ေခြးနဲ႔ Selfieရုိက္ဖုိ႔ႀကိဳးစားရင္း မ်က္ႏွာကိုေခြးကိုက္တာခံလုိက္ရတဲ့ေကာင္ေလး



By netsetaw - July 15, 2016

ၿဗိတိန္ႏုိင္ငံ Chelmsford Magistrates တရား႐ုံးမွာ အသက္(၁၁)အရြယ္ ေကာင္ေလးရဲ႕မိခင္က တရားလုိျပဳလုပ္ၿပီး၊ ေခြးပုိင္ရွင္တစ္ေယာက္ျဖစ္တဲ့ အသက္(၄၅)ႏွစ္အရြယ္ Stuart Harris အား မိမိရဲ႕အိမ္ေမြးေခြးကို အႏၱရာယ္ရွိစြာ၊ ေပါ့ေလွ်ာ့စြာ အုပ္ထိန္းမႈနဲ႔ တရားစြဲဆုိခဲ့ပါတယ္။ အေၾကာင္းကေတာ့ တရားစြဲဆုိခဲ့တဲ့အမ်ိဳးသမီးရဲ႕ အသက္(၁၁)ႏွစ္အရြယ္ သား
ငယ္ေလးဟာ Harris အိမ္ကုိ သြားေရာက္လည္ပတ္ရင္း အဆုိပါေခြးနဲ႔ Selfie ရုိက္ဖုိ႔ႀကိဳးစားစဥ္ ေခြးက မ်က္ႏွာကုိ ကိုက္ခဲ့တဲ့အတြက္ ဒဏ္ရာကို (၂၁)ခ်က္အထိ ခ်ဳပ္ခဲ့ရပါတယ္။ ေခြးကို္က္ခံရတဲ့ ေကာင္ေလးဟာ Harris ရဲ႕သားနဲ႔ ခင္မင္ ရင္းနီးေနလုိ႔ သူတုိ႔အိမ္ကို ၀င္ထြက္ေလ့ရွိပါတယ္။ အဲဒီေန႕က ေခြးဟာ ကာယကံရွင္ေကာင္ေလးထုိင္ေနတဲ့ ဆုိဖာေပၚကို ေနာက္ကန ခုန္တက္ခဲ့ၿပီး၊ ပေယာပရီလုပ္ေနခဲ့လုိ႔ ေကာင္ေလးက Selfie ဓာတ္ပုံ႐ုိက္ဖုိ႔ ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။ ဒါပေမယ့္ သူ ကင္မရာကို ႐ုိက္လုိက္ခ်ိန္မွာပဲ ေခြးက မ်က္ႏွာကို အတင္းခဲၿပီး ကို္က္ခဲ့တာျဖစ္ပါတယ္။

ဒီကိစၥမွာ တရား႐ုံးကလည္း ေခြးပို္င္ရွင္ Stuart Harris ရဲ႕ မိမိေခြးကို ေပါ့ေလွ်ာ့စြာထိန္းေက်ာင္းမႈေၾကာင့္ျဖစ္တာလုိ႔ ယူဆကာ အျပစ္ရွိတယ္္လုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။ တရားလုိမိခင္ကေတာ့ ” ကၽြန္မသားဟာ အခု ေခြးဆုိေတာ္ေတာ္ ေၾကာက္ေနပါ
ၿပီ … အထူးသျဖင့္ အရြယ္အစားႀကီးမားတဲ့ ေခြးႀကီးေတြကုိေပါ့ … ဒီကိစၥကုိ မစၥတာ Harris ဆီကေန ေတာင္းပန္စာ ရေပးမယ့္ … ကၽြန္မက ကေလးအေမေလ … ေနာက္ တစ္ျခားကေလးေတြ ဒီလုိမျဖစ္ဘူးလုိ႔ မေျပာႏိုိင္ဘူး .. ကေလးတစ္ေယာက္အတြက္ေတာ့ ဒါဟာ ေသေစႏုိင္တဲ့ကိစၥမ်ိဳးပါဘဲ … ” လုိ႔ တုန္ျပန္ခဲ့ပါတယ္။ တရား႐ုံးကလည္း ဒီကိစၥမွာ ေခြးပုိင္ရွင္ရဲ႕ ေပါ့ေလွ်ာ့မႈေၾကာင့္ ျဖစ္ရတာလုိ႔ ဆုံးျဖတ္ခဲ့ၿပီး တရားလုိကုိ ေပါင္ (၅၀၀၀) ေလွ်ာ္ေၾကး ေပးဖုိ႔နဲ႔၊ တရားစီရင္စာရိတ္အတြက္ တရား႐ုံးကို ေပါင္ (၁၇၀) ေပးဖုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒါ့အျပင္ အိမ္ေမြးတိရစာၦန္ကုိ ထိန္းေက်ာင္းရန္ ေပါ့ေလွ်ာ့မႈ၊ ပ်က္ကြက္မႈအတြက္လည္း Harris ဟာ လူမႈေရးလုပ္ငန္းကုိ နာရီေပါင္း (၂၀၀) လုပ္ေဆာင္ေပးရဦးမွာ ျဖစ္ပါတယ္။

ညီလင္းထက္ (Shwemom)

.................................

ခွေးနဲ့ Selfieရိုက်ဖို့ကြိုးစားရင်း မျက်နှာကိုခွေးကိုက်တာခံလိုက်ရတဲ့ကောင်လေး
By netsetaw - July 15, 2016

ဗြိတိန်နိုင်ငံ Chelmsford Magistrates တရားရုံးမှာ အသက်(၁၁)အရွယ် ကောင်လေးရဲ့မိခင်က တရားလိုပြုလုပ်ပြီး၊ ခွေးပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ အသက်(၄၅)နှစ်အရွယ် Stuart Harris အား မိမိရဲ့အိမ်မွေးခွေးကို အန္တရာယ်ရှိစွာ၊ ပေါ့လျှော့စွာ အုပ်ထိန်းမှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ အကြောင်းကတော့ တရားစွဲဆိုခဲ့တဲ့အမျိုးသမီးရဲ့ အသက်(၁၁)နှစ်အရွယ် သား
ငယ်လေးဟာ Harris အိမ်ကို သွားရောက်လည်ပတ်ရင်း အဆိုပါခွေးနဲ့ Selfie ရိုက်ဖို့ကြိုးစားစဉ် ခွေးက မျက်နှာကို ကိုက်ခဲ့တဲ့အတွက် ဒဏ်ရာကို (၂၁)ချက်အထိ ချုပ်ခဲ့ရပါတယ်။ ခွေးကို်က်ခံရတဲ့ ကောင်လေးဟာ Harris ရဲ့သားနဲ့ ခင်မင် ရင်းနီးနေလို့ သူတို့အိမ်ကို ၀င်ထွက်လေ့ရှိပါတယ်။ အဲဒီနေ့က ခွေးဟာ ကာယကံရှင်ကောင်လေးထိုင်နေတဲ့ ဆိုဖာပေါ်ကို နောက်ကန ခုန်တက်ခဲ့ပြီး၊ ပယောပရီလုပ်နေခဲ့လို့ ကောင်လေးက Selfie ဓာတ်ပုံရိုက်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒါပမေယ့် သူ ကင်မရာကို ရိုက်လိုက်ချိန်မှာပဲ ခွေးက မျက်နှာကို အတင်းခဲပြီး ကို်က်ခဲ့တာဖြစ်ပါတယ်။


ဒီကိစ္စမှာ တရားရုံးကလည်း ခွေးပို်င်ရှင် Stuart Harris ရဲ့ မိမိခွေးကို ပေါ့လျှော့စွာထိန်းကျောင်းမှုကြောင့်ဖြစ်တာလို့ ယူဆကာ အပြစ်ရှိတယ််လို့ ဆုံးဖြတ်ခဲ့ပါတယ်။ တရားလိုမိခင်ကတော့ ” ကျွန်မသားဟာ အခု ခွေးဆိုတော်တော် ကြောက်နေပါ
ပြီ … အထူးသဖြင့် အရွယ်အစားကြီးမားတဲ့ ခွေးကြီးတွေကိုပေါ့ … ဒီကိစ္စကို မစ္စတာ Harris ဆီကနေ တောင်းပန်စာ ရပေးမယ့် … ကျွန်မက ကလေးအမေလေ … နောက် တစ်ခြားကလေးတွေ ဒီလိုမဖြစ်ဘူးလို့ မပြောနိိုင်ဘူး .. ကလေးတစ်ယောက်အတွက်တော့ ဒါဟာ သေစေနိုင်တဲ့ကိစ္စမျိုးပါဘဲ … ” လို့ တုန်ပြန်ခဲ့ပါတယ်။ တရားရုံးကလည်း ဒီကိစ္စမှာ ခွေးပိုင်ရှင်ရဲ့ ပေါ့လျှော့မှုကြောင့် ဖြစ်ရတာလို့ ဆုံးဖြတ်ခဲ့ပြီး တရားလိုကို ပေါင် (၅၀၀၀) လျှော်ကြေး ပေးဖို့နဲ့၊ တရားစီရင်စာရိတ်အတွက် တရားရုံးကို ပေါင် (၁၇၀) ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် အိမ်မွေးတိရစ္ဆာန်ကို ထိန်းကျောင်းရန် ပေါ့လျှော့မှု၊ ပျက်ကွက်မှုအတွက်လည်း Harris ဟာ လူမှုရေးလုပ်ငန်းကို နာရီပေါင်း (၂၀၀) လုပ်ဆောင်ပေးရဦးမှာ ဖြစ်ပါတယ်။

ညီလင်းထက် (Shwemom)

Share on Google Plus

About သတင္းစံုေပ်ာ္၀င္အိုးၾကီး

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment