











( Beauty Syh )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref: Mirror

...........................................


မြစ်ကမ်းပေါ်က တွေ ့ရှိခဲ့တဲ့ ဂြိုလ်သားအလောင်းကြောင့် သိပ္ပံပညာရှင်တွေ အကျပ်ရိုက်


အလွန်ထူးဆန်းတဲ့ဦးခွံ နဲ ့အလောင်းတစ်ခုကို ဒေသခံနှစ်ယောက်ဟာ ကိုဗာရှီမြစ်ကမ်းဘေးမှာ တနင်္ဂနွေနေ ့က ရှာဖွေတွေ ့ရှိခဲ့ပါတယ်။

နျူကလီးယားဓာတ်ပေါင်းဖိုတစ်ခုအနားမှာ ရှာဖွေတွေ ့ရှိခဲ့တဲ့ အဆိုပါ ဂြိုလ်သားအရိုးစုကို အဖြေထုတ် ရှင်းပြနိုင်ဖို ့အတွက် သိပ္ပံပညာရှင်တွေ အခက်အခဲတွေ ့လျက်ရှိပါတယ်။

၁၉၅၈ ခုနှစ်မှာ Leningard နျူကလီးယားဓာတ်ပေါင်းဖိုမှာ အလုပ်လုပ်တဲ့သူတွေ နေထိုင်နိုင်ဖို ့အတွက် ဆောက်လုပ်ပေးခဲ့တဲ့ ရုရှားနိုင်ငံ၊ Sosnovy Bor မြို ့ရွာ နားမှာ အဆိုပါအလောင်းကောင်ကို အမှတ်မထင် တွေ ့ရှိခဲ့တာဖြစ်ပါတယ်။

ဂြိုလ်သားအလောင်းကို တွေ ့ရှိခဲ့သူနှစ်ယောက်ဟာ ပထမက စွန် ့ပစ်ထားတဲ့ ကြက်သန္ဓေသားလောင်း တစ်ခုဖြစ်မယ်လို ့ထင်ခဲ့ကြတယ်လို ့ဆိုပါတယ်။

“ဒီအသေကောင်ဟာ ငါး ဒါမှမဟုတ် ကြက်ငှက်နွယ်ဝင် တစ်ကောင်ကောင်ရဲ့ အလောင်းမဟုတ်ဘူးလို ့ယူဆရပါတယ်။ ဦးခေါင်းခွံက ထူးဆန်းပြီး လည်ပင်းနဲ ့တောင်ပံတွေလည်း မပါရှိဘူး” လို ့သုတေသနပညာရှင်တစ်ယောက်က ပြောကြားခဲ့ပါတယ်။

Krasnoyarsk မြို ့က ဇီဝရူပတက္ကသိုလ်က ကျွမ်းကျင်သူပညာရှင်တွေဟာ အသေကောင်ကို စစ်ဆေး လေ့လာခဲ့ပြီး အဆိုပါဇီဝရုပ်ကို အဖြေမရှာနိုင်ခဲ့ကြဘူးလို ့သိရပါတယ်။

နောက်ထပ်စမ်းသပ်မှုတွေပြုလုပ်ဖို ့အတွက် ဂြိုလ်သားအလောင်းကို Moscow မြို ့ကို ပို ့သွားဖို ့စီစဉ်ထားကြောင်း သိရပါတယ်။


( Beauty Syh )

#သစ်ထူးလွင်(ဗဟုသုုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Mirror
Share on Google Plus

About သတင်းစုံပျော်ဝင်အိုးကြီး

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)
    Blogger Comment
    Facebook Comment

0 comments:

Post a Comment