ဂ်ပန္ ဧကရာဇ္ ထီးနန္း စြန္႔ေတာ့မယ္


ဧကရာဇ္ အခီဟီတိုဟာ ၁၉၈၉ ခုႏွစ္မွာ သူ႔ခမည္းေတာ္ ဟီရိုဟီတို ဆီကေန ထီးနန္း ဆက္ခံခဲ့။
ဂ်ပန္ ဧကရာဇ္ အခီဟီတိုက လာမယ့္ ႏွစ္အနည္းငယ္ အတြင္းမွာ ထီးနန္း စြန္႔ဖို႔ ရည္ရြယ္ ထားတယ္လို႔ ေၾကညာ လိုက္ပါတယ္။

အခု ႏွစ္ေတြ အတြင္း က်န္းမာေရး ျပႆနာေတြနဲ႔ ၾကဳံလာရတဲ့ အသက္ ၈၂ ႏွစ္ အရြယ္ ဂ်ပန္ ဧကရာဇ္ အေနနဲ႔ သူ႔ရဲ့ ႐ုံးတာဝန္ေတြကို ေလၽွာ့ခ်ရမယ္ ဆိုရင္ ဧကရာဇ္ အျဖစ္နဲ႔လည္း ဆက္ေနဖို႔ ဆႏၵ မရွိေၾကာင္း သတင္းေတြက ဆိုပါတယ္။

ဧကရာဇ္ အခီဟီတို ထီးနန္း စိုးစံတဲ့ သက္တမ္းက ၂၇ ႏွစ္ ရွိခဲ့ၿပီ ျဖစ္ၿပီး၊ သူ အခုလို နန္းစြန္႔မယ့္ အျဖစ္ဟာ ေခတ္သစ္ ဂ်ပန္မွာ မၾကဳံဖူးေသး ပါဘူး။

သူ႔ရဲ့ အႀကီးဆုံး သားေတာ္ ျဖစ္တဲ့ ၅၆ ႏွစ္အရြယ္ မင္းသား နာ႐ူဟီတိုက ထီးနန္းကို ဆက္ခံရဖို႔ ရွိပါတယ္။

ဧကရာဇ္ အခီဟီတိုဟာ ဂ်ပန္ လူမ်ိဳး အမ်ားစုရဲ့ အထူး ေလးစားမွုကို ခံယူရသူ ျဖစ္ၿပီး၊ ဒုတိယ ကမၻာစစ္ရဲ့ တရားခံျဖစ္တဲ့ အစြန္းေရာက္ အမ်ိဳးသားေရး ဝါဒနဲ႔ ခပ္ခြာခြာ ေနခဲ့တဲ့အေပၚ အမ်ားက သူ႔ကို ေလးစားၾကတာ ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese
......


ဧကရာဇ် အခီဟီတိုဟာ ၁၉၈၉ ခုနှစ်မှာ သူ့ခမည်းတော် ဟီရိုဟီတို ဆီကနေ ထီးနန်း ဆက်ခံခဲ့။
ဂျပန် ဧကရာဇ် အခီဟီတိုက လာမယ့် နှစ်အနည်းငယ် အတွင်းမှာ ထီးနန်း စွန့်ဖို့ ရည်ရွယ် ထားတယ်လို့ ကြေညာ လိုက်ပါတယ်။

အခု နှစ်တွေ အတွင်း ကျန်းမာရေး ပြဿနာတွေနဲ့ ကြုံလာရတဲ့ အသက် ၈၂ နှစ် အရွယ် ဂျပန် ဧကရာဇ် အနေနဲ့ သူ့ရဲ့ ရုံးတာဝန်တွေကို လျှော့ချရမယ် ဆိုရင် ဧကရာဇ် အဖြစ်နဲ့လည်း ဆက်နေဖို့ ဆန္ဒ မရှိကြောင်း သတင်းတွေက ဆိုပါတယ်။

ဧကရာဇ် အခီဟီတို ထီးနန်း စိုးစံတဲ့ သက်တမ်းက ၂၇ နှစ် ရှိခဲ့ပြီ ဖြစ်ပြီး၊ သူ အခုလို နန်းစွန့်မယ့် အဖြစ်ဟာ ခေတ်သစ် ဂျပန်မှာ မကြုံဖူးသေး ပါဘူး။

သူ့ရဲ့ အကြီးဆုံး သားတော် ဖြစ်တဲ့ ၅၆ နှစ်အရွယ် မင်းသား နာရူဟီတိုက ထီးနန်းကို ဆက်ခံရဖို့ ရှိပါတယ်။

ဧကရာဇ် အခီဟီတိုဟာ ဂျပန် လူမျိုး အများစုရဲ့ အထူး လေးစားမှုကို ခံယူရသူ ဖြစ်ပြီး၊ ဒုတိယ ကမ္ဘာစစ်ရဲ့ တရားခံဖြစ်တဲ့ အစွန်းရောက် အမျိုးသားရေး ဝါဒနဲ့ ခပ်ခွာခွာ နေခဲ့တဲ့အပေါ် အများက သူ့ကို လေးစားကြတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment