ေ၀ဖန္ခံရတဲ့ Melania Trump မိန္႔ခြန္း Republican ခုခံ




20.07.2016 07:40
စုျမတ္မြန္

Cleveland ၿမိဳ႕မွာ က်င္းပေနတဲ့ Republican ပါတီ ညီလာခံဖြင့္ပြဲေန႔မွာ ပါတီအတြက္ သမၼတေလာင္းျဖစ္ဖုိ႔ ေသခ်ာသေလာက္ျဖစ္ေနတဲ့ Donald Trump ရဲ႕ ဇနီး Melania Trump ၁၅ မိနစ္ၾကာ ေျပာၾကားခဲ့တဲ့ မိန္႔ခြန္းအေပၚ ေဝဖန္မႈေတြ ထြက္ေပၚေနပါတယ္။ လြန္ခဲ့တဲ့ ၈ ႏွစ္က Democratic ပါတီညီလာခံမွာ သမၼတေလာင္း Barack Obama ရဲ႕ ဇနီး Michelle Obama ေျပာၾကားခဲ့တဲ့ မိန္႔ခြန္းနဲ႔ သိပ္ကို ဆင္တူေနတယ္လို႔ ေထာက္ျပေနၾကတာပါ။

Trump မဲဆြယ္စည္း႐ံုးေရးအဖဲြ႔ကေတာ့ Melania Trump သူ႔ရင္ထဲကလာတဲ့ စကားေတြကိုသာ ေျပာခဲ့တယ္လို႔ ခုခံ ေျပာၾကားေနပါတယ္။ အျပည့္အစံုကို မစုျမတ္မြန္က တင္ျပထားပါတယ္။

Republican ပါတီညီလာခံကို Ohio ျပည္နယ္ Cleveland ၿမိဳ႕မွာ အဂၤါေန႔က ဒုတိယေန႔အျဖစ္ ဆက္ၿပီး က်င္းပေနပါတယ္။ ညီလာခံစတင္က်င္းပတဲ့ တနလၤာေန႔တုန္းကေတာ့ ပါတီအတြက္ သမၼတေလာင္း Donald Trump က ပါတီညီလာခံမွာ မိန္႔ခြန္းေျပာမယ့္ သူ႔ရဲ႕ဇနီးကုိ မိတ္ဆက္ၿပီး စင္ေပၚေခၚခဲ့ပါတယ္။ ဥေရာပအလယ္ပိုင္း Slovenia ႏိုင္ငံကေန အေမရိကန္မွာ လာေရာက္ အေျခခ်ေနထုိင္သူ Melania Trump က သူ႔ရဲ႕ခင္ပြန္း Donald Trump ကို ထူးျခားတဲ့ ေခါင္းေဆာင္တေယာက္ ျဖစ္တယ္ လို႔ ေျပာၾကားခဲ့ၿပီး၊ အေမရိကန္ျပည္ေထာင္စုကို အေျပာင္းအလဲေတြ ျဖစ္လာေအာင္ လုပ္ႏိုင္မယ့္ တဦးတည္းေသာ သူလုိ႔ မိန္႔ခြန္းထဲမွာ ေျပာၾကားခဲ့ပါတယ္။

Melania Trump ေျပာၾကားခဲ့တဲ့ မိန္႔ခြန္းေတြဟာ ၂၀၀၈ ခုႏွစ္တုန္းက Democratic ပါတီညီလာခံမွာ အဲဒီတုန္းက သမၼတေလာင္းျဖစ္တဲ့ Barack Obama ရဲ႕ဇနီး Michelle Obama က သူ႔ခင္ပြန္းကို ခ်ီးက်ဴးေျပာၾကားခ်က္ေတြနဲ႔ သိပ္ကို တူေနတဲ့အတြက္ ေဝဖန္သံုးသပ္မႈေတြ ထြက္ေပၚေနပါတယ္။

“ေနာင္မ်ဳိးဆက္ေပါင္းမ်ားစြာ အတုယူႏိုင္မယ့္ သင္ခန္းစာမ်ဳိး ခ်န္ထားရစ္ခဲ့ဖုိ႔ လိုပါတယ္။ ကိုယ့္စိတ္ကူး အိမ္မက္ေတြက ဘယ္ေလာက္ခိုင္မာသလဲ၊ အိမ္မက္အတိုင္းျဖစ္ေအာင္ ဘယ္ေလာက္ ႀကိဳးစားလုပ္ခ်င္သလဲ ဆိုတာကသာ ကိုယ့္ေအာင္ျမင္မႈအတြက္ တခုတည္းေသာ ကန္႔သတ္မႈ ျဖစ္တယ္ဆိုတာကို ဒီႏိုင္ငံက ကေလးေတြကို က်မတို႔က သိေစခ်င္လို႔ ျဖစ္ပါတယ္။”

အဲဒါက တနလၤာေန႔ညတုန္းက Melania Trump က Republican ပါတီ မိန္႔ခြန္းထဲမွာ ေျပာၾကားသြားတာပါ။ လြန္ခဲ့တဲ့ ၈ ႏွစ္တုန္းက Democratic ပါတီညီလာခံမွာ Michelle Obama က ေျပာခဲ့တာေတြကိုလည္း နားဆင္ၾကည့္ပါဦး။

“ဒီစံတန္ဖုိးေတြနဲ႔အညီ ဘဝကို တည္ေဆာက္ထားတဲ့ Barack နဲ႔ က်မတို႔ဟာ ေနာင္မ်ဳိးဆက္ေတြ အတြက္ ဒီတန္ဖုိးေတြကို လက္ဆင့္ကမ္းသြားမွာ ျဖစ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ က်မတုိ႔ရဲ႕ ကေလးေတြကိုေရာ အေမရိကန္ျပည္ေထာင္စုက ကေလးအားလံုးကိုပါ သိေစခ်င္တာက ကုိယ့္ရဲ႕ေအာင္ျမင္မႈ အတိုင္းအတာကို ကန္႔သတ္ထားတာဟာ ကိုယ့္အိပ္မက္ေတြ ျဖစ္လာႏိုင္ေအာင္ လက္ေတြ႔ေဆာင္႐ြက္မႈနဲ႔ ဘယ္ေလာက္ ႀကိဳးစားလုပ္ခ်င္စိတ္ ႐ွိသလဲဆိုတာပဲ ျဖစ္တယ္ဆိုတာပါပဲ။”

ခုလို မိန္႔ခြန္း ၂ ခု ေတာ္ေတာ္ကို ဆင္တူေနလို႔ ေဝဖန္မႈေတြ ထြက္ေပၚေနခ်ိန္မွာ Trump မဲဆြယ္စည္း႐ံုးေရးအဖဲြ႔ ဥကၠ႒ Paul Manafort ကေတာ့ Melania Trump ဘက္ကေန ခုလို ကာကြယ္ ေျပာၾကားခဲ့ပါတယ္။

“သူအဓိကေျပာခဲ့တာေတြက သူ႔ခံယူခ်က္ေတြ ျဖစ္ပါတယ္။ ဒီအခ်က္ေတြက သူတို႔ျဖတ္သန္းခဲ့တဲ့ ဘဝအေျခအေနေပၚ အေျခခံၿပီး တျခားသူအမ်ားႀကီးရဲ႕ ခံယူခ်က္နဲ႔လည္း တူႏိုင္ပါတယ္။ Michelle Obama က သူ႔မိသားစုနဲ႔ ပတ္သက္လို႔ထားတဲ့ စိတ္ကူး ခံယူခ်က္ေတြက သိပ္ကိုတူေနတာကေတာ့ ျငင္းလို႔မရပါဘူး။ Melania ေျပာခဲ့တဲ့မိန္႔ခြန္းထဲမွာ ေျပာသမွ်ဟာ သူ႔စိတ္ထဲမွာ ႐ွိတဲ့အတိုင္း ေျပာတာလို႔ က်ေနာ္တုိ႔ ယံုၾကည္ပါတယ္။ သူ႔ခံယူခ်က္ကို ထင္ဟပ္တဲ့ အသံုးအႏႈန္းေတြမို႔ ကသိကေအာက္ မျဖစ္ပါဘူးလို႔ Melania က ေျပာပါတယ္။ သူေျပာတဲ့စကားေတြကို လူေတြ အာ႐ံုစိုက္ၾကမယ္ဆိုတာ သူသိပါတယ္။ သူအဓိကေပးခ်င္တဲ့ သတင္းစကားေတြကို အေမရိကန္ေတြဘက္က တကယ္လည္း အာ႐ံုစိုက္ၾကပါတယ္။ ခင္ဗ်ားတုိ႔ကပဲ သူေပးခ်င္တဲ့ အဓိက အေၾကာင္းအခ်က္ကို လိုရာဆဲြၿပီး မူရင္း အႏွစ္သာရေပ်ာက္ေအာင္ လုပ္ဖုိ႔ ႀကိဳးစားေနၾကတာပါ။”

သံုးသပ္သူေတြဘက္ကေတာ့ မိန္႔ခြန္း ၂ ခု သိပ္ကို ဆင္တူေနတာကို လ်စ္လ်ဴ႐ႈဖုိ႔ ခက္တယ္လို႔ ေျပာေနၾကပါတယ္။ Republican ပါတီညီလာခံ ဒုတိယေန႔ျဖစ္တဲ့ အဂၤါေန႔မွာေတာ့ Donald Trump ရဲ႕ သားသမီး ၂ ေယာက္ျဖစ္ၾကတဲ့ Tiffany နဲ႔ Donald Jr. Trump တို႔အျပင္ Republican ပါတီမွာ အထင္႐ွားဆံုး ပုဂၢိဳလ္တေယာက္ျဖစ္တဲ့ ေအာက္လႊတ္ေတာ္ဥကၠ႒ Paul Ryan နဲ႔ သမၼတေလာင္းျဖစ္ေရး အစပိုင္းက ဝင္ၿပီး ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ New Jersey ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Chris Christie နဲ႔ ဦးေႏွာက္နဲ႔ အာ႐ံုေၾကာခြဲစိတ္ဆရာဝန္ Ben Carson တို႔က မိန္႔ခြန္းေတြ ေျပာၾကားၾကပါတယ္္။

တခ်ိန္က Model လုပ္ခဲ့သူ Slovene လူမ်ဳိး အသက္ ၄၆ ႏွစ္အ႐ြယ္ Melania Trump ဟာ Donald Trump ရဲ႕ တတိယေျမာက္ဇနီးျဖစ္ၿပီး ၂၀၀၅ ခုႏွစ္မွာ လက္ထပ္ထိမ္းျမားခဲ့ၾကတာ ျဖစ္ပါတယ္။

http://burmese.voanews.com/pp/3426631/ppt0.html


http://burmese.voanews.com/a/melania-copied-mrs-obama-speech/3426632.html

http://www.cnn.com/videos/politics/2016/07/19/melania-trump-michelle-obama-speech-similarities-side-by-side-sots.cnn
.............................................................

ဝေဖန်ခံရတဲ့ Melania Trump မိန့်ခွန်း Republican ခုခံ
20.07.2016 07:40
စုမြတ်မွန်

Cleveland မြို့မှာ ကျင်းပနေတဲ့ Republican ပါတီ ညီလာခံဖွင့်ပွဲနေ့မှာ ပါတီအတွက် သမ္မတလောင်းဖြစ်ဖို့ သေချာသလောက်ဖြစ်နေတဲ့ Donald Trump ရဲ့ ဇနီး Melania Trump ၁၅ မိနစ်ကြာ ပြောကြားခဲ့တဲ့ မိန့်ခွန်းအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်က Democratic ပါတီညီလာခံမှာ သမ္မတလောင်း Barack Obama ရဲ့ ဇနီး Michelle Obama ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ သိပ်ကို ဆင်တူနေတယ်လို့ ထောက်ပြနေကြတာပါ။

Trump မဲဆွယ်စည်းရုံးရေးအဖွဲ့ကတော့ Melania Trump သူ့ရင်ထဲကလာတဲ့ စကားတွေကိုသာ ပြောခဲ့တယ်လို့ ခုခံ ပြောကြားနေပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြထားပါတယ်။

Republican ပါတီညီလာခံကို Ohio ပြည်နယ် Cleveland မြို့မှာ အင်္ဂါနေ့က ဒုတိယနေ့အဖြစ် ဆက်ပြီး ကျင်းပနေပါတယ်။ ညီလာခံစတင်ကျင်းပတဲ့ တနင်္လာနေ့တုန်းကတော့ ပါတီအတွက် သမ္မတလောင်း Donald Trump က ပါတီညီလာခံမှာ မိန့်ခွန်းပြောမယ့် သူ့ရဲ့ဇနီးကို မိတ်ဆက်ပြီး စင်ပေါ်ခေါ်ခဲ့ပါတယ်။ ဥရောပအလယ်ပိုင်း Slovenia နိုင်ငံကနေ အမေရိကန်မှာ လာရောက် အခြေချနေထိုင်သူ Melania Trump က သူ့ရဲ့ခင်ပွန်း Donald Trump ကို ထူးခြားတဲ့ ခေါင်းဆောင်တယောက် ဖြစ်တယ် လို့ ပြောကြားခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုကို အပြောင်းအလဲတွေ ဖြစ်လာအောင် လုပ်နိုင်မယ့် တဦးတည်းသော သူလို့ မိန့်ခွန်းထဲမှာ ပြောကြားခဲ့ပါတယ်။

Melania Trump ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေဟာ ၂၀၀၈ ခုနှစ်တုန်းက Democratic ပါတီညီလာခံမှာ အဲဒီတုန်းက သမ္မတလောင်းဖြစ်တဲ့ Barack Obama ရဲ့ဇနီး Michelle Obama က သူ့ခင်ပွန်းကို ချီးကျူးပြောကြားချက်တွေနဲ့ သိပ်ကို တူနေတဲ့အတွက် ဝေဖန်သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

“နောင်မျိုးဆက်ပေါင်းများစွာ အတုယူနိုင်မယ့် သင်ခန်းစာမျိုး ချန်ထားရစ်ခဲ့ဖို့ လိုပါတယ်။ ကိုယ့်စိတ်ကူး အိမ်မက်တွေက ဘယ်လောက်ခိုင်မာသလဲ၊ အိမ်မက်အတိုင်းဖြစ်အောင် ဘယ်လောက် ကြိုးစားလုပ်ချင်သလဲ ဆိုတာကသာ ကိုယ့်အောင်မြင်မှုအတွက် တခုတည်းသော ကန့်သတ်မှု ဖြစ်တယ်ဆိုတာကို ဒီနိုင်ငံက ကလေးတွေကို ကျမတို့က သိစေချင်လို့ ဖြစ်ပါတယ်။”

အဲဒါက တနင်္လာနေ့ညတုန်းက Melania Trump က Republican ပါတီ မိန့်ခွန်းထဲမှာ ပြောကြားသွားတာပါ။ လွန်ခဲ့တဲ့ ၈ နှစ်တုန်းက Democratic ပါတီညီလာခံမှာ Michelle Obama က ပြောခဲ့တာတွေကိုလည်း နားဆင်ကြည့်ပါဦး။

“ဒီစံတန်ဖိုးတွေနဲ့အညီ ဘဝကို တည်ဆောက်ထားတဲ့ Barack နဲ့ ကျမတို့ဟာ နောင်မျိုးဆက်တွေ အတွက် ဒီတန်ဖိုးတွေကို လက်ဆင့်ကမ်းသွားမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျမတို့ရဲ့ ကလေးတွေကိုရော အမေရိကန်ပြည်ထောင်စုက ကလေးအားလုံးကိုပါ သိစေချင်တာက ကိုယ့်ရဲ့အောင်မြင်မှု အတိုင်းအတာကို ကန့်သတ်ထားတာဟာ ကိုယ့်အိပ်မက်တွေ ဖြစ်လာနိုင်အောင် လက်တွေ့ဆောင်ရွက်မှုနဲ့ ဘယ်လောက် ကြိုးစားလုပ်ချင်စိတ် ရှိသလဲဆိုတာပဲ ဖြစ်တယ်ဆိုတာပါပဲ။”

ခုလို မိန့်ခွန်း ၂ ခု တော်တော်ကို ဆင်တူနေလို့ ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာ Trump မဲဆွယ်စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌ Paul Manafort ကတော့ Melania Trump ဘက်ကနေ ခုလို ကာကွယ် ပြောကြားခဲ့ပါတယ်။

“သူအဓိကပြောခဲ့တာတွေက သူ့ခံယူချက်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေက သူတို့ဖြတ်သန်းခဲ့တဲ့ ဘဝအခြေအနေပေါ် အခြေခံပြီး တခြားသူအများကြီးရဲ့ ခံယူချက်နဲ့လည်း တူနိုင်ပါတယ်။ Michelle Obama က သူ့မိသားစုနဲ့ ပတ်သက်လို့ထားတဲ့ စိတ်ကူး ခံယူချက်တွေက သိပ်ကိုတူနေတာကတော့ ငြင်းလို့မရပါဘူး။ Melania ပြောခဲ့တဲ့မိန့်ခွန်းထဲမှာ ပြောသမျှဟာ သူ့စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောတာလို့ ကျနော်တို့ ယုံကြည်ပါတယ်။ သူ့ခံယူချက်ကို ထင်ဟပ်တဲ့ အသုံးအနှုန်းတွေမို့ ကသိကအောက် မဖြစ်ပါဘူးလို့ Melania က ပြောပါတယ်။ သူပြောတဲ့စကားတွေကို လူတွေ အာရုံစိုက်ကြမယ်ဆိုတာ သူသိပါတယ်။ သူအဓိကပေးချင်တဲ့ သတင်းစကားတွေကို အမေရိကန်တွေဘက်က တကယ်လည်း အာရုံစိုက်ကြပါတယ်။ ခင်ဗျားတို့ကပဲ သူပေးချင်တဲ့ အဓိက အကြောင်းအချက်ကို လိုရာဆွဲပြီး မူရင်း အနှစ်သာရပျောက်အောင် လုပ်ဖို့ ကြိုးစားနေကြတာပါ။”

သုံးသပ်သူတွေဘက်ကတော့ မိန့်ခွန်း ၂ ခု သိပ်ကို ဆင်တူနေတာကို လျစ်လျူရှုဖို့ ခက်တယ်လို့ ပြောနေကြပါတယ်။ Republican ပါတီညီလာခံ ဒုတိယနေ့ဖြစ်တဲ့ အင်္ဂါနေ့မှာတော့ Donald Trump ရဲ့ သားသမီး ၂ ယောက်ဖြစ်ကြတဲ့ Tiffany နဲ့ Donald Jr. Trump တို့အပြင် Republican ပါတီမှာ အထင်ရှားဆုံး ပုဂ္ဂိုလ်တယောက်ဖြစ်တဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Paul Ryan နဲ့ သမ္မတလောင်းဖြစ်ရေး အစပိုင်းက ဝင်ပြီး ယှဉ်ပြိုင်ခဲ့ကြတဲ့ New Jersey ပြည်နယ် အုပ်ချုပ်ရေးမှူး Chris Christie နဲ့ ဦးနှောက်နဲ့ အာရုံကြောခွဲစိတ်ဆရာဝန် Ben Carson တို့က မိန့်ခွန်းတွေ ပြောကြားကြပါတယ််။

တချိန်က Model လုပ်ခဲ့သူ Slovene လူမျိုး အသက် ၄၆ နှစ်အရွယ် Melania Trump ဟာ Donald Trump ရဲ့ တတိယမြောက်ဇနီးဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ လက်ထပ်ထိမ်းမြားခဲ့ကြတာ ဖြစ်ပါတယ်။

http://burmese.voanews.com/pp/3426631/ppt0.html


http://burmese.voanews.com/a/melania-copied-mrs-obama-speech/3426632.html




Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment