ဆယ်ကျော်သက်အရွယ်ကောင်မလေးကို လန်ဒန်မြို့လယ်မှာအဓမ္မကျင့်မှုဖြစ်ပွား
By netsetaw - July 21, 2016
အခင်းဖြစ်ပွားခဲ့သည့် ပန်းခြံခုံတန်းရှည်တစ်နေရာ
တွေထံမှ သိရပါတယ်။
အခင်းဖြစ်ပွားရာနေရာနဲ့ အနီးဆုံးမှာရှိနေသည့် ကဇာတ်ရုံ
တာဝန်ထမ်းဆောင်နေသည့် အင်္ဂလန်ရဲတပ်ဖွဲ့ဝင်များ
လင်းဇော်ကို (Shwemom)
source : thesun.co.uk
...............................................
By netsetaw - July 21, 2016
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တောင်ပိုင်း၊ Bromley ရပ်ကွက်အနီးက ပန်းခြံထဲမှာ ဆယ်ကျော်သက်အရွယ် ကောင်မလေးကို အသက်(20)၀န်းကျင် အမျိုးသားအုပ်စုတစ်စုက အဓမ္မကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။ အခင်းဖြစ်ချိန်ဟာ ညနေပိုင်း 6 နာရီနဲ့ 8 နာရီကြားမှာ ဖြစ်ပြီး၊ Churchill Theatre ရဲ့ နောက်ကျောနဲ့ကပ်လျှက်မှာ အဓမ္မမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ကျူးလွန်ခဲ့တဲ့ လူအုပ်စုထဲက အမျိုးသားသုံးယောက်ကို ဇူလိုင်လ (3)ရက် တနင်္ဂနွေနေ့က ရဲစခန်းမှာ ဖမ်းဆီးထားပြီး ကျန်တဲ့သူတွေကိုလည်း ဆက်လက်ဖမ်းဆီးနိုင်ရေး ကြိုးပမ်းနေတဲ့အကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူ
တွေထံမှ သိရပါတယ်။
အဆိုပါ လူအုပ်စုဟာ ဆယ်ကျော်သက်ကောင်မလေးကို Church House Gardens  ပန်းခြံထဲက လူတိတ်ဆိတ်တဲ့ ကစားကွင်းဘက်က ခုံရှည်တွေရှိရာနောက်ကျောကို ဆွဲခေါ်သွားခဲ့ပြီး အတင်းအဓမ္မ ကြံစည်ခံတာ ဖြစ်ပါတယ်။ အဲဒီသတင်းဖော်ပြထားတဲ့ အောက်မှာလည်း ပြည်သူအများရဲ့ ကျိန်ဆဲမှုတွေ၊ တရားမျှတအောင်ဆောင်ရွက်ပေးဖို့ တောင်းဆိုမှုတွေ၊ ကာယကံရှင်မိန်းကလေးကို ကို်ယ်ချင်းစာကြောင်း မှတ်ချက်တွေ၊ လိင်ပိုင်းဆိုင်ရာ မှုခင်းတွေ ကျဆင်းဖို့ ရဲတပ်ဖွဲ့ကို ဖိအားပေး တောင်းဆိုထားတာတွေကိုလည်း တွေ့ခဲ့ရပါတယ်။
အင်္ဂလန်၊ အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတို့ဟာ အုပ်စုဖွဲ့ အဓမ္မမှုကျူးလွန်သည့် နိုင်ငံတွေထဲမှာ အဆိုးဝါးဆုံးနိုင်ငံတွေအဖြစ် ရပ်တည်နေပြီး၊ ပြီးခဲ့တဲ့အပတ်ကလည်း အိန္ဒိယနိုင်ငံမှာ ကျောင်းသူအမျိုးသမီးတစ်ယောက်ကို ယခင်က အဓမ္မမှုကျူးလွန်ခဲ့တဲ့ အဖွဲ့ကပဲ ထပ်မံပြီး ကျူးလွန်ခဲ့တဲ့ မှုခင်းတစ်ခု ဖြစ်ပျက်ခဲ့ပါသေးတယ်။
လင်းဇော်ကို (Shwemom)
source : thesun.co.uk
Share on Google Plus
About သတင်းစုံပျော်ဝင်အိုးကြီး
ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment
0 comments:
Post a Comment