








ညီလင်းထက် (Shwemom)

source : thesun.co.uk

........................................

ဂျာဂွားကျားသစ်နဲ့ မိကျောင်းတို့ရဲ့ အစာအတွက် စီးချင်းတိုက်ပွဲ
By netsetaw - July 21, 2016


ကောင်ကို ဓာတ်ပုံရိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီမှာ ပေါင် 220 လောက်ရှိတဲ့ ဂျာဂွားကျားသစ်နဲ့ ရေနေသတ္တဝါမိကျောင်းတို့ရဲ့ တိုက်ပွဲကို မထင်မှတ်ပဲ တွေ့မြင်ကာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဂျာဂွားကျားသစ်ဟာ အမည်အရသာ ကျားစာရင်းဝင်ဆိုပေမယ့် ကြောင်ကြီးမျိုးနွယ်မှာ ပါ၀င်တယ်လို့ တိရစ္ဆာန်ကျွမ်းကျင်သူတွေက အဆိုရှိဖူးပါတယ်။ ဂျာဂွားတွေဟာ ပူးမားကျားသစ်တွေထက်စာရင် အပြေးမှာတော့ အမြန်နှုန်း မသိမသာ နည်းပါတယ်။ ဒါပေမယ့် သားကောင်နဲ့သတ်ပုတ်ရာမှာတော့ ဂျာဂွားတွေက ပိုပြီး လျှင်မြန်ပါတယ်။


အခုလည်း ရေသောက်ဆင်းနေတဲ့ ဂျာဂွားကို ခေါင်းတိုမိကျောင်းတစ်ကောင်က တိုက်ခိုက်ဖို့ ကြိုးစားတာပါ။ ဂျာဂွားဟာ ဆာလောင်ချိန်လည်း ဖြစ်တာမို့ ရေနေသတ္တဝါသော ဘာသော စဉ်းစားခြင်းမရှိတော့ဘဲ မိကျောင်းကို တိုက်ခိုက်ဖို့ ဆုံး
ဖြတ်လိုက်ပါတယ်။ အဲဒီနောက် ရေထဲမှာ ချောင်းမြောင်းနေတဲ့ မိကျောင်းရဲ့အပေါ်ကို ခုန်အုပ်ခဲ့ပြီး ခေါင်းကို ခဲခဲ့ပါတယ်။ မိကျောင်းကလည်း သူ ကျွမ်းကျင်တဲ့ ရေထဲမှာ သူ့ကို ပြန်တိုက်ခိုက်လိမ့်မယ်လို့ ယူဆထားခြင်း မရှိလို့ ဂျားဂွားရဲ့တိုက်
ကွက်မှာ အငိုက်မိသွားပုံပါဘဲ။



ခုနှစ်မိလောက် အကြာမှာပဲ ဂျာဂွားဟာ မိကျောင်းကို ကောင်းကောင်း သုတ်သင်နိုင်ခဲ့ပါတယ်။ သူဟာ မိကျောင်းကို
ခေါင်းကနေ ခဲပြီး ကုန်းပေါ်ကို ဆွဲယူသွားပါတယ်။ နောက်ဆုံးမှာတော့ သေဆုံးသူ အစာဖြစ်စတမ်း စီးချင်းတိုက်ပွဲမှာ
ခွန်အားကြီးပြီး လျှင်မြန်မှုပိုတဲ့ ဂျာဂွားကျားသစ်ကြီးက မိကျောင်းကြီးရဲ့ခန္ဓာကိုယ်ကို ညစာအဖြစ် စားသုံးခွင့် ရသွားခဲ့ပါ
တယ်။



ညီလင်းထက် (Shwemom)


source : thesun.co.uk
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment