ရထားစီးခရီးသည္ေတြကို ပုဆိန္နဲ႔အႏၱရာယ္ျပဳတဲ့သူကုိ ရဲတပ္ဖြဲ႕ကပစ္သတ္



By netsetaw - July 21, 2016

ဂ်ာမနီႏုိင္ငံ Wuerzburg ၿမိဳ႕က ရထားတစ္စင္းေပၚမွာ လူတစ္ေယာက္ ပုဆိန္ကုိင္ ရမ္းကားေနလုိ႔ Wuerzburg ရဲတပ္ဖြဲ႕က အခ်ိန္မီ၀င္ေရာက္ ထိန္းသိမ္းခဲ့ရပါတယ္။ အဆုိပါ ျဖစ္စဥ္မွာ ပုဆိန္ကုိင္ရမ္းကားသူဟာ အာဖဂန္နစၥတန္ႏုိင္ငံမွ ၀င္ေရာက္ခုိလႈံေနတဲ့ ဒုကၡသည္တစ္ဦးျဖစ္ၿပီး အသက္အားျဖင့္ေတာ့ (၁၇) ႏွစ္ ရွိၿပီလုိ႔ သိရပါတယ္။

ရမ္းကားသူရဲ႕ အမည္ကုိေတာ့ ရဲတပ္ဖြဲ႕က ထုတ္ေဖာ္ေျပာၾကားျခင္း မရွိဘဲ ၎ဟာ ရဲတပ္ဖြဲ႕၀င္ေတြကုိ ခုခံၿပီး ထြက္ေျပးဖုိ႔ ႀကိဳးစားခဲ့လုိ႔ ရဲတပ္ဖြဲ႔က မလႊဲမေရွာင္သာ ပစ္ခတ္ဖမ္းဆီးခဲ့ရတာ ျဖစ္ပါတယ္။ ၎ရဲ႕ ရမ္းကားမႈေၾကာင့္ ခရီးသည္ (၁၄) ဦး ဒဏ္ရာရရွိခဲ့ၿပီး သုံးဦးမွာ စုိးရိမ္ရျပင္းထန္ ဒဏ္ရာေတြ ရရွိခဲ့တယ္လုိ႔ ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားပါတယ္။

ဒီျဖစ္စဥ္ရဲ႕ ေနာက္ကြယ္မွာ ေသြးထုိးလႈံ႕ေဆာ္မႈ ရွိမရွိကိုေတာ့ သတင္းအတိအက် မရွိေသးပါဘူး။ ခရီးသည္အမ်ားစု စီးနင္းလုိက္ပါလာတဲ့ အဲဒီရထားဟာ Treuchtlingen ျပည္နယ္ရဲ႕ၿမိဳ႕ငယ္ေလးျဖစ္တဲ့ Bavarian ကေန ႏုရင္ဘတ္ၿမိဳ႕ အေနာက္ေျမာက္ပုိင္း Wuerzburg ၿမိဳ႕ကုိ ခုတ္ေမာင္းလာတဲ့ ရထားျဖစ္ပါတယ္။


အဲဒီျဖစ္စဥ္ေၾကာင့္ Wurzburg ၿမိဳ႕ကေန Ochsenfurt ၿမိဳ႕ကုိ ေျပးဆြဲေနတဲ့ ရထားအခ်ိန္စာရင္းကိုလည္း အေရးေပၚဆုိင္းငံ့မႈေတြ ျပဳလုပ္ခဲ့တယ္လုိ႔ သိရပါတယ္။ ေနာက္ဆုံး ရရွိတဲ့ သတင္းကေတာ့ ပုဆိန္ကုိင္ ရမ္းကားမႈေၾကာင့္ လူ(20)အထိ ဒဏ္ရာ ရရွိခဲ့တယ္လုိ႔ သိရၿပီး လက္ရွိအခ်ိန္မွာေတာ့ ဒဏ္ရာရသူေတြကို ေဆး႐ုံကို ပုိ႔ေဆာင္ေပးထားၿပီး ေဆး၀ါးကုသမႈ
ေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လုိ႔ သိရပါတယ္။


နတ္စည္ေတာ္ (Shwemom)

source : metro.co.uk

....................................................


ရထားစီးခရီးသည်တွေကို ပုဆိန်နဲ့အန္တရာယ်ပြုတဲ့သူကို ရဲတပ်ဖွဲ့ကပစ်သတ်
By netsetaw - July 21, 2016

ဂျာမနီနိုင်ငံ Wuerzburg မြို့က ရထားတစ်စင်းပေါ်မှာ လူတစ်ယောက် ပုဆိန်ကိုင် ရမ်းကားနေလို့ Wuerzburg ရဲတပ်ဖွဲ့က အချိန်မီဝင်ရောက် ထိန်းသိမ်းခဲ့ရပါတယ်။ အဆိုပါ ဖြစ်စဉ်မှာ ပုဆိန်ကိုင်ရမ်းကားသူဟာ အာဖဂန်နစ္စတန်နိုင်ငံမှ ၀င်ရောက်ခိုလှုံနေတဲ့ ဒုက္ခသည်တစ်ဦးဖြစ်ပြီး အသက်အားဖြင့်တော့ (၁၇) နှစ် ရှိပြီလို့ သိရပါတယ်။

ရမ်းကားသူရဲ့ အမည်ကိုတော့ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ ၎င်းဟာ ရဲတပ်ဖွဲ့ဝင်တွေကို ခုခံပြီး ထွက်ပြေး
ဖို့ ကြိုးစားခဲ့လို့ ရဲတပ်ဖွဲ့က မလွှဲမရှောင်သာ ပစ်ခတ်ဖမ်းဆီးခဲ့ရတာ ဖြစ်ပါတယ်။ ၎င်းရဲ့ ရမ်းကားမှုကြောင့် ခရီးသည် (၁၄) ဦး ဒဏ်ရာရရှိခဲ့ပြီး သုံးဦးမှာ စိုးရိမ်ရပြင်းထန် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ သွေးထိုးလှုံ့ဆော်မှု ရှိမရှိကိုတော့ သတင်းအတိအကျ မရှိသေးပါဘူး။ ခရီးသည်အများစု စီးနင်းလိုက်ပါလာတဲ့ အဲဒီရထားဟာ Treuchtlingen ပြည်နယ်ရဲ့မြို့ငယ်လေးဖြစ်တဲ့ Bavarian ကနေ နုရင်ဘတ်မြို့ အနောက်မြောက်ပိုင်း Wuerzburg မြို့ကို ခုတ်မောင်းလာတဲ့ ရထားဖြစ်ပါတယ်။


အဲဒီဖြစ်စဉ်ကြောင့် Wurzburg မြို့ကနေ Ochsenfurt မြို့ကို ပြေးဆွဲနေတဲ့ ရထားအချိန်စာရင်းကိုလည်း အရေးပေါ်ဆိုင်းငံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံး ရရှိတဲ့ သတင်းကတော့ ပုဆိန်ကိုင် ရမ်းကားမှုကြောင့် လူ(20)အထိ ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပြီး လက်ရှိအချိန်မှာတော့ ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင်ပေးထားပြီး ဆေးဝါးကုသမှု
တွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


နတ်စည်တော် (Shwemom)

source : metro.co.uk...

Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment