လူ ၂ ဦးကိုသတ္ၿပီး အေလာင္းႏွင့္ အတူေနထိုင္သည့္ ထိုင္းလူငယ္ကိုဖမ္းဆီး

    By ဒီဗီြဘီ
    5 July 2016
ထိုင္းေတာင္ပိုင္း ဆူရတ္ဌာနီခရိုင္မွာ လူ ၂ ဦးကို သတ္ၿပီး အေလာင္းနဲ႔အတူ ၃ ရက္ေနထိုင္တဲ့ လူငယ္တဦးကို ရဲေတြက ဖမ္းဆီး လိုက္တယ္လို႔ sanook.com သတင္းမွာ ေဖာ္ျပပါတယ္။

ဆူရတ္ဌာနီၿမိဳ႕ မခမ္ေတ့ရပ္ကြက္ နယ္ေျမ ၆ ထဲမွာ လူသတ္မႈျဖစ္ပြားေၾကာင္း သတင္းေပးပို႔ခ်က္အရ ဇူလိုင္လ ၄ ရက္ေန႔က တာ၀န္ရွိသူေတြနဲ႔အတူ သြားေရာက္စစ္ေဆးရာမွာ အိမ္တန္းလ်ားတခုတြင္း အခန္းေပါက္၀မွာ ေမာ္ေတာ္ဆိုင္ကယ္ဦး ထုပ္ေဆာင္းၿပီး လဲက်ေနတဲ့ အေလာင္းတေလာင္းနဲ႔ အိမ္ေနာက္ေဖးက အေလာင္းတေလာင္းကို ေတြ႔ရွိတယ္လို႔ ဆူရတ္ဌာနီ ခရိုင္ရဲတပ္ဖြဲ႔မွ ရဲမႉးႀကီး အဖိခ်တ္ ဘြန္းဆီလြန္းက သတင္းေထာက္ေတြကို ေျပာပါတယ္။

အဲဒီအိမ္ထဲမွာ အသက္ ၂၈ နွစ္ရြယ္ ႏိုင္း၀ဲအတ္စမန္ ဆိုသူ ပုန္းေအာင္းေနၿပီး ရဲတပ္ဖြဲ႔ ၀င္ေတြက ထြက္ခဲ့ဖို႔ အႀကိမ္ႀကိမ္ေျပာေပမယ့္ ထြက္မလာတာေၾကာင့္ အိမ္တံခါးကို ဖ်က္ၿပီး ၀င္ေရာက္ဖမ္းဆီးခဲ့ရတယ္လို႔ ဆိုပါတယ္။

အိမ္ေရွ႕မွာေသဆံုးသူဟာ အသက္ ၂၂ ႏွစ္ရြယ္ရွိ ႏိုင္းအႏုဆြန္ ဆိုသူျဖစ္ၿပီး ဓားဒဏ္ရာ ၄ ခ်က္ရွိကာ အိမ္ေနာက္ေဖးကတေယာက္ကေတာ့ အသက္ ၂၃ ႏွစ္ ရွိ ႏိုင္းနတ္တ၀ပ္၊ ဓားဒဏ္ရာ ၂၂ ခ်က္ရွိတယ္လို႔ ဆိုပါတယ္။

စစ္ေဆးခ်က္အရ ႏိုင္း၀ဲအတ္စမန္က ၿပီးခဲ့တဲ့ ဇူလိုင္လ ၂ ရက္ေန႔ ည ၈ နာရီအခ်ိန္မွာ လူသတ္မႈက်ဴးလြန္ခဲ့ေၾကာင္း ၀န္ခံခဲ့ပါတယ္။

ေသဆံုးသူ ၂ ေယာက္ဟာ အဲဒီေန႔က ေမာ္ေတာ္ဆိုင္ကယ္နဲ႔ ေရာက္လာၿပီး သူ႔ဆီက ရစရာရွိတဲ့ အေႂကြးေငြ ဘတ္ ၆ ေထာင္ကို ေတာင္းခဲ့ေၾကာင္း၊ ဒါ့အျပင္ နတ္တ၀ပ္ က သူ႔ကို ဓားနဲ႔ပါ ၿခိမ္းေျခာက္ခဲ့တဲ့အတြက္ သူက ဓားကို ျပန္လုယူၿပီး ၂ ေယာက္လံုးကို ျပန္ထိုးသတ္ခဲ့ေၾကာင္း၊ အဲဒီေနာက္ အေလာင္းေတြကို အိမ္ထဲ ဆြဲလာၿပီး ၂ ရက္ၾကာ ပံုမွန္စားေသာက္ေနထိုင္ခဲ့တယ္လို႔ ဆက္ေျပာပါတယ္။

တာ၀န္ရွိသူေတြက အခန္းတြင္းဆက္လက္စစ္ေဆးရာမွာ မူးယစ္ေဆး ၂၉၀ လံုးပါ ေတြ႔ရွိတဲ့ အတြက္ ႏိုင္း၀ဲအတ္စ္မန္ကို လူသတ္မႈေရာ မူးယစ္ေဆး၀ါးသံုးစြဲမႈ၊ လက္၀ယ္ထားရွိမႈေတြနဲ႔ပါ အေရးယူသြားမယ္လို႔ ရဲမႉးႀကီးက သတင္းေထာက္ေတြကို ေျပာသြားပါတယ္။
DVB
......
လူ ၂ ဦးကိုသတ်ပြီး အလောင်းနှင့် အတူနေထိုင်သည့် ထိုင်းလူငယ်ကိုဖမ်းဆီး
    By ဒီဗွီဘီ
    5 July 2016
ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင်မှာ လူ ၂ ဦးကို သတ်ပြီး အလောင်းနဲ့အတူ ၃ ရက်နေထိုင်တဲ့ လူငယ်တဦးကို ရဲတွေက ဖမ်းဆီး လိုက်တယ်လို့ sanook.com သတင်းမှာ ဖော်ပြပါတယ်။

ဆူရတ်ဌာနီမြို့ မခမ်တေ့ရပ်ကွက် နယ်မြေ ၆ ထဲမှာ လူသတ်မှုဖြစ်ပွားကြောင်း သတင်းပေးပို့ချက်အရ ဇူလိုင်လ ၄ ရက်နေ့က တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ အိမ်တန်းလျားတခုတွင်း အခန်းပေါက်ဝမှာ မော်တော်ဆိုင်ကယ်ဦး ထုပ်ဆောင်းပြီး လဲကျနေတဲ့ အလောင်းတလောင်းနဲ့ အိမ်နောက်ဖေးက အလောင်းတလောင်းကို တွေ့ရှိတယ်လို့ ဆူရတ်ဌာနီ ခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး အဖိချတ် ဘွန်းဆီလွန်းက သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီအိမ်ထဲမှာ အသက် ၂၈ နှစ်ရွယ် နိုင်းဝဲအတ်စမန် ဆိုသူ ပုန်းအောင်းနေပြီး ရဲတပ်ဖွဲ့ ၀င်တွေက ထွက်ခဲ့ဖို့ အကြိမ်ကြိမ်ပြောပေမယ့် ထွက်မလာတာကြောင့် အိမ်တံခါးကို ဖျက်ပြီး ၀င်ရောက်ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

အိမ်ရှေ့မှာသေဆုံးသူဟာ အသက် ၂၂ နှစ်ရွယ်ရှိ နိုင်းအနုဆွန် ဆိုသူဖြစ်ပြီး ဓားဒဏ်ရာ ၄ ချက်ရှိကာ အိမ်နောက်ဖေးကတယောက်ကတော့ အသက် ၂၃ နှစ် ရှိ နိုင်းနတ်တဝပ်၊ ဓားဒဏ်ရာ ၂၂ ချက်ရှိတယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်အရ နိုင်းဝဲအတ်စမန်က ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ ည ၈ နာရီအချိန်မှာ လူသတ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။

သေဆုံးသူ ၂ ယောက်ဟာ အဲဒီနေ့က မော်တော်ဆိုင်ကယ်နဲ့ ရောက်လာပြီး သူ့ဆီက ရစရာရှိတဲ့ အကြွေးငွေ ဘတ် ၆ ထောင်ကို တောင်းခဲ့ကြောင်း၊ ဒါ့အပြင် နတ်တဝပ် က သူ့ကို ဓားနဲ့ပါ ခြိမ်းခြောက်ခဲ့တဲ့အတွက် သူက ဓားကို ပြန်လုယူပြီး ၂ ယောက်လုံးကို ပြန်ထိုးသတ်ခဲ့ကြောင်း၊ အဲဒီနောက် အလောင်းတွေကို အိမ်ထဲ ဆွဲလာပြီး ၂ ရက်ကြာ ပုံမှန်စားသောက်နေထိုင်ခဲ့တယ်လို့ ဆက်ပြောပါတယ်။

တာဝန်ရှိသူတွေက အခန်းတွင်းဆက်လက်စစ်ဆေးရာမှာ မူးယစ်ဆေး ၂၉၀ လုံးပါ တွေ့ရှိတဲ့ အတွက် နိုင်းဝဲအတ်စ်မန်ကို လူသတ်မှုရော မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်ဝယ်ထားရှိမှုတွေနဲ့ပါ အရေးယူသွားမယ်လို့ ရဲမှူးကြီးက သတင်းထောက်တွေကို ပြောသွားပါတယ်။
DVB
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment