ကေလးမ်ားစြာကိုသတ္ခဲ့ျပီးအေရအတြက္ေတာင္မမွတ္မိေတာ့တဲ့အမ်ိဳးသမီး



By netsetaw - July 14, 2016

ဂ်ာမနီႏုိင္ငံက အသက္(၄၅)ႏွစ္ရွိၿပီျဖစ္တဲ့ Andrea Goeppner ဆုိတဲ့ အမ်ိဳးသမီးႀကီးဟာ သူ သတ္ခဲ့တဲ့ ကေလးအေရအတြက္ မ်ားလြန္းလုိ႔ ဘယ္ႏွစ္ေယာက္ေလာက္ သတ္ခဲ့မိလဲဆုိတာကုိ ေကာင္းေကာင္း မမွတ္မိပါဘူးလုိ႔ တရား႐ုံးမွာ ထြက္ဆုိခဲ့ပါတယ္။ Andrea ဟာ ကုိယ္ေမြးခဲ့တဲ့ ကေလးငယ္ရွစ္ေယာက္ထက္ပုိၿပီး သတ္ပစ္ခဲ့တယ္လုိ႔ သံသယ၀င္ျခင္း ခံေနရပါတယ္။ ေလာေလာဆယ္ေတာ့ Andrea ဟာ ၿပီးခဲ့တဲ့အပတ္ အဂၤါေန႔က ကိုယ္ပုိင္ရင္ေသြး(၈)ေယာက္ကုိ သတ္ခဲ့မႈနဲ႔ တရားရင္ဆုိင္ေနရၿပီး၊ တရား႐ုံးမွာ သူမက အထက္ပါအတုိင္း ထြက္ဆုိခဲ့တာ ျဖစ္ပါတယ္။ သူမဟာ ၿပီးခဲ့တဲ့ႏွစ္ကလည္း ကေလးငယ္ (၄)ေယာက္ကို ရက္ရက္စက္စက္ သတ္ျဖတ္ၿပီး ႏွီးနဲ႔ပတ္ကာ ပလက္စတစ္ပုံးေတြထဲမွာ ထည့္ၿပီး အစေဖ်ာက္ခဲ့ပါတယ္။

တရားလႊတ္ေတာ္ေရွ႕ေန႔ Till Wagler က Andrea ကုိ စစ္ေၾကာေမးျမန္းတဲ့ေမးခြန္းထဲမွာ ” ဒီကေလးငယ္ ရွစ္ေယာက္အျပင္ ခင္ဗ်ား တစ္ျခားကေလး ဘယ္ႏွစ္ေယာက္ကုိ သတ္ခဲ့ေသးလဲ “ဆုိတဲ့ ေမးခြန္းကို တရားခံ Andrea က ” ႏွစ္ေယာက္လည္း ျဖစ္ခ်င္ ျဖစ္ႏုိင္တာပဲ … ဒါမွမဟုတ္ သုံးေယာက္ … ေလးေယာက္ စသျဖင့္ … ျဖစ္ႏုိင္ပါတယ္ … ဘယ္ႏွစ္ေယာက္ဆုိတာေတာ့ ကၽြန္မ မမွတ္မိဘူးေလ … ကေလးေတြကလည္း အမ်ားသားပဲ ” လုိ႔ ခပ္ေအးေအး ထြက္ဆုိခဲ့ပါတယ္။ Andrea သူကုိယ္တုိင္ ေမြးၿပီး သတ္ခဲ့တဲ့
 ကေလးငယ္ေတြထဲမွာ အခ်ိဳ႕ကေလးေတြဟာ ေမြးကင္းစအရြယ္ကေလးေတြ
ျဖစ္ၾကတယ္လုိ႔ စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ ယခုအမႈမွာ ပါ၀င္ပတ္သက္တယ္လုိ႔ သံသယရွိေနတဲ့ Andrea ရဲ႕ ခင္ပြန္းေဟာင္း အသက္(၅၅)ႏွစ္အရြယ္ Johann Goeppner ကုိလည္း 2003 ခုႏွစ္မွ 2013 ခုႏွစ္အတြင္း က်ဴးလြန္ခဲ့တဲ့ ကုိယ့္ကေလးကုိယ္သတ္မႈေတြထဲမွာ ႀကံရာပါအျဖစ္ ပူးေပါင္းပါ၀င္ခဲ့တယ္လုိ႔ ရဲတပ္ဖြဲ႕က သံသျဖစ္ေနၿပီး တရားစြဲဆုိ တင္ပို႔ထားပါတယ္။


သူမဟာ ကုိယ္တုိင္ေမြးခဲ့တဲ့ ကေလးငယ္ေတြကို သတ္ပစ္ရျခင္းရဲ႕ ရည္ရြယ္ခ်က္က ကေလးေတြအေျမာက္အမ်ားနဲ႔ သားသည္မေအဘ၀မွာ လိင္ပုိင္ဆုိင္ရာ ဆႏၵေတြ ေလွ်ာ့နည္းကုန္မွာစုိးလုိ႔ဆုိတဲ့ မစူးစမ္းမဆင္ျခင္တဲ့ အေတြးနဲ႔ က်ဴးလြန္ခဲ့တာ ျဖစ္ပါတယ္။ ကေလးေတြကိုေမြးေမြးခ်င္းမွာပဲ ႏွီးနဲ႔ပတ္ၿပီး ငုိသံမထြက္ေအာင္ ပါးစပ္ကုိ ပိတ္ဆုိ႔ကာပလက္စတစ္ အမႈိက္ပုံးေတြ၊ ေသတၱာေတြထဲမွာထည့္ၿပီး ရက္ရက္စက္စက္ က်ဴးလြန္ခဲ့တာ ျဖစ္ပါတယ္။ သူမအေနနဲ႔ အနည္းဆုံးေတာ့
ေထာင္ဒဏ္ (၁၅)ႏွစ္ေလာက္ေတာ့ ခ်မွတ္ခံရဖုိ႔ ရွိေနပါတယ္။ ဒါေပမယ့္ ဂ်ာမနီမွာေတာ့ လူသတ္မႈအတြက္ အျမင့္ဆုံးေထာင္ဒဏ္ဟာ (၁၅)ႏွစ္သာ ျဖစ္ၿပီး၊ ပူေပါင္းပါ၀င္သူေတြကေတာ့ အနည္းဆုံး ေထာင္ဒဏ္ သုံးႏွစ္ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ေမလမွာတုန္းကလည္း အမ်ိဳးသမီးတစ္ေယာက္ဟာ ကိုယ့္သားသမီးႏွစ္ေယာက္ကို သတ္ပစ္ၿပီး ေရခဲေသတၱာထဲမွာ ဖြက္ထားခဲ့တာကုိ ရဲတပ္ဖြဲ႕က သိရွိခဲ့ၿပီး တရားစြဲဆုိခဲ့ပါတယ္။ အဲဒီ
အမ်ိဳးသမီးကုိ ေထာင္ဒဏ္ (၄၄)လသာ ျပစ္ဒဏ္ေပးခဲ့လုိ႔လည္း တရားစီရင္ေရးကို ေ၀ဖန္မႈေတြ ရွိခဲ့ပါတယ္။

ညီလင္းထက္ (Shwemom)

source : metro.co,uk

...........................................

ကလေးများစွာကိုသတ်ခဲ့ပြီးအရေအတွက်တောင်မမှတ်မိတော့တဲ့အမျိုးသမီး
By netsetaw - July 14, 2016

ဂျာမနီနိုင်ငံက အသက်(၄၅)နှစ်ရှိပြီဖြစ်တဲ့ Andrea Goeppner ဆိုတဲ့ အမျိုးသမီးကြီးဟာ သူ သတ်ခဲ့တဲ့ ကလေးအရေအတွက် များလွန်းလို့ ဘယ်နှစ်ယောက်လောက် သတ်ခဲ့မိလဲဆိုတာကို ကောင်းကောင်း မမှတ်မိပါဘူးလို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ Andrea ဟာ ကိုယ်မွေးခဲ့တဲ့ ကလေးငယ်ရှစ်ယောက်ထက်ပိုပြီး သတ်ပစ်ခဲ့တယ်လို့ သံသယဝင်ခြင်း ခံနေရပါတယ်။ လောလောဆယ်တော့ Andrea ဟာ ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့က ကိုယ်ပိုင်ရင်သွေး(၈)ယောက်ကို သတ်ခဲ့မှုနဲ့ တရားရင်ဆိုင်နေရပြီး၊ တရားရုံးမှာ သူမက အထက်ပါအတိုင်း ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့နှစ်ကလည်း ကလေးငယ် (၄)ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး နှီးနဲ့ပတ်ကာ ပလက်စတစ်ပုံးတွေထဲမှာ ထည့်ပြီး အစဖျောက်ခဲ့ပါတယ်။

တရားလွှတ်တော်ရှေ့နေ့ Till Wagler က Andrea ကို စစ်ကြောမေးမြန်းတဲ့မေးခွန်းထဲမှာ ” ဒီကလေးငယ် ရှစ်ယောက်အပြင် ခင်ဗျား တစ်ခြားကလေး ဘယ်နှစ်ယောက်ကို သတ်ခဲ့သေးလဲ “ဆိုတဲ့ မေးခွန်းကို တရားခံ Andrea က ” နှစ်ယောက်လည်း ဖြစ်ချင် ဖြစ်နိုင်တာပဲ … ဒါမှမဟုတ် သုံးယောက် … လေးယောက် စသဖြင့် … ဖြစ်နိုင်ပါတယ် … ဘယ်နှစ်ယောက်ဆိုတာတော့ ကျွန်မ မမှတ်မိဘူးလေ … ကလေးတွေကလည်း အများသားပဲ ” လို့ ခပ်အေးအေး ထွက်ဆိုခဲ့ပါတယ်။ Andrea သူကိုယ်တိုင် မွေးပြီး သတ်ခဲ့တဲ့ ကလေးငယ်တွေထဲမှာ အချို့ကလေးတွေဟာ မွေးကင်းစအရွယ်ကလေးတွေဖြစ်ကြတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ယခုအမှုမှာ ပါ၀င်ပတ်သက်တယ်လို့ သံသယရှိနေတဲ့ Andrea ရဲ့ ခင်ပွန်းဟောင်း အသက်(၅၅)နှစ်အရွယ် Johann Goeppner ကိုလည်း 2003 ခုနှစ်မှ 2013 ခုနှစ်အတွင်း ကျူးလွန်ခဲ့တဲ့ ကိုယ့်ကလေးကိုယ်သတ်မှုတွေထဲမှာ ကြံရာပါအဖြစ် ပူးပေါင်းပါ၀င်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က သံသဖြစ်နေပြီး တရားစွဲဆို တင်ပို့ထားပါတယ်။


သူမဟာ ကိုယ်တိုင်မွေးခဲ့တဲ့ ကလေးငယ်တွေကို သတ်ပစ်ရခြင်းရဲ့ ရည်ရွယ်ချက်က ကလေးတွေအမြောက်အများနဲ့ သားသည်မအေဘဝမှာ လိင်ပိုင်ဆိုင်ရာ ဆန္ဒတွေ လျှော့နည်းကုန်မှာစိုးလို့ဆိုတဲ့ မစူးစမ်းမဆင်ခြင်တဲ့ အတွေးနဲ့ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ကလေးတွေကိုမွေးမွေးချင်းမှာပဲ နှီးနဲ့ပတ်ပြီး ငိုသံမထွက်အောင် ပါးစပ်ကို ပိတ်ဆို့ကာပလက်စတစ် အမှိုက်ပုံးတွေ၊ သေတ္တာတွေထဲမှာထည့်ပြီး ရက်ရက်စက်စက် ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ သူမအနေနဲ့ အနည်းဆုံးတော့
ထောင်ဒဏ် (၁၅)နှစ်လောက်တော့ ချမှတ်ခံရဖို့ ရှိနေပါတယ်။ ဒါပေမယ့် ဂျာမနီမှာတော့ လူသတ်မှုအတွက် အမြင့်ဆုံးထောင်ဒဏ်ဟာ (၁၅)နှစ်သာ ဖြစ်ပြီး၊ ပူပေါင်းပါ၀င်သူတွေကတော့ အနည်းဆုံး ထောင်ဒဏ် သုံးနှစ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလမှာတုန်းကလည်း အမျိုးသမီးတစ်ယောက်ဟာ ကိုယ့်သားသမီးနှစ်ယောက်ကို သတ်ပစ်ပြီး ရေခဲသေတ္တာထဲမှာ ဖွက်ထားခဲ့တာကို ရဲတပ်ဖွဲ့က သိရှိခဲ့ပြီး တရားစွဲဆိုခဲ့ပါတယ်။ အဲဒီအမျိုးသမီးကို ထောင်ဒဏ် (၄၄)လသာ ပြစ်ဒဏ်ပေးခဲ့လို့လည်း တရားစီရင်ရေးကို ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ညီလင်းထက် (Shwemom)

source : metro.co,uk
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment