Texas ျပည္နယ္ ဆႏၵျပပဲြပစ္ခတ္မႈ ရဲ ၅ ဦးေသ



အေမရိကန္ျပည္ေထာင္စု၊ တကၠဆက္စ္ျပည္နယ္၊ ဒါးလက္စ္ၿမိဳ႕မွာ ၾကာသပေတးေန႔ညပိုင္းက လက္ေျဖာင့္ေသနတ္သမားေတြက ေန ရဲတပ္ဖြဲ႔၀င္ေတြကို ပစ္ခတ္တဲ့အတြက္ ရဲတပ္ဖြဲ႔၀င္ငါးဦးေသဆံုးသြားပါတယ္။ ေသနတ္သမားသံုးဦးက ရဲတပ္ဖြဲ႔၀င္ေတြကို ပစ္ခတ္တာမွာ ေနာက္ထပ္ ၆ ေယာက္လည္း ဒဏ္ရာရပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းေတြအတြင္း လူ၀ီစီယားနားနဲ႔ မင္နီဆိုးတားၿမိဳ႕ေတြမွာ အာဖရိကန္ႏြယ္ဖြား အေမရိကန္ႏုိင္ငံသားႏွစ္ဦးကို လူျဖဴ ရဲ တပ္ဖြဲ႔၀င္ေတြက ပစ္သတ္တဲ့ သီးျခားျဖစ္ရပ္ႏွစ္ခု ျဖစ္ၿပီးတဲ့ေနာက္ ဒါးလက္စ္ၿမိဳ႕မွာ ၾကာသပေတးေန႔ညက ဆႏၵျပကန္႔ကြက္ပြဲကို လံုျခံဳေရးယူေပးထားတဲ့ ရဲတပ္ဖြဲ႔၀င္ေတြ အခုလို ပစ္ခတ္ခံရတာပါ။

ေသနတ္သမားစုစုေပါင္း ေလးဦးထက္မနည္းရွိၿပီး အဲဒီထဲက သံုးေယာက္ကို ဖမ္းထားၿပီးေတာ့ တေယာက္က အမ်ဳိးသမီးျဖစ္ တယ္လုိ႔ ဒါးလက္စ္ၿမိဳ႕ရဲတပ္ဖြဲ႔အႀကီးအကဲ David Brown က ဒီကေန႔မနက္ အေစာပိုင္းမွာေျပာပါတယ္။

ေနာက္ဆံုးသိထားရသေလာက္ကေတာ့ ေလးေယာက္ေျမာက္ လက္ေျဖာင့္ေသနတ္သမားဟာ ရဲတပ္ဖြဲ႔နဲ႔ အျပန္အလွန္ပစ္ခတ္ ခ်ိန္္အတြင္း ေသဆံုးသြားၿပီျဖစ္ပါတယ္။

  ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.........



အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်စ်ပြည်နယ်၊ ဒါးလက်စ်မြို့မှာ ကြာသပတေးနေ့ညပိုင်းက လက်ဖြောင့်သေနတ်သမားတွေက နေ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်ငါးဦးသေဆုံးသွားပါတယ်။ သေနတ်သမားသုံးဦးက ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တာမှာ နောက်ထပ် ၆ ယောက်လည်း ဒဏ်ရာရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း လူဝီစီယားနားနဲ့ မင်နီဆိုးတားမြို့တွေမှာ အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသားနှစ်ဦးကို လူဖြူ ရဲ တပ်ဖွဲ့ဝင်တွေက ပစ်သတ်တဲ့ သီးခြားဖြစ်ရပ်နှစ်ခု ဖြစ်ပြီးတဲ့နောက် ဒါးလက်စ်မြို့မှာ ကြာသပတေးနေ့ညက ဆန္ဒပြကန့်ကွက်ပွဲကို လုံခြုံရေးယူပေးထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အခုလို ပစ်ခတ်ခံရတာပါ။


သေနတ်သမားစုစုပေါင်း လေးဦးထက်မနည်းရှိပြီး အဲဒီထဲက သုံးယောက်ကို ဖမ်းထားပြီးတော့ တယောက်က အမျိုးသမီးဖြစ် တယ်လို့ ဒါးလက်စ်မြို့ရဲတပ်ဖွဲ့အကြီးအကဲ David Brown က ဒီကနေ့မနက် အစောပိုင်းမှာပြောပါတယ်။

နောက်ဆုံးသိထားရသလောက်ကတော့ လေးယောက်မြောက် လက်ဖြောင့်သေနတ်သမားဟာ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ် ချိန််အတွင်း သေဆုံးသွားပြီဖြစ်ပါတယ်။

  ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment