ကမာၻတစ္လႊားက ထူးျခားလွပတဲ့ ဥယ်ာဥ္မ်ား


ပုံမွာျမင္ေတြ႕ရတာကေတာ့ ထူးျခားတဲ့ ဗိသုကာလက္ရာနဲ႔ ဖန္တီးပုံေဖာ္ထားတဲ့ ဥယ်ာဥ္ေတြ အပါအ၀င္ ကမာၻတစ္၀န္းက ေငးေမာဖြယ္ရာ လွပတဲ့ဥယ်ာဥ္ေတြပါ။ ေဒးလီးေမးလ္သတင္းစာရဲ႕ ခရီးသြားက႑မွာ ေဖာ္ျပထားတာကုိ တစ္ဆင့္ျပန္လည္ေဖာ္ျပတာ ျဖစ္ပါတယ္။
Nz(႐ုိးရာေလး)
www.yoyarlay.com
Unicode version
ကမ္ဘာတစ်လွှားက ထူးခြားလှပတဲ့ ဥယျာဉ်များ
ပုံမှာမြင်တွေ့ရတာကတော့ ထူးခြားတဲ့ ဗိသုကာလက်ရာနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဥယျာဉ်တွေ အပါအဝင် ကမ္ဘာတစ်ဝန်းက ငေးမောဖွယ်ရာ လှပတဲ့ဥယျာဉ်တွေပါ။ ဒေးလီးမေးလ်သတင်းစာရဲ့ ခရီးသွားကဏ္ဍမှာ ဖော်ပြထားတာကို တစ်ဆင့်ပြန်လည်ဖော်ပြတာ ဖြစ်ပါတယ်။





(၁)ကေနဒါႏုိင္ငံက ပထမဆုံး ဘက္ခ်က္ဥယ်ာဥ္

 ပုံမွာျမင္ရတဲ့ ဘက္ခ်က္ဥယ်ာဥ္ကေတာ့ ဘက္ခ်က္ဥယ်ာဥ္ အစုအေ၀းမွာ ပထမဆုံး တည္ေဆာက္ခဲ့တဲ့ ဥယ်ာဥ္ျဖစ္ၿပီး တြင္းခ်ဳိင့္ထဲမွာ တည္ေဆာက္ထားတာပါ။ ဂ်င္နီဘက္ခ်က္ဆုိတဲ့ အမ်ဳိးသမီးက သူ႔ေယာက်ာ္း ဘိလပ္ေျမလုပ္ငန္း လုပ္ခဲ့တဲ့ ထုံးေက်ာက္တြင္းထဲမွာ သစ္ပင္ပန္းမန္ေတြစုိက္ပ်ဳိးခဲ့လုိ႔ ဥယ်ာဥ္ျဖစ္လာခဲ့ၿပီး အဲဒီေနာက္မွာ ဂ်ပန္ပုံစံ၊ အီတလီပုံစံ၊ ေျမထဲပင္လယ္ပုံစံနဲ႔ ႏွင္းဆီသာ စုိက္ပ်ဳိးတဲ့ ဘက္ခ်က္ဥယ်ာဥ္ေတြရယ္လုိ႔ ထပ္မံေပၚေပါက္လာခဲ့တာပါ။

 (၁)ကနေဒါနိုင်ငံက ပထမဆုံး ဘက်ချက်ဥယျာဉ်

 ပုံမှာမြင်ရတဲ့ ဘက်ချက်ဥယျာဉ်ကတော့ ဘက်ချက်ဥယျာဉ် အစုအဝေးမှာ ပထမဆုံး တည်ဆောက်ခဲ့တဲ့ ဥယျာဉ်ဖြစ်ပြီး တွင်းချိုင့်ထဲမှာ တည်ဆောက်ထားတာပါ။ ဂျင်နီဘက်ချက်ဆိုတဲ့ အမျိုးသမီးက သူ့ယောက်ျား ဘိလပ်မြေလုပ်ငန်း လုပ်ခဲ့တဲ့ ထုံးကျောက်တွင်းထဲမှာ သစ်ပင်ပန်းမန်တွေစိုက်ပျိုးခဲ့လို့ ဥယျာဉ်ဖြစ်လာခဲ့ပြီး အဲဒီနောက်မှာ ဂျပန်ပုံစံ၊ အီတလီပုံစံ၊ မြေထဲပင်လယ်ပုံစံနဲ့ နှင်းဆီသာ စိုက်ပျိုးတဲ့ ဘက်ချက်ဥယျာဉ်တွေရယ်လို့ ထပ်မံပေါ်ပေါက်လာခဲ့တာပါ။

..............................................................................................




(၂) အီတလီႏုိင္ငံက ဗီလာဒီအက္စ္တီဥယ်ာဥ္

ေရာမၿမိဳ႕ကေန မိနစ္ ၄၀ ေလာက္ သြားရတဲ့ေနရာမွာတည္ရွိၿပီး ၂၀၀၁ ခုႏွစ္မွာ ယူနက္စကုိရဲ႕ ကမာၻ႔အေမြအႏွစ္စာရင္း သြင္းခံခဲ့ရတဲ့ အံ့အားသင့္စရာ ဥယ်ာဥ္ပါ။ ဒီဥယ်ာဥ္ကုိ ၁၆ ရာစုမွာ စတင္တည္ေဆာက္ခဲ့တာျဖစ္ၿပီး ''ဥာဏ္ပညာထြန္းကားတဲ့အခ်ိန္အပုိင္းအျခား''ကုိ ညႊန္ျပေနတဲ့အရာေတြနဲ႔ ျပည့္ႏွက္ေနတယ္လိုိ႔ ဆုိပါတယ္။ ဥေရာပဥယ်ာဥ္ေတြက ဒီဥယ်ာဥ္ရဲ႕ အႏုပညာလက္ရာေတြကုိ အတုယူရခဲ့တယ္လုိ႔လည္း ဆုိၾကပါတယ္။ အထင္ႀကီးေလးစားစရာ လက္ရာေတြထဲမွာ ဘဲဥပုံေရပန္း၊ ေရပန္း ၁၀၀ စတဲ့ လက္ရာေတြ ပါပါတယ္။

(၂) အီတလီနိုင်ငံက ဗီလာဒီအက်စ်တီဥယျာဉ်
ရောမမြို့ကနေ မိနစ် ၄၀ လောက် သွားရတဲ့နေရာမှာတည်ရှိပြီး ၂၀၀၁ ခုနှစ်မှာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်း သွင်းခံခဲ့ရတဲ့ အံ့အားသင့်စရာ ဥယျာဉ်ပါ။ ဒီဥယျာဉ်ကို ၁၆ ရာစုမှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ''ဥာဏ်ပညာထွန်းကားတဲ့အချိန်အပိုင်းအခြား''ကို ညွှန်ပြနေတဲ့အရာတွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုပါတယ်။ ဥရောပဥယျာဉ်တွေက ဒီဥယျာဉ်ရဲ့ အနုပညာလက်ရာတွေကို အတုယူရခဲ့တယ်လို့လည်း ဆိုကြပါတယ်။ အထင်ကြီးလေးစားစရာ လက်ရာတွေထဲမှာ ဘဲဥပုံရေပန်း၊ ရေပန်း ၁၀၀ စတဲ့ လက်ရာတွေ ပါပါတယ်။

...........................................................................




(၃)ဒူဘုိင္းရဲ႕အံ့ဖြယ္ဆန္းၾကယ္ဥယ်ာဥ္

 ၇.၂ ဟက္တာဧကရွိတဲ့ ေျမေနရာ အက်ယ္အ၀န္းရွိၿပီး သစ္ပင္ပန္းမန္နဲ႔ သားရဲတိရစာၦန္မ်ဳိးစိတ္ သန္း ၁၀၀ နီးပါး ပါ၀င္တာေၾကာင့္ ကမာၻ႔အႀကီးဆုံး ဥယ်ာဥ္တစ္ခုလုိ႔ ဆုိႏုိင္ပါတယ္။ ကမာၻတစ္၀န္းက အျခားဥယ်ာဥ္ ေတာ္ေတာ္မ်ားမ်ားနဲ႔ မတူတဲ့အခ်က္ကေတာ့ သစ္ပင္ပန္းမန္ေတြကုိ ပုံစံမ်ဳိးစုံ ပုံေဖာ္ထားတာျဖစ္ၿပီး ဥယ်ာဥ္ထဲေရာက္ရင္ အေဆာက္အအုံေတြ၊ ေလွ်ာက္လမ္းေတြ ေဘးတစ္၀ုိက္မွာ ပန္းမ်ဳိးစုံနဲ႔ အပင္ေတြကုိ ေတြ႕ရမွာပါ။ ယူေအအီးမွာ ေႏြရာသီဆုိရင္ အလြန္ပူတဲ့အတြက္ ေႏြဥတုမွာ ဒီဥယ်ာဥ္ကုိ ပိတ္ထားေလ့ရွိပါတယ္။ 

(၃)ဒူဘိုင်းရဲ့အံ့ဖွယ်ဆန်းကြယ်ဥယျာဉ်

၇.၂ ဟက်တာဧကရှိတဲ့ မြေနေရာ အကျယ်အဝန်းရှိပြီး သစ်ပင်ပန်းမန်နဲ့ သားရဲတိရစ္ဆာန်မျိုးစိတ် သန်း ၁၀၀ နီးပါး ပါဝင်တာကြောင့် ကမ္ဘာ့အကြီးဆုံး ဥယျာဉ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းက အခြားဥယျာဉ် တော်တော်များများနဲ့ မတူတဲ့အချက်ကတော့ သစ်ပင်ပန်းမန်တွေကို ပုံစံမျိုးစုံ ပုံဖော်ထားတာဖြစ်ပြီး ဥယျာဉ်ထဲရောက်ရင် အဆောက်အအုံတွေ၊ လျှောက်လမ်းတွေ ဘေးတစ်ဝိုက်မှာ ပန်းမျိုးစုံနဲ့ အပင်တွေကို တွေ့ရမှာပါ။ ယူအေအီးမှာ နွေရာသီဆိုရင် အလွန်ပူတဲ့အတွက် နွေဥတုမှာ ဒီဥယျာဉ်ကို ပိတ်ထားလေ့ရှိပါတယ်။

......................................................................................



(၄) ထုိင္းႏုိင္ငံက ေနာ့ႏုခ်္ရုကၡေဗဒဥယ်ာဥ္ 

 အေစာပုိင္းမွာ အဲဒီေနရာက သီးစားၿခံတစ္ခုျဖစ္ခဲ့ေပမယ့္ ၁၉၈၀ ျပည့္ႏွစ္မွာေတာ့ ရုကၡေဗဒဥယ်ာဥ္အျဖစ္ အသြင္ေျပာင္းခဲ့ပါတယ္။ ဒီဥယ်ာဥ္ထဲမွာ ကမာၻတစ္လႊားက အျခားဥယ်ာဥ္ေတြကုိ ပုံတူကူးဖန္တီးထားတဲ့ ဥယ်ာဥ္ငယ္ေပါင္းမ်ားစြာ ပါ၀င္ပါတယ္။ အဲဒီဥယ်ာဥ္ငယ္ေတြထဲမွာ ျပင္သစ္ႏုိင္ငံက ဗာဆုိင္းဥယ်ာဥ္ကုိ ပုံတူကူးထားတဲ့ ဥယ်ာဥ္ငယ္ပါ၀င္ပါတယ္။ ဘြန္ဆုိင္းပင္၊ ကာေရဘီယံသစ္ပင္နဲ႔ သစ္ခြပင္ေတြကုိပဲ အဓိကစုိက္ပ်ဳိးထားတဲ့ ဥယ်ာဥ္ငယ္ေတြလည္း ရွိပါတယ္။

 (၄) ထိုင်းနိုင်ငံက နော့နုခ်ျရုက္ခဗေဒဥယျာဉ်

 အစောပိုင်းမှာ အဲဒီနေရာက သီးစားခြံတစ်ခုဖြစ်ခဲ့ပေမယ့် ၁၉၈၀ ပြည့်နှစ်မှာတော့ ရုက္ခဗေဒဥယျာဉ်အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။ ဒီဥယျာဉ်ထဲမှာ ကမ္ဘာတစ်လွှားက အခြားဥယျာဉ်တွေကို ပုံတူကူးဖန်တီးထားတဲ့ ဥယျာဉ်ငယ်ပေါင်းများစွာ ပါဝင်ပါတယ်။ အဲဒီဥယျာဉ်ငယ်တွေထဲမှာ ပြင်သစ်နိုင်ငံက ဗာဆိုင်းဥယျာဉ်ကို ပုံတူကူးထားတဲ့ ဥယျာဉ်ငယ်ပါဝင်ပါတယ်။ ဘွန်ဆိုင်းပင်၊ ကာရေဘီယံသစ်ပင်နဲ့ သစ်ခွပင်တွေကိုပဲ အဓိကစိုက်ပျိုးထားတဲ့ ဥယျာဉ်ငယ်တွေလည်း ရှိပါတယ်။ .......................................................................................


 (၅)ေဟာ္လန္က ကူကန္ေဟာ့ဖ္ႏွင္းပန္းဥယ်ာဥ္

 ေႏြဦးရာသီေရာက္မွပဲ ကူကန္ေဟာ့ဖ္ႏွင္းပန္းဥယ်ာဥ္ကုိ ဖြင့္လွစ္ပါတယ္။ ဒီဥယ်ာဥ္ဟာလည္း ကမာၻတစ္လႊားက အလွပဆုံး ဥယ်ာဥ္တစ္ခုလုိ႔ ဆုိႏုိင္ပါတယ္။ အခ်ိန္အပုိင္းအျခားနဲ႔သာ ဖြင့္လွစ္တဲ့ ဒီဥယ်ာဥ္မွာ ပန္းေပါင္း ၇ သန္း ဖူးပြင့္ေနၾကၿပီး မ်ဳိးစိတ္ ၈၀၀ နီးပါးရွိပါတယ္။ ဒီဥယ်ာဥ္ရဲ႕ ထူးျခားခ်က္ကေတာ့ တစ္ႏွစ္တစ္ခါ အသြင္အျပင္ေတြ ဆန္းသစ္ဖန္တီးေလ့ရွိတဲ့အခ်က္ပါပဲ။

 (၅)ဟော်လန်က ကူကန်ဟော့ဖ်နှင်းပန်းဥယျာဉ်

 နွေဦးရာသီရောက်မှပဲ ကူကန်ဟော့ဖ်နှင်းပန်းဥယျာဉ်ကို ဖွင့်လှစ်ပါတယ်။ ဒီဥယျာဉ်ဟာလည်း ကမ္ဘာတစ်လွှားက အလှပဆုံး ဥယျာဉ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ အချိန်အပိုင်းအခြားနဲ့သာ ဖွင့်လှစ်တဲ့ ဒီဥယျာဉ်မှာ ပန်းပေါင်း ၇ သန်း ဖူးပွင့်နေကြပြီး မျိုးစိတ် ၈၀၀ နီးပါးရှိပါတယ်။ ဒီဥယျာဉ်ရဲ့ ထူးခြားချက်ကတော့ တစ်နှစ်တစ်ခါ အသွင်အပြင်တွေ ဆန်းသစ်ဖန်တီးလေ့ရှိတဲ့အချက်ပါပဲ။ ......................................................... 



 (၆)ပဲရစ္ၿမိဳ႕ရဲ႕ နာမည္ေက်ာ္ ဗာဆုိင္းဥယ်ာဥ္

 ကမာၻတစ္လႊားမွာ ဗာဆုိင္းဥယ်ာဥ္ကုိ ပုံတူကူးၿပီး တည္ေဆာက္ထားတဲ့ ဥယ်ာဥ္အေျမာက္အမ်ားရွိပါတယ္။ ဗာဆုိင္းဥယ်ာဥ္ကလည္း ပုံတူကူးခ်င္စရာေကာင္းေအာင္ လွပခမ္းနားပါတယ္။ ဗာဆုိင္းနန္းေတာ္ရဲ႕ ဗိသုကာလက္ရာနဲ႔ အၿပိဳင္အဆုိင္ျဖစ္ေအာင္ ၁၆၆၁ ခုႏွစ္မွာ လူ၀ီ(၁၄)က ဗာဆုိင္းဥယ်ာဥ္တည္ေဆာက္ဖုိ႔ မိန္႔ၾကားခဲ့တာပါ။ ဥယ်ာဥ္တည္ေဆာက္ၿပီးစီးဖုိ႔ အခ်ိန္ႏွစ္(၄၀)ၾကာျမင့္ခဲ့ၿပီး ဥယ်ာဥ္ထဲမွာ ေရပန္းေတြ၊ Grand Canalနဲ႔ Orangerie တုိ႔လုိ အထင္ကရ အေဆာက္အအုံေတြ ပါ၀င္ပါတယ္။

 (၆)ပဲရစ်မြို့ရဲ့ နာမည်ကျော် ဗာဆိုင်းဥယျာဉ် 

ကမ္ဘာတစ်လွှားမှာ ဗာဆိုင်းဥယျာဉ်ကို ပုံတူကူးပြီး တည်ဆောက်ထားတဲ့ ဥယျာဉ်အမြောက်အများရှိပါတယ်။ ဗာဆိုင်းဥယျာဉ်ကလည်း ပုံတူကူးချင်စရာကောင်းအောင် လှပခမ်းနားပါတယ်။ ဗာဆိုင်းနန်းတော်ရဲ့ ဗိသုကာလက်ရာနဲ့ အပြိုင်အဆိုင်ဖြစ်အောင် ၁၆၆၁ ခုနှစ်မှာ လူဝီ(၁၄)က ဗာဆိုင်းဥယျာဉ်တည်ဆောက်ဖို့ မိန့်ကြားခဲ့တာပါ။ ဥယျာဉ်တည်ဆောက်ပြီးစီးဖို့ အချိန်နှစ်(၄၀)ကြာမြင့်ခဲ့ပြီး ဥယျာဉ်ထဲမှာ ရေပန်းတွေ၊ Grand Canalနဲ့ Orangerie တို့လို အထင်ကရ အဆောက်အအုံတွေ ပါဝင်ပါတယ်။ ............................................................



 (၇)ဂ်ပန္ႏုိင္ငံက ဆုိင္ဟုိဂ်ီဥယ်ာဥ္

 ဆုိရုိးအရဆုိရင္ေတာ့ ဆုိင္ဟုိဂ်ီဥယ်ာဥ္ကုိ ေအဒီ ၇၁၀နဲ႔ ၇၉၄ ၾကားမွာ ဘုရားေက်ာင္းတစ္ခုအျဖစ္ အသုံးျပဳခဲ့တယ္လုိ႔ ဆုိပါတယ္။ အဲဒီေနရာဟာ ေအဒီ ၅၇၄ ကေန ၆၂၂ ၾကားမွာ မင္းသား ရွိတုိကု ေနထုိင္ခဲ့တဲ့ေနရာပါ။ ဒီေနရာမွာ ပတ္၀န္းက်င္တစ္ခုလည္း တိတ္ဆိတ္ၿငိမ္းခ်မ္းၿပီး ေရညွိမ်ဳိးစိတ္ ၁၂၀ ရွိတယ္လုိ႔ သိရပါတယ္။

 (၇)ဂျပန်နိုင်ငံက ဆိုင်ဟိုဂျီဥယျာဉ် 

 ဆိုရိုးအရဆိုရင်တော့ ဆိုင်ဟိုဂျီဥယျာဉ်ကို အေဒီ ၇၁ဝနဲ့ ၇၉၄ ကြားမှာ ဘုရားကျောင်းတစ်ခုအဖြစ် အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေရာဟာ အေဒီ ၅၇၄ ကနေ ၆၂၂ ကြားမှာ မင်းသား ရှိတိုကု နေထိုင်ခဲ့တဲ့နေရာပါ။ ဒီနေရာမှာ ပတ်ဝန်းကျင်တစ်ခုလည်း တိတ်ဆိတ်ငြိမ်းချမ်းပြီး ရေညှိမျိုးစိတ် ၁၂၀ ရှိတယ်လို့ သိရပါတယ်။ 

........................................................ 



 (၈)စင္ကာပူရဲ႕ Gardens by the Bay 

 ဥယ်ာဥ္အတြင္းမွာ ၿမိဳ႕တည္ေဆာက္ၿပီး ဖန္တီးထားတဲ့ Gardens by the Bay ဟာ စင္ကာပူႏုိင္ငံတြင္း လူေနမႈဘ၀ကုိ မီးေမာင္းထုိးျပဖုိ႔ တည္ေဆာက္ထားတာလုိ႔ ဆုိပါတယ္။ Gardens by the Bay ဟာ မုိးပ်ံယာဥ္ေတြပါ၀င္တဲ့ ေဖ်ာ္ေျဖေရး ကစားကြင္းတစ္ခုလုိ အသြင္အျပင္မ်ဳိးရွိေပမယ့္ ဥယ်ာဥ္တစ္ခုလုံးကုိ ကာလရွည္ တည္တံ့ခုိင္ၿမဲေစမယ့္ နည္းလမ္းေတြ စီမံအသုံးျပဳထားပါတယ္။ အဓိက ေရကန္ႀကီးႏွစ္ကန္ျဖစ္တဲ့ Dragonfly နဲ႔ Kingfisher ေရကန္ေတြကုိ သဘာ၀အတုိင္း ေရစစ္ေပးတဲ့စနစ္ဖန္တီးထားၿပီး ဥယ်ာဥ္ထဲမွာ ေရအသုံးျပဳႏုိင္ေအာင္လုပ္ထားပါတယ္။ Gardens by the Bay က ေန႔ဘက္ထက္ ညဘက္မီးေရာင္ေတြနဲ႔ဆုိ ပုိၾကည့္ေကာင္းပါတယ္။ 

 (၈)စင်ကာပူရဲ့ Gardens by the Bay

 ဥယျာဉ်အတွင်းမှာ မြို့တည်ဆောက်ပြီး ဖန်တီးထားတဲ့ Gardens by the Bay ဟာ စင်ကာပူနိုင်ငံတွင်း လူနေမှုဘဝကို မီးမောင်းထိုးပြဖို့ တည်ဆောက်ထားတာလို့ ဆိုပါတယ်။ Gardens by the Bay ဟာ မိုးပျံယာဉ်တွေပါဝင်တဲ့ ဖျော်ဖြေရေး ကစားကွင်းတစ်ခုလို အသွင်အပြင်မျိုးရှိပေမယ့် ဥယျာဉ်တစ်ခုလုံးကို ကာလရှည် တည်တံ့ခိုင်မြဲစေမယ့် နည်းလမ်းတွေ စီမံအသုံးပြုထားပါတယ်။ အဓိက ရေကန်ကြီးနှစ်ကန်ဖြစ်တဲ့ Dragonfly နဲ့ Kingfisher ရေကန်တွေကို သဘာဝအတိုင်း ရေစစ်ပေးတဲ့စနစ်ဖန်တီးထားပြီး ဥယျာဉ်ထဲမှာ ရေအသုံးပြုနိုင်အောင်လုပ်ထားပါတယ်။ Gardens by the Bay က နေ့ဘက်ထက် ညဘက်မီးရောင်တွေနဲ့ဆို ပိုကြည့်ကောင်းပါတယ်။ 

 ..............................................................................



 (၉) ရီယုိဒီဂ်ေနးရုိးၿမိဳ႕က ဂ်ာဒင္ေဘာ္တနီကုိဥယ်ာဥ္ 

ဘရာဇီးဟာ ကမာၻေပၚမွာ ဇီ၀မ်ဳိးကြဲ အစုံလင္ဆုံး ေနရာတစ္ခုျဖစ္ၿပီး ဂ်ာဒင္ေဘာ္တနီကုိ ဥယ်ာဥ္ထဲမွာ ထူးျခားတဲ့သစ္ပင္ ေတာ္ေတာ္မ်ားမ်ားကုိ ျမင္ေတြ႕ရမွာပါ။ ယေန႔အခ်ိန္ ဂ်ာဒင္ေဘာ္တနီကုိဥယ်ာဥ္ထဲမွာ သစ္ပင္မ်ဳိးစိတ္ေပါင္း ၁၅၀၀ ရွိပါတယ္။ အဲဒီသစ္ပင္ေတြက ခရီးသြားေတြကုိ ေပ်ာ္ရြင္ေစဖုိ႔ ရည္ရြယ္စုိက္ပ်ဳိးထားတာျဖစ္ၿပီး သုေတသနလုပ္လုိတာေၾကာင့္လည္း ပါပါတယ္။

 (၉) ရီယိုဒီဂျနေးရိုးမြို့က ဂျာဒင်ဘော်တနီကိုဥယျာဉ် 

 ဘရာဇီးဟာ ကမ္ဘာပေါ်မှာ ဇီဝမျိုးကွဲ အစုံလင်ဆုံး နေရာတစ်ခုဖြစ်ပြီး ဂျာဒင်ဘော်တနီကို ဥယျာဉ်ထဲမှာ ထူးခြားတဲ့သစ်ပင် တော်တော်များများကို မြင်တွေ့ရမှာပါ။ ယနေ့အချိန် ဂျာဒင်ဘော်တနီကိုဥယျာဉ်ထဲမှာ သစ်ပင်မျိုးစိတ်ပေါင်း ၁၅၀၀ ရှိပါတယ်။ အဲဒီသစ်ပင်တွေက ခရီးသွားတွေကို ပျော်ရွင်စေဖို့ ရည်ရွယ်စိုက်ပျိုးထားတာဖြစ်ပြီး သုတေသနလုပ်လိုတာကြောင့်လည်း ပါပါတယ်။ 
Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment