အင္ဒိုနီးရွားမွာ ယာဥ္ေၾကာပိတ္ၿပီး လူေတြေသ

အင္ဒိုနီးရွားက မြတ္ဆလင္ေတြရဲ့ အိဒ္ပြဲေတာ္
အင္ဒိုနီးရွား နိုင္ငံမွာ အစၥလာမ္ ဘာသာဝင္ ေတြရဲ့ အိဒ္ ပြဲေတာ္အၿပီး ျပန္လာၾကတဲ့ ကားေတြ ရက္ခ်ီ ပိတ္မိၿပီး လူ ၁၂ ေယာက္ ေလာက္ ေရျပတ္ ပင္ပန္းၿပီး ေသဆုံးၾကပါတယ္။

လူ သန္းနဲ႔ခ်ီၿပီး ကားလမ္း ေတြေပၚမွာ ပိတ္မိခဲ့တာပါ။

မြတ္ဆလင္ ဥပုသ္လ ကုန္ဆုံးခ်ိန္မွာ ဂ်ားဗားကၽြန္းက လမ္းဆုံ တခုမွာ ဒီလို အသြားအလာ မ်ားၿပီး ၃ ရက္ေလာက္ ယာဥ္ေၾကာ ပိတ္ဆို႔ခဲ့တာ ျဖစ္ပါတယ္။

ေသဆုံးသူ အမ်ားစုဟာ သက္ႀကီး ရြယ္အိုေတြ ျဖစ္ၿပီး ကားေတြ ေပၚမွာ အပူရွိန္နဲ႔ ပိတ္မိၿပီး ေသဆုံးၾကတာလို႔ သိရပါတယ္။

ကားမီးခိုးေငြ႕ေတြ ရွူမိၿပီး ကေလးငယ္ တေယာက္ ေသဆုံးခဲ့ပါတယ္။

BBC Burmese
http://www.bbc.com/burmese
......

အင်ဒိုနီးရှားက မွတ်ဆလင်တွေရဲ့ အိဒ်ပွဲတော်
အင်ဒိုနီးရှား နိုင်ငံမှာ အစ္စလာမ် ဘာသာဝင် တွေရဲ့ အိဒ် ပွဲတော်အပြီး ပြန်လာကြတဲ့ ကားတွေ ရက်ချီ ပိတ်မိပြီး လူ ၁၂ ယောက် လောက် ရေပြတ် ပင်ပန်းပြီး သေဆုံးကြပါတယ်။

လူ သန်းနဲ့ချီပြီး ကားလမ်း တွေပေါ်မှာ ပိတ်မိခဲ့တာပါ။

မွတ်ဆလင် ဥပုသ်လ ကုန်ဆုံးချိန်မှာ ဂျားဗားကျွန်းက လမ်းဆုံ တခုမှာ ဒီလို အသွားအလာ များပြီး ၃ ရက်လောက် ယာဉ်ကြော ပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူ အများစုဟာ သက်ကြီး ရွယ်အိုတွေ ဖြစ်ပြီး ကားတွေ ပေါ်မှာ အပူရှိန်နဲ့ ပိတ်မိပြီး သေဆုံးကြတာလို့ သိရပါတယ်။

ကားမီးခိုးငွေ့တွေ ရှူမိပြီး ကလေးငယ် တယောက် သေဆုံးခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment