပါတယ္။
အဆိုပါ တရားခံ ၀ီရဘုန္းကို အေမရိကန္တရားရံုးကေန မၾကာခင္ ထိုင္းကို ျပန္ပို ့မွာျဖစ္ေၾကာင္း
 ထိုင္းသတင္းေတြမွာေရးသားေဖၚျပေနပါတယ္။
http://news.sanook.com/1195834/
https://www.youtube.com/watch?v=knZ60zdCG4A

...........................................................

ထိုင်းအစိုးရက အလိုရှိနေတဲ့ ဘုန်းကြီးလူထွက်တဦး ကို အမေရိကန်နိုင်ငံက ဖမ်းဆီးလိုက်ကြောင်း သတင်းထုတ်ပြန်
22 July 2016
2013 ခုနှစ်က ထိုင်းနိုင်ငံ အထုူစုံစမ်းစစ်ဆေးရေး အဖွဲ ့ DSI က အလိုရှိနေသူဘုန်းကြီးလူထွက် ၀ီရဘုန်း (လုံပိုနင်ခန်)အသက် (၃၇) နှစ် ကို အမေရိကန် နိုင်ငံအာဏာပိုင်တွေက ဖမ်းဆီးထားကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်ပို ့စ်သတင်းမှာဖေါ်ပြထားပါတယ်။

မူရင်း သတင်းလင့်
http://www.bangkokpost.com/…/fugitive-jet-setting-monk-nen-…

လွန်ခဲ့တဲ့သုံးနှစ်က အဆိုပါ နိုင်ဝိရဖုန်း ဟာ ဘုန်းကြီးဘဝနဲ ့ လှူတမ်းလာတဲ့ ငွေတွေ ကို ကိုယ်ပိုင်ငွေကြေးအဖြစ် ထင်သလို သုံးစွဲနေတာ နံမည်ကျော်ခဲ့ပြီး ကွန်ပြူတာဥပဒေချိုးဖေါက်မှု-သက်ငယ်မိန်ခလေးများအား
မုဒိန်းကျင့်မှုအပြင် တရားမဝင် ပစ္စည်းဥစ္စာများပိုင်ဆိုင်မှုတွေနဲ ့ အမှုရင်ဆိုင်နေရာက အမေရိကန် နိုင်ငံကို ထွက်ပြေးသွားခဲ့တာပါ။
လူအများကြည်ညိုမှုကို အလွဲသုံးစားလုပ်ပြီး ဘာသာရေး ကျောင်းတိုက်ပိုင်ငွေတွေကို ကိုယ်ပိုင်ဘဏ်စာအုပ်လေးဆယ်ကျော်ဖွင့်ပြီး (ဘတ်သန်းပေါင်း ၃၈၀) တဦးတည်းသုံးဖြုန်း နေခဲ့ရာမှာ ကားအစီးပေါင်း
၁၀၀ -နေအိမ်တိုက်ခန်းတွေပိုင်ဆိုင်ထားသူဖြစ်ပါတယ်။
ကိုယ်ပိုင်ဂျက်လေဌားပြီး ကမ္ဘာပါတ်လယ်နေစဉ်မှာ အကောင်းစားစျေး အကြီးဆုံး ဇိမ်ခံပစ္စည်းတွေဝယ်ပြီး သုံးနေတာကို ထိုင်းသာသနာရေးဌာနက စစ်ဆေးတွေ ့ရှိခဲ့ပြီး စစ်ဆေးအရေးယူခဲ့ရပါတယ်။
အဆိုးဆုံးကတော့ အသက်(၁၅)နှစ်အောက် မိန်းလေးငယ်ကိုမုဒိန်းကျင့်တဲ့အမှုပါပေါ်လာခဲ့တာကြောင့် တရားမရင်ဆိုင်တော့ဘဲ ထွက်ပြေးသွားခဲ့ပါတယ်။
အဆိုပါ တရားခံ ၀ီရဘုန်းကို အမေရိကန်တရားရုံးကနေ မကြာခင် ထိုင်းကို ပြန်ပို ့မှာဖြစ်ကြောင်း
 ထိုင်းသတင်းတွေမှာရေးသားဖေါ်ပြနေပါတယ်။
http://news.sanook.com/1195834/
https://www.youtube.com/watch?v=knZ60zdCG4A
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment